"ခေတ်သစ်ပုံပြင်"
အပြည်ပြည်ဆိုင်ရာ ကျောင်းတစ်ခုမှာ သူငယ်ချင်းသုံးယောက် စကားပြောနေကြတယ်။
သူတို့နိုင်ငံက အစိုးရတွေ အကြောင်း ပြောနေကြတာ။
တရုတ်လေးက ပြောတယ်... ...
"ငါက တရုတ်ပြည်က၊ ငါတို့ အစိုးရက တို့တရုတ်ပြည်က မဟာတံတိုင်းကြီးနဲ့တူတယ်၊ အိုဟောင်းနေပေမယ် ကြံ့ခိုင်နေတုန်းပဲ"
စင်္ကာပူလေးက ပြောတယ်.... ...
"ငါက စင်္ကာပူကပါ၊ ငါတို့ အစိုးရကတော့ ငါတို့ နိုင်ငံက အထပ်မြင့်တိုက်ကြီးတွေနဲ့ တူတယ်၊ တို့နိုင်ငံသားတွေရဲ့ ဘဝကို တိုက်ကြီးတွေလိုပဲ မြင့်မားလာအောင် လုပ်ပေးတယ်"
နောက်ဆုံး... ...
အသားညိုညိုနဲ့ ကျောင်းသားလေးက သက်ပြင်းတစ်ချက်ရှိုက်လိုက်ရင်းပြောတယ်... ...
"ငါဘယ်နိုင်ငံကလဲဆိုတာတော့ မပြောတော့ပါဘူး၊ ငါတို့ အစိုးကတော့ ငါတို့ရွာထိပ်က တောင်ကုန်းကြီးနဲ့ တူတယ်၊ အဲဒီနေရာမှာ ထီးတည်းကြီး ရှိနေတာ ကြာပြီ၊ ခုထိ ဘာမှ သုံးစားလို့မရဘူး"
သန်၎ကို-ရမ်းဘာသာပြန်သည်။

0 comments:
Post a Comment