သစ်ထူးလွင် သတင်းစုစည်းမှု (၂၆-၅)
သစ်ထူးလွင် |
- သုံးခွမြို့မှာ ဆောက်နေတဲ့ တံတား ဘယ်သူတွေ အတွက်လဲ (ပေးစာ)
- မီတာအပိုရှိသော အိမ်များအတွက် ငွေကောက်ခံသောပုံစံပြောင်း
- ကျောင်းအပ်နှံရာတွင် ကျပ်သိန်းချီပေးရမှုအချို့ ရှိနေဆဲ
- ကျောင်းတွေဖွင့်တော့မည်
- နေ့စားလပေးအောင်စာရင်း သွားကြည့်သည့် မိန်းကလေး ကားကြိတ်ခံရ၍ သေဆုံး
- တပ်မတော်ကို စိန်ခေါ်ပြောဆို မှုများနှင့် ပတ်သက်၍ ဒေါ်အောင်ဆန်းစုကြည်အား ကော်မရှင်သတိပေး
- ဥပဒေလိုက်နာရန် ဒေါ်အောင်ဆန်းစုကြည်ကို သတိပေး
- ယဉ်လပ်ကို ဆက်လက် ထိန်းသိမ်းထားဆဲဟု စစ်တပ်အရာရှိ အတည်ပြု
- အဘယ့်ကြောင့်ဆိုသော် . . .
- အခြေခံဥပဒေ ပုဒ်မ ၄၃၆ ပြင်ဆင်ရေး ရန်ကုန်အရှေ့ပိုင်း ခရိုင်တွင် လူ ၃၀၀၀ ကျော် ဆန္ဒပြ
- ရဲနှင့် ပြည်သူဆက်ဆံရေး ကောင်းမွန်ရန် Open Daily အခမ်းအနား မြန်မာနိုင်ငံတွင် ပထမဦးဆုံးကျင်းပ
- ထိန်းသိမ်းခံထားရသည့် ထိုင်း နိုင်ငံရေးသမားအချို့ ပြန်လွတ်
- ကောင်းကင်ပေါ်မှ လူသတ်သမား
- ဗကသများအဖွဲ့ချုပ် မှ တောင်ငူမြို့ တွင် ဆန္ဒပြ
- စိမ့်စမ်းရည် ဘုန်းကြီးကျောင်းကို ဓမ္မစက်နှင့် မရသဖြင့် အာဏာစက်ဖြင့် ဖယ်ရှားဟုဆို
- မြေနုကျွန်း အငြင်းပွားရာမှ စိုက်ခင်းနှင့် လူနေတဲများ မီးရှို့ဖျက်ဆီး
- အူရီးဒူးမြန်မာ ဆင်းမ်ကတ်များ သြဂုတ်တတိယပတ်တွင် စရောင်းမည်
- အိမ်အကူကလေးငယ်အား ညှဉ်းပန်းနှိပ်စက်မှုဖြင့် ဖွင့်ခံရသောအမှု ဥပဒေရုံးသို့တင်မည်
- ရည်းစားကိစ္စဖြင့် အုပ်စုဖွဲ့ရိုက်နှက်မှု လူငယ်တစ်ဦးသေဆုံး
- မြေးအရင်းကို အဓမ္မကျင့်လို့ ထောင်ဒဏ်နှစ် ၄၀ ချမှတ်လိုက်ပြီ
- ဟိန္ဒား သတ္တုတွင်း ညစ်ညမ်းမှု တရားစွဲ
- အာဖဂန် စစ်ပွဲပြီးဆုံးပြီဖြစ်ကြောင်း အိုဘားမားပြော
- မေလ(၂၆)ရက်နေ့ ထုတ် မဇ္ဈိမနေ့ စဉ် သတင်းစာ
- မေလ(၂၆)ရက်နေ့ ထုတ် မြန်မာ့အလင်းနေ့ စဉ် သတင်းစာ
- မေလ(၂၆)ရက်နေ့ ထုတ် ကြေးမုံနေ့ စဉ် သတင်းစာ
Posted: 26 May 2014 06:25 AM PDT
ရန်ကုန်တိုင်းဒေသကြီး၊
