Friday, May 30, 2014

သစ်ထူးလွင် သတင်းစုစည်းမှု (၃၀-၅)

သစ်ထူးလွင်


Posted: 30 May 2014 07:20 AM PDT
ရခိုင်ပြည်နယ် မင်းပြားမြို့တွင် ကလေးငယ်များ သွေးလွန်တုတ်ကွေး ရောဂါ အဖြစ်များနေကြောင်း သတင်း ရရှိသည်။ လွန်ခဲ့သော မေလဆန်းမှ စတင်ကာ မင်းပြားမြို့တွင် သွေးလွန်တုတ်ကွေးရောဂါဖြစ်ပွားမှု များလာကြောင်း မင်းပြားမြို့ လူမှုကူညီမှုအသင်း ဥက္ကဌ ဦးခင်ဇော်ဝင်းက နိရဉ္စရာသို့ ပြောသည်။ “များသောအားဖြင့် ကလေးတွေ အဖြစ်များနေတယ်။ ခုဆေးရုံမှာ သွေးလွန် တုတ်ကွေး ရောဂါဖြစ်နေတဲ့ အတွင်း လူနာ(၁၄)ယောက်တောင် ရှိနေတယ်။
Posted: 30 May 2014 07:18 AM PDT
  မြန်မာနှင့် ဘင်္ဂလာဒေခ်ျ့ နှစ်ဘက်တပ်ဖွဲ့အကြား ယနေ့ညနေ ၄ နာရီခန့်က ထိတွေ့ တိုက်ပွဲ ဖြစ်ပွားခဲ့သည်ဟု သတင်း ရရှိသည်။ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်းကို Bdnews24.com အပါအ၀င် ဘင်္ဂလာဒေခ်ျ့ အွိုင်လိုင်း သတင်းများတွင် ဖေါ်ပြသည်။ တိုက်ပွဲမှာ ဘင်္ဂလာဒေခ်ျ့ နိုင်ငံ စစ်တကောင်းတောင်တန်းနယ် နတ်ကျောက်ဆရီမြို့နယ် အနီးရှိ နယ်စပ်တွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း၊ အကျအဆုံး အထိအခိုက်ကို မသိရသေးကြောင်း BGB ဘင်ဒရိုဘင်
Posted: 30 May 2014 07:10 AM PDT
            ဧရာဝတီတိုင်းဒေသကြီးတွင် ကြွက်များ အစုလိုက်အပြုံလိုက် သေဆုံးခဲ့မှုအား ဓာတ်ခွဲ စစ်ဆေးချက်များ အရ အစာ အဆိပ်သင့်ခြင်းနှင့် ကူးစက် ရောဂါကြောင့် မဟုတ်ဘဲ အစာရေစာ ပြတ်လပ်၍ အချင်းချင်း ကိုက်ဖြတ်မှုကြောင့် ကြွက်များ သေဆုံးရခြင်း ဖြစ်ကြောင်း စိုက်ပျိုးရေး ဦးစီးဌာန (ရုံး ချုပ်)၊ သီးနှံကာကွယ်ရေး ဌာနခွဲမှ တာဝန်ရှိ သူတစ်ဦးက ပြောသည်။            ကြွက်သေများကို အစာ အဆိပ်သင့်မှု ရှိမရှိ၊ အစာအိမ်
Posted: 30 May 2014 06:22 AM PDT
