နိယာမကိုစားသုံးခြင်း
ဟား...ဟား...
လျာကလေးထွက်ပြီး
သာတဲ့ဘက်ယိမ်းတဲ့ ငါ့ကိုများ
တရားဥပဒေဆိုလား ဆိုလေရဲ့
လျာကလေးထွက်ပြီး
သာတဲ့ဘက်ယိမ်းတဲ့ ငါ့ကိုများ
တရားဥပဒေဆိုလား ဆိုလေရဲ့
မတရားခြင်းတရားခြင်းတွေတော့ငါမသိ
သာတဲ့ဘက်လျာထွက်ရတာက
ငါ့ နိယာမ
သာတဲ့ဘက်လျာထွက်ရတာက
ငါ့ နိယာမ
မင်းတို့ဒသနမှာ
ငါ့ဘဝကိုထည့်မတွက်ခဲ့ကြဘူး ။
အလေးဘက် လျာလိုက်ထွက်ရတာ
ငါ မုန်းလွန်းလို့
လူကြီးမင်းတို့ဒေသမှာမနေပါရစေနဲ့တော့
ငါ့ဘဝကိုထည့်မတွက်ခဲ့ကြဘူး ။
အလေးဘက် လျာလိုက်ထွက်ရတာ
ငါ မုန်းလွန်းလို့
လူကြီးမင်းတို့ဒေသမှာမနေပါရစေနဲ့တော့
စားသုံးသူရဲ့ပျော်ရွှင်မှုဟာ
အလေးနဲ့ဆန့်ကျင်ဘက်မှာရှိတာမို့
စွမ်းအားတွေမျှဝေပေးချင်လို့
ငါ...
ဈေးထဲမှာပဲနေပါရစေ ။ ။
အလေးနဲ့ဆန့်ကျင်ဘက်မှာရှိတာမို့
စွမ်းအားတွေမျှဝေပေးချင်လို့
ငါ...
ဈေးထဲမှာပဲနေပါရစေ ။ ။
မင်းဝေဟင်
0 comments:
Post a Comment