Friday, May 30, 2014

အခုထိလွဲနေကြတုန်းလား

Myo Swe Than's photo.
Myo Swe Than added 2 new photos.

Clean Tex က ညီလင်းဆက်က ၁၉၇၇၊မေ(၂၉) ဒီလိုနေ့ မျိုးမှာ
ဒေါက်တာဘမော် သေဆုံးခဲ့တယ်လို့ ကြိုးကြိုးစားစားပြောရှာတယ်
မှတ်ချက်တွေက ဒေါက်တာဘမော် ချောလိုက်တာတဲ့
ဟယ်မိုက်တယ်တော့တဲ့၊ ဖိုတိုရှော့များသုံးထားသလားတဲ့၊
နေတိုးနဲ့ တူတယ်တဲ့၊ ဘယ်ဌာနကလည်းတဲ့၊
အခုလည်း ချောတယ်တော့ မှတ်ချက်ပေးနိုင်ပါတယ်၊


ကျွန်တော့်မိတ်ဆွေများကိုတော့ ကျန်တဲ့ ဒေါက်တာဘမော်ရဲ့
အချောစားများလည်းသိစေချင်ပါတယ်။
ကျွန်တော်ဒီမှာပြောတာလည်း အခု(၃)ကြိမ်မြောက်ပါပြီ၊
ချောတယ်တော့တွေရဲ့အရင်မှာ ပြင်သစ်နိုင်ငံဆိုင်ရာမြန်မာသံအမတ်၊
ကုလသမဂ္ဂမှာအကြံပေး စတဲ့နိုင်ငံတကာက လူတွေနဲ့ 
ကမ္ဘာမှာရင်ဘောင်တန်းလုပ်ခဲ့တဲ့ မြန်မာပြည်ထဲက ပညာတတ်
သံအမတ်ကြီးဦးသက်ထွန်းက သူ့အကြောင်းဆိုတဲ့စာမှာပဲ
ဒေါက်တာဘမော်ဟာ မွေးရာပါမင်းသားကြီး
လောင်းရိပ်ချဥပဓိ၊ အများကိုလွှမ်းမိုးနိုင်တဲ့ဥပဓိပိုင်ရှင်
လူချောလို့ ရေးထားပြီးသားမှတ်ချက်ဖြစ်ပါတယ်။
ဘဟန်၊ ဘမော်ညီအစ်ကိုနှစ်ဦးဟာ မြန်မာပြည်က
အစောဆုံးပညာတတ်(၂)ဦးဖြစ်ပြီး ဘဟန်က ဒေရှင်နယ်ရီထုတ်တယ်
ဘမော်က နိုင်ငံရေးလုပ်တယ်၊ ဒီလောက်ဆိုရင် ပေါ်ပြီထင်ပါတယ်။
အားလုံး သခင်တတ်ချိန်မှာ ဒေါက်တာလို့ တတ်တာ
ဗြိတိသျှဆပ်သခင်ကို မြန်မာတိုင်းရင်းသားလည်း ပညာညံ့သူ
မဟုတ်ဖူးလို့ ပြသလိုခြင်းတစ်ခုထဲပဲဖြစ်တယ်၊
ဗြိတိသျှကိုစတော်လှန်တဲ့ နန်းတော်သားမောင်မောင်ကျေးရဲ့သား
ဒေါက်တာဘမော်ဟာ ဘမျိုးဘိုးတူ သူပုန်စိတ်ရှိသူဖြစ်တယ်၊
ရောက်လေရာ အင်္ဂလိပ်ကျောင်းတွေမှာတော်လှန်ပြီးကျောင်းထွက်
ခဲ့သူပဲဖြစ်ခဲ့တယ်၊ ပြင်သစ်နိုင်ငံဘော့ဒိုးတက္ကသိုလ်က ဘွဲ့ ရပြီး
အဲဒီခေတ်က အမြင့်ဆုံး အင်္ဂလန်က ဝတ်လုံဘွဲ့ ကိုယူပြခဲ့တယ်
