“ခရိုနီကြီးငယ်တို့ လူမိုက်ဂိုဏ်းတွေ သုံးနေပြီလား”
၁၉၉၄/၉၅ ခုနှစ်က မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့၊ထုံးဘိုကျေးရွာတွင်
ကော်ဖီစိုက်ခင်းစီမံကိန်းအတွက်ဟုဆိုကာ ရွာသူရွာများပိုင် ခြံမြေများကို အဓမ္မသိမ်းယူ၍ ဦးလှသန်း ဆိုသူကို လုပ်ပိုင်ခွင့် ချထားပေးခဲ့ပါသည်။
ထိုသို့သိမ်းယူစဉ်က ခြံမြေများအပေါ်ရှိ စိုက်ပျိုးသီးနှံများနှင့် ခြံမြေများအတွက်ပါ မည်သည့်လျော်ကြေး၊ နစ်နာကြေးမှ ပေးအပ်ခဲ့ခြင်းမရှိပါ။
ကော်ဖီစိုက်ခင်းစီမံကိန်းအတွက်ဟုဆိုကာ သိမ်းယူခဲ့ခြင်းဖြစ်သော်လည်း
မည်သည့်အပင်မှ စိုက်ပျိုးလုပ်ကိုင်ခဲ့ခြင်းမရှိပါ။
ဦးလှသန်းမှတစ်ဆင့် ပြင်ဦးလွင်မြို့မှ အာရောဂျံဆေးရုံပိုင်ရှင်
ဒေါက်တာဒေါ်မိမိလေးထံ လွှဲပြောင်းခဲ့ပြီး နောက်ပိုင်းတွင်လည်း
မည်သည့်သီးနှံများမှ စိုက်ပျိုးလုပ်ကိုင်ခဲ့ခြင်းမရှိပါ။
၂၀၁၂ခုနှစ်၊ လယ်ယာမြေဥပဒေသစ် ထွက်ပေါ်လာသည့်အခါတွင်၊
ဥပဒေအရ စီမံကိန်းအကောင်အထည်မဖော်နိုင်သည့်စာရင်းတွင်
အကြုံးဝင်သွားသည်မို့ မူလခြံမြေပိုင်ရှင် တောင်သူလယ်သမားများက
ပြန်လည်ရရှိရန် ဥပဒေဘောင်အတွင်းမှ ကြိုးစားခဲ့ကြ၊ ညှိနှုင်းခဲ့ကြပါသည်။
အခင်းဖြစ်သည့် (၂၆၊ ၅၊၂၀၁၄)နေ့တွင် ဒေါက်တာဒေါ်မိမိလေး၏
အလုပ်သမားများက မူလခြံမြေပိုင်ရှင် တောင်သူလယ်သမားအချို့ကို
ခြံမြေကိစ္စညျှိနှိုင်းရန် ဖုန်းဆက်၍ခေါ်ပါသည်။
မူလခြံမြေပိုင်ရှင်များက ကျေးရွာအုပ်ချုပ်ရေးမှူးရုံးတွင်သာ
လာရောက်ညှိနှိုင်းစေလိုပါသည်ဟု
ပြောဆိုသော်လည်း၊ ဖုန်းဆက်၍ခေါ်သူက သက်ဆိုင်ရာခြံမြေများကို လာရောက်ကြည့်ရှုရမည့်
အတူတူ ခြံမြေတွင်ပဲ လာရောက်ညှိနှိုင်းရန် အကြိမ်ကြိမ်ပြောဆိုသဖြင့် သဘောရိုးဖြင့်ဟု ယူဆကာ
မူလခြံမြေပိုင်ရှင်များဖြစ်ကြသော ဦးစိုးမြင့်၊ ဦးမြင့်ဆွေနှင့် ဦးထွန်းလင်းတို့(၃)ဦး ဆိုင်ကယ်များဖြင့်
သွားရောက်ခဲ့ကြပါသည်။
အခင်းဖြစ်ပွားသည့် ခြံမြေနေရာသို့အရောက် ဆိုင်ကယ်များရပ်လိုက်သည်နှင့် ဒေါက်တာ
ဒေါ်မိမိလေး၏ အလုပ်သမားများဟုယူဆရသူ လူ(၉)ယောက်က သစ်သားတုတ်များဖြင့် ၀ိုင်းရိုက်
ကြပါသည်။ ဖူးယောင်ပေါက်ပြဲ သွေးအလူးလူးဖြင့် လဲကျနေသော ဦးစိုးမြင့်တို့(၃)ဦးကို ကြိုးများဖြင့်
တုတ်နှောင်၍ ဆက်လက်ညှင်းပမ်းနှိပ်စက်ကြပါသည်။ ရိုက်နှက်နေရင်းမှလည်း တစ်ဦးက တစ်နေ
