သစ်ထူးလွင် သတင်းစုစည်းမှု (၂၃-၂)
သစ်ထူးလွင်
|
- ကွန်တိန်နာယာဉ်တစ်စီး အခြားယာဉ်နှစ်စီးကို တိုက်မိပြီး နှစ်စီးမီးလောင်၊ တစ်စီးပျက်စီး
- လမ်းဘေး ဈေးသည်တွေကို အကြမ်းဖက်အရေးယူနေ (ရုပ်/သံ)
- (၁၈)ဘီးယာဉ်ကြိတ်၍ တစ်ဦးသေ၊ တစ်ဦးဒဏ်ရာရ
- ယာဉ်တိမ်းမှောက်၍ (၄)ဦးသေ၊ (၃၆)ဦးဒဏ်ရာရ
- NLD ကျန်းမာရေး ကွန်ယက်မှ ကျန်းမာရေး အဆင့်မြင့်မားရန် ဆောင်ရွက်သွားမည်
- နျူကလီးယား ဓာတ်ပေါင်းဖို တည်ဆောက်ရေး အဆိုရှုံးနိမ့်
- ဖေဖေါ်ဝါရီလ(၂၅)ရက်နေ့ ထုတ် The Voice Weekly Vol.9/No.8
- စစ်တွေနှင့် ပေါက်တောမြို့တို့တွင် အမိန့်ထုတ်၍ လူဦးရေ ထိန်းချုပ်မည်
- ၀န်ကြီး သုံးဦးနှင့် အလုပ်သမားအဖွဲ့အစည်း ၄၈ ဖွဲ့တွေ့ ဆုံ
- မြန်မာ့လေကြောင်းမှ လေယာဉ်အဟောင်း တစ်စင်းကို ပြည်သူ့ဥယျာဉ်တွင် ပြသမည်
-
မုံရွာတွင်လေယာဉ်ပစ်ဗုံးများတွေ
့ရှိ - မှော်ဘီ-သီရိမင်္ဂလာဈေး ပြေးဆွဲနေသော ဟိုင်းလတ်ယာဉ် တိမ်းမှောက်
- မြန်မာဘဏ်တချို့ အမေရိကန်ဘဏ္ဍာ ဝန်ဆောင်ခွင့်ပြု
- ချင်းပြည်နယ် ဖလမ်းမြို့ သမဆိုင်ခန်းများ မီးလောင်
- ကျောက်ဖြူမြို့နယ်က ကျောက်တောင်တွေ အကုန်လုံးနီးပါး မိုင်းခွဲကျောက်ထုတ်ခံနေရ
- မြန်မာနိုင်ငံတွင် မြေ၀ယ်ခြင်း၊ ငှားရမ်းခြင်းကိစ္စများ ထိုင်းရင်းနှီးမြှုပ်နှံ သူများအား သတိပေး
- ခိုလှုံဝင်ရောက်ရန် ကြိုးစားလာသော ဘင်္ဂါလီများကို လက်ခံသွားမည်မဟုတ်
- ဖေဖော်ဝါရီလ ၂၃ ရက်နေ့ ထုတ် Focus Online Issue 30, Vol 7
- ဖေဖော်ဝါရီလ ၁၉ ရက်နေ့ ထုတ် ရန်ကုန်တိုင်း(မ်)ဂျာနယ် အတွဲ(၉)အမှတ်(၈)
- လှေစီးပြေးများလာတဲ့အပေါ် ကုလစိုးရိမ်
- ဖွဲ့စည်းပုံ ခုံရုံး ဥက္ကဌ ရွေးတော့မယ်
- အီကြာကွေးမှာ ဓာတုပစ္စည်းပါနေ
- စွမ်းအင်နဲ့ ကာကွယ်ရေး ဘတ်ဂျက်အများဆုံး သုံးမယ်
- သမ္မတ ဦးသိန်းစိန် ဥရောပ ငါးနိုင်ငံ သွားမယ်
- ဂျော်ဒန်မှာ မြန်မာ အလုပ်သမားတွေ အကူအညီမဲ့
Posted: 23 Feb 2013 06:31 AM PST
ကွန်တိန်နာယာဉ်
တစ်စီးမှ အခြား ယာဉ်နှစ်စီးကို တိုက်မိပြီး တိမ်မှောက် မီးလောင်မှု
ဖြစ်စဉ်တစ်ခု ဖေဖော်ဝါရီ ၂၃ ရက်၊ နံနက် ၂ နာရီခွဲခန့်က မြောက်ဥက္က
လာပမြို့နယ်အတွင်း ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ဖြစ်စဉ်မှာ
မြောက်ဥက္ကလာပမြို့နယ်၊ သံသုမာလမ်းအတိုင်း မောင်းနှင်လာသော ကျောက်မှုန့်တင်
ကွန်တိန်နာယာဉ်မှာ ----
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
|
||||
Posted: 23 Feb 2013 06:01 AM PST
ဒီကနေ့
နံနက် ၆း၁၅ နာရီလောက်က ဗိုလ်ချုပ်လမ်းမ တစ်လျှောက် လမ်းဘေး
ဈေးရောင်းချသူတွေကို မြို့တော်စည်ပင် သာယာရေး ဝန်ထမ်းတွေက ရိုက်နှက်
ဖမ်းဆီးမှုတွေ ပြုလုပ်ခဲ့လို့ တစ်ချို့ဈေးသည်တွေမှာ နဖူးကွဲ ခေါင်းပေါက်
ဖြစ်ခဲ့ရသလို ဈေးသည်တွေရဲ့ လှည်းတွေ ဈေးဗန်းတွေလည်း အသိမ်း ခံခဲ့ရတယ်လို့
သိရပါတယ်။ Burma VJ Media Network
ရုပ်/သံ ကြည့်ရှုရန် ဒီနေရာကို နှိပ်ပါ |
||||
Posted: 23 Feb 2013 05:53 AM PST
နေပြည်တော်၊ ဖေဖော်ဝါရီ ၂၃
