“ကျွန်ုပ်၏ ကြိုးပမ်းမှု”
ကျွန်တော် အခုတလော ရောဂါတစ်ခု ထနေသည်။ IR Diploma တက်ချင်သည်။
ဟုတ်သည်။ ကိုယ့်ကောင်မလေးနှင့် အတူတက်ရမည်ဆိုတော့ မတက်ချင်ပဲ မည်သူ
နေနိုင်မည်နည်း။ သို့သော် ကျွန်တော့်တွင် ဘွဲ့လက်မှတ်မရှိပေ။ သို့ဖြင့် ဘွဲ့ထောက်ခံ
စာသွားယူဖို့ ဆုံးဖြတ်လိုက်၏။
မနေ့ညက တစ်ညလုံး နောက်ဆုံးနှစ်ကျောင်းသားကဒ်ကို ဒေါင်းတောက်အောင် ရှာ
သည်။ မတွေ့။ နောက်ဆုံးနှစ် ကဒ်တင် မက၊ ဘယ်နှစ်က ကျောင်းသားကဒ်ကိုမှ ပြန်
မတွေ့တော့။ သို့ဖြင့် IR မတက်တော့ရန် တွေးမိသည်။ ထိုအကြောင်းကို ပြောပြတော့
ချစ်သူက ရာဇသံ ပေး၏။
"IR မတက်ဘူးဆိုရင် သူ့ကို ဘယ်တော့မှ စကားလာမပြောနဲ့တော့..." တဲ့။
ဂလိုနဲ့ပဲ ကျွန်တော်မောင်လင်းသက်တစ်ယောက် ကိုယ့်ရှေ့ ရှေ့က နောင်တော့် နောင်
တော် မဟာပုရိဿများရဲ့ထုံး၊ နှလုံးမူပြီး "IR တက်ပါ့မယ်"ဟု ပြောလိုက်ရသည်။ ဒါတောင်
သူမက-
"ကတိနှော်...ကတိ"
"အေးပါကွာ....ကတိပါ"
"ယောက်ျား ကတိနှော်..." ဆိုပြီး သေချာအောင် ထပ်မေးသေးသည်။
"အွင်...ကတိမှာ ယောက်ျားကတိ၊ မိန်းမကတိ၊ အခြောက်ကတိဆိုပြီး ခွဲခြားပြီးရှိသေး
လို့လားဟ..."
"ရှိတယ်..."
"အေးဟာ...ရှိတယ်ဆိုရင်လည်း ယောက်ျားကတိပဲ ထားလိုက်တော့..."
သို့ဖြင့် ညက တစ်ညလုံးစိတ်တိုကာ အိပ်မရဖြစ်ပြီး မနက်နောက်ကျမှ နိုးသည်ဖြစ်ရာ၊
အမိလား၊ အဖလားကွဲကွဲပြားပြားမသိရသည့် တက္ကသိုလ်ကြီးဆီသို့ ယောက်ျားကတိ
ဆိုတာကြီး ထမ်းပြီး၊ လင်းသက်တစ်ယောက် ခြေကုန်သုတ် ချီတက်ရလေတော့၏။
ကျောင်းသားရေးရာဌာနသို့ရောက်တော့-
"ကျွန်တော် ဘွဲ့ထောက်ခံစာ ထုတ်ချင်လို့ပါ ခင်ဗျာ..."
