Thursday, May 22, 2014

လူဖြစ်ရခြင်း၏ အဓိကရည်ရွယ်ချက်


(ပညာရှိလူလိမ္မာများသည် ရလာသောလူ့ဘ၀ ခန္ဓာကို ကုသိုလ်ရဖို့အတွက် အသုံးချ၍ နိဗ္ဗာန်သို့ သွားကြ၏။)
(၃၁) ဘုံတွင် အပ္ပါယ်လေးဘုံသည် ဆင်းရဲဒုက္ခတွေ များလွန်းအားကြီး၍ မည်သည့် ကုသိုလ်မျှ ပြုလုပ်၍မရ။
နတ်ဘုံခြောက်ထပ်နှင့် ဗြဟ္မာဘုံနှစ်ဆယ်သည်ကား ချမ်းသာသုခတွေများလွန်းအားကြီး၍ ကုသိုလ်တရား များကိုပင် တင်းပြည့်ကျပ်ပြည့် ပြုလုပ်၍မရပြန်။
ဥပမာအားဖြင့် နတ်ပြည် ဗြဟ္မာပြည်တွင် အလှူခံမရှိ၍ ဒါနကုသိုလ် မည်သို့သောနည်းနှင့်မျှ မရနိုင်ခြင်း။ ထို့ကြောင့် ဤလူ့ဘုံတစ်ဘုံတည်းသာလျှင် ကုသိုလ်အားလုံးကို ဆည်းပူးအားထုပ်ရ၏။
ဘုရားအလောင်းတော်များဆိုခဲ့လျှင် နတ်ပြည်ရောက်ခဲ့လျှင်ပင် သက်တမ်းပြည့်မနေပဲ နတ်သက်ချွေကာ လူ့ပြည်ပြန်လာပြီး ကုသိုလ်ပြုကြ၏။
လူဖြစ်ရခြင်း၏အဓိက ရည်ရွယ်ချက်သည် ဒါနကုသိုလ်၊ သီလကုသိုလ်၊ သမထဘာဝနာကုသိုလ် ၀ိပသနာဘာဝနာကုသိုလ်၊ မဂ်ကုသိုလ်၊ဖိုလ်ကုသိုလ် ခြောက်မျိုးလုံးကို အရယူရန်အတွက်ဖြစ်၏။
စီးပွါးဥစ္စာရှာဖွေခြင်းသည်ပင် ထိုကုသိုလ်ခြောက်မျိုးပြုလုပ်ရန်အတွက် ဖြစ်၏။
ပညာမဲ့လူမိုက်များသည် ရလာသောလူ့ဘ၀ ခန္ဓာကို အဆင်း၊အသံ၊အနံ့ ၊အရသာ ၊အတွေ့၊ အထိဟူသော ကာမဂုဏ်ခံစားဖို့အတွက် အသုံးချ၍ အပ္ပါယ်သို့သွားကြ၏။
ပညာရှိလူမိုက်များသည် ရလာသောလူ့ဘ၀ ခန္ဓာကို ကုသိုလ်ရဖို့အတွက် အသုံးချ၍ နိဗ္ဗာန်သို့ သွားကြ၏။
အရှင်ဇ၀န (မေတ္တာရှင် ရွှေပြည်သာ)

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...