Wednesday, May 28, 2014

ကောက်ကျစ်မှုကို ရှောင်ရှားနိုင်အောင်


လွန်ခဲ့တဲ့ အပတ်လောက် က လူ တစ်ယောက် ရုပ်ရှင်ကြည့်ဖို့ သွားခဲ့တယ်.
အဲ့ဒီမှာဘဲ သူထိုင်တဲ့ ထိုင်ခုံကနေ တခုခု က စူးသလို ခံစားလို့ သေချာ
ကြည့်တော့ ဆေးထိုးအပ် ဖြစ်နေတာကို တွေ့ ရတယ်. အဲ့ဒီ အပ်နဲ့အတူ သူ
တွေ့တာ ကတော့ "ခင်ဗျား HIV ပိုးအကိုက်ခံရပြီ" ဆိုတဲ့ စာလေးပါဘဲ !

လူထု ကျန်းမာရေးအထောက်အကူ ပြု အဖွဲ့ တခုက အဲ့လိုမျိုး ဖြစ်စဉ် ဟာ
နိုင်ငံတော်တော် များများ မှာ စတင်ဖြစ်ပျက် နေပြီလို့ မကြာသေးခင်ကမှ
ထုတ်ပြန်ထားပါတယ်. နောက် ပြီး ဆေးထိုးအပ် အကုန်လုံး ဟာလည်း တကယ်
HIV positive ဖြစ်နေတာ ကိုတွေ့ရပါတယ်.
ဒီလိုမျိုး ဖြစ်စဉ် တွေ ဟာ ရုပ်ရှင်ရုံ က ထိုင်ခုံမှာတင်မက ဘဲ ATM စက်တွေမှာလည်း
တွေ့လာရတယ် လို့ ဆိုပါတယ်. ဒါကြောင့်လည်း အဲ့လိုမျိုး အခြေနေ မကြုံတွေ့ အောင်
အများသုံးတဲ့ ထိုင်ခုံ နေရာ တွေ (အထူး သဖြင့် ရုပ်ရှင်ရုံကထိုင်ခုံတွေ.) ကို အထုူး သတိထား ဖို့ လိုပါတယ်.
မကြာသေးခင်ကဘဲ ဆရာဝန်တယောက် က သူ့လူနာ တစ်ယောက် အဲ့လို အဖြစ်နဲ့
ကြုံတွေ့ကြောင်းရေးသား ထားပါတယ်. သူ့လူနာ မိန်းခလေး ဟာ မကြာခင် လက်ထပ်
တော့မယ့် သူဖြစ်ပါတယ်. ဒါပေမယ့် ကံဆိုးရှာတော့ ရုပ်ရှင်သွားကြည့်တဲ့ချိန် မှာသူလည်း
HIV positive ရှိတဲ့ဆေးထိုးအပ် စိုက်တာ ခံရပါတယ်. အဲ့ဒီ ရုပ်ရှင်ရုံက ဆေးထိုးအပ် နဲ့
အတူ သူတွေ့တာ က တော့ " ကမ္ဘာ့ HIV မိသားစုမှ ကြိုဆိုပါတယ် " ဆိုတဲ့ စာလေးပါ.
ဆရာဝန် ကတော့ သူ့ ကိုအားပေးရှာပါတယ်. ဒါပေမယ့် သူ့ရဲ့ ကြောက်လန့် တုန်လှုပ်မှု
က သူ့ကို ၄လ ဘဲ အသက်ရှင်စေခဲ့ပြီး ဆုံး သွားခဲ့ပါတယ်.
ဒီစာလေးကို ဖတ်ပြီး အပန်းမကြီးဘူး ဆိုရင် ကိုယ်ချစ်တဲ့သူ. မိသားစု အသိုင်းအ၀ိုင်း. နဲ့ သူငယ်ချင်းတွေဆီ ဖြန့်ဝေ ပေးလိုက်ပါ.
သတိဆိုတာ ပိုတယ် မရှိ ပါ...
အားလုံးဘေးကင်းပါစေ
SV

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...