၂၂-၂-၂၀၁၃ ရက်နေ့ ၀၄၄၅ ချိန် ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ တန်(၄၀၀)ဘိလပ်မြေ စက်ရုံကားဝင်းအတွင်း ရပ်ထားသော ၄ဃ/xxxx (၁၈)ဘီး အဖြူရောင်ခေါင်းတွဲ ဘိလပ်မြေ သယ်ယာဉ်အား ပဲခူးတိုင်းဒေသကြီး၊ ဥသျှစ်ပင်မြို့၊ အမှတ် ၁ ရပ်ကွက်နေ ထက်နောင်ဦး(၂၄)နှစ်မှ ဘိလပ်မြေတင်ဆောင်ရန် စက်ရုံဝင်းအတွင်းမောင်းနှင်စဉ် ယာဉ်အောက်တွင် အိပ်ပျော်နေသည့် ယာဉ်နောက်လိုက် အုတ်ဖိုမြို့နယ်၊ လေးလွန်းပင်ရွာနေ ရဲမင်းထွန်း(၂၀)နှစ်နှင့် တစ်ရွာတည်းနေ ချမ်းကို(ခ)ကျော်ရဲနိုင်(၂၀)နှ အဆိုပါ ယာဉ်ဖြင့်ကြိတ်မိမှုကြောင့် ရဲမင်းထွန်းတွင် ဦးခေါင်းနောက်စေ့ပေါက်ပြဲ၊ ရင်ဘတ် ညိုမဲဒဏ်ရာများဖြင့် အခင်းဖြစ်နေရာတွင် သေဆုံးခဲ့ပြီး ချမ်းကို(ခ)ကျော်ရဲနိုင်တွင် ယာခြေကျင်းဝတ် စုတ်ပြဲဒဏ်ရာများရရှိသဖြင့် သေဆုံးသူ၏အလောင်းနှင့် ဒဏ်ရာရရှိသူတို့အား ဘားအံမြို့ပြည်သူ့ ဆေးရုံသို့ ပို့အပ်ပြီး ထက်နောင်ဦးအား ဘားအံရဲစခန်းယာဉ်(ပ)၂/၂၀၁၃၊ ပြစ်မှုပုဒ်မ ၃၃၈/၃၀၄-က ဖြင့် အမှုဖွင့် အရေးယူထားကြောင်း သတင်းရရှိသည်။ ရဲဇာနည် (facebook) |
||||
Posted: 23 Feb 2013 05:52 AM PST
နေပြည်တော်၊ ဖေဖော်ဝါရီ ၂၃
၂၂-၂-၂၀၁၃ ရက်နေ့ ၁၃၁၅ အချိန် ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ်၊ မိုင်တိုင်(၆၂/၄) နန့်ခုတ်ကျေးရွာကုန်းဆင်းတွင် ရွှေကူမြို့နယ်၊ စီငန်းကျေးရွာသို့ မင်္ဂလာဆောင်သွားရာမှ ပြန်လာသော နန့်ခုတ်ကျေးရွာနေ ကိုမျိုး(ခ)၀င်းကို(၂၁)နှစ် မောင်းနှင်သည့် တုန်ဖုန်းယာဉ်မှာ တိမ်းမှောက်ခဲ့သဖြင့် နန်ခုတ်ကျေးရွာနေ မအေးမွန်(၂၈)နှစ် ပါ(၄)ဦးသည် အခင်းဖြစ်နေရာတွင် သေဆုံးသွားပြီး အမျိုးသား/အမျိုးသမီး(၃၆)ဦတို့ ယာဉ်အား မဆင်မခြင်မောင်းနှင်သူ ကိုမျိုး(ခ)၀င်ကိုအား စင်ခန်းရဲစခန်း ယာဉ်(ပ)၁/၂၀၁၃၊ ပြစ်မှုပုဒ်မ ၃၀၄-က/၃၃၇/၃၃၈ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။ ရဲဇာနည် (facebook) |
||||
Posted: 23 Feb 2013 04:31 AM PST
အမျိုးသား
ကျန်းမာရေး ကွန်ယက်(NLD)မှ မြန်မာနိုင်ငံ ကျန်းမာရေး ကဏ္ဍအတွက်
အမျိုးသားကျန်းမာရေး အဆင့်အတန်း တိုးတက် မြင့်မားလာစေရန် ကူညီ
ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။ အဆိုပါ ကွန်ယက်အနေဖြင့် ပြည်သူ လူထု
အကြား အခြေခံ ကျန်းမာရေး ----
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ |
||||
Posted: 23 Feb 2013 04:09 AM PST
လျှပ်စစ်ဓာတ်အား
လိုအပ်ချက် မြင့်မားနေသော မြန်မာ နိုင်ငံ တွင် နျူကလီးယား ဓာတ်ပေါင်းဖို
တည်ဆောက် ပြီး လျှပ်စစ် ပြဿနာ ကို ဖြေရှင်းရန် ပြည်ထောင်စု အစိုးရအား
တိုက်တွန်း သည့် အဆိုကို အမျိုးသား လွှတ်တော် တွင် မဲခွဲ ဆုံးဖြတ်ရာ
ရှုံးနိမ့်ခဲ့ကြောင်း အမျိုးသား လွှတ်တော် ကိုယ်စားလှယ် များက
ပြောကြားသည်။---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ |
||||
Posted: 23 Feb 2013 03:54 AM PST
|
||||
Posted: 23 Feb 2013 03:54 AM PST
ရခိုင်ပြည်နယ်
စစ်တွေနှင့် ပေါက်တောမြို့ တို့တွင် ပြည်နယ် အစိုးရ အဖွဲ့က ဒေသန္တရအမိန့်