အဆိုပါစကားတစ်ခွန်းပြောရဖို့ ကျွန်တော့်မှာ စာရေးမအန်တီကြီး၏ နိုင်း(9)လောက်ရှိ
သည့် အလုပ်ရှုပ်ချက်ကို ၁၅ မိနစ်ခန့် စောင့်လိုက်ရသေးသည်။
"ရော့...ဒီ Form ဖြည့်လိုက်..." ဆိုပြီး ဖြတ်ပိုင်းတစ်ခု ထိုးပေးသည်။
ဒါပဲ...။ အန်တီကြီးက စကားနည်းပုံ ရသည်။ အပိုမပြော။ ပြီးတော့ သူ့အလုပ် သူပြန်
လုပ်နေသည်။ လက်ဘက်သုပ်စားလိုက်၊ အခန်းထဲက စာရေးမလေးတွေနှင့် တော်ကီ
ပွားလိုက်၊ ဟိုအိတ်ဖွင့်ကြည့်လိုက်၊ ဒီဖိုင်လှန်ကြည့်လိုက်နှင့် သူ့ကြည့်ရတာ အတော်
အလုပ်ရှုပ်နေပုံသည်။ ထားလိုက်တော့။ လောလောဆယ် ပြဿနာက ကျွန်တော့် ငယ်ထိပ်
တက်လာပြီ။
Form တွင် ဖြည့်ရမည့်အချက်များကို ကြည့်ပြီး စိတ်လေမိသည်။ တက္ကသိုလ်ဝင်မှတ်ပုံ
တင် အမှတ်တဲ့။ ဘယ်သိမလဲ၊ နှစ်တွေလည်း ကြာပြီမဟုတ်ဘူး။ ကျွန်တော်ဆိုတဲ့ကောင်
က တစ်ခါတရံများဆို ကိုယ့်မှတ်ပုံတင်နံပါတ်တောင် တလွဲပြောနေတတ်တာ။ ပထမနှစ် ခုံနံပါတ်ကို မေ့ပြီပေါ့။
ဒုတိယနှစ် ခုံနံပါတ်ကိုတော့ မှတ်မိသည်။ ဒါတောင် ကျွန်တော့်သူငယ်ချင်းက ကျွန်တော့်
ခုံနံပါတ်ကို နှစ်လုံးထီထိုးပြီး ပေါက်လို့ ဘီယာလိုက်တိုက်တာမို့ အမှတ်ရနေတာ။ တတိယ
နှစ် ခုံနံပါတ်က ပြေစာမှာပါသည့်အတိုင်း ချရေးလိုက်တော့ အဆင်ပြေသွားသည်။
“ရော့…အန်တီ…ဖြည့်ပြီးပြီ…”
အန်တီကြီးက ဆတ်ကနဲ ဆွဲယူပြီး ကျွန်တော့်ကို တချက်စိုက်ကြည့်သည်။
“မှတ်ပုံတင်မိတ္တူ၊ နောက်ဆုံးနှစ်ကျောင်းသားကဒ်၊ ဘွဲ့ဓါတ်ပုံ (၂)ပုံ ပေး” ဆိုပြီး လက်ဝါး
ဖြန့် တောင်းသည်။
“ဟွာလေ…အန်တီ…အနော့မှာရေ…နောက်ဆုံးနှစ်ကဒ်က ပျောက်တွားရို့…အဲ့ဒါ…
ဟွာပြုလို့ ရပုရားငင်…”
အန်တီကြီးက ကျွန်တော့်စာရွက်ကို ပြန်ထိုးပေးသည်။ စကားနည်းပုံရသည်။ တစ်ခွန်း
မှ ထပ်မပြောတော့။ ပြီးတော့ သူ့ရဲ့ နိုင်း(9)လောက်ရှိသည့်အလုပ်များနှင့် ပြန်ရှုပ်နေပြန်
သည်။
“အန်တီ့…မှတ်ပုံတင်မိတ္တူပါတယ်လေ…ဘွဲ့ဓါတ်ပုံတော့ ခုသွားထုတ်လိုက်မယ်ညော်…
အဲ့ဒါ ဟွာပြုပေးပါညော်…”
ဆိုပြီး ကျွန်တော့်မှာ မျက်လုံးလေး ကလယ် ကလယ်ဖြင့် အာပေတူးလိုက်ရသည်။
စကားနည်းပုံရသည့် အန်တီကြီးက “သွား…ခုသွားထုတ်”ဆိုတော့ ကျွန်တော် မိုးထဲ