တောင်ပိုင်းခရိုင် သုံးခွမြို့နယ်၊ (၉) ရပ်ကွက်၊ သီတာလမ်းကို အခုအခါမှာ
ပြုပြင်နေပါတယ်။
သီတာလမ်းပေါ်က တံတားလေးတစ်စင်းကို ပြီးခဲ့တဲ့ နွေကတည်းက ဖျက်ပြီး
ဆောက်ခဲ့တာဟာ မကြာသေးခင်ရက်ပိုင်းအတွင်းကမှ ပြီးခဲ့ပါတယ်။ တံတားကို
အချိန်မီ မပြီးခဲ့တဲ့ အတွက် ပြီးခဲ့တဲ့ နွေရာသီမှာ ရေရှားပါးတော့ ရေလှူတဲ့
ကားတွေလည်း မ၀င်ရောက်နိုင်ခဲ့ဘဲ ပြည်သူတွေ ဒုက္ခရောက်ခဲ့ ရပါတယ်။
အခုလို
|
Posted: 26 May 2014 06:39 AM PDT
အငြင်းပွားဖွယ်ဖြစ်နေ သည့် မီတာတစ်လုံးထက် ပိုမိုတပ် ဆင်ထားသော
အိမ်များအတွက် ငွေတောင်းခံလွှာ တစ်စောင် တည်းပေါင်း၍ ကောက်ခံသည့် စနစ်
ဖျက်သိမ်းပြီး မီတာတစ်လုံး လျှင် ငွေတောင်းခံလွှာ တစ်ခုစနစ်
ကျင့်သုံးသွားမည် ဖြစ်ကြောင်း ရန်ကုန်မြို့တော် လျှပ်စစ်ဓာတ် အား
ပေးဝေရေးအဖွဲ့က မေလ ၂၅ ရက်တွင် ကြေညာသည်။
‘‘မီတာနှစ်ခု၊ သုံးခု တပ်ထား တဲ့ အိမ်တွေမှာ မီတာတစ်စောင် တည်း
ထုတ်ပေးလိုက်ရင် အခု စနစ်က အရစ်ကျကောက်ခံတဲ့
|
Posted: 26 May 2014 06:18 AM PDT
အခြေခံပညာ
ကျောင်းများတွင် အလယ်တန်းအဆင့် အခမဲ့ပညာရေးစနစ်ကို ယခု ၂၀၁၄-၁၅ ပညာ
သင်နှစ်တွင် စတင်မည်ဟု ထုတ်ပြန်ထားသော်လည်း မေလ ၂၅ ရက်ကျောင်းများ
စတင်အပ်နှံချိန်တွင် မိဘအချို့မှာ ကျောင်းအပ်နှံနိုင်ရေး အတွက်
ကျပ်သိန်းနှင့်ချီ ကုန်ကျသူများ ရှိနေကြောင်း ကျောင်းသား
မိဘအချို့ကပြောသည်။
ထိုသို့ ငွေကြေးတောင်းခံမှု အများဆုံးခံရသော ကျောင်းသား များမှာ မူလတန်းပညာ
ပြီးဆုံး၍ မိမိနေသည့်ကျောင်းတွင်
|
Posted: 26 May 2014 06:19 AM PDT
မိုးသံ
လေသံတွေနဲ့ အတူ ကျောင်းတွေဖွင့်တော့မည်။ ငယ်ငယ်တုန်းက ကျောင်းတက်ရ မည်ကို
အလွန်ပျော်သည်။ ဘာပဲ ဖြစ်ဖြစ် ကျောင်းနေအရွယ်ကလေး
ဘဝသည်တော်တော်ပျော်ဖို့ကောင်း တာကိုတော့အမှတ်တရရှိလှသည်။
အခုတော့ ကျောင်းသားဘဝ မဟုတ်ပေမယ့် ကျောင်းသားတွေနဲ့ မကင်းလွတ်သေး။ တူတွေ
တူမ တွေက ငါးတန်း၊ ခြောက်တန်း ကျောင်းသားအရွယ်တွေဖြစ်နေလို့ လေ။