ထုတ်၍ လူဦးရေ ထိန်းချုပ် သွားမည်ဖြစ်ကြောင်း ပြည်ထဲရေး ဝန်ကြီးဌာန
ဒုတိယဝန်ကြီး ဗိုလ်မှူးချုပ် ကျော်ဇံမြင့်က ဖေဖော်ဝါရီ လ ၂၂ ရက်နေ့တွင်
ပြည်သူ့ လွှတ်တော် တွင် ပြောကြားသည်။ ဘင်္ဂါလီများ တရားမဝင် ဝင်ထွက်
သွားလာမှုမှ ကာကွယ်ရေး၊ ----
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
|
||||
Posted: 23 Feb 2013 03:38 AM PST
ပြည်ထောင်စုဝန်ကြီး
သုံးဦးနှင့် အလုပ်သမား အဖွဲ့အစည်း ၄၈ ဖွဲ့မှ ကိုယ်စားလှယ်များ
ယနေ့(ဖေဖော်ဝါရီ ၂၃ ရက်)တွေ့ဆုံရာတွင် အလုပ်ရှင်များက တည်ဆဲ ဥပဒေများအား
မလိုက်နာခြင်း၊ သမဂ္ဂများ ဖွဲ့စည်းရာတွင် အခက်အခဲများ ရှိခြင်းတို့အား
တင်ပြဆွေးနွေးကြသည်။ ----
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
|
||||
Posted: 23 Feb 2013 03:27 AM PST
မြန်မာ့လေကြောင်းမှ
နှစ် ၃၀ သက်တမ်းရှိ ဖော်ကာ F 27 အမျိုးအစား လေယာဉ်အား အများပြည်သူများ
လေ့လာနိုင်ရန် ပြည်သူ့ ဥယျာဉ်တွင် ထားရှိပြသ သွားမည်
ဖြစ်ကြောင်း မြန်မာ့ လေကြောင်း ဦးဆောင်ညွှန်ကြားရေးမှူး ဦးသန်းထွန်းက ပြောသည်။ --- သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
|
||||
Posted: 23 Feb 2013 03:06 AM PST
မုံရွာမြို့နယ်
ဇီးကျွန်းကျေးရွာ အုပ်စု ပလ္လင်တောင်ရွာ ရှိစိန္ဒမုနိဘုရား ဓမ္မာရုံနှင့်စေတီ
အုတ်တံတိုင်း ခတ်ရန်မြေကျင်းတူးဖော်စဉ် နှစ်ရက် ဆက်တိုက် ဗုံးသီး
တစ်လုံးစီတွေ့ရှိခဲ့ကြောင်းသိ
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ |
||||
Posted: 22 Feb 2013 08:33 PM PST
ရန်ကုန်-
အင်းစိန်းလမ်းမကြီး သံလမ်း မှတ်တိုင်တွင် မှော်ဘီ-သီရိမင်္ဂလာဈေး
ပြေးဆွဲနေသော ဟိုင်းလတ်ယာဉ် တိမ်းမှောက် မှု ဖြစ်ပွား ခဲ့ကြောင်း သိရသည်။
ယင်းယာဉ်တိမ်းမှောက်မှုကြောင့် ယာဉ်ပေါ်တွင်ခရီးသည် ၉ ဦး လိုက်ပါလာပြီး
အမျိုး သမီး ၂ ဦးမှာ အပြင်း အထန် ဒဏ်ရာရရှိခဲ့ကြောင်းသိရသည်။ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ |
||||
Posted: 22 Feb 2013 06:05 PM PST
အရင်
စစ်အစိုးရနဲ့ နီးစပ်တဲ့ စီးပွားရေး လုပ်ငန်းရှင်ကြီး တွေဖြစ်တဲ့ ဦးတေဇ
နဲ့ ဦးဇော်ဇော်တို့ပိုင်တဲ့ ဘဏ်တချို့ ကို အမေရိကန် ပြည်ထောင်စုနဲ့
ငွေကြေးဆိုင်ရာ ၀န်ဆောင်မှု လုပ်ငန်းတွေ လုပ်ကိုင်ခွင့် လိုင်စင် ထုတ်ပေး
လိုက်ပေမဲ့ ဒီလူတွေနဲ့ သူတို့ရဲ့ ကုမ္ပဏီတွေကတော့ အမေရိကန်ရဲ့ ဒဏ်ခတ် ပိတ်
ဆို့မှု စာရင်းထဲမှာ ဆက်ပြီး ရှိနေဦးမှာ ဖြစ်တယ်လို့ အမေရိကန် ဘဏ္ဍာရေးဌာနက
ပြောပါတယ်။ အခု အမေရိကန် ပြည်ထောင်စုက ငွေကြေး ထုတ်သွင်းခွင့်လိုင်စင်
ထုတ်ပေးလိုက်တဲ့အထဲမှာ ဘယ်ဘဏ်တွေ ပါဝင်ပါလဲ။ ဘာကြောင့် သူတို့ကို ခုလို
ခွင့်ပြုလိုက်တာလဲ ဆိုတာတွေကိုတော့ ဆက်သွယ် မေးမြန်းထားတဲ့ မခင်ဖြူထွေးက
တင်ပြပေးထားပါတယ်။
