Saturday, May 24, 2014

မြန်မာ့လေကြောင်း/အာကာသ ကျောင်းသားတို့ Radio Control လေယာဉ် တီထွင်နိုင်ပြီ


မြန်မာနိုင်ငံလေကြောင်းနှင့်အာကာသပညာတက္ကသိုလ် စက်နှင့်ပျံသန်းယာဉ် ဌာနမှ ကျောင်းသားရှစ်ယောက်နှင့်ဖွဲ့စည်းဆောင်ရွက်ခဲ့သော DAWN SWAZ အမည်ပေးထားသည့် Radio Control သုံးလေယာဉ် အား(၁၂.၁၀၂၀၁၃) နေ့ မနက် ၇း၃၀ နာရီ အချိန်တွင် အောင်မြင်စွာ စမ်းသပ်ပျံသန်းနိုင်ခဲ့ပါတယ်။

လေယာဉ်တည်ဆောက်ရခြင်း၏ ရည်ရွယ်ချက်များကို အဖွဲ့ဝင်တစ်ဦးဖြစ် သည့် ကိုစွမ်းထက်မှ ရိုးရာလေးကို အခုလိုရှင်းပြပါတယ်။
"ကျွန်တော်တို့ တက္ကသိုလ်မှ ငါးနှစ်တာ သင်ကြားပေးခဲ့တဲ့ သီအိုရီများကို အခြေခံပြီး လက်တွေ့ အသုံးချဆောင်ရွက်နိုင်ဖို့ရယ် ၊ ကိုယ်ပိုင်ဒီဇိုင်းများတွက်ချက် ပြီး လေကြောင်းဆိုင်ရာနည်းပညာများ တိုးမြှင့်ဖော်ဆောင်နိုင်ဖို့ရယ် နောက်ပြီးတော့ အခုတည်ဆောက်ထားတဲ့လေယာဉ်ကို အကျိုးပြုလုပ်ငန်းများမှာ အသုံးချနိုင်ဖို့အတွက် ရည်ရွယ်ချက် နဲ့ ကြိုးစားတည်ဆောက်ခဲ့ခြင်း ဖြစ်ပါတယ်။
လေယာဉ်ဆိုင်ရာ အချက်အလက်များကို ကိုဝေယံစိုးမှ ဆက်လက်ရှင်းပြရာ
" ကျွန်တော်တို့ DAWN SWAZ လေယာဉ်ဟာ တောင်ပံအလျား ၉ ပေ၊ ကိုယ်ထည်အလျား ၅.၈ ပေရှိပြီးအင်ဂျင်ပါဝါ 2.9 hpကို အသုံးပြု တည်ဆောက် ထားပါတယ်၊ တစ်စီးလုံးရဲ့အလေးချိန်ကတော့ ၂၃ပေါင်ရှိပါ တယ်၊ လေယာဉ်ရဲ့ ထူးခြားချက်ကတော့ ကျွန်တော်တို့လေယာဉ်ဟာ အမေရိကန်နိုင်ငံမှာ လက်ရှိ အသုံးပြုပျံသန်းလျက်ရှိတဲ့ Predator MQ-9 Reaper လေယာဉ်ဒီဇိုင်းကို မှီငြှမ်းပြီး ကိုယ်ပိုင်ဒီဇိုင်းဆွဲ တည်ဆောက် ထားခြင်းဖြစ်ပါတယ်၊ အမြှီးပိုင်းကို သာမာန်လေယာဉ် ဒီဇိုင်းတွေလို မဟုတ်ပဲ ထိန်းချုပ်ပျံသန်းရာမှာ ပိုပြီးကောင်းဖို့အတွက် Y ပုံသဏ္ဍန်Tail ကိုတည်ဆောက်ကာ အင်ဂျင်ကနေ နောက်တွန်းအားကို ယူပြီးပျံသန်းရတဲ့ ဒီဇိုင်းဖြစ်ပါတယ် ဒီ့မတိုင်ခင် DAWN SWAZ,လေယာဉ် တည်ဆောက်မှု မတိုင်ခင် အကြိုစမ်းသပ်မှုအနေဖြင့် Motor Power သုံးလေယာဉ်ငယ် ကို ယမန်နှစ်က စမ်းသပ်ပျံသန်းခဲ့ပါသေးတယ်။ အဲလိုအကြိုစမ်းသပ် မှုတွေ လုပ်ခဲ့လို့သာ တိကျမှန်ကန်တဲ့ ဒီဇိုင်းတွက်ချက်မှု platform ကို ရရှိခဲ့တာဖြစ်ပါတယ်။ အခုကျွန်တော်တို့လေယာဉ်ဟာ အမြင့်ပေ ၂၀၀၀ခန့်ပျံသန်းနိုင်ပြီး အချိန်တစ်နာရီခန့်ကြာအောင် ပျံသန်းလို့ရ ပါတယ်။ လေယာဉ်ရဲ့ရှေ့ခေါင်းပိုင်းမှာတော့ aerial photographing လုပ်ဖို့ အတွက် ကင်မရာတပ်ဆင်ထားပါတယ်။"
