Thursday, May 29, 2014

ဟောက်...

May 28, 2014 at 1:53pm

သူ. အင်တာဗျူး
 အနော်ရထာဘျင်ကြီးအကြောင်းသင်ရတော့
သမီးရလိုက်တဲ့ သင်ခန်းစာကတော့ပေါ့နော်
ဟွာလေ. . . . သူ့ရုပ်ထု ပုံကြီးကြည့်ရတာ
ဗလအဖုကြီးတွေနဲ့မို့. .ဖက်ရှင်အောက်နေလား

လို့ပေါ့နော်. . ရုပ်ကသိပ်မချောတော့. .
အထွက်ရှင် မရှိဘူးလားလို့ . ဟောက်


နောက်. ဘျင့်နောင်ပေါ့နော်. သူ့အကြောင်းသင်
ရတော့ သမီးရလိုက်တဲ့သင်ခန်းစာက. . .
သူအားတိုင်းယိုးဒယားကိုသွားသွား
စစ်တိုက်နေတာ. . တော်သေးတယ်လို့
မြင်မိတာပေါ့နော်. . . ဟောက်. . .

ဘာလို့ဆို. . ယိုးဒယားကိုမတိုက်ပဲ ကိုရီးယား
ကို သွားတိုက်နေရင်. . သမီးတို့ကြိုက်တဲ့
ဂျူမုံလေး . သေသွားပြီး. .ဂိုဂူယောနိုင်ဂံတော်
ကြီးပျက်တွားမှာ စိုးလို့ပါ. ဟောက်. ..အာ့ဆိုကိုရီးယားဇာတ်လမ်းတွဲတွေ သမီးတို့ ဘယ်ကြည့်ရတော့မှာလဲလို့ ဟောက်..

ပီးတော့ ဘျင့်နောင်က ဦးထုပ်ချွန်ကြီးနဲ့
ဘောင်းဘီတိုကြီးနဲ့ ဒီဇိုင်းကဂွမ်း
.ရုပ်ကလည်းမချောတော့. . . . .
တကယ်လို့ ကိုရီးယားနဲ့စစ်တိုက်ရင်တောင်
ဂျူမုံပဲနိုင်စေချင်ပါတယ်. . .သမီးတို့က ဘျင်ဆို
ရုပ်ချောမှ. . . .ဟောက်..

အလောင်းမင်းတရားအကြောင်း သင်ရတော့
သမီးရလိုက်တဲ့အနှစ်တွေက ဘာလဲဆိုရင်
ပုဆိုးရှည်ကြီးနဲ့ နှုတ်ခမ်းမွှေးနဲ့ . . . cute မဖြစ်
ဘူးလို့. . . . . smart မကျဘူးထင်တာပဲ
တကယ်တော့ရုပ်မရှိရင် အဝတ်အစားလေး
တော့ ဝတ်တတ်သင့်တယ်ထင်ပါတယ်
ဟောက်..

ဗိုလ်ချုပ်အောင်ဆန်းအကြောင်းကတော့
ရှင်???. . . .အော်..ဟုတ်. .မွေးနေ့သိပါတယ်
ဗလတိုင်းဒေး နဲ့ရှေ့ကပ်ရက်လား နောက်ကပ်
ရက်လား တခုခုပါ. . .

ဗိုလ်ချုပ်ကိုသမီးတို့
ရုပ်မချောပေမဲ့ ချစ်ခင်လေးစားပါတယ်. . .
တခုပဲ. . . အသားမဲတော့ နည်းနည်း
တော့ဖြူစေချင်တာပေါ့နော်. .ဟောက်..

ဗိုလ်ချုပ်ကို အကြိုက်ဆုံးအချက်ကတော့
စစ်ကုတ်အင်္ကျီ ဝတ်ထားတာ လှလို့ပါ
အင်္ဂလိပ်ကြီးနဲ့ရိုက်ထားတဲ့ပုံလေ. . သိပ်မိ
တာပဲ. . . .ခုအဲလို ကုတ်တွေ ကိုရီးယားမင်း
သားတွေဝတ်နေကြတယ်လေ . ဟောက်..

ဒေါ်အောင်ဆန်းစုကြည်လား...။ အရမ်းသဘောကျ
အားကျပါတယ်ရှင့်. .။ အမေစု ဝတ်တဲ့ ဘလောက်စ်
တွေ လုံချည်တွေ ပုဝါတွေက အရမ်းလှလို့ပါ
အရမ်းစမတ်ထ် ဖြစ်ပါတယ်. . . အရမ်းလှတာပဲ။
သမီးလည်းအမေစုလို လှချင်ပါတယ်. . .
ဂျာနယ်တွေမှာလည်း အရမ်းနာမည်ကြီး
တာပဲလေ. . .ဟောက်. .

အဲလို မျက်နှာဖုံး
သတင်းမှာ ပါချင်ပါတယ်။ ဟောက်..

ဟွာလေ. . ၂၀၁၅ မှာ ရုပ်ချောတဲ့ အမတ်ကို
မဲပေးမှာပါရှင့်။ ဟောက်. . . . . .

( ဒီမိုး ဒီရေ. . .ဒီလူတွေနဲ့)
Kyaw Win Thant
(စိုင်းစိုင်းခမ်းလှိုင်အကောင့်အောက်က သဲသဲလှုပ်နေတဲ့ ကွန်မန့်တွေရယ် Kpop တွေဘက်က အစွမ်းကုန်ရန်ထောင်နေတဲ့ စတေးတပ်စ်တွေရယ်ကြောင့်ရေးမိတာ. )

ဒီစာရေးတဲ့သူကို ကျနော် မသိပါ။ ကျနော့်မှတ်စုထဲမှာတွေ့မိလို့ ပြန်တင်လိုက်တာပါ။ (သက်ဆိုင်သူ..ခွင့်လွှတ်ပါခင်ဗျား။ မူရင်းအတိုင်း တင်လိုက်ပါတယ်။ ဓာတ်ပုံပေးပို့ချီးမြှင့်သူအားလည်း ကျေးဇူးအထူးပါ..-ဝင်းနိုင်ဦး။)

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...