အောက်ပါတို့ကို သေချာစွာ ဖြေဆိုပါ
အဖြေလွှာ နံပါတ်။ ။ ၄၂၀
ဖြေဆိုသူ။ ။ သီဟန်
မေး။ ။ဖုန်းကွယ်လို့မရတဲ့ အရာ ၃ ခု
ဖြေ။ ။ပညာမတတ်တာ၊ ဆင်းရဲတာ၊ အမှန်တရား
မေး။ ။လက်မလွှတ်သင့်တဲ့ အရာ ၃ ခု
ဖြေ။ ။ယုံကြည်ချက်၊ မျှော်လင့်ချက်၊ ရိုးသားမှု
မေး။ ။ဆိုင်းငံ့လို့မရတဲ့ အရာ ၃ ခု
ဖြေ။ ။အသက်၊ အချိန်၊ ချစ်ခြင်း
မေး။ ။ဆောင်ထားရမယ့် အရာ ၃ ခု
ဖြေ။ ။လေးစားမှု၊ ရိုးဖြောင့်မှု၊ ခင်မင်မှု
မေး။ ။နောက်ကျမှ ရောက်လာတဲ့ အရာ ၃ ခု
ဖြေ။ ။အမှန်တရား၊ နောင်တတရား၊ အကျိုးခံစားခွင့်
==============================
အဖြေလွှာ နံပါတ်။ ။ ၃၅၇
ဖြေဆိုသူ။ ။ ဟန်သစ်ငြိမ်
မေး။ ။ဖုန်းကွယ်လို့မရတဲ့ အရာ ၃ ခု
ဖြေ။ ။လေလည်တာ၊ ထိပ်ပြောင်တာ၊ ချောင်းဆိုးတာ
မေး။ ။လက်မလွှတ်သင့်တဲ့ အရာ ၃ ခု
ဖြေ။ ။ဘတ်စ်ကား လက်ကိုင်ကွင်း၊ ချစ်သူ့လက်၊ တစ်ရှူးစက္ကူ
မေး။ ။ဆိုင်းငံ့လို့မရတဲ့ အရာ ၃ ခု
ဖြေ။ ။အိမ်သာတက်တာ၊ ရည်းစားစကားပြောတာ၊ အိမ်လခပေးရန်ရှိတာ
မေး။ ။ဆောင်ထားရမယ့် အရာ ၃ ခု
ဖြေ။ ။ပိုက်ဆံ၊ မှတ်ပုံတင်၊ ဟန်းဖုန်း
မေး။ ။နောက်ကျမှ ရောက်လာတဲ့ အရာ ၃ ခု
ဖြေ။ ။ပြည်သူ့ရဲ (ရုပ်ရှင်ထဲမှာ ပြောတာ) နိုင်ငံတကာအကူအညီ၊ အကြွေးဆပ်ရန်ရှိသူ
==============================
မိတ်ဆွေတစ်ယောက် မေးလ်ကနေမျှဝေထားတာလေး ကိုဖတ်မိရာက ပေါ်လာတဲ့ ဆင့်ပွားအတွေးလေးပါ။
မေတ္တာဖြင့်
ဟန်သစ်ငြိမ်
0 comments:
Post a Comment