လေထဲ ဓါတ်ပုံထုတ်ရန် ပြေးရပြန်၏။
ဝှစ် ၀ှစ် ၀ှစ်))))))
“အန်တီ…ရပါပြီခင်ည…”
ရေနစ်သေထားသော ကြောင်မသာမျက်ခွက်နှင့်ကျွန်တော့်မှာ ညောင်နာနာအသံဖြင့်
လေချိုသွေးရပြန်သည်။ အန်တီကြီးက ထုံးစံအတိုင်း စကားအပိုမပြော-
“မှတ်ပုံတင်မိတ္တူ၊ နောက်ဆုံးနှစ်ကျောင်းသားကဒ်၊ ဘွဲ့ဓါတ်ပုံ(၂)ပုံ ပေး”ဆိုပြီး လက်ဝါး
ဖြန့် တောင်းသည်။
“အမ်တီ့လို့…အနော့မှာရေ….နောက်ဆုံးနှစ်ကဒ် ပျောက်တွားဒယ်ရို့…ကျိလုပ်ပေးပါ
ညှော်ရို့”
အန်တီကြီးက ကျွန်တော့်စာရွက်ကို ပြန်ထိုးပေးသည်။ စကားနည်းပုံရသည်။ တစ်ခွန်းမှ
ထပ်မပြောတော့။ ပြီးတော့ သူ့ရဲ့ နိုင်း(9)လောက်ရှိသည့်အလုပ်များနှင့် ပြန်ရှုပ်နေပြန်
သည်။
ကျွန်တော့် Form လေးကို ထပ်ထိုးပေးသည်။ ထုံးစံအတိုင်း ပြန်ပေးခံရ၏။ (၃)ကြိမ်
မြောက် အငြင်းခံပြီးသည့်နောက်မှာတော့ ကျွန်တော်တင်းသွားပြီ။ ဟုတ်တယ်။ ရည်း
စားစကားပြောရင်တောင် ကိုယ်က (၂)ကြိမ်လောက် အငြင်းခံရရင် နောက်တစ်ယောက်
ချက်ချင်း ပြောင်းကြိုက်တတ်သည့်ကောင်။ ကျွန်တော့်ကို ဒီလိုစမ်းလို့တော့ မရရေးချ
မရ။ တွေ့ကြသေးတာပေါ့။
“ဒီမှာ အန်တီ…ဒီတော့ကာ…” (ကောလိပ်ဂျင်နေ၀င်းလေသံဖြင့် ဖတ်ရန်-)
“ဘာလဲ…” (ဒေါ်ဂွတ်ထော်ကြီးလေသံဖြင့် ဖတ်ရန်-)
“အန်တီက ကျွန်တော့်ကို ငြင်းတယ်ဆိုတော့ကာ…အဲ…ကျွန်တော့်မှာ ဘာအပြစ်ရှိလို့
လဲ…ရှိလို့လဲ…”
(လင်းသက်…မင်း ပိုင်သကွာ…။ တစ်ကယ့် ကောလိပ်ဂျင်နေ၀င်းအတိုင်းပဲ…ခ်ခ်)
“အောင်မယ်…နင့်မှာ နောက်ဆုံးနှစ် ကျောင်းသားကဒ်မပါဘူးလေ…နောက်ဆုံးနှစ်
ကျောင်းသားကဒ် မပါရင် ထုတ်မပေးနိုင်ဘူး…ဒါပဲ…”
“သြော…အန်တီက အဲ့လိုလား…”
“အေး…အဲ့လိုပဲ…အဲ့လိုပဲ…ရေမကူးတတ်တဲ့ ဘဲလိုပဲအေ့…”
“ဒါဆိုလည်း ရပါတယ်…ကျွန်တော့်ဘက်က ရပါတယ် အန်တီ…ငှင်း ငှင်း ငှင်း…”
“အေး…ငါ့ဘက်ကလည်း ရတယ်ဟေ့…ငှက် ငှက် ငှက်…”
“အန်တီ ဂလောက်တောင် သဘောထားတင်းမာနေတယ်ဆိုရင်တော့ကာ…ကျွန်တော့်
အနေနဲ့ အဘဆီကို ဖုန်းဆက်ရုံပဲ ရှိတော့တာပေါ့ အန်တီ…ဖုန်း ဆက် ရုံ ပဲ ရှိ တော့ တာ
ပေါ့…ညှင်း ညှင်း ညှင်း”
စကားဆုံးသည်နှင့် ကျွန်တော့်ကျောပိုးအိတ်ထဲက လိပ်စာကဒ်တွေထုတ်ပြီး ကောင်တာ