မြန်မာနိုင်ငံတွင်းက စီးပွားရေးဘဏ်လေးခုကို General Licenseလို့ အမေရိကန်ပြည်ထောင်စု နဲ့ ငွေကြေးဆိုင်ရာ ၀န်ဆောင်မှုလုပ်ငန်းတွေ လုပ်ကိုင်ခွင့် ပြုလိုက်တဲ့အကြောင်း အမေရိကန် ဘဏ္ဍာရေးဌာန၊ နိုင်ငံခြား ပိုင်ဆိုင်မှု ထိန်းချုပ်ရေးရုံး (OFAC) က မနေ့က ကြေညာချက် ထုတ်ပြန် လိုက်တာပါ။ အခု ငွေကြေးထုတ်သွင်း ခွင့် ပြုလိုက်တဲ့ဘဏ်တွေထဲမှာ မြန်မာ့စီးပွားရေး ဘဏ်၊ မြန်မာ့ရင်းနှီးမြှုပ်နှံမှုနဲ့ ကူးသန်းရောင်းဝယ်ရေးဘဏ် (MICB) ဘဏ်တွေနဲ့အတူ အရင် မြန်မာစစ်အစိုးရနဲ့ နီးစပ်တဲ့ စီးပွားရေး လုပ်ငန်းရှင်ကြီးတွေဖြစ်တဲ့ ဦးတေဇ ပိုင် အာရှစိမ်းလန်းမှုဖွံ့ဖြိုးရေး ဘဏ် နဲ့၊ ဦးဇော်ဇော်ရဲ့ မက်ဇ်မြန်မာကုမ္ပဏီပိုင် ဧရာဝတီဘဏ်တွေလည်း ပါဝင်ပါတယ်။ ခုလို ငွေကြေးထုတ်သွင်းခွင့် ပြုလိုက်တာဟာ အမေရိကန် ကုမ္ပဏီတွေနဲ့ အစိုးရလက်အောက်ခံ မဟုတ်တဲ့ အန်ဂျီအိုအဖွဲ့တွေရဲ့ မြန်မာနိုင်ငံတွင်း လုပ်ငန်းတွေ အဆင်ပြေ လွယ်ကူစေဖို့ အတွက် သာ ဖြစ်ပြီး အရင် မြန်မာစစ်အစိုးရနဲ့ နီးစပ်တဲ့ စီးပွားရေး လုပ်ငန်းရှင်ကြီးတွေနဲ့ သူတို့ရဲ့ ကုမ္ပဏီတွေ အပေါ် ချမှတ်ထားတဲ့ ဒဏ်ခတ်ပိတ်ဆိုမှုတွေကိုတော့ ဆက်ပြီး ချမှတ်သွားမှာ ဖြစ်တယ်လို့ အမေရိကန် အမေရိကန် ဘဏ္ဍာရေးဌာန၊ နိုင်ငံခြားပိုင်ဆိုင်မှု ထိန်းချုပ်ရေးရုံး (OFAC) ပြောခွင့်ရသူ John Sullivan က VOA ကို ပြောပါတယ်။ “ဒီဘဏ်တွေကို ငွေကြေးထုတ်သွင်းခွင့်ပြုတာကအေ မြန်မာနိုင်ငံရဲ့ပြုပြင်ပြောင်း “ဒီဘဏ်တွေနဲ့ ခရိုနီတွေကို ပိတ်ဆို့မှု၊ ဒဏ်ခတ်မှုစာရင်းထဲကနေ လက်ရှိအခြေအနေမှာ ထုတ်ပစ်ဖို့ ဆိုတာကတော့ စောသေးတယ်လို့ ကျနော်တို့လည်း ထင်ပါတယ်။ သူတို့ကို ပိတ်ဆို့မှုစာရင်းထဲ ဆက်ထားတာကရော အခု General လိုင်စင် ထုတ်ပေးထားတာတွေကရော ဒဏ်ခတ်ပိတ်ဆို့ မှုတွေကိုဒ ဖြည်းဖြည်းချင်းသာ ဖြေလျှော့ပေးသွားမယ်ဆိုတဲ့ ကျနော်တို့ရဲ့ မူဝါဒနဲ့အညီ ဆောင်ရွက်တာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ ရှေ့ဆက်ပြောင်းလဲမှုတွေ ဖြစ်လာအောင် တွန်းအားပေးဖို့ ဖြစ်ပါတယ်။” အမေရိကန်အစိုးရအနေနဲ့ အခုလို မြန်မာနိုင်ငံက ဘဏ်တွေကို ငွေကြေးဆိုင်ရာ ဝန်ဆောင်မှု လုပ်ငန်းတွေ ပေးလိုက်တာဟာ မြန်မာလူထုအကျိုးကို ရှေ့ရှုပြီးဆောင်ရွက်တာသာ ဖြစ်တယ်လို့လည်း မစ္စတာ ဆူလေဘန်က ပြောပါတယ်။ တကယ်လို့ မြန်မာအစိုးရအနေနဲ့ ဒီမိုကရေစီစံနစ်ကို ဆန့်ကျင်တဲ့ နောက်ကြောင်းပြန်လုပ်ရပ်တွေ လုပ်လာမယ်ဆိုရင်လည်း ဒီခွင့်ပြုချက်ကို အချိန်မရွေး ပြန်ရုပ်သိမ်းသွားနိုင်တယ်လို့ “ဒါဟာ မြန်မာပြည်သူတွေအတွက် အကောင်းဆုံးကို ရှေ့ရှုဆောင်ရွက်တာလို့ ကျနော် ယုံကြည်ပါ တယ်။ အခု General လိုင်စင် ထုတ်ပေးတယ်ဆိုတာ ကျနော်တို့အနေနဲ့ ပိတ်ဆို့ဒဏ်ခတ်မှုတွေကို ဖယ်ရှားပေးလိုက်တာ မဟုတ်ဘူးဆိုတာကိုလည်း ရှင်းရှင်းလင်းလင်း နားလည်စေချင်ပါတယ်။ General လိုင်စင် ထုတ်ပေးရုံသာဖြစ်ပြီးတော့ ဥပေဒကြောင်းအရ အရေးယူ ပိတ်ဆို့မှုတွေ ပြန်လုပ်နိုင်တဲ့ အနေအထားကိုတော့ ဆက်ပြီးတော့ ထိန်းသိမ်းသွားမှာပါ။ တကယ်လို့ မြန်မာနိုင်ငံမှာ ဒီမိုကရေစီပြုပြင်ပြောင်းလဲမှုေ ပြီးခဲ့တဲ့ နှစ်ပိုင်းတွေကစလို့ စတင်ဆောင်ရွက်လာခဲ့တဲ့ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲ မှုတွေကို အသိအမှတ်ပြုတဲ့အနေနဲ့ အမေရိကန်အပါအဝင် အနောက်နိုင်ငံ အတော်များများ က မြန်မာနိုင်ငံမှာ ချမှတ်ထားတဲ့ ဒဏ်ခတ်ပိတ်ဆို့မှုတွေကို လျှော့ချပေး လာခဲ့တာ ဖြစ်ပါတယ်။ အမေရိကန်ပြည်ထောင်စုအနေနဲ့ မြန်မာနိုင်ငံအပေါ် ဘဏ္ဍာရေးဆိုင်ရာ အရေးယူပိတ်ဆို့မှုတွေကို ၂၀၁၂ ခုနှစ်၊ ဇူလိုင်လက စပြီးတော့ လျှော့ပေါ့ပေးလာခဲ့တာ ဖြစ်သလို မြန်မာနိုင်ငံအတွင်း ရင်းနှီးမြှုပ်နှံမှုတွေကိုလည်း ပြန်လည် ခွင့်ပြုခဲ့တာ ဖြစ်ပါတယ်။ အခုအခါမှာတော့ မြန်မာ စီးပွားရေးဘဏ်တွေကို ဘဏ္ဍရေးဆိုင်ရာ ဝန်ဆောင်မှုတွေ လုပ်ကိုင်ခွင့်ပြုလာတဲ့ အထိပဲ ဖြစ်ပါ တယ်။ မြန်မာနိုင်ငံက အဆင့်မြင့် သံကိုယ်စားလှယ်အဖွဲ့တွေ ဒီရက်ပိုင်း မြန်မာနိုင်ငံကို ရောက်ရှိနေ ချိန်မှာ အမေရိကန် ဘဏ္ဍာရေးဌာနရဲ့ မြန်မာနိုင်ငံက ဘဏ်တွေအပေါ် အခုလို ငွေကြေး ထုတ်သွင်းခွင့်ပြုတဲ့ ကြေညာချက် ထွက်ပေါ်လာခဲ့တာလည်း ဖြစ်ပါတယ်။ မခင်ဖြူထွေး (ဗွီအိုအေ) |
||||
Posted: 22 Feb 2013 05:57 PM PST
ယနေ့နံနက်
၃နာရီ ၂၀ မိနစ်အချိန်က ချင်းပြည်နယ်၊ဖလမ်းမြို့၊ ဖာထောင့်က်ရ် ရပ်ကွက်၊
ချယ်ရီလမ်းရှိ မြို့နယ်သမ၀ါယမ အသင်းစုပိုင် ရုံးခန်းနှင့် သမ၀ါယမ အသင်းမှ
ငှားရမ်းထားသော ဆိုင်ခန်းများတွင် မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း
မီးသတ်ဦးစီးဌာနမှ သိရသည်။
မီးလောင်မှုတစ်နာရီခန့်ကြာမြင့် သူရထွန်း - Popular Myanmar News Journal |
||||
Posted: 22 Feb 2013 05:52 PM PST
ရခိုင်ပြည်နယ်
ကျောက်ဖြူမြို့နယ်မှာ အကောင်အထည် ဖေါ်နေတဲ့ ရွှေသဘာဝ ဓါတ်ငွေ့ စီမံကိန်းမှာ
လိုအပ်နေတဲ့ ကျောက်တွေ အတွက် ကျောက်တောင်တွေကို တစ်ခုပြီး တစ်ခု မိုင်းခွဲ
ထုတ်လုပ် နေရာမှာ ကျောက်ဖြူမြို့ အရှေ့မြောက်ဘက် ၅မိုင်ခွဲ အကွာမှာရှိတဲ့
မစရိုင်းချောင်းကျွန်းက သမိုင်းဝင် ကျောက်တောင်ကြီးလည်း ပါဝင်နေပါတယ်။ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
|
||||
Posted: 22 Feb 2013 05:39 PM PST
မြန်မာနိုင်ငံတွင်
မြေယာ အငြင်းပွားမှုများ ပြင်းထန်နေသဖြင့် မြန်မာနိုင်ငံတွင် မြေယာ
ဝယ်ယူခြင်း၊ ငှားရမ်းခြင်း ကိစ္စရပ်များနှင့် ပတ်သက်၍ အလွန်သတိထား
လုပ်ဆောင်ရန် ထိုင်းစီးပွားရေး လုပ်ငန်းရှင်အချင်းချင်း သတိ ပေးထားကြောင်း
သတင်းရရှိသည်။ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ |
||||
Posted: 22 Feb 2013 05:24 PM PST
ၾသစေတးလ်
နိုင်ငံခြားရေးဝန်ကြီး ဘော့ဘ်ကားက သြစတေးလျသည် မြန်မာပြည်တွင်း
ပဋိပက္ခများကြောင့် နေရာရွှေ့ပြောင်း နေထိုင်ရသူ များအတွက် ဒေါ်လာာ ၂ ဒဿမ ၅
သန်း ထောက်ပံ့သွားမည်ဖြစ်သော်လည်း ၎င်းတို့ထံ ခိုဝင်ရန် ကြိုးစားလာသော ဘင်္ဂါလီ
ရိုဟင်ဂျာများကို လက်ခံသွား မည်မဟုတ်ကြောင်း ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ |
||||
Posted: 22 Feb 2013 05:18 PM PST
|
||||
Posted: 22 Feb 2013 05:16 PM PST
|
||||
Posted: 22 Feb 2013 04:57 PM PST
မြန်မာနိုင်ငံနဲ့
အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ် နိုင်ငံတွေက လှေစီးပြီး ထွက်ပြေးလာသူ
အရေအတွက်ဟာ တနေ့တခြား များပြားလာ နေသလို ပင်လယ်ပြင်မှာ သေဆုံးမှုတွေ