ရန်ကုန်၊ မေ ၃၀ ဒဂုံမြို့သစ်ဆိပ်ကမ်းမြို့နယ်ကမ်းနား ၆၇ ရပ်ကွက်ရှိ အိမ်ခြေ အလုံးနှစ်ဆယ်ကို ယနေ့မေလ ၃၀ရက်နေ့နံနက် သုံးနားရီခွဲကျော်တွင်အင်အားသုံးဖြိုဖျက်ခြင်းခံခဲ့ရကြောင်း ၄င်းနေအိမ်ဖြိုဖျက်ခံရသူများက ပေါ်ပြူလာနယူးစ်သို့ပြောသည်။ နေအိမ်လာရောက်ဖြိုဖျက်သူများတွင်တုတ်၊ဓါး၊ပုဆိန်စသည့်လက်နက်များပါရှိခဲ့ပြီး လူအင်အားသုံးရာကျော်နီးပါးဖြင့် ၀င်ရောက်ဖျက်ဆီးခဲ့ခြင်းဖြစ်သည်ဟု အိမ်ဖြိုဖျက်ခံခဲ့ရပြီး
Posted: 30 May 2014 06:21 AM PDT
နေပြည်တော် ၊ မေ၃၀ တပ်မတော်သည် လွှတ်တော်အထက်တွင် ရှိနေသကဲ့သို့ဖြစ်နေသည့် အတွက်ကြောင့် ပုဒ်မ၄၃၆ အားပြင်ဆင်လိုခြင်း ဖြစ်သည်ဟု အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။ ''တပ်မတော် ကိုယ်စားလှယ် တွေက သဘောမတူရင် မပြင်နိုင်ဘူး ၊ တပ်မတော် ကိုယ်စားလှယ်တွေ သဘော တူတာမတူတာက တပ်ချုပ်အပေါ်မှာ မူတည်နေတယ် အဲ့ဒီဘက်အပိုင်းမှာ တပ်မတော်က လွှတ်တော်အထက်မှာ ရှိသလိုဖြစ်နေတယ်''ဟု ၄င်းက ယနေ့ကျင်းပသောြ
Posted: 30 May 2014 06:17 AM PDT
ရန်ကုန်၊ မေ ၂၉ မော်တော်ယာဉ် မတော်တဆမှုများ မကြာခဏ ဖြစ်ပွားလေ့ရှိသည့် ရန်ကုန်-မန္တလေး အမြန်လမ်းမပေါ် ဖြတ်သန်း ပြေးဆွဲသည့် ခရီးသည်တင် ယာဉ်လိုင်းများမှ ယာဉ်မောင်းအားလုံး ရန်ကုန်မြို့တော်ရှိ ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနထံတွင် တစ်ရက်တာ မွမ်းမံသင်တန်း မဖြစ်မနေ တက်ရောက်ရမည် ဖြစ်ကြောင်း ယင်းဌာနထံမှ သိရသည်။ တစ်ရက်ကြာ အဆိုပါ သင်တန်းကို မေလ ၃၁ ရက်နေ့တွင် စတင်မည်ဖြစ်ပြီး မော်တော်ယာဉ်လိုင်းများ
Posted: 30 May 2014 06:16 AM PDT
ရန်ကုန် မေ ၂၉ မြောက်ဥက္ကလာပမြို့နယ်တွင်နေထိုင်သူ အထည်ချုပ်လုပ်သား မြန်မာ အမျိုးသမီးတစ်ဦးအားစည်းရုံးကာ တရုတ်နိုင်ငံသို့ခေါ်ဆောင်သွားပြီး တရုတ်စီးပွားရေးလုပ်ငန်းရှင်ထံရောင်းစားခဲ့သည့် အမျိုးသမီးနှစ်ဦးကို အရှေ့ပိုင်းခရိုင်တရားရုံးဒုတိယခရိုင်တရားသူကြီး (၇)ရုံးမှ ယခုလ ၈ ရက်တွင် လူကုန်ကူးမှုဖြင့်အလုပ်နှင့်ထောင်ဒဏ် ၁ဝ နှစ်စီအသီးသီးကျခံ စေရန် အမိန့်ချမှတ်ခဲ့ကြောင်းသိရသည်။ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး
Posted: 30 May 2014 06:06 AM PDT