ပြီးတော့ ဆရာစံရဲ့ ဘော်လံတီယာရှေ့ နေလုပ်ခဲ့တယ်လို့ပဲ
တန်းပြောလိုက်တော့မယ်၊
အဲဒီလို သေဒဏ်သေချာနေတဲ့ အမှုကို ဒေါက်တာဘမော်က
ဘော်လံတီယာရှေ့ နေအဖြစ် ဆရာစံ့အတွက်လိုက်ခဲ့တာ
အခုနေပြန်မြင်ရတော့ အံ့မခန်းပဲ ထွန်းငြှိခဲ့တဲ့မီးအိမ်ပါပဲ
အဲဒီလို offically တရားဝင်အင်္ဂလိပ်ကို မုန်းသူဟာ
ဒေါက်တာဘမော်တစ်ယောက်ထဲပဲ၊ ဒါ့ကြောင့်လည်း
တိုင်းရင်းသားထဲကတော်လှန်သူအဖြစ် စစ်ကြိုခေတ်ကတည်းက
အင်္ဂလိပ်က ဒေါက်တာဘမော်ကိုပဲ ကြိုတင်စာရင်းသွင်းလို့ 
မုန်းခဲ့ကြတယ်၊ဒါကြောင့်လည်းဂျပန်က မြန်မာပြည်ထဲမဝင်ခင်ကပဲ
မျက်စေ့ကျနေခဲ့ပြီး အဓိပတိပေးခဲ့တာပဲ၊
ဂျပန်အဝင် အင်္ဂလိပ်အပြေးက ဒေါက်တာဘမော်ကိုစာတွေထဲမှာ
တွေ့ ရပုံပြောရရင် အင်္ဂလိပ်က စစ်ကိုင်းထောင်မှာဖမ်းထားတဲ့
သခင်နုနဲ့ ဒေါက်တာ ဘမော်ကို ဘာလုပ်ရမှန်းမသိဖူးဖြစ်ပြီး
စစ်ကိုင်းထောင်ကထုတ်လာပြီး မန္တလေးမှာ ချပစ်ထားခဲ့တာပဲ
ဒေါက်တာဘမော်မိန်းမက လိုက်ခေါ်ရပါတယ်တဲ့။
အဲဒီလို အင်္ဂလိပ်ပစ်ချခဲ့တဲ့ ဒေါက်တာဘမော်ကို
ဂျပန်ကချက်ခြင်းပဲ နိုင်ငံရဲ့အဓိပတိအဖြစ်ပေးပါတယ်
ဂျပန်ခေတ်အဓိပတိဖြစ်နေတဲ့ ဒေါက်တာဘမော်နဲ့ 
ဂျပန်ကိုခေါ်လာပြီးမှ မြေပေါ်မြေအောက်တော်လှန်ရေးလုပ်ဖို့ 
စိုင်းပြင်းနေရတဲ့ ဗိုလ်ချုပ်အောင်ဆန်းတို့ ထိတွေ့ ပုံကို
အရေးကြီးတဲ့အပိုင်းပဲပြောလိုပါတယ်။
ဗိုလ်ချုပ်အောင်ဆန်းရဲ့ ဂျပန်တော်လှန်ရေးအစီအစဉ်ကို
ဂျပန်တို့ ပေးထားတဲ့အဓိပတိရာထူးနဲ့ ဒေါက်တာဘမော်က
သိပါတယ်တဲ့ ဒါပေမယ့်ဂျပန်ကိုသတင်းလုံးဝမပေးပါ။
ဗိုလ်ချုပ်အောင်ဆန်းကိုတော့ပြောရှာပါတယ်၊
ကိုယ့်ယုံကြည်ချက်နဲ့ ကိုယ်ရပ်တည်နေကြတဲ့အတွက်
ဘာမှမပြောလိုပါ၊ သို့သော်သိုသိုသိတ်သိတ်နဲ့ သတိတော့
ရှိကြပါစေ၊ သူ့ဆီကနေတော့ သတင်းမပေါက်ကြားစေရပါဖူးလို့ 
လုံးဝတာဝန်ယူပါတယ်တဲ့၊
အဲဒီဒေါက်တာဘမော်တစ်ယောက်ပဲ လိုပါတယ်၊ အဲဒီအချိန်