ရှိနေတယ်ဆိုတဲ့ သတင်းတွေကြောင့် စိုးရိမ်မိတဲ့ အကြောင်း ကုလသမဂ္ဂ
ဒုက္ခသည်များ ဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) က ပြောလိုက်ပါတယ်။ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ |
||||
Posted: 22 Feb 2013 03:47 PM PST
အခြခံ
ဥပဒေဆိုင်ရာ ခုံရုံး ပြန်လည် ဖွဲ့စည်း ရာမှာ ပါဝင် သင့်တဲ့ အဖွဲ့ဝင် တွေ
အဖြစ် သမ္မတ၊ အမျိုးသား လွှတ်တော်နဲ့ ပြည်သူ့ လွှတ်တော် ဥက္ကဌ တို့က
အဆိုပြုထားတဲ့ လူပုဂ္ဂိုလ် ၉ ယောက်ရဲ့ အမည် စာရင်းကို လွှတ်တော် အမတ်တွေ ထံ
ဖြန့်ဝေခဲ့ ပြီ ဖြစ်ပါတယ်။ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
|
||||
Posted: 22 Feb 2013 03:42 PM PST
မြန်မာနိုင်ငံမှာ
လူတွေနေ့စဉ် စားသုံးနေတဲ့ ငရုတ်သီးမှုန့်၊ လက်ဖက်နဲ့ ငါးပိရည် ကအစ
ဝက်အူချောင်း၊ ပုဇွန်ခြောက် စတဲ့ စားသောက်ကုန် တွေထဲက တံဆိပ် အခိျု့ မှာ
စက်ရုံလုပ်ငန်းသုံး ဓာတု ဓာတုပစ္စည်းတွေ ပါဝင်နေ တယ်လို့ အစိုးရက ကြေညာ
ထားတာ ရှိပေမယ့် ထိရောက်တဲ့ စစ်ဆေး အရေးယူမှု တွေကို အခုထိ မလုပ်နိုင်ဘဲ
ရှိနေပါတယ်။ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
|
||||
Posted: 22 Feb 2013 03:29 PM PST
မြန်မာနိုင်ငံမှာ
၂ဝ၁၃-၂ဝ၁၄ ခုနှစ် ဘတ်ဂျက် အတွက် ကျပ် သန်းပေါင်း ၁၅ သန်းနီး ယာထားရာ၊
စွမ်းအင်နဲ့ ကာကွယ်ရေး ဝန်ကြီး ဌာနတွေက အများဆုံး သုံးမှာ ဖြစ်တယ်လို့
သိရပါတယ်။ ဘတ်ဂျက် သန်းပေါင်း ၁၅ သန်း ထဲ ကနေ စွမ်းအင် ဝန်ကြီးဌာနက
သန်းပေါင်း ၃ သန်း နီးပါး သုံးမှာ ဖြစ်ပြီး၊ ကာကွယ်ရေး ဝန်ကြီး ဌာနက ဒုတိယ
အများဆုံး အနေနဲ့ ကျပ် သန်းပေါင်း ၂ သန်းကျော် သုံးစွဲဖို့ ရာထား ပါတယ်။
---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
|
||||
Posted: 22 Feb 2013 03:23 PM PST
နိုင်ငံတော်
သမ္မတ ဦးသိန်းစိန်က လာမယ့် ရက်ပိုင်း အတွင်း နော်ဝေ၊ဖင်လန်၊ သြစတြီးယား၊
ဘယ်လ်ဂျီယံနဲ့ အီတလီ စတဲ့ ဥရောပ ငါးနိုင်ငံ ခရီးစဉ် သွားရောက် မယ်လို့
အစိုးရ ဘက်က ကြေညာ ပါတယ်။ ဥရောပ သမဂ္ဂနဲ့ သက်ဆိုင်ရာ နိုင်ငံ အသီးသီးက အကြီး
အကဲ တွေရဲ့ ဖိတ်ကြားချက် အရ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
|
||||
Posted: 22 Feb 2013 03:15 PM PST
ဂျော်ဒန်နိုင်ငံ
Az Zarqa မြို့မှာရှိတဲ့ စက်မှုဇုံထဲက အထည်ချုပ် စက်ရုံမှာ လုပ်နေတဲ့
မြန်မာလူမျိုး ၂,၀၀၀ နီးပါး ဟာ လုပ်ခလစာ တိုးမြှင့်ပေးဖို့နဲ့ လူသားချင်း
တန်းတူညီမျှ အဆင့်အတန်း မခွဲဘဲ ဆက်ဆံဖို့ စတဲ့ အလုပ်သမား အခွင့်အရေးတွေကို
တောင်းဆို ဆန္ဒပြနေကြတာ ဒီနေ့ဆိုရင် ဆန္ဒပြနေကြတာ ၈ ရက်မြောက်နေ့
ရှိပြီဖြစ်ပြီး အခု အချိန်အထိ အကူအညီပေးမယ့် ဘယ်အဖွဲ့ အစည်း၊ ဘယ်အစိုးရမှ
ရောက်မလာ သေးတဲ့အတွက် အလုပ်မဆင်း ဘဲ ဆန္ဒပြနေကြတဲ့ မြန်မာ အလုပ်သမားတွေဟာ
စက်ရုံကနေ ပြန်ပို့မယ့်အချိန်ကို အလုပ်သမားတန်းလျားတွေ ကနေ
စောင့်စားနေကြရတယ်လို့ပြောပါတယ်
