Thursday, May 22, 2014

" စိတ်ခေါ်ရာ......."

" စိတ်ခေါ်ရာ......."

လူငယ်တွေဆိုတာ အရာတိုင်းကို လုပ်ကြည့်ချင်စိတ်တွေ များကြတယ်။ သူတို့ မှာ ခွန်းအားကောင်းတဲ့အချိန် ဖြစ်နေတော့ လုပ်နိုင်စွမ်း
ရှိတယ်လို့ လည်း ယုံကြည်ကြတယ်။ သူတို့ မသိတဲ့အချက်ကတော့ သူတို့ မှာ ပိုင်ဆိုင်ထားတဲ့ စဉ်းစားတွေးခေါ်နိုင်မှု၊ ဆင်ခြင်နိုင်စွမ်းရှိ
မှုတွေဟာ ခွန်းအားပြည့်မှု၊ လုပ်နိုင်စွမ်းရှိမှု ဆိုတာတွေနဲ့  ပြောင်းပြန်ဖြစ်နေတာပါပဲ။

လူနည်းနည်းပဲ စုမိတဲ့အခါဖြစ်စေ၊ လူများများ စုမိတဲ့အခါဖြစ်စေ လူငယ်တွေက ကောင်းတာထက် မကောင်းတာကို လုပ်ကြတာများပါ
တယ်။ စုပေါင်းမိတဲ့သူတွေဟာ တူညီတဲ့ စိတ်တွေ ရှိနေကြတော့ စိတ်ခေါ်ရာနောက်ကို အားလုံးလိုက်ပါသွားကြတာပေါ့။ လုပ်ချင်တာ
ကိုသာ ဦးတည်လုပ်လိုက်ကြပေမယ့် လုပ်သင့်၊ မလုပ်သင့်ဆိုတဲ့ စဉ်းစားတွေးခေါ်နိုင်မှုတော့ လူငယ်တွေမှာ နည်းသွားကြတယ်။

ဒီတော့ ဘာဖြစ်လာလည်းဆိုတော့ အတုယောင်တွေ လုပ်နေကြတာကို မြင်တဲ့ လူတွေကဟာလည်း အစစ်အမှန်ထင်ပြီး တတ်အောင်
လိုက်သင်ကြတယ်။ ကိုယ်တိုင် ဘာလုပ်လို့ လုပ်မိနေမှန်း မသိခင်မှာတင် လမ်းလွဲမှာ ပျော်မွေ့ စွာ လျှောက်မိ သွားကြပါတယ်။ ဒီလို မ
ကောင်း နွံထဲမှာ နစ်ပြီဆိုရင် ပြန်တက်နိုင်ဖို့ အချိန်တော်တော်ယူရပါတယ်။ ပြန်တက်နိုင်တယ်ဆိုရင်တောင် ကုန်ဆုံးသွားတဲ့ အချိန်တွေ
က ပြန်အစားထိုးလို့ မရနိုင်တော့ဘူး၊ သိပ်နှမြောဖို့ ကောင်းပါတယ်။

" လူတစ်ယောက်ရဲ့ ပင်ကိုယ် စရိုက်ကို သိချင်ရင် သူ့ ရဲ့ အားလပ်ချိန်ကို ဘယ်လို အသုံးပြုသလဲဆိုတာကို ကြည့်ပါ " ဆိုတဲ့ ဆရာကြီး
အောင်သင်းရဲ့ စကားဟာသိပ်မှန်ပါတယ်။ အားလပ်ချိန်မှာ ခဏတာ အပျော်အပါးလေးကို လုပ်လိုက်တာကို မပြောလိုပါဘူး။ ရှေရည်
စွဲလုပ်နေရင်တော့ မကောင်းတော့ဘူး။ လူငယ်တိုင်းတော့ မဟုတ်ပါဘူး။ တစ်ချို့ က စိတ်ကို ခဏလေး အပန်းဖြေပြီး ကိုယ့်ရဲ့ ရည်မှန်း
ကို ပြန်စတင်ကြတယ်။ တစ်ချို့ ကတော့ ရည်မှန်းချက်ကို မရှိသေးတော့ စိတ်ကူးတက်ရာ လုပ်နေတတ်ကြတယ်။