သူကဆုံမှတ်ဖြစ်လို့ နေပါတယ်၊ လက်တွေ့ မှာမလွယ်ကူတဲ့
ကိစ္စမှာ အဓိပတိရာထူးကို မက်သလားမမက်ဖူးလားဆိုတာ
သမိုင်းကသက်သေခံသွားပါတယ်၊
သမိုင်းမှာ ဗိုလ်ချုပ်အောင်ဆန်းရဲ့ အဲဒီတော်လှန်ရေး လုံးဝ
အောင်မြင်ခဲ့တယ်။
သံအမတ်ကြီးဦးသက်ထွန်းရဲ့စာနိဂုံးကိုပဲဆက်ပြီးပေါင်းထည့်
လိုက်ပါတော့
( ဒေါက်တာဘမော်သည် သားသမီးများအတွက်လည်းဖခင်ကောင်း
ဇနီးအတွက်လည်း ခင်ပွန်းကောင်း၊ နိုင်ငံ့အတွက်လည်း
ခေါင်းဆောင်ကောင်း အရည်အချင်းနဲ့ ပြည့်မှီပါပေသည်၊
သို့သော် ရိုးသားနှလုံးသားနဲ့ မြန်မာယောကျာင်္းများသည်
ဒီမိုကရေစီနိုင်ငံတွေကို အုပ်ချုပ်သူများမှာ
သူရဲကောင်းစစ်ဗိုလ်ချုပ်များလည်းမဟုတ်
တရားကျင့်သူတော်စင်တွေလည်းမဟုတ်
ပညာတတ်များသာဖြစ်ကြသည်ဆိုတာကို
နားမလည်နိုင်ကြသေးသည့်အတွက်
ဒေါက်တာဘမော် ဒီမိုကရေစီ မြန်မာပြည်မှာ
အရောက်စောသွားခဲ့သည်လို့ ပဲဆိုပါရစေ) တဲ့။
လွဲခဲ့သမျှမြန်မာပြည်လို့ ပဲထပ်လောင်းပြောလိုပါရဲ့။
အဓိပတိရာထူးရပြီးနိုင်ငံရေးသြဇာမှေးမှိန်ခဲ့ရသည်လို့
ရေးတဲ့သူရော၊ ညီလင်းဆက်ရော၊ ကျွန်တော်ရော
ကျွန်တော်တို့ တွေရော အဲဒီဆုံမှတ်နှင့်ကျောခိုင်းခဲ့ရခြင်းက
ယနေ့ အချိန်ထိ လှောင်အိမ်ထဲက ဇက်ရက်ငှက်ပေါက်စလေးများ
အစာတောင်းသလို တစာစာအော်နေကြရခြင်းမှာ
သနားစဖွယ်သာဟုပြောလိုပါသည်။
အခုရော ကလေးမွေးလျင်ဝါးနှီးကျောဖြင့်အချင်းဖြတ်ကြတုန်း
မြန်မာပြည်တွင် ဒေါက်တာဘမော်ဒီမိုကရေစီအရောက်စော
သွားခဲ့ရပါသည်ရေးသလို ဖွဲ့ စည်းပုံပြင်ဖို့ ဖေ့ဘွတ်တွင်
လက်မှတ်ထိုးနေကြသော အခါသမယတွင် ပန်းလှိုင်ဆေးရုံမှ
ဖေ့ဘွတ်သုံးရင်း မီးဖွားနေကြသောမြန်မာပြည်၌
ဒေါက်တာဘမော်အား ဂျွန်ထရာဗိုလ်တာနှင့်တူတယ်တော့
ဟုပင်မပြော နေတိုးနှင့်တူတယ်တော့တုန်းပင်ဖြစ်ပါသည်။

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...