Sunday, May 18, 2014

အရိပ် ~

Kzw Khinzawwin feeling happy
အရိပ် ~

 ဒီနေ့ ကလေးတွေကို ပထမ မျက်စိမှိတ်ခိုင်းပြီး ဘာတွေမြင်လည်းမေးမိတယ်။
ဘာမှမြင်ဖူး တဲ့။မျက်စိ ဖွင့်ခိုင်းပြီး မှမြင်တာတွေပြောခိုင်းတော့ ပုံဆွဲခဲ တံကနေ ဘုရားမှာကပ်ထားတဲ့ သရက်သီးအထိ မြင်မြင်သမျှ သူထက်ငါ လုပြောကြပါတယ်။ကလေးတွေက ဖြူစင်လွန်းတယ်။ကျနော်က အလင်း အမှောင် သင်ခန်းစာကို ကျုံးသွင်းနေတာပါ။
နေအလင်းထိလို့ ကဘာကြီး နေ့ည ဖြစ်ကြောင်းမှနေ လက်နှိပ့်ဓာတ်မီးနဲ့ထိုးကြည့်တဲ့အထိ အလင်းအမှောင် တွဲလျက် သင်ခန်းစာပို့ချရင်း လက်တွေလည်းရှာဖွေ ဖန်းတီး ပုံခြစ်ခိုင်းနေမိလိုက်တယ်။အဲဒီမှာ အိုင်စတိုင်းမြေးပေါက်စလေးမှ ကျနော်ကို အမှတ်မထင် ပြန်မေးပါတယ်။
'' အရိပ်မှာ အသက်ရှိလား တီချာ ...''
သိပ့်လှတဲ့မေးခွန်းပါ။သူသိချင်တာကိုး။ကလေးက မူကြိုအရွယ်ပိစိသေး။
တွေးတတ်လိုက်တာ။
''အရိပ်မှာအသက်ရှိတာပေါ့သားရ...သားနေပူထွက်ဆော့ရင် သားလှုပ်ရှားသလို သားအရိပ်က လိုက်လှုပ်တယ်။သား လက်မြောက်ရင် သားအရိပ်ကပါ လက်မြောက်ပေးတယ်လေ ...''
ရိုးရှင်းလွယ်ကူတဲ့ (ကလေးနားလည်နိင်မယ့် )
ဥပမာလေးနဲ့ပြန်ရှင်းပြနေတုန်း ကလေးပိစိကလည်း ချင့်ချင့်ချိန်ချိန်ပြန်စဉ်းစားပြီးမေးပြန်တယ်။
''မနေ့က သားအရိပ်ကို ခဲနဲ့ထုကြည့်တာ မနာဘူး တီချာ ..အရိပ်က ဝိညာဉ်လားပဲ..နော ''
ကလေးမှ ထပ်ပြီ်းကြံကြံဖန်ဖန် မေးနေပြန်သည်။ဒီကလေး အတည်ပြောနေတာ။
ကျနော် အထူ်းကဲယားဖူး ရပါတယ်။ထူးခြားတဲ့ကလေးမို့ လေးစားမိတာပါ။အတန်းဆင်းတော့
ကလေးပိစိလေးပြန်အထမှာ စကား လက်ဆောင်ပါး မိလိုက်ပြန်တယ်။
'' သားသား လမ်းလျောက်တဲ့အခါ သတိထားနော် သားသားအရိပ်ပြန်နင်းမိနေမယ်။အရိပ်က ဝိညာဉ်မဟုတ်ဘူး သားသားရဲ့ပုံရိပ်ပဲ ။သားသားလဲကျရင် သူပါလိုက်လဲ လိမ့်မယ်။သားသားနာကျင်သူလည်း နာကျင်မှာပါ။အရိပ်ကို ခဲနဲ့ပြန်မထုနဲ့သား ...သားသားလက်ပြန်ထုမိရင် သားသားနာသွားလိမ့်မယ်။သား ဆယ်တန်းရောက်ရင် အသက်ကြီးလာရင် သားသားအရိပ်ကို သားသား နားလည်လာမှာပါ...''
အပြန်လမ်းမှာ ကားဂိတ်လမ်းလျောက်လာရင်း 
တစ်ခါမှ ပြန်မကြည့်ဖူးတဲ့ကိုယ့်အရိပ်ကို သတိထားကြည့်မိလိုက်ရင်းက ခဲနဲ့အမှတ်မထင် ကောက်ပစ်လိုက်တော့
ဟို...ကျနော်ဆရာသမားမောင်ပိစိ ပြောသလိုပဲ နာဘူးဗျ။အရိပ်က အသက်ရှိရင် ခဲနဲ့ထုတာ နာရမှာပေါ့။အသက်မဲ့ဆိုလည်း ကျနော့နောက် တကောက်ကောက် လိုက်မနေသင့်ဘူးလေ ။ဆရာ ပိစိလေးပြောသလို ဝိညာဉ်ပဲ ထင်ပါရဲ့ဗျာ....။
်
်