မန္တလေး မေ ၂၉ မန္တလေးမြို့ အောင်မြေသာစံ မြို့နယ်၇၉လမ်း၊ ၁၁လမ်းနှင့် ၁၂ လမ်းကြားသူရဲဈေးဘူတာ မီးရထား ဝန်ထမ်းလိုင်းနေ ဒေဝါကျော် (၂၄ နှစ်) ဒီဇိုင်းလုပ်ငန်းသည် ယခုလ ၂၆ရက် မွန်းလွဲပိုင်းက နေအိမ်မှ ဆိုင်ကယ်ဖြင့်ထွက်သွားရာ ည ၁၁ နာရီခွဲအထိ ပြန်လည်ရောက် ရှိလာခြင်းမရှိသဖြင့် ဇနီးမနေနွယ် လင်းက ဒေဝါကျော်ကိုင်ဆောင် သည့်ဖုန်းအားဆက်သွယ်မေးမြန်းရာ ဒေဝါကျော်က ချမ်းမြသာစည်မြို့ နယ် သိပံ္ပလမ်းနှင့် ၇၂လမ်းအနီး
Posted: 30 May 2014 06:03 AM PDT
 ရှမ်းတိုင်းရင်းသားများဒီ မိုကရေစီအဖွဲ့ချုပ်(SNLD)ပါတီ မှ မတရားအသင်းဆက်သွယ်မှု ဖြင့် ဖမ်းဆီးခံထားရသူကျေးရွာပါ တီဥက္ကဋ္ဌကို ဖမ်းဆီးထားပြီး ၂၄ ရက်အကြာ မေလ ၂၉ ရက် ညနေ တွင် ကျိုင်းတုံရဲစခန်းက အမှု ရုပ်သိမ်း၍ ပြန်လွှတ်ပေးလိုက်သည်ဟု သတင်းရရှိသည်။ နိုင်ငံတော်သမ္မတက စိုင်း အိုက်ကိန်ကို ဖမ်းဆီးထားခြင်းမှာ ဥပဒေနှင့် မညီသဖြင့် ပြန်လွှတ်ပေးရန် ပြည်ထဲရေးဝန်ကြီး ဌာန၀န်ကြီးကို ပြောကြားပြီးတစ် ပတ်ခန့် အကြာတွင် ပြန်လည်
Posted: 30 May 2014 05:53 AM PDT
  ပဲခူးတိုင်းဒေသကြီး အနောက်ပိုင်း ပြည်မြို့တွင် မေလ ၂၈ ရက် နံနက်က နေထီးဆောင်း သည့်ပုံစံ နာရီဝက်ခန့်ကြာအောင် ဖြစ်ခဲ့ပြီး ရှေးဟောင်းကျမ်းဂန်စာ အုပ်များ၌ ယင်းကဲ့သို့ဖြစ်ပေါ်ပါ က နိုင်ငံရေး အပြောင်းအလဲနှင့် စားနပ်ရိက္ခာ ကျပ်တည်းမှုဘေး ကျနိုင်ကြောင်း ဖော်ပြထားသလို အမှန်တကယ်လည်း အပြောင်း အလဲတစ်ခု ဖြစ်လာနိုင်ကြောင်း နက္ခတ်ဗေဒင် ပညာရှင်အချို့က ပြောသည်။ ပြည်မြို့တွင် မေလ ၂၈ ရက် နံနက် ၉ နာရီခွဲခန့်မှ ၁၁
Posted: 30 May 2014 04:12 AM PDT
 ဆေးလိပ်သောက်သုံးခြင်းကို လျှော့ချနိုင်ရန် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး WHO က ၂၀၁၄ ခုနှစ် မေလ ၃၁ ရက်တွင် ကျရောက်မည့် ကမ္ဘာ့ဆေးလိပ်မသောက်ရေး နေ့ဆောင်ပုဒ်အဖြစ် ဆေးလိပ်နှင့် ဆေးရွက်ကြီး အခွန်များ တိုးမြှင့်ကောက်ခံရန် နှိုးဆော်လိုက်သည်။ ကမ္ဘာ့ဆေးလိပ်ကြောင့် ဖြစ်ပွားသည့် ကူးစက်မှုရောဂါသည် တစ်နှစ် လူခြောက်သန်းနီးပါးကို သေစေ လျက်ရှိရာ ထိုလူများသည် ဆေးလိပ်သောက်သုံးမှုကြောင့် သေဆုံးခြင်းမဟုတ်ဘဲ တစ်ဆင့်ခံေ