ရာသို့ ဖုန်းဖြင့်ဆက်၍ “အဘ ကျနော်တို့ စိုးမြင့်ကို ရိုက်လိုက်ပြီ”ဟု ပြောဆိုရင်း ဆက်၍ဆက်၍
ရိုက်ကာ ဦးစိုးမြင့်၏ ညည်းညူသံကိုပါ ဖုန်းဖြင့်ကပ်၍ သတင်းပို့ပါသည်။
စိတ်မချ၍ နောက်မှလိုက်လာသော ဦးစိုးမြင့်၏ ဇနီးနှင့်သမီးဖြစ်သူကို မြင်သည့်အခါတွင်
ရိုက်နှက်နေသူများက “ဖမ်းချုပ်ပြီး မုဒိန်းကျင့်ပြီး သတ်ပစ်မယ်”ဟုအော်ဟစ်ကြိမ်းမောင်းသဖြင့်
ထွက်ပြေးကာ ရဲစခန်းသို့ သွားတိုင်ကြပါသည်။ နောက်မှထပ်ရောက်လာသော ရွာသားနှစ်ဦးကိုမူ
ထပ်မံဖမ်းဆည်း၍ ရိုက်နှက်ကြပါသည်။ ဦးစိုးမြင့်တို့တွင် ပါသွားသော ငွေသုံးသိန်းနှင့် လယ်ယာမြေ
နှင့်ပတ်သက်သော အထောက်အထား စာရွက်စာတမ်းများကိုလည်း သိမ်းဆည်းယူထားလိုက်ကြပါ သည်။
ထိုသို့ အပြင်းအထန် ရိုက်နှက်ညှင်းပမ်းမှုကြောင့် လယ်သမား(၅)ဦး ဒဏ်ရာအပြင်းအထန်
ရရှိခဲ့ပြီး၊ (၃)ဦးမှာ ပြင်ဦးလွင်မြို့ပြည်သူ့ဆေးရုံကြီး၌ အတွင်းလူနာအဖြစ် ကုသမှုခံယူနေရပါသည်။ ဦးစိုးမြင့်သည် ဦးခေါင်းကွဲ၊နှဖူးကွဲ၊ ခြေလက်မျက်နှာဖူးယောင်၊ နံရိုးကျိုး၊ ဘယ်ခြေကျိုး စိုးရိမ်ရသော
အခြေအနေတွင် ရှိနေပါသည်။
တာဝန်ရှိရဲတပ်ဖွဲ့မှ ဆေးရုံတွင် စစ်ချက်များ လာရောက်ယူသွားသော်လည်း ပြည့်စုံစွာ ရေး
မှတ် မှတ်တမ်းတင်ဖြင်းမရှိဟု ယူဆရပါသည်။ ဦးစိုးမြင့် နရိုးကျိုးခြင်း၊ ဘယ်ခြေထောက်ကျိုးခြင်းကို
လည်း ထည့်သွင်းထားခြင်းမရှိပါ။ ထိုကြောင့် ကျူးလွန်သူ(၉)ယောက်ထဲမှ(၃)ယောက်ကို ဖမ်းဆီး
ရမိသော်လည်း အာမခံဖြင့် ပြန်လွှတ်ပေးလိုက်ပါသည်။ နောက်ကွယ်မှ မည်သူစေခိုင်းသည်ကို
ပြင်ဦးလွင်တစ်မြို့လုံးက သိနေကြသော်လည်း ယခုအထိ အရေးယူဆောင်ရွက်ခြင်း မရှိသေးပါ။
ဦးစိုးမြင့်တို့ကို ဖုန်းဆက်ခေါ်သည့် သူကိုလည်း ဖုန်းနံပါတ်နှင့် လူကိုပါသိနေလျက် ဖမ်းဆည်းအရေး
ယူနိုင်ခြင်း မရှိသေးပါ။
အဆိုပါဖြစ်ရပ်တွင် ကြိုတင်ကြံစည်မှု၊ အုပ်စုဖွဲ့ လုယက်ရိုက်နှက်မှု၊ ဓားပြမှု၊ လက်နက်မှု၊ မတရားဖမ်းဆီးချုပ်နှောင်မှု၊ ပြင်းထန်စွာ နာကျင်စေမှု …. စသည်ဖြင့် အမှုကြီးပေါင်းများစွာကို ကျူး
လွန်ခဲ့သော်လည်း ကျူးလွန်သည့်တရားခံအားလုံးနှင့် ဆက်စပ်ပတ်သက်သည့် တရားခံများကို
ဖမ်းဆီးအရေးယူနိုင်ခြင်း မရှိသည်သာမက၊ ဖမ်းမိသည့်တရားခံ(၃)ဦးကိုပင် အာမခံဖြင့် လွှတ်ပေး လိုက်ခြင်းမှာ အလွန်ပင်အံ့သြစရာ ဖြစ်နေရပါသည်။

0 comments:
Post a Comment