''သူငယ်တန်းကို ကျူရှင်ထား ရတယ်''ဟု လုပ်ဖော်ကိုင်ဖက် တစ်ဦးက ပြောလာသည်။
သူ့ ကလေးက
|
Posted: 26 May 2014 05:41 AM PDT
ရေတာရှည်၊
မေ ၂၆
မေလ(၂၅)ရက်နေ့၊ နံနက်(၇း၄၅)နာရီအချိန်က ရေတာရှည်မြို့ မြောက်ဘက်၊ မယ်ဒက်ကယ်
ဘုရားလမ်းနှင့် ရန်ကုန် မန္တလေး ကားလမ်းဆုံသည့် နေရာတွင် အမျိုးသမီးနှစ်ဦး
စီးနင်းလာသည့် ဆိုင်ကယ်က ကားလမ်းအတိုင်း မောင်းနှင်နေသော (၁၀)ဘီး
ကုန်တင်ယာဉ်ကို ဝင်တိုက်ရာမှ ဆိုင်ကယ်အနောက်တွင် စီးနင်းလိုက်ပါလာသူ
ကားကြိတ်ခံရ၍ သေဆုံးကြောင်း သိရသည်။
ဖြစ်စဉ်မှာ ရေတာရှည်မြို့နယ် ပညာရေးမှူးရုံးတွင်၊ နေ့စားလပေးစာမေးပွဲေ
|
Posted: 26 May 2014 05:50 AM PDT
ရန်ကုန်
အခြေခံ
ဥပဒေ ပြင်ဆင်ရေးအတွက် လူထုဟောပြောပွဲများ ပြုလုပ်ရာတွင်
ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် တပ်မတော်ကို စိန်ခေါ်ပြောဆို မှုများသည် အခြေခံ
ဥပဒေက ခွင့်ပြုထားသည့် အတိုင်းအတာကို ကျော်လွန်နေသည့် အတွက် သတိပြု
ဆောင်ရွက်ရန်လိုကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က
ဒေါ်အောင်ဆန်းစုကြည်အား သတိပေး အကြောင်းကြားစာ ပေးပို့လိုက်သည်။
လွှတ်တော်တွင်း တပ်မတော်သား ကိုယ်စားလှယ်များ ပါဝင်နေခြင်းသည်အခြေခံ ဥပဒေပါ
|
Posted: 26 May 2014 05:50 AM PDT
ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဖွဲ့စည်းပုံပြင်ဆင်ရေး ဟောပြောချက်တွေဟာ
အခြေခံဥပဒေက ခွင့်ပြု ထားတဲ့ ဘောင်ကို ကျော်လွန်နေတဲ့အတွက် အခြေခံဥပဒေနဲ့
နိုင်ငံရေး ပါတီများ မှတ်ပုံတင်ခြင်း ဥပဒေတွေကို လိုက်နာ ဆောင်ရွက်ဖို့
ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က သတိပေး လိုက်ပါတယ်။
မေ ၁၅ ရက်နေ့ မန္တလေး အောင်ပင်လယ်ကွင်း လူထုဟောပြောပွဲမှာ “လွှတ်တော်တွင်း
ပါဝင်နေတဲ့ တပ်မတော်သား ကိုယ်စားလှယ်တွေကို အာဏာအခွင့်အရေး
|
Posted: 26 May 2014 05:27 AM PDT
ထိုင်းဝန်ကြီးချုပ်ဟောင်း ယဉ်လပ်ရှင်နာဝပ် (Yingluck Shinawatra) ကို
