Tuesday, May 20, 2014

မြွေဆိပ်ဖြေဆေးပင်


သက်ဆိုင်မှသုတေသနပြုနိုင်ပါလျင် အလွန်အကျိုးဖြစ်ထွန်းမည်။ မနေ့ကမင်္ဂလာဒုံစီမံ ကိန်းရုံးဝန်းကျင် မှမြက်ခြောက်များမီးရှိုရာစည်းကမ်းမရှိပြုလုပ်ခဲ့ခြင်းကြောင့် ထိန်းမနိုင်သိမ်းမရဖြစ်ကာ ကွင်းပြင်တစ်ခုလုံး မီးလောင်ကျွမ်းခဲ့ရသလို မီးရှိုရာတွင်ပါဝင်သော အလုပ်သမားတဦးလည်းမြွေကိုက်ခံရ၍
အသက်ဆုံးံရှုံး ခဲ့ရပါသည်။

ထိုဖြစ်စဉ်ကြောင့်မြွေကိုက်ခံရ၍ အသက်ဆုံးရှုံးမှုမဖြစ်စေရန် မိမိကိုယ်တိုင်လက်တွေ့အသုံးပြုဖူးသောမြွေ
ဆိပ်ဖြေဆေးပင်ကိုတင်ပြလိုက်ပါသည်။
=========================
အောက်ပုံပါအပင်ကိုဆေးကျမ်းအလိုအားဖြင့် ဒန္တသုခပင် (တောဓားပြဆေးပင်) ဟုခေါ်သည်။
မြန်မာနိုင်ငံအနှံ့အပြားတွင်ပေါက်ရောက်သည်။ရောက်လေရာရာ အရပ်တိုင်းတွင်တွေ့မြင်ရသော

အပင်ဖြစ်သည်။
ထိုအပင်၏အရွက်မှာဆေးခါးရွက်နှင့်တူပြီး အပွင့်မှာ ခရမ်းရောင်ပန်းလေးများဖြစ်သည်။
အပင်၏အရွယ်အစားမှာ မတူညီပဲတထွာမှ သုံးလေးပေထိမြင့်သည်။
ထိုအပင်ကို ရခိုင်မှဆေး ပညာလေ့လာလိုက်စားသော ဆရာတော်မှ လွန်ခဲ့သော (၁၀)နှစ်လောက်ကပင်ပြောပြခဲ့သဖြင့် စမ်းသပ်အသုံးပြုခဲ့ရာရာနှုန်းပြည့်အောင်မြင် ခဲ့သည်။သို့သော် အပင်နာမည်ကိုကားသေချာမမှတ်ထားလိုက်၍မသိခဲ့။ ယခုနှစ်ကျောင်းသိမ်သမုတ်ပွဲသို့ ရခိုင်ဆရာတော်ကြွလာသည့်အချိန်မှ အပင်နာမည်ကိုသိခဲ့ရသည်။
-------------------------------
မြွေပွေး။မြွေဟောက်။စသောအဆိပ်ရှိမြွေများနှင့် ကင်းကိုက်ခဲခြင်း။ငါးစူး။လိပ်ကျောက်စူးခြင်း။ အညော်ဝင်၍ရောင်ရမ်းကိုက်ခဲခြင်းတို့ကိုအလျင်အမြန်ပျောက်ကင်းစေပါသည်။ အထူးသဖြင့်ပြင်းထန်သောမြွေပွေးမြွေဟောက် အဆိပ်များကို ၅မိနစ်ခန့်တွင်လုံးဝပျောက်ကင်းစေပါသည်။

အရင်ဆုံး ကိုက်ထားသည့်နေရာ အထက် တထွာခန့် (အပေါ်) တွင် တွေ့ သည့်ကြိုး-အ၀တ်ဖြင့် တင်းတင်းချီလိုက်ပြီး အရင်ဆုံး အပေါက်ကနေထွတ်နေတဲ့သွေးစတွေရော အထဲမှာ ရှိနေတဲ့သွေး ရောညစ်ထုတ်ထားရပါလိမ့်မယ်။
ပြီးရင် အရက်ပျံ (သို့ )ရေသန့် သန့် နဲ့ ဆေးပေါ့ ..
ထိုဆေးပင်ကိုနှုတ်၍ရေဖြင်ဆေးလျက် ဝါးလိုက်ပါ။ ထွက်လာသောအရည်ဖြင့် အနာဝကို လိမ်းပေးပြီး အဖတ်ကို မျိုချလိုက်ပါ။
ဦး ပညာဇောတ
မသိသူကျော်သွားသိသူဖော်စား


(ဇီဝိတဒါနအဖြစ်မျှဝေပါသည်)

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...