ပေါ် တင်လိုက်သည်။ ကောင်တာပေါ်မှာ လိပ်စာကဒ်တွေ တပုံကြီးဖြစ်သွား၏။
လိပ်စာကဒ်ရှင်တွေက နှယ်နှယ်ရရတွေမဟုတ်။ ပြည်ထောင်စုဝန်ကြီးတွေ၊ ဒုဝန်ကြီးတွေ၊ ညွှန်ကြားရေးမှုးတွေ၊ ပြည်ထောင်စု လွှတ်တော်ကိုယ်စားလှယ်တွေ…။ ဒီကြားထဲ ကိုရွှေ
သတင်းထောက်တွေရဲ့လိပ်စာကဒ်တွေကလည်း ပါလိုက်သေး။
အန်တီကြီး အကြီးကြီး ပြူးသွားသည်။ (မျက်လုံး)။ ကျွန်တော့်ချစ်သူ မျက်ပြူးလေးလောက်
လည်း မလှပဲနဲ့ သူမို့ ပြူးရဲတယ်…။ (ဤကား ကြော်ငြာဖြစ်၏။)
ကျွန်တော်က လိပ်စာကဒ်တွေကို တစ်ကဒ်ချင်း စိမ်ပြေနပြေ ဖတ်ပြသည်။ ဘယ်ကဒ်ကိုမှ
လည်း မရွေး။ ခေါင်းခါပြီး ပြန် ပြန်ချထားသည်။
“ဟဲ့…နောက်တစ်ပတ်ဆိုရင် ရမယ်…ဖြစ်မလား…”
“မဖြစ်ပု…”
“အွင်…ဘာလို့လဲ…သူများတွေလည်း တစ်ပတ်စောင့်ရတာပဲလေ…”
“အဲ့ဒါသူများတွေ…ကျွန်တော်က သူများ(သွပ်ပြား) ဟုတ်ပု…”
ဟုတ်တယ်လေ…။ ကျွန်တော်က သွပ်ပြားမှ မဟုတ်တာ…။ ကျားဆိုမှ ကျားစစ်စစ်ကြီး။
သွပ်ပြားတွေနဲ့တော့ တတန်းစားထဲ အတူမခံနိုင်ပါဘူး။
“အဲ့ဆို သားက ဘယ်နေ့လိုချင်တာလဲ…”
သားတဲ့…။ အခေါ်အဝေါ်တောင် ပြောင်းသွားရှာပြီ။ ခွစ်ခွစ်ခွစ်! ဆိုပြီး၊ ကျွန်တော့်သူငယ်
ချင်း နန္ဒာနေ၀င်း၏ ရယ်နည်းဖြင့် ရယ်လိုက်ချင်သေးသည်။
(နန္ဒာနေ၀င်းရယ်နည်းအား အသေးစိတ် သိရှိလိုပါက fb acc; Nandar Nay Win ထံ
တွင် နည်းနာ ဆည်းပူးနိုင်ပါကြောင်း။ ။ ဤကား စကားချပ်)
“ဂနေ့ လိုချင်ဒါ”
“ငင်! ဂနေ့….”
“ဟုတ်ရယ်…အနော် နက်ဖြန်ဆို ရှိတော့ပု…”
“ဟင်…မနက်ဖြန် မရှိတော့ဘူးဆိုတော့…သေတော့မှာမို့လား…”
“အာဗျာ…မဦးမချွတ်ဗျာ…မနက်ဖြန် မရှိဘူးဆိုတာ…မနက်ဖြန် ရန်ကုန်မှာ မရှိတော့ဘူး
လို့ ပြောတာ…”
“သားက ဘယ်သွားရမှာမို့လဲ…”
“နေပြည်တော်လေ…နေပြည်တော်….ငှစ်…ငှစ်…ငှစ်…”
“ဟတ်ရား…သားက နေပြည်တော် ဘာသွားလုပ်ရမှာလဲငင်…”
ကျွန်တော်က ချက်ချင်း ပြန်မဖြေ။ သက်ပြင်းတစ်ချက်ကို အိပ်မက်ဆုံရာအစီအစဉ်ထဲက
ဆရာ ခိုင်မြဲသာ၏ ခြေလှမ်း ဆယ်လှမ်း နည်းအတိုင်း၊ လေးလေးပင်ပင် ဆွဲချလိုက်သေး
သည်။
“27 ရက်နေ့ဆို လွှတ်တော်ပြန်စပြီလေ အန်တီရ….”