ယခုအချိန်ထိ စစ်တပ်က ထိန်းသိမ်းထားဆဲဖြစ်ကြောင်း စစ်အရာရှိတစ်ဦးက မေလ
၂၆ရက်တွင် ပြောကြားခဲ့သည်။
"သူမကို ကောင်းကောင်းမွန်မွန် ထိန်းသိမ်း စောင့်ရှောက် ထားပါတယ်၊ သူမ
ဘယ်မှာ နေချင်လဲ ဆိုတာလည်း သူက ကောင်းကောင်း ရွေးချယ် ပိုင်ခွင့် ရှိပါတယ်၊
သူမ အခြေအနေတွေ
အားလုံး ကောင်းမွန် ပါတယ်" ဟု အလယ်ပိုင်းတိုင်း စစ်ဒေသမှူး ဒုတိယ
ဗိုလ်ချုပ်ကြီး
|
Posted: 26 May 2014 12:26 AM PDT
ပြီးခဲ့သည့်ရက်ပိုင်းက
မျိုးစောင့်ဥပဒေကို လက်မခံသောအဖွဲ့ အစည်းများက နိုင်ငံတော်သမ္မတ အပါအဝင်
ပုဂ္ဂိုလ်အချို့နှင့်တွေ့ ဆုံခွင့်ရရန်တောင်းဆိုသည်။
မျိုး စောင့်ဥပဒေမပြဋ္ဌာန်းနိုင်ရေး သက် ဆိုင်ရာပုဂ္ဂိုလ်များအား တွေ့ဆုံဆွေး
နွေးကန့်ကွက်သွားမည်ဟုဆိုသည်။ အမျိုးဘာသာသာသနာ စောင့်
ရှောက်ရေးအဖွဲ့(အထက်မြန်မာ ပြည်)ကလည်း မျိုးစောင့်ဥပဒေ
ကိုဆန့်ကျင်သောလူပုဂ္ဂိုလ်များ၊ အဖွဲ့အစည်းများကိုအမျိုးသား ရေး
|
Posted: 26 May 2014 12:22 AM PDT
ရန်ကုန်၊
မေ ၂၅
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးအတွက် ရန်ကုန်အရှေ့ပိုင်းခရိုင်
လူထုဆန္ဒ ထုတ်ဖော်ပွဲကို အခြေခံဥပဒေပြင်ဆင်ရေး တက်ကြွလှုပ်ရှားသူများ
ကွန်ရက်အဖွဲ့က ဦးဆောင်ကာ အရပ်ဘက် အဖွဲ့အစည်း ၃၀ ကျော်မှ လူအင်အား ၃၀၀၀
ခန့်က မေလ ၂၅ ရက်နေ့တွင် ဆန္ဒထုတ်ဖော်ခဲ့ကြောင်း ဆန္ဒထုတ်ဖော်ရာတွင်
ပါဝင်ခဲ့သူများက ပြောကြားသည်။
အဆိုပါ လူပေါင်း ၃၀၀၀ ကျော် ပါဝင်သည့် ရန်ကုန်အရှေ့ပိုင်းခရိုင်
ဆန္ဒထုတ်ဖော်ပွဲ
|
Posted: 26 May 2014 12:10 AM PDT
ရန်ကုန်၊
မေ ၂၅
ရဲတပ်ဖွဲ့နှင့် ပြည်သူများ ဆက်ဆံရေး ကောင်းမွန်စေရန် ရည်ရွယ်၍ Open Daily
အခမ်းအနားကို မြန်မာနိုင်ငံတွင် ပထမဦးဆုံး အနေနှင့် ရန်ကုန်တိုင်းဒေသကြီး
မင်္ဂလာတောင်ညွန့် မြို့မရဲစခန်းတွင် မေလ ၂၅ ရက် နံနက် ၉ နာရီက ကျင်းပခဲ့သည်။
အဆိုပါ အခမ်းအနားကို EU (European Union) နှင့် မြန်မာနိုင်ငံ