Posted: 30 May 2014 03:55 AM PDT
စံခလပူရီ၊ မဇ္ဈိမ။ ။ ကချင်ပြည်နယ် မြစ်ကြီးနားမြို့၌ မေလ ၃၀ ရက် နံနက်တွင် ပြင်းအား ရက်စ်ချက်တာစကေး ၅.၉ ရှိသည့် ငလျင် လှုပ်ခတ်ခဲ့သော်လည်း အပျက်အစီး မရှိဟု မြစ်ကြီးနား ဒေသခံများ၊ ကချင်ပြည်နယ် အစိုးရအဖွဲ့နှင့် ကချင်ပြည်နယ် ရဲစခန်းတို့က မဇ္ဈိမကို အတည်ပြု ပြောသည်။ “မနက်ကတော့ လှုပ်တယ်လေ၊ ကျွန်တော်တို့ ဆီကိုတော့ အပျက်အစီး သတင်း ဘာသတင်းမှ မတက်လာသေးဘူး” ဟု ကချင် ပြည်နယ် အစိုးရအဖွဲ့ စီမံကိန်းနှင့် လုံခြုံရေး
Posted: 29 May 2014 08:07 PM PDT
    တရုတ်ရဲ့နယ်ချဲ့ စီးပွားရေး အနိုင်ကျင့်မှု ကိစ္စအ၀၀နဲ့ မိမိရဲ့အာဆီယံ အဖွဲ့ဝင်နိုင်ငံတွေရဲ့ ခံစားနေရမှုကို ဂရုတစိုက် စဉ်းစားကိုင်တွယ် ဖြေရှင်းပေးရမယ့် တာဝန်ရှိသူတွေထဲမှာ အာဆီယံအလှည့်ကျ ဥက္ကဋ္ဌဆိုတဲ့ ပုဂိ္ဂုလ်တွေလည်း ပါဝင် … ဒုတိယကမ္ဘာစစ်ကြီး ဖြစ်ပွားခဲ့တုန်းက နိုင်ငံတကာရဲ့ စစ်မျက်နှာအနေအထားအရ ပင်လယ်သမုဒ္ဒရာပိုင်းနဲ့ ဆိုင်တဲ့ ရေပြင်တိုက်ပွဲတွေလည်း တစ်ဖက်နဲ့တစ်ဖက် ရင်ဆိုင်ယှဉ်ပြိုင် ဆင်နွှဲခဲ့ကြရလေတော့ေ
Posted: 29 May 2014 08:09 PM PDT
    တပ်မတော်အစိုးရသည် ပြည်သူတွေ စီးပွားရေး တိုးတက်အောင် မလုပ်တတ်ပါ။ လုံခြုံရေး၊ နိုင်ငံရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေးများတွင် အလွန်အမင်း ပရိယာယ်ကြွယ်ဝစွာဖြင့် အုပ်ချုပ်တတ် . . . မြန်မာနိုင်ငံတွင် အင်အား အတောင့်တင်းဆုံးဖြစ်သော လက်နက်ကိုင် အဖွဲ့အစည်းကို မြန်မာ့တပ်မတော်ဟု ယခုအခါ ခေါ်ဝေါ်နေကြပါသည်။ အခြားသော လက်နက်ကိုင် အဖွဲ့အစည်းများလည်း ရှိပါသေးသည်။ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့သည်ပင် မြန်မာ့တပ်မတော်ကို
Posted: 29 May 2014 07:58 PM PDT
