Saturday, May 31, 2014

အိမ်ရှင် နှင့် ဧည့်သည်



တစ်ခါတုန်းက တဲအိမ်လေးတစ်အိမ် ရှိတယ်။
အဲဒီတဲအိမ်လေးမှာ အိမ်ရှင်တစ်ယောက်ရှိတယ်။ အိမ်ရှင်ရဲ့ နာမည်က
ဦး……………ဖြစ်တယ်။ အိမ်ရှင်က ဘဝကို ရိုးရှင်းစွာ ဖြတ်သန်းနေတယ်။
ဘဝမှာ ဗိုက်ပြည့်ရုံ အစာစားနိုင်ရင် စားဖို့အတွက်လုံလောက်ပြီ၊


အရှက်လုံရုံ အဝတ်အစားဝတ်နိုင်ရင် ဝတ်ဖို့အတွက် လုံလောက်ပြီ
(ယခုခေတ် - အရှက်ဖော်ရုံဝတ်နိုင်ရင် ကျော်ကြားအောင်
မြင်ဖို့အတွက် လုံလောက်ပြီ) ၊ အိပ်စရာနေရာ တစ်နေရာစာရှိရင်
နေဖို့အတွက်လုံလောက်ပြီလို့ အိမ်ရှင်ပြောဖူးတယ်။
အိမ်ရှင်ရဲ့စကားကို ကြားရတာ ကမ္ဘာ့အဆင်းရဲဆုံး ဥရုဂွေးသမ္မတ ဟိုဆေးမူဂျီကာရဲ့စကားကို သတိရမိတယ်။
" ကျွန်တော့်ကို အဆင်းရဲဆုံး
သမ္မတလို့ခေါ်ကြတယ်။
ဒါပေမယ့် ကျွန်တော်
ဆင်းဆင်းရဲရဲဖြစ်နေတယ်
လို့မခံစားရဘူး။ဆင်းရဲတဲ့လူတွေ
ဆိုတာ ကြီးကျယ်ခန်းနားတဲ့ ဘဝ
ပုံစံကို ဆက်ထိန်းနိုင်ဖို့ အလုပ်
လုပ်တဲ့သူတွေနဲ့ နောက်ထပ်၊နောက်ထပ်
လိုချင်နေကြတဲ့သူတွေပဲ။ "
လို့ သမ္မတ မူဂျီကာပြောဖူးတယ်။
တစ်နေ့မှာ အိမ်ရှင် ဦး…………… ဆီကို ကိုလောဘ ရောက်
လာတယ်။အိမ်ရှင်ဖြစ်သူက ကိုလောဘကို နွေးနွေးထွေးထွေး
ကြိုဆိုတယ်။ကိုလောဘက အိမ်ရှင်ကို လိုချင်စရာ လောဘဖြစ်စရာ အာရုံ
အမျိုးမျိုးပြတယ်။ဒါပေမယ့် အိမ်ရှင်က လောဘဖြစ်စရာအာရုံတွေကို
စွဲမက်ငြိတွယ်ပုံမရဘူး။ဒါနဲ့ ကိုလောဘလည်း စိတ်လျော့ပြီး
ဦး…………………အိမ်က ဆင်းသွားခဲ့ရတယ်။
နောက်နေ့မှာ ကိုဒေါသ ရောက်လာတယ်။အိမ်ရှင်က ကိုဒေါသကို
နွေးနွေးထွေးထွေး လက်ခံကြိုဆိုတယ်။ကိုဒေါသက
အိမ်ရှင်ကို ဒေါသဖြစ်စရာအာရုံတွေ အမျိုးမျိုးပြတယ်။ဒေါသဖြစ်စရာ
စကားလုံးတွေနဲ့ ဆဲဆိုတယ်။ဒါပေမယ့် အိမ်ရှင်ရဲ့ မျက်နှာမှာ
ဒေါသဖြစ်တဲ့ အရိပ်အရောင် မမြင်ရဘူး။ပကတိ ပုံမှန်ပဲ။ဒီလိုနဲ့ ကိုဒေါသလည်း လက်လျော့ပြီး အိမ်ပေါ်က ဆင်းခဲ့ရတယ်။
တတိယမြောက်နေ့မှာတော့ ကိုချီးမွှမ်း ရောက်လာတယ်။အိမ်ရှင် ဦး……………… ကတော့ ပုံမှန်အတိုင်း နွေးနွေးထွေးထွေး ကြိုဆိုတယ်။ကိုချီးမွှမ်းက
သူ့ထုံးစံအတိုင်း အိမ်ရှင်ရဲ့ကောင်းကွက်တွေကို ချီးမွှမ်းပြောဆိုတယ်။အိမ်ရှင်ရဲ့ စိတ်ထားကောင်းပုံ၊သဘောထား
ကြီးပုံ၊အများအကျိုးဆောင်ရွက်ပုံတွေကို တခမ်းတနားပြောပြီး
ချီးမွှမ်းခန်းဖွင့်နေတယ်။ကိုချီးမွှမ်းက အိမ်ရှင်ရဲ့ကောင်း
ကြောင်းတွေ ဘယ်လောက်ပြောပြော အိမ်ရှင်ဖြစ်တဲ့ ဦး……………
ရဲ့မျက်နှာမှာ ဝမ်းသာလို့ ပြုံးရယ်တာကို မတွေ့ရဘူး။အိမ်ရှင်ရဲ့ ပကတိ
တည်ငြိမ်တဲ့ နှလုံးသားကို ဝမ်းသာပျော်ရွှင်အောင်မလုပ်နိုင်
တဲ့ ကိုချီးမွှမ်းလည်း ဝမ်းနည်းစွာနဲ့ ဦး………………အိမ်ပေါ်က
ဆင်းခဲ့ရတယ်။
တဲအိမ်လေးထဲမှာတော့ ပကတိတည်ငြိမ်တဲ့ နှလုံးသားနဲ့
မျက်နှာပိုင်ရှင် ဦးယောနိသော မနသိကာရ တစ်ယောက်
" ဝိပဿနာ " အကျင့်မြတ်ကို ကျင့်ကြံလို့ပေါ့။
@@@@@@@@@
စာဖတ်သူအပေါင်း ကျန်းမာ ချမ်းသာ ဘေးရန်ကင်းကွာ
ကြပါစေ။
ဦးတိုးအောင်

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...