ဒီလောက်ပဲ။ ကိုယ်လည်း စကား အပိုမပြောတတ်ဘူးလေ။
“အင်…အဲ…ဟုတ်လား…အဲ့ဆို သားခဏလေး စောင့်နှော်…ရရင် အန်တီခေါ်လိုက်မယ်”
အလုပ်ရှုပ်ပြီး၊ စကားနည်းပုံရသော အန်တီကြီးဟာ ၀ါရင့်လက်တစ်ထောင် သိုင်းသမကြီး
တစ်ယောက်လို ဇယ်ဆက်သွားသည်။ ဒီကြားထဲ ပြဿနာတစ်ခုက ဆိုင်းမဆင့် ဗုံမဆင့် ထ
တက်လာ၏။
“သားရေ…အောင်စာရင်းမှာ မင်းခုံနံပါတ်မတွေ့ဘူးကွယ့်…ဖြည့်ထားတာ မှန်ရော မှန်ရဲ့
လား…”
“ဟင်…သေချာရှာကြည့်ပါဦး အန်တီရယ်…ကျွန်တော်ဖြည့်ထားတာ မှန်ပါတယ်…”
“နောက်ဆုံးနှစ် ခုံနံပါတ်က ၂၉၉ နှော်…”
“ဟုတ်…၂၉၉ ပါ…သေချာပါတယ်…”
“ဟဲ့…စာရင်းထဲမှာ ၂၉၉ မပါဘူး…ကျတယ်…”
“ငင်…ဘုရား…ဘုရား…”
အောင်စာရင်းထွက်တုန်းက ကိုယ်တိုင်သွားကြည့်ထားတာမဟုတ်တော့ အောင်တယ်၊
မအောင်ဘူးဆိုတာ ဇဝေဇ၀ါရယ်။ စာမေးပွဲကျတာက ပြဿနာမရှိ။ ပြန်ဖြေ၍ ရသည်။ အဓိက
ပြဿနာက ချစ်သူကို ပေးထားသည့် ယောက်ျားကတိ ပျက်ချေတော့မည်။
ဇောချွေးတွေက စမ်းရေအလား စိမ့်ထွက်လာသည်။ နဖူးမှ ချွေးသီးလုံးကြီးများ ကွန်ဂရစ်
ကြမ်းပြင်ပေါ် တပေါက်ပေါက်ကျနေပုံက ကွန်ဂရစ်ကြမ်းပြင်တောင် ချိုင့်ဝင်သွားပြီလားဟု
ထင်မှတ် ရ၏။
“ပြစမ်း…နင့်စာရွက်တွေကို…”
ကျွန်တော့်ပြေစာတွေကို ကပြကယာထုတ်ပေးလိုက်သည်။
“ဟင်! စပ်ကောင်လေး…နင့်ခုံနံပါတ်က ၂၇၁ ဟဲ့…။ ငါ လုပ်ထည့်လိုက်ရ…” ဆိုပြီး လက်
ရွယ်လိုက်၏။
ဟုတ်သည်။ ကျွန်တော့်ပြေစာမှာက ခုံနံပါတ်နှစ်ခုဖြစ်နေသည်။ တစ်ခုက မင်နီနဲ့ရေးထား
တဲ့ ခုံနံပါတ်-၂၇၁ ဖြစ်လေ၏။ ထိုအခါမှပင် ဘာကွကြော်ငြာ(Max အချိုရည်ကြော်ငြာ)ထဲ
က ဦးကျော်ဟိန်းကြီးလို လက်နှစ်ဘက် ရင်ဘတ်ပေါ်တင်ပြီး သက်ပြင်းချရတော့သည်။
“ဟွယ်…ဟတ်ရား…တိပု…တားကရေ…၂၂၉ ပဲ ထင်နေဒါ….အဟွစ်ဟွစ်…ဆောဒီး
ညှော် အန်တီ…”
ကိုယ့်အမှားနှင့် ကိုယ်ဆိုတော့ မျက်နှာရူးလိုက်ရသေးသည်။ အန်တီကြီးက မျက်စောင်း