“ဒီနေ့ အခြေအနေကတော့ ကျနော်တို့ ဒီ စက်ရုံမှာရှိနေတဲ့အလုပ်သမား အကုန်လုံးကလည်း အလုပ်ပြန်ဆင်းဖို့၊ မဆင်းဖို့ဆိုတာ အခုအချိန်အထိ ဘာမှ ရေရေရာရာ တိတိကျကျ မသိရသေးပါဘူး ခင်ဗျ။ ပြီးတော့ စက်ရုံဘက် က ကမ်းလှမ်းချက်တွေကိုလည်း ဘာမှ တိတိကျကျ မရပါဘူးခင်ဗျ။ ကူညီဖြေရှင်းပေးမယ့် အဖွဲ့အစည်းတွေ ကလည်း တိတိကျကျ အဖြေတစ်ခုကို ထုတ်မပေးနိုင်သေး ဘူး။ အဲဒီတော့ ဘယ်သူမှ အလုပ်မဆင်းဘဲ ဒီအတိုင်းပဲ နေနေကြပါသေးတယ်ခင်ဗျ။ စက်ရုံဘက်က တုံ့ပြန်တာကတော့ အလုပ်မဆင်းကြတဲ့ အလုပ်သမားတွေ အကုန်လုံးအတွက်ကို ဂျော်ဒန်ဥပဒေအရ ပထမ ၄၈ နာရီအတောအတွင်းကနေပြီးတော့ အလုပ်မဆင်းလို့ရှိရင် ပထမဦးဆုံးအနေနဲ့က ၅၀ Dinar ကို တရက်မှာ ဖြတ်မယ်။ နောက်နေ့တွေမှာ နေ့တိုင်း နေ့တိုင်းကို ၅ ကျပ်၊ ၅ ကျပ်စီ ဖြတ်သွားမယ်ဆိုပြီးတော့ ကြော်ငြာလာပြီးတော့ ကပ်သွားပါတယ်ခင်ဗျ။ ရှိနေကြတဲ့လူတွေ အကုန်လုံးကလည်း ရှိတဲ့ပိုက်ဆံလေးနဲ့ ရှိတဲ့အစားအသောက်ကလေးနဲ့ပဲ စုပြုံပြီး စားသောက်နေကြသေးတာပဲ။ သူတို့ဘက်က ဘာမှ မတုံ့ပြန်ဘူးဆိုလို့ရှိရင်လည်း ကျနော်တို့က ကူညီနိုင်မယ့်သူ လိုအပ်တာပေါ့နော်။ တကယ်လို့ အကူအညီပေးနိုင်မယ့်သူ မရှိဘူးဆိုရင်တော့ စက်ရုံက ပြန်ပို့တာကိုပဲ စောင့်နေကြရမှာပေါ့ခင်ဗျ။” အခုအချိန်မှာ ဂျော်ဒန်က မြန်မာအလုပ်သမားတွေအနေနဲ့ မြန်မာအစိုးရနဲ့ အလုပ်သမားရေး တာဝန် ရှိသူတွေရဲ့ ကူညီမှုစောင့်စားမှုကို အရေးတကြီးလိုအပ်နေပါတယ်လို့ မြန်မာအလုပ်သမားက ဗွီအိုအေ ကို အခုလို ပြောပြခဲ့တာပါ။ ဂျော်ဒန်နိုင်ငံက စက်ရုံထဲမှာ ဖြစ်ပွားခဲ့ရတဲ့ ဆန္ဒပြ အခြေအနေကို ကိုသားညွန့်ဦး က ဆက်လက်တင်ပြပေးထားပါတယ်။ လုပ်ခလစာ တလကို Dinar ငွေ ၁၅၅ ကနေ Dinar ၂၀၀ အထိ တိုးမြှင့်ဖို့ တောင်းဆိုထားတဲ့အချက်ကို ဆင်ကျူရီ၊ မာရီကယ်လ် ဂျော်ဒန် (CMJ) အလုပ်ရှင်ဘက်ကနေ ဂျော်ဒန်ဥပဒေနဲ့ စာချုပ်ပါအချက်တွေကို အကြောင်းပြပြီးတော့ မလိုက်လျောတာကြောင့် မြန်မာအလုပ်သမား ၂,၀၀၀ နီးပါးဟာ အလုပ်မဆင်းနိုင် ဖြစ်နေတာ တစ်ပတ်ကြာလာပါပြီ။ ဂျော်ဒန်နိုင်ငံမှာ မြန်မာသံရုံးလည်း မရှိတာကြောင့်မို့လို့ အနီးအနား အစ္စရေးနိုင်ငံက မြန်မာသံရုံးကို သူတို့ ဆက်သွယ် အကြောင်းကြားခဲ့ပေမဲ့ ပြေလည်မှုမရခဲ့ဘူးလို့ ဆန္ဒပြ အလုပ်သမားတစ်ဦးဖြစ်တဲ့ ကိုကျော်ဇင်ဦးက ရှင်းပြပါတယ်။ “ပထမဆုံး ကျနော်တို့က အစ္စရေးသံရုံးမှာရှိတဲ့ ကိုသန့်ဇင်ဆီကို အကူအညီတောင်းခဲ့ပါတယ်။ သူက ဂျော်ဒန်နိုင်ငံကိုလာဖို့ သူတို့မှာ အခက်အခဲဖြစ်တယ် ဆိုတဲ့အကြောင်းရယ်၊ နောက်ပြီးတော့ လစာကိစ္စ လာပြီးဖြေရှင်းပေးဖို့က စက်ရုံဘက်က အခြေခံလစာ ၁၅၅ Dinar ဆိုတဲ့စာချုပ်ကြီးကိုကိုင်ပြီး သူတို့က ဖြေရှင်းသွားတယ် ဆိုတဲ့အကြောင်းရယ်၊ နောက်ပြီးတော့ ဂျော်ဒန်ဥပဒေအရ လစာတိုးမြှင့်ဖို့အတွက်က တစ်ဦးတစ်ယောက်တည်း တိုးမြှင့်ပေးဖို့ဆိုတာက စက်ရုံတစ်ခုတည်းက လုပ်ပေးဖို့ မလွယ်ဘူးဆိုတဲ့ အကြောင်း ရယ် - ဒီလို အချက်အလက်တွေကြောင့် လစကိစ္စကို သူတို့လုံးဝ ထိန်းညှိပေးလို့ မရပါဘူး ဆိုတဲ့အကြောင်းတွေကို ဖုန်းဆက်ပြီး ပြန်ပြောပြတယ်။” မေး။ ။ ဆိုလိုတာက အစ္စရေးမှာရှိတဲ့ မြန်မာသံရုံးက အကိုတို့ အလုပ်ရှင်တွေနဲ့ တိုက်ရိုက်ဆက်သွယ်မှုရထားပြီးပြီ ဖြေ။ ။ ဟုတ်ကဲ့။ ညှိပြီးပါပြီ။ မေး။ ။ အဲဒီတော့ နောက်ဆုံး မြန်မာသံရုံးဘက်က ပြောတာက လစာကိစ္စတော့ ညှိလို့မရဘူးဆိုရင် သူတို့ ဘာတွေ အကူအညီပေးလို့ ရမယ်လို့ ပြောပါသလဲ။ ဖြေ။ ။ ဘာမှ ရေရေရာရာ တိတိကျကျ မပြောပါဘူး။ ကျနော်တို့ကပြောတဲ့ အချက်အလက်တွေပေါ်မှာ မေးလ် ပို့ပေးလို့ ပြောပါတယ်။ ကျနော်တို့က သူတို့ဆီ သူတို့လိပ်စာအတိုင်း မေးလ်ပို့ပေးနေပေမယ့် ကျနော်ပို့တဲ့မေးလ်က သူတို့ဆီ မရောက်ဘူးလို့ချည့်ပဲ ပြောနေတယ်။ မြန်မာအလုပ်သမားတွေအနေနဲ့ ဂျော်ဒန်နိုင်ငံအရောက် သူတို့ကို အလုပ်ဆက်သွယ်ပေးတဲ့ မြန်မာနိုင်ငံက ကုမ္ပဏီ ၃ ခုကိုလည်း ဆက်သွယ် အကူအညီတောင်းကြပေမဲ့ ဆက်သွယ်လို့ မရ ဖြစ်နေတယ်လို့ ပြောပါတယ်။ ဒါကြောင့်လည်း စာချုပ်ပါ အခြေအနေအတိုင်းဆိုရင်တော့ အလုပ်ဆက်မလုပ်နိုင်ဘူးဆိုရင် မြန်မာပြည်ကို ပြန်ပို့မယ်ဆိုပြီး အလုပ်ရှင်ဘက်က ကမ်းလှမ်းထားတယ်လို့ သိရပါတယ်။ “ဒီအတောအတွင်းမှာ အလုပ်မဆင်းရတာ ဒီနေ့ဆို တစ်ပတ်ပြည့်သွားပြီပေါ့။ ၄၈ နာရီအတွင်းမှာမှ အလုပ်ပြန်မဆင်းရင် စစချင်းမှာ JD ၅၀ ဖြတ်ပါမယ်။ နောက်ရက်တွေကို နေ့စဉ် နေ့စဉ် အလုပ်မဆင်းတဲ့ အတွက် JD ၅ ကျပ်၊ ၅ ကျပ်စီ ဖြတ်သွားမယ်လို့တော့ တုံ့ပြန်ပြီးတော့ ကြေညာစာ လာကပ်သွားတယ်။” မေး။ ။ အခု ဆန္ဒပြနေတဲ့ အလုပ်သမား ၁ ထောင်ကျော် လူအင်အားက ဒီအတိုင်းဆိုလို့ရှိရင် - အလုပ်ရှင် ဘက်ကလည်း မလိုက်လျောဘူးဆိုတော့ ဘာဆက်လုပ်မလဲ။ အလုပ်ပဲပြန်ဝင်မလား၊ ဗမာပြည်ပြန်မလား။ ဘယ်လိုလုပ်မလဲ။ ဖြေ။ ။ ကြားမှာ ညှိနှိုင်းပေးမယ့်သူ မရှိဘူးဆိုရင်တော့ ကျနော်တို့ ဗမာတွေအကုန်လုံးက ဗမာပြည်ပဲ ပြန် တော့မှာပေါ့။ ဗမာတွေအကုန်လုံးက သဘောတူညီချက်ကတော့ လစာ ၁၅၅ ကျပ် (Dinar) ကို တိုးမပေးတော့ဘူးဆိုရင်တော့ စက်ရုံကနေ စရိတ်အကုန်အကျ တာဝန်ယူပြီးတော့ မြန်မာနိုင်ငံကို ပြန်ပို့မယ်လို့ ပြောထားပြီးပါပြီ။ အဲဒါကြောင့် ကျနော်တို့ မြန်မာတွေ အကုန်လုံးကလည်း ပြန်မယ်လို့ ဆုံးဖြတ်ထားပါတယ်။ မေး။ ။ ဂျော်ဒန်နိုင်ငံမှာပဲ တခြား အလုပ်အကိုင် ရှာလို့ရလား။ ဖြေ။ ။ အဲလိုလည်း အဆင်မပြေလောက်ပါဘူး။ တခြားအလုပ်အကိုင်ရှာဖို့ကလည်း ဒီမှာက ဘယ်သူမှလည်း မရှိကြဘူး။ အားကိုးစရာလည်း ဘယ်သူမှ မရှိဘူး။ ဆန္ဒပြအလုပ်သမားတစ်ဦးဖြစ်တဲ့ ကိုကျော်ဇင်ဦး ပြောပြခဲ့တာပါ။ အလုပ်သမားတွေအနေနဲ့လည်း ဘာသာ စကား အခက်အခဲရှိတာကြောင့် ဂျော်ဒန်နိုင်ငံမှာရှိတဲ့ အလုပ်သမားအဖွဲ့အစည်းတွေ၊ ကူညီရေး အဖွဲ့တွေကို ဆက်သွယ်ဖို့လည်း အခက်အခဲဖြစ်နေကြပါတယ်။ CMJ စက်ရုံ ဘက်မှာ မြန်မာအလုပ်သမား ၂ ထောင်အပြင် တခြားနိုင်ငံခြားသား အလုပ်သမားတွေလည်း ရှိကြပါတယ်။ အုပ်ချုပ်ရေးပိုင်းမှာတော့ တရုပ်လူမျိုး အများစု ဖြစ်နေပြီး မြန်မာတွေကို ခွဲခြားဆက်ဆံခဲ့တာကြောင့်လည်း အလုပ်ခွင်ထဲမှာ အဆင်မပြေတာတွေ အရင်တုန်း ကတည်းက ရှိခဲ့တယ်လို့ သိရပါတယ်ခင်ဗျား။ Dinar - ဂျော်ဒန်သုံးငွေ JD - (Jordon Dinar) ကိုသားညွန့်ဦး, မဆုမွန် (ဗွီအိုအေ)
|
[Message clipped] View entire message
0 comments:
Post a Comment