"မယ်တိကျ"
၂၀၁၂ လောက်ကပေါ့။
Site ထဲမှာ ကွန်ကရစ်ထုထည် 1200 Cu-m လောက် လောင်းလိုက်ရတယ်။
မနက် ၄ နာရီထိုးလောက်မှ ပြီးတာ။
မနက် ၅ နာရီလောက်မှအိပ်တော့ နေ့လည် ၂ နာရီလောက်မှ နိုးလာရော
အိပ်ရာနိုးတော့ ထမင်းစားဖို့ နီးစပ်ရာ မြန်မာထမင်းဆိုင်ဆီ ချီတက်ခဲ့တယ်။
(ပင်နင်ဆူလာမှာတော့ မဟုတ်ဘူး)
ဆိုင်ရောက်လို့... ...
မှန်ကောင်တာထဲ ထည့်ထားတဲ့ ဟင်းတွေကို လိုက်ကြည့်ရင်း ဝက်သားအချိုချက်လေးတွေ့တာနဲ့ လက်ညိုးထိုးပြတော့...
မျက်နှာ ရှစ်ခေါက်ချိုးကြီးနဲ့ ရောင်းနေတဲ့ ကောင်မလေးက ပြောတယ်.... ...
"အဲဒါ မရသေးဘူး"
"ငင်... မကျက်သေးလို့လား"
"ကျက်ပြီ၊ မရောင်းသေးတာ"
"ဘာလို့လည်း ဘုန်းကြီး ဆွမ်းကပ်စရာ ရှိလို့လား"
"အာ... ဦးလေးကလည်း ဒီအချိန်ကြီး ဘယ်က ဘုန်းကြီးဆွမ်းကပ်ရမှာလဲ"
"ဒါဆို... ခုရောင်းရင် ဥပဒေနဲ့ ညှိလို့လား"
"သိဘူး၊ ဆိုင်ရှင်ကမှာခဲ့တာ၊ ဒီဟင်းက ညနေမှ ရောင်း တဲ့"
"ညနေ ဘယ်နှနာရီလဲ"
"၄ နာရီ"
"အေး... ပြီးရော၊ ပေး... ပေး... င့ါထမင်း ပန်းကန်"
... ထမင်းထည့်ထားတဲ့ ပန်းကန်ယူပြီး ဆိုင်ရှေ့က ခုံမှာ ငူငူကြီးထိုင်နေလိုက်တယ်။
ကလေးမက လူကိုကွက်ကြည့်ကွက်ကြည့်နဲ့
ကြာတော့ သူမနေနိုင်တော့ဘူး... လှမ်းမေးတယ်... ...
"ဦးလေး... ဘာလုပ်နေတာလဲ အဲဒါက"
"ဝက်သားဟင်း စောင့်နေတာ"
"ရွမ်..."
"ဟုတ်တယ်... နောက် ၁ နာရီကျော်ကျော်စောင့်ရင် ငါစားချင်တဲ့ဟင်း စားရပြီ"
"ရွှမ်..."
"ဘာလဲ... ဒီမှာထိုင်လို့ မရဘူးလား"
"ရတော့ရတာပေါ့"
"ရရင် ထိုင်မယ်၊ ၄ နာရီထိုးလို့ စားပြီးရင် ပြန်မယ် ဒါပဲ"
ဒီတော့မှ...
မယ်မင်းကြီးမက စူအောင့်အောင့်နဲ့ ခေါ်တယ်... ...
"ကဲ... ရော့ ရော့... လာယူ ဦလေး၊ လူမြင်လို့ မကောင်းဘူး"
ဒါနဲ့ အစာငတ်ခံဆန္ဒပြလိုက်တာ ကိုယ်စားချင်တဲ့ ဟင်းစားရရော...
ကောင်တာနောက်က မယ်မင်းကြီးမကတော့ အိုးတွေလွတ်ချ၊ ဇွန်းတွေပစ်ချနဲ့ လုပ်ရင်း ပွစိပွစိနဲ့ မကြားတကြား ပြောနေတယ်... ...
"ဒုန်း... လူကြီးကိုက မကြီးမငယ်နဲ့ ဟွင်း ဂလွမ်... လူက တေခါနီးပီ ဂလုံ ဂွမ်... ရုပ်ကြီးကိုက ဂလွမ်းလွမ်း"
အိမ်း.... လောကကြီးက သာယာပေစွ တကား... ....
သန်၎ကို-အလွမ်းသယ်သည်။
https://www.facebook.com/thanlayko

0 comments:
Post a Comment