ရဲတပ်ဖွဲ့တို့ ပူးပေါင်းကာ ကျင်းပခဲ့ခြင်း ဖြစ်ကြောင်း၊ ယင်းအခမ်းအနားတွင်
EU အဖွဲ့တာဝန်ခံ Mr. David Hamilton
|
Posted: 26 May 2014 12:07 AM PDT
ထိုင်းနိုင်ငံမှာ
စစ်တပ် အာဏာသိမ်းတာကို ကန့်ကွက်တဲ့ ဆန္ဒပြပွဲတွေ ပေါ်ပေါက်နေတဲ အချိန်မှာပဲ
စစ်တပ်ထိန်းသိမ်းရေးစခန်းမှာ ဖမ်းဆီးထိန်းသိမ်းထားတဲ့ ထိပ်တန်း
နိုင်ငံရေးသမား တချို့ ပြန်လွတ်လာပါတယ်။
ဝန်ကြီး ချုပ်ဟောင်း ယင်းလပ်ကို ပြီးခဲ့တဲ့ မေ ၂၅ ရက်နေ့ ညပိုင်းမှာ အိမ်
ပြန်ခွင့်ပေး လိုက်သလို၊ အစိုးရဆန့်ကျင်တဲ့ ဆန္ဒပြအဖွဲ့ ခေါင်းဆောင် ဆူသက်
သောင်ဆုဘန်နဲ့ အကြီးတန်းခေါင်းဆောင် ၄ ဦးကိုလည်း ဒီနေ့မနက်ပိုင်း မှာ
|
Posted: 26 May 2014 12:01 AM PDT
ယခုနှစ်
မိုးကြိုကာလအမီ အိမ်အ မိုးမိုးနိုင်ရန်အတွက် အိမ်ထောင်ဦး စီးဦးကျော်ဇင်၊
ဇနီးနှင့် သားဖြစ် သူတို့ နေအိမ်အောက်မြေကွက် လပ်ပေါ်တွင် သက်ကယ်ပျစ်နေ စဉ်
ရုတ်တရက်ပစ်ချလိုက်သည့် မိုးကြိုးထိမှန်ကာ မိသားစုဝင်သုံး
ဦးစလုံးသေဆုံးခဲ့သည်။
မကွေး တိုင်းဒေသကြီး၊ မင်းလှမြို့နယ်၊ ရွာသာယာကျေးရွာတွင် မေလ ၁၈ ရက်
ညနေကဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး မကြာမီရောက်လာတော့မည့် မုတ်သုံမိုးကို
ကာကွယ်ရန်အိမ် အောက်၌
|
Posted: 25 May 2014 11:57 PM PDT
၂၅
မေ ၂၀၁၄
ပဲခူးတိုင်း တောင်ငူမြို့ တွင် ဗကသများအဖွဲ့ချုပ် မှ ဆန္ဒပြ ချီတက်မှု
ဆောင်ရွက်ခဲ့သည်။
ထို ဆန္ဒပြချီတက်ပွဲသို့ ဗကသ ဗဟိုလုပ်ငန်း ကော်မတီ နှင့်အတူ ပြည်ခရိုင် ၊
ဟင်္သာတခရိုင် ၊ မြင်းခြံခရိုင် ၊ တောင်ငူခရိုင် ၊ မုံရွာခရိုင် ၊
မန္တလေးခရိုင် နှင့် ရန်ကုန်တောင်ပိုင်း ခရိုင် အစရှိသည့် ခရိုင်
ကျောင်းသားသမဂ္ဂများ စုပေါင်း ဆန္ဒပြခဲ့ခြင်းဖြစ်သည်။
သဲကုန်းမြို့ အောင်ကုန်းရွာ တွင် လယ်သမားအရေး ကူညီဆောင်ရွက်
|
Posted: 25 May 2014 11:36 PM PDT
မန္တလေး၊
မေ ၂၅
အင်တာနက် စာမျက်နှာများနှင့် သတင်းစာ မျက်နှာများတွင် ယခုသတင်းပတ်အတွင်း