တစ်ချက်ခဲပြီး အလုပ်ဆက်လုပ်သည်။
သိပ်မကြာ။ နောက်နာရီဝက်နေတော့ ဘွဲ့ထောက်ခံစာ ထွက်လာသည်။ အိုကေပဲ။ စာရေး
မ အန်တီက ဘေးဘီ တစ်ချက်ရှိုးပြီး ကျွန်တော့်ကို ကပ်တိုးလေး မေးသည်။
“သား…ခုနက သားပြောတဲ့ အဘဆိုတာ ဘယ်ဝန်ကြီးလဲဟင်…”
“ငင်…၀န်ကြီး…ဘယ်က ၀န်ကြီးလဲ…ဟုတ်ပါပု…အနော့အဘကို ပြောတာလေ…အနော့
အဖေရဲ့ အကို၊ ဘဘကို ပြောတာ…သူ့ သူငယ်ချင်းတွေက ပါမောက္ခတွေဆိုတော့ အကူ
အညီတောင်းမလို့ သူ့လိပ်စာကဒ် လိုက်ရှာတာပါဂျ…”
“အွင်! ”
အန်တီကြီးမျက်နှာ ပေါင်ချိန်လို မည်းသွား၏။
“ဒါဆို အဲ့ဒီလိပ်စာကဒ်တွေက ဘယ်ကရတာလဲ…”
“အနော့ရုံးက လူဂျီးဒွေဆီက တွမ်လာဒါရေ….ခွစ်ခွစ်ခွစ်”
“တိန်! ”
အန်တီကြီး နတ်ဝင်သလို အသားတဆတ်ဆတ်တုန်လာသည်။ ပြီးတော့ အသံတုန်တုန်
ဖြင့်-
“ဒါဆို နင် နေပြည်တော်သွားမယ်ဆိုတာကရော…”
“ဟုတ်တယ်လေ…အနော့ရုံးက စာပို့ခိုင်းလို့ နေပူတော်ကို သွားရမှာလေ…”
“ဟမ်! ဒါဆို နင်က လွှတ်တော်က မဟုတ်ဘူးလား…”
“အာဗျာ…တောက်တီးတောက်တဲ့…ဘယ်လွှတ်တော်က ဟုတ်ရမှာလဲ…အနော် အဲ့လို
ပြောမိလို့လား…”
“ဟဲ့…နင်ပဲ ၂၇ ရက်နေ့ လွှတ်တော် ပြန်စမယ်ဆို…”
“အွင်းရေ…လွှတ်တော်ဝဘ်ဆိုက်မှာ အဲ့လို တင်ထားဒါ တွေ့လို့ ပြောဒါရေဂျာ…”
“တေနာလေး…စပ်ကောင်လေး…ငါ့ကို လာခြောက်ဒယ်…ဗြဲ! $@$#^%$^%(*&^(*&^...”
ပြေးဘီဗျို့…။
ဝှစ် ၀ှစ် ၀ှစ် )))))))))))))))
သို့ကလိုဖြင့် ကျွန်တော်မောင်လင်းသက်တစ်ယောက် ဘွဲ့မရ၊ ပညာမတတ်ဘ၀မှ ဘွဲ့ရ၊
ပညာမတတ်ဘ၀သို့ နေ့ချင်း ညချင်း ကူးပြောင်းသွားပါကြောင်း သတင်းမကောင်း၊ တ
ကောင်း ပါးလိုက်ရပါတယ် အရပ်ကတို့ရေ…။
ခွစ်ခွစ်ခွစ်! (မှတ်ချက်။ ။ ကျွန်တော့်သူငယ်ချင်း နန္ဒာနေ၀င်းရယ်နည်းဖြင့် ရယ်သည်။)
-လင်းသက်-
(ဘွဲ့ရ၊ ပညာမတတ်)

0 comments:
Post a Comment