 ပါကစ္စတန်နိုင်ငံ လာဟိုးရ်မြို့က တရားရုံး အပြင်ဘက်မှာ ကိုယ်ဝန်ဆောင် အမျိုးသမီး တစ်ဦးကို သူ့မိသားစုဝင်တွေက သတ်ဖြတ်ပစ်ခဲ့တာနဲ့ ပတ်သက်လို့ ကန့်ကွက် ဆန္ဒပြမှုတွေ လုပ်ဖို့ စီစဉ်ထားတယ်လို့ ပါကစ္စတန်မှာ ရှိတဲ့ လူ့အခွင့်အရေး တောင်းဆို လှုပ်ရှားသူတွေက ပြောပါတယ်။ မိဘ သဘောမတူဘဲ ကိုယ်ကြိုက်တဲ့သူကို ယူခဲ့တဲ့ အတွက် အင်္ဂါနေ့က လူမြင်ကွင်းမှာ အုတ်ခဲတွေနဲ့ အသေထုရိုက် ခံခဲ့ရချိန်မှာ ဖာဇာနာ ပါဗီးန် Farzana Parveen ဟာ
Posted: 29 May 2014 07:46 PM PDT
 အိန္ဒိယနိုင်ငံ မြောက်ပိုင်း အူတာ ပရာဒက်ရှ် ပြည်နယ်မှာ ဆယ်ကျော်သက် အရွယ် ဝမ်းကွဲ ညီအမ နှစ်ဦးကို အုပ်စုလိုက် အဓမ္မ ပြုကျင့်ခဲ့ပြီး သတ်ဖြတ်ခဲ့တယ်လို့ စွပ်စွဲ ခံထားရတဲ့ ရဲ ၂ ဦး အပါအဝင် လူအတော်များများကို လုပ်ဖော်ကိုင်ဖက် ရဲတွေက တရားစွဲဆို လိုက်ပါတယ်။ အဲဒီ မိန်းကလေးတွေဟာ ဒါးလစ် ဇာတ်နိမ့် အမျိုးအနွယ်ဝင်တွေ ဖြစ်ပြီး မနေ့က မနက် လင်းအားကြီး အချိန်မှာ သရက်ပင် တစ်ပင်မှာ ကြိုးကွင်းစွပ်လျက် တန်းလန်းေ
Posted: 29 May 2014 07:44 PM PDT
 တရုတ်နိုင်ငံတွင် ဖြစ်ပွားနေသည့် လူနှင့်ကြက်အပြန်အ လှန်ကူးနိုင်သော ကြက်ငှက်တုပ်ကွေးရောဂါပိုး မြန်မာနိုင်ငံသို့ကူး စက်နိုင်ခြေရှိသည်ဟု FAOအဖွဲ့က မြန်မာနိုင်ငံမွေးမြူရေးလုပ်ငန်း အဖွဲ့ချုပ်မှ တာဝန်ရှိသူများနှင့် တွေ့ဆုံကာ သတိပေးလိုက်ကြောင်း သတင်းရရှိသည်။ ကြက်ငှက်တုပ်ကွေးဗိုင်းရပ်စ်ပိုး(H7N9) သည် တရုတ်နိုင်ငံ အတွင်း တဖြည်းဖြည်းကူးစက်ပျံ့နှံ့လာပြီး လတ်တလောတွင် ကချင်ပြည်နယ်နှင့်နယ်နိမိတ်ချင်
Posted: 29 May 2014 07:42 PM PDT
 မောင်တောနယ်စပ်မှတ် တိုင်အနီးတွင် မေလ ၂၈ ရက်က မြန်မာစစ်တပ်နှင့် ပစ်ခတ်မှုဖြစ်ပြီး ကျဆုံးသွားသည့် လက်နက်ကိုင် တပ်ဖွဲ့ဝင်မှာ RSO အဖွဲ့မှ မဟုတ်ဘဲ ဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့် တပ်(BGB) မှ ဟု ပြောဆိုနေသောကြောင့် နှစ်နိုင်ငံနယ်စပ်လုံခြုံရေး တပ်ဖွဲ့ဝင်များကြား တင်းမာမှု များဖြစ်ပွားနေကြောင်း သတင်းရရှိသည်။ မေလ ၂၈ ရက် နံနက်က မြန်မာပိုင်နက်နယ်စပ်မှတ်တိုင် အနီးသို့ အ၀ါရောင်ပြောက်ကျား ယူနီဖောင်းဝတ်ဆင်ထားသည့်