ရေးသားဖော်ပြမှု အများဆုံး ဖြစ်သည့် ပုသိမ်ကြီးမြို့နယ် နှမ်းကြဲကျေးရွာ
စိမ့်စမ်းရည် ဘုန်းတော်ကြီးသင် ပညာရေးကျောင်းကို ရဲတပ်ဖွဲ့အင်အား
အသုံးပြုပြီး ဖယ်ရှားခဲ့သည် ဆိုခြင်းမှာ မမှန်ကန်ဘဲ နိုင်ငံတော် သံဃမဟာနာယက
အဖွဲ့၏ ညွှန်ကြားလွှာများကို အခြေခံပြီး သံဃာ့ အဖွဲ့အစည်း
လုပ်ထုံးလုပ်နည်းနှင့်အညီ ဓမ္မစက်နှင့် မရသဖြင့် အာဏာစက်
|
Posted: 25 May 2014 11:35 PM PDT
ဟင်္သာတ၊
မေ၂၅
ဧရာဝတီတိုင်းဒေသကြီး ဇလွန်မြို့နယ်နှင့် ရန်ကုန်တိုင်းဒေသကြီး
တိုက်ကြီးမြို့နယ် အဖျောက်မြို့ ကြားတွင် ဖြစ်ထွန်းနေသော မြေနုကျွန်းတွင်
မေလ ၂၃ ရက်နေ့က ပိုင်ဆိုင်မှု အငြင်းပွားရာမှ စိုက်ခင်းနှင့် လူနေတဲများ
မီးရှို့ဖျက်ဆီးမှု ဖြစ်ပွားကြောင်း ဒေသခံများနှင့် ဇလွန်မြို့နယ်
ရဲတပ်ဖွဲ့ထံမှ သိရသည်။
ရန်ကုန်တိုင်းဒေသကြီး တိုက်ကြီးမြို့နယ် ရေပေါ်သောင် ကျေးရွာ အုပ်စု၌ မြစ်ရေ
တိုက်စားမှုကြောင့် လယ်မြေများ
|
Posted: 25 May 2014 11:31 PM PDT
အူရီးဒူးမြန်မာ
ကုမ္ပဏီမှ ရောင်းချပေးမည့် ဆင်းမ်ကတ်များကို မူလ သတ်မှတ်ထားသည်ထက် အနည်းငယ်
နောက်ကျ၍ ၂၀၁၄ ခုနှစ် သြဂုတ်လ တတိယပတ်တွင်မှသာ
ရောင်းချပေးနိုင်မည်ဖြစ်ကြောင်း
|
Posted: 25 May 2014 11:21 PM PDT
အိမ်အကူကလေးငယ်၏လက်နှစ်ဖက်ကို
|
Posted: 25 May 2014 10:52 PM PDT
အရက်အတူထိုင်သောက်ရင်း
ရည်းစားကိစ္စဖြင့် စကားများရာမှ အုပ်စုဖွဲ့ရိုက်နှက်မှုကြောင့် လူငယ်တစ်ဦး
သေဆုံးသွားသော ဖြစ်စဉ်တစ်ခု မေ ၂၃ရက်၊ ည ၁၁ နာရီဝန်းကျင်က ဖြစ်ပွားခဲ့သည်ဟု
ရန်ကုန်တိုင်းရဲ တပ်ဖွဲ့ရုံးက သတင်းထုတ်ပြန်ထားသည်။
တောင်ဒဂုံမြို့နယ်တွင် နေထိုင်သူ မောင်ရှိုင်းထက်(၁၉)နှစ်သည်
သင်္ဃန်းကျွန်းမြို့နယ်နေထိုင်သူ ချစ်ကို (၂၀)နှစ် အပါအ၀င် လူငါးဦးဖြင့်
ပင်လုံခုံးတံတားအနီးတွင် အရက်အတူသောက်နေရာ
|
Posted: 25 May 2014 10:36 PM PDT
စစ်ကိုင်းတိုင်းဒေသကြီး၊
ကသာမြို့နယ်၊ အင်းရွာကျေးရွာ တွင် ၂၀၁၂ ခုနှစ် ဇူလိုင်လ ၆ ရက်နေ့က