ဒီနေ့ ကလေးတွေကို ပထမ မျက်စိမှိတ်ခိုင်းပြီး ဘာတွေမြင်လည်းမေးမိတယ်။
ဘာမှမြင်ဖူး တဲ့။ မျက်စိ ဖွင့်ခိုင်းပြီး မှမြင်တာတွေပြောခိုင်းတော့ ပုံဆွဲခဲ တံကနေ ဘုရားမှာကပ်ထားတဲ့ သရက်သီးအထိ မြင်မြင်သမျှ သူထက်ငါ လုပြောကြပါတယ်။ကလေးတွေက ဖြူစင်လွန်းတယ်။ ကျနော်က အလင်း အမှောင် သင်ခန်းစာကို ကျုံးသွင်းနေတာပါ။

နေအလင်းထိလို့ ကဘာကြီး နေ့ည ဖြစ်ကြောင်းမှနေ လက်နှိပ့်ဓာတ်မီးနဲ့ထိုးကြည့်တဲ့အထိ အလင်းအမှောင် တွဲလျက် သင်ခန်းစာပို့ချရင်း လက်တွေလည်းရှာဖွေ ဖန်းတီး ပုံခြစ်ခိုင်းနေမိလိုက်တယ်။အဲဒီမှာ အိုင်စတိုင်းမြေးပေါက်စလေးမှ ကျနော်ကို အမှတ်မထင် ပြန်မေးပါတယ်။
'' အရိပ်မှာ အသက်ရှိလား တီချာ ...''
သိပ့်လှတဲ့မေးခွန်းပါ။သူသိချင်တာကိုး။ကလေးက မူကြိုအရွယ်ပိစိသေး။
တွေးတတ်လိုက်တာ။
''အရိပ်မှာအသက်ရှိတာပေါ့သားရ...သားနေပူထွက်ဆော့ရင် သားလှုပ်ရှားသလို သားအရိပ်က လိုက်လှုပ်တယ်။သား လက်မြောက်ရင် သားအရိပ်ကပါ လက်မြောက်ပေးတယ်လေ ...''
ရိုးရှင်းလွယ်ကူတဲ့ (ကလေးနားလည်နိင်မယ့် )
ဥပမာလေးနဲ့ပြန်ရှင်းပြနေတုန်း ကလေးပိစိကလည်း ချင့်ချင့်ချိန်ချိန်ပြန်စဉ်းစားပြီးမေးပြန်တယ်။
''မနေ့က သားအရိပ်ကို ခဲနဲ့ထုကြည့်တာ မနာဘူး တီချာ ..အရိပ်က ဝိညာဉ်လားပဲ..နော ''
ကလေးမှ ထပ်ပြီ်းကြံကြံဖန်ဖန် မေးနေပြန်သည်။ဒီကလေး အတည်ပြောနေတာ။
ကျနော် အထူ်းကဲယားဖူး ရပါတယ်။ထူးခြားတဲ့ကလေးမို့ လေးစားမိတာပါ။အတန်းဆင်းတော့
ကလေးပိစိလေးပြန်အထမှာ စကား လက်ဆောင်ပါး မိလိုက်ပြန်တယ်။
'' သားသား လမ်းလျောက်တဲ့အခါ သတိထားနော် သားသားအရိပ်ပြန်နင်းမိနေမယ်။အရိပ်က ဝိညာဉ်မဟုတ်ဘူး သားသားရဲ့ပုံရိပ်ပဲ ။သားသားလဲကျရင် သူပါလိုက်လဲ လိမ့်မယ်။သားသားနာကျင်သူလည်း နာကျင်မှာပါ။အရိပ်ကို ခဲနဲ့ပြန်မထုနဲ့သား ...သားသားလက်ပြန်ထုမိရင် သားသားနာသွားလိမ့်မယ်။သား ဆယ်တန်းရောက်ရင် အသက်ကြီးလာရင် သားသားအရိပ်ကို သားသား နားလည်လာမှာပါ...''
အပြန်လမ်းမှာ ကားဂိတ်လမ်းလျောက်လာရင်း
တစ်ခါမှ ပြန်မကြည့်ဖူးတဲ့ကိုယ့်အရိပ်ကို သတိထားကြည့်မိလိုက်ရင်းက ခဲနဲ့အမှတ်မထင် ကောက်ပစ်လိုက်တော့
ဟို...ကျနော်ဆရာသမားမောင်ပိစိ ပြောသလိုပဲ နာဘူးဗျ။အရိပ်က အသက်ရှိရင် ခဲနဲ့ထုတာ နာရမှာပေါ့။အသက်မဲ့ဆိုလည်း ကျနော့နောက် တကောက်ကောက် လိုက်မနေသင့်ဘူးလေ ။ဆရာ ပိစိလေးပြောသလို ဝိညာဉ်ပဲ ထင်ပါရဲ့ဗျာ....။

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...