စမ်းသပ်ပျံသန်းရာတွင်တွေ့ကြုံရသည့်ရလာဒ်များကို အဖွဲ့ဝင်တစ်ဦးဖြစ်သည့် ကိုဇင်မောင် မှ အခုလိုပြောပြပါတယ်။" ပထမအကြိမ် စမ်းသပ်ပျံသန်းမှု အနေ နဲ့ အမြင်ပေ ၈၀၀ခန့် မှာအချိန် ၁၀မိနစ်ခန့် ကောင်းကင် ဓါတ်ပုံရိုက်နိုင်ခဲ့ပြီး အောင်မြင်စွာ စမ်းသပ်ပျံသန်းနိုင်ခဲ့ ပါတယ်။ ကျွန်တော်တို့လေယာဉ်ဟာ စမ်းသပ်ပျံသန်းချိန်မှာ အသက်အဆင်း ကောင်းမွန်စွာဆောင်ရွက်နိုင်ခဲ့ပြီး လေထဲမှာ တည်ငြိမ်စွာပျံသန်းနိုင်ခဲ့ပါတယ် ၊ ပြောင်းလဲ အသုံးပြုလိုက်တဲ့ Y-tail ဒီဇိုင်းဟာ Control ပိုင်းမှာ တည်ငြိမ် ကောင်းမွန်စွာ ထိန်းချုပိ ပျံသန်းနိုင်တာတွေ့ရှိခဲ့ရပါတယ်"
အခုလို အောင်မြင်ခဲ့သည့်အပေါ် ခံစားချက်များကို အဖွဲ့ဝင်ကျောင်းသား တစ်ဦးဖြစ်သည့် ကိုအောင်ငြိမ်းချမ်းထွဋ် မှ အခုလို ပြောပြသွားပါတယ်။
" ကျောင်းသားများအနေနဲ့ အခုလို အင်ဂျင်ပါဝါသုံး လေယာဉ်ကို တည်ဆောက်ပျံသန်းနိုင်တာ ဒါပထမဆုံးဖြစ်ပါတယ်။ အခုလို အောင်အောင်မြင်မြင်ပျံသန်းသွားခဲ့တာတွေ့ရတော့ ကြိုးစားအားထုတ်မှုရဲ့နောက်မှာ တန်ဖိုးတူ ရလာဒ်တစ်ခုရှိနေတယ်ဆိုတာ လက်တွေ့ယုံကြည်လိုက်ရလို့ အဖိုးမဖြတ်နိုင်တဲ့စိတ်ဓါတ်အင်အားတွေ ရရှိခဲ့ပါတယ်၊ကျောင်းတော်ကြီးအတွက်လည်း ဂုဏ်ယူရင်းအတိုင်း မသိပျော်ရွှင်မိပါတယ်"
"Projectတွေကို အကျိုးပြုလုပ်ငန်းတွေအထိ အသုံးချနိုင်ရန် အမြဲအားပေး တိုက်တွန်းပေးတဲ့ ပါမောက္ခချုပ်ကြီးနှင့် ငါးနှစ်တာပညာသင်ကြားပေးခဲ့တဲ့ စက်နှင့်ပျံသန်းယာဉ်ဌာနမှ ဆရာ ဆရာမများအား အထူးပင်ကျေးဇူးတင် ရှိပါတယ်။ အချန်ပြည့်အားပေးကူညီပေး ခဲ့သော ကျွန်တော်တို့ရဲ့ Supervisorများကိုလည်း အထူးကျေးဇူးတင်ပါတယ်။ လေယာဉ်ဒီဇိုင်း ဆွဲနည်း ပညာများမှသည် ဒီပရောဂျက်ကို အစမှအဆုံး အနီးကပ်လမ်းညွှန်ဆောင်ရွက်ပေးခဲ့ပါသော မောင်းသူမဲ့လေယာဉ် သုတေသန ဌာနမှ ဆရာ ဆရာမများကိုလည်း အထူးပင်ကျေးဇူးတင်ရှိပါတယ်။"
DAWN SWAZ အဖွဲ့အား ဆက်သွယ်ရန် - https://www.facebook.com/pages/DAWN-SWAZ/125931760910359
ရိုးရာလေးပြည်တွင်းသတင်း
အောင်ခမ်း (ရိုးရာလေး)
http://www.yoyarlay.com/local-news/u-local-news/38348-myanmar-entrepreneurs-invented-radio-control-air-plane

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...