ဖြစ်ပွားခဲ့သော ၁၂ နှစ် အရွယ် သမီးငယ်လေးကို အဓမ္မပြု ကျင့်သတ်ဖြတ်
ခံရမှုသည်ကသာ မြို့နယ်၌ လူထုစိတ်ဝင် စားမှုရှိသော အမှုတစ်မှုဖြစ်ခဲ့သည်။
ထိုအမှုတွင် သံသယရှိသူများကို ခေါ်ယူစစ် ဆေးခဲ့ပြီးနောက် ကသာမြို့နယ်
ရဲတပ်ဖွဲ့မှူး ရဲမှူးကျော်အောင်မြင့် နှင့် တပ်ဖွဲ့ဝင်များ နယ်မြေခံ
ရဲတပ်ဖွဲ့ဝင်များမှ တရားခံဟု
|
Posted: 25 May 2014 06:09 PM PDT
တနင်္သာရီ တိုင်း ထားဝယ် မြို့နယ် ဟိန္ဒား သတ္တုတွင်းက စွန့်ပစ် မြေစာ
တွေကြောင့် အနီး ချောင်းရိုးပေါ်က ရွာတွေမှာ ဥယျာဉ် ခြံမြေတွေ ပျက်စီးပြီး
ဒေသခံတွေ ကျန်းမာရေး ထိခိုက်တဲ့ အတွက် ထားဝယ် ခရိုင် တရားရုံးမှာ အမှုဖွင့်
စွဲဆိုထားတယ်။
သတ္တု တူးဖော်ရေး ဖက်စပ် လုပ်နေတဲ့ ထိုင်း ကုမ္ပဏီနဲ့ အမှတ် (၂ ) သတ္တုတွင်း
လုပ်ငန်း တိုင်းနဲ့ မြို့နယ် အဆင့် တာဝန်ရှိသူ တွေကို မြောင်းပြိုရွာသား
တွေက အမှုဖွင့် ခဲ့ကြတာ ဖြစ်ပါတယ်။
|
Posted: 25 May 2014 06:06 PM PDT
အမေရိကန် စစ်သားတွေကို သမ္မတမိန့်ခွန်းပြောရာမှာ သမ္မာကျမ်းစာထဲက
ကိုးကားချက်တွေများပြီး စက်တင်ဘာ ၁၁ ကမ္ဘာ့ကုန်သွယ်ရေး ဗဟိုဌာန
အတိုက်ခံရစဉ်က မီးလောင် ထားပေမယ့် မပျက်စီးတဲ့ အမေရိကန် အလံ အကြောင်းနဲ့
နိဂုံးချုပ်ခဲ့ပါတယ်။ ဒီမိန့်ခွန်းက အာဖဂန်မှာ အမေရိကန်က လာဆင်နွှဲတဲ့
စစ်ပွဲအခုအခါ သူ့အဆိုအရ တာဝန်ယူမှုတွေနဲ့အတူ ပြီးဆုံးပြီဆိုတာပြဖို့ဖြစ်ပါ
|
Posted: 25 May 2014 06:03 PM PDT
မေလ(၂၆)ရက်နေ့ ထုတ် မဇ္ဈိမနေ့ စဉ် သတင်းစာ
သတင်းစာ ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ
|
Posted: 25 May 2014 05:56 PM PDT
မေလ(၂၆)ရက်နေ့ ထုတ် မြန်မာ့အလင်းနေ့ စဉ် သတင်းစာ
သတင်းစာ ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ
|
Posted: 25 May 2014 05:35 PM PDT
မေလ(၂၆)ရက်နေ့ ထုတ် ကြေးမုံနေ့ စဉ် သတင်းစာ
သတင်းစာ ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ
|
0 comments:
Post a Comment