Posted: 29 May 2014 04:02 PM PDT
  မေလ ၂၈ ရက် မနက် ၉ နာရီက မြန်မာ- ဘင်္ဂ္လားဒေ့ရှ် နယ်စပ် မိုင်တိုင် အမှတ် ၅၂ အနီးမှာ RSO သူပုန် တွေနဲ့ မြန်မာ အစိုးရ စစ်တပ် အကြား တိုက်ပွဲ ဖြစ်ပွား ခဲ့တဲ့ အတွက် အသေ လူအပျောက်တွေ ရှိခဲ့ပါတယ်။ ဒီတိုက်ပွဲအတွင်း တစ်ဘက် နိုင်ငံက ဝင်ရောက် လာတဲ့ အာရ်အက်စ်အို မွတ်ဆလင်အဖွဲ့ဝင် တစ်ယောက်ကို လက်နက်တွေနဲ့ အတူ အသေ ဖမ်းမိ ခဲ့တယ်လို့ မောင်တောမြို့နယ်ရဲမှူးကြီးက ဘီဘီစီကို အတည်ပြု ပြောပါတယ်။ ဖမ်းမိတဲ့ လက်နက်
Posted: 29 May 2014 03:59 PM PDT
ရန်ကုန်၊ မဇ္ဈိမ။ ။ ဓါတ်မြေသြဇာနှင့် မျိုးစေ့ငွေပေးချေရာတွင် ကျပ် ၅၀၀၀ တန် ငွေစက္ကူအတု(၅) ရွက် အသုံးပြုခဲ့သည့်အတွက် ဆက်လက်စုံစမ်းရာ ၅၀၀၀ တန် ငွေစက္ကူအတု(၄၆)ရွက် ဖမ်းဆီးရမိခဲ့သည့် ဖြစ်စဉ်တစ်ခု ရှမ်းပြည်နယ်တောင်ပိုင်း၊ ဖယ်ခုံမြို့တွင်ဖြစ်ပွားခဲ့သည်ဟု ဖယ်ခံမြို့မရဲစခန်းမှ တာဝန်ကျရဲတပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။ ဖြစ်ပွားပုံမှာ ဖယ်ခုံမြို့နယ်၊ လွယ်ပေါကျေးရွာရှိ အထွေထွေပစ္စည်း ရောင်းဝယ်ရေးဆိုင် တစ်ဆိုင်တွင်
Posted: 29 May 2014 03:54 PM PDT
  မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ် ထုံးဘိုကျေးရွာမှာ တောင်သူလယ်သမား ၅ ဦးကို လူ ၉ ယောက်က ရိုက်နှက်ခဲ့တဲ့ဖြစ်ရပ်နဲ့ ပတ်သက်ပြီး သက်ဆိုင်ရာ အုပ်ချုပ်ရေးအာဏာပိုင်တွေက အရေးယူဆောင်ရွက်ပေးဖို့ မြန်မာနိုင်ငံ တောင်သူလယ်သမားသမဂ္ဂက ဒီနေ့ ကြေငြာချက်ထုတ်ပြန် တောင်းဆိုလိုက်ပါတယ်။ တောင်သူ ငါးဦးကို ရိုက်နှက်ခဲ့သူတွေဟာ ရည်ရွယ်ချက်နဲ့ လုပ်ဆောင်တာဖြစ်ကြောင်း ကြေညာချက်ထုတ်ပြန်တဲ့ မြန်မာနိုင်ငံေ
Posted: 29 May 2014 03:52 PM PDT
  ယူကရိန်းနိုင်ငံ အရှေ့ပိုင်းမှာ သယ်ယူ ပို့ဆောင်ရေး စစ်ရဟတ်ယာဉ် တစ်စင်းဟာ ရုရှား လိုလားတဲ့ လက်နက်ကိုင်တွေရဲ့ ပစ်ချတာကို ခံခဲ့ရပြီး အစိုးရ စစ်ဗိုလ်ချုပ်ကြီး တစ်ဦး အပါအဝင် စစ်သား ၁၄ ဦး သေဆုံးသွားပါတယ်။ ယူကရိန်း ယာယီ သမ္မတလည်းဖြစ် ပါလီမန် ဥက္ကဋ္ဌဌလည်း ဖြစ်တဲ့ အိုလက်ခ်ဇန်းဒါး တူချီနော့ဗ်က ပါလီမန်မှာ ကြေညာရာမှာ ယူကရိန်း နိုင်ငံကို ဆန့်ကျင်တဲ့ တကယ့် စစ်ပွဲကြီး နိုင်ငံ အရှေ့ပိုင်းမှာ စတင်နေကြောင်း၊
Posted: 29 May 2014 03:49 PM PDT
 ရန်ကုန်၊ မဇ္ဈိမ။ ။ ဒီပဲယင်း ၁၁ပြည့်အခမ်းအနားကို မေလ ၃၀ရက်တွင် ဒီပဲယင်းမြို့နယ်၊ ကျည်ရွာတွင် မြို့နယ် အမျိုးသားဒီမိုက ရေစီအဖွဲ့ချူပ်ပါတီ (NLD)နှင့် ဒေသခံများက ပူးပေါင်း၍ ပြုလုပ်သွားမည်ဟု စစ်ကိုင်းတိုင်း NLD သတင်းနှင့်ပြန်ကြားရေး တာဝန်ခံ ကိုမှတ်ကြီးက မဇ္ဈိမကိုပြောသည်။ ထိုနေ့တွင် သံဃာတော်များကို ဆွမ်းကပ်ခြင်းနှင့် ဒီပဲယင်းဖြစ်ရပ်တွင် ကိုယ်တွေ့ကြုံခဲ့ရသူ နိုင်ငံရေး သမားများ နှင့် ဒေသခံရွာသားများက
Posted: 29 May 2014 03:45 PM PDT
ရန်ကုန်၊ မဇ္ဈိမ။ ။ရန်ကုန်မြို့၊ သာကေတမြို့နယ်နှင့် စမ်းချောင်းမြို့နယ်တို့တွင် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပုဒ်မ ၄၃၆ ပြင်ဆင်ရေး လက်မှတ်ရေးထိုးသည့် နေရာများတွင် ရဲတပ်ဖွဲ့ဝင်များက လူစားရင်းတောင်းခံခြင်း ဓာတ်ပုံများ ရိုက်ခြင်းများ ပြုလုပ်သည် အဆိုပါ မြို့နယ် ဥက္ကဋ္ဌများက မဇ္ဈိမကို ပြောသည်။ သာကေတ မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့မှ မြို့နယ် ဥက္ကဋ္ဌ ဦးကျော်ထွေးက “မနေ့ကတော့ သူတို့စာရင်းတွေ တောင်းတယ်။ မနေ့က
Posted: 29 May 2014 03:43 PM PDT
 ထိုင်းနိုင်ငံမှာ အရပ်ဘက် အုပ်ချုပ်ရေး ဘယ်တော့ ပြန်ဖြစ်လာမယ် ဆိုတာ မသိနိုင်သေးဘူးလို့  စစ်တပ်က အာဏာသိမ်းအပြီး တပါတ် အကြာမှာပဲ ပြောကြားလိုက်ပါတယ်။  စစ်တပ်က အာဏာဆက်သိမ်း မထားချင်ပေမယ့် လက်ရှိအနေအထားတွေဟာ ရွေးကောက်ပွဲ ကျင်းပပေးဖို့ မသင့်တော်ဘူးလို့ ထိုင်း ဒုတိယဗိုလ်ချုပ်ကြီး Chatchalerm Chalermsukh ကပြောပါတယ်။ "ဒီကနေ့အထိ ဆန္ဒပြမှုတွေ ရှိနေဆဲမို့ တချို့လူတွေက ဆူပူအောင် လုပ်ချင်တုန်းပဲဆိုတာပြနေတာပါ။

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...