မကောင်းတာကို လုပ်မိတဲ့ အလေ့အကျင့်၊ အလေ့အထဟာ စွဲမြဲသွားဖို့ သိပ်လွယ်တယ်။ ဘာလို့ လည်းဆိုတော့ မကောင်းတာကို တွေး
မိနေတဲ့ စိတ်က အချိန်အားဖြင့် များနေတာကြောင့်ပဲ။ အစကတော့ ဒါလေးက လုပ်ရတာ လွတ်လပ်တယ်၊ ပျော်စရာ ကောင်းတယ်နဲ့ 
နောက်တော့ ဒီအလုပ်ဟာ ကိုယ့်ရဲ့ အသက်မွေး ၀မ်းကြောင်းဖြစ်သွားတော့တာပဲ။ ဒီ အလုပ်တွေဟာ လောင်းကစားတွေဖြစ်နေတယ်
ဆိုတာတောင် မသိနိုင်ကြတော့ဘူး။

လူငယ်တစ်ချို့ ကျတော့လည်း ဘယ်ချိန်ကြည့်ကြည့် အလုပ်ကောင်းတွေ လုပ်တာ တွေ့ ရပြန်တယ်။ မိဘကို လုပ်ကျွေးပြုစုနေတဲ့သူ
တွေကလည်း တော်တော်များ တွေ့ မိပါတယ်။ သူတို့ မှာတော့ အားလပ်ချိန်ဆိုတာ တော်တော်နည်းပါတယ်။ ကောင်းတဲ့ အလုပ်ရဲ့
အရသာကို ခံစားသွားမိလို့ လားမသိဘူး။ အလုပ်လိုက်ရမှာကိုတောင် စိုးရိမ်နေကြပုံပါ။

စာအုပ်ကောင်းလေးတွေ ဖတ်နေရသလိုပေါ့။ စာမျက်တွေ ကျော်ဖတ်မိသွားမှာလည်း စိုးရိမ်နေရတယ်။ ပြီးတော့ လုံးဝမဖတ်လိုက်ရ
ဘဲ ပျောက်ပျက်သွားမှာလည်း စိုးရိမ်မိတယ်။ ဒီစာအုပ်ကို နောက်တစ်ကြိမ်ပြန်ဖတ်ခွင့်ရဖို့ ဆိုတာ မကြိမ်းသေတော့ဘူးလေ။ ဘ၀မှာ
လည်း ဒီလိုပဲ။ ကောင်းတာကို လုပ်မိသွားတဲ့ လူတွေဟာ ဒီတန်ဖိုးကို သိသွားကြတယ်။ အဲ့ဒီတော့ မလုပ်လိုက်ရမှာကို ကြောက်ရွံ့ သွား
ကြတယ်။

ကောင်းတာလေးတွေ လုပ်နေတော့ ကောင်းတာလေးတွေ ပြောတတ်သွားတာပေါ့။ ပြောသမျှလည်း စကားကောင်းတွေချည်း ဖြစ်နေ
တာပဲ။ မကောင်းတာများ တွေးမိ လုပ်မိကြည့်ပါလား။ ပြောသမျှ မကောင်းတာချည်း ထွက်လာတော့မှာပါ။ မကောင်းတာလုပ်နေတဲ့
သူ၊ မကောင်းတာတွေး နေတဲ့သူဟာ စကားကောင်းပြောဖို့ ကြောက်တတ်ကြတယ်။ ရှက်လည်း ရှက်တတ်ကြတယ်။ သူတို့ နဲ့ မတန်
ဖူးလို့ ကို ထင်သွားကြတာပါ။

ကောင်းတာလုပ်ရမှာလည်း ရှက်ရ ကြောက်ရ၊ ကောင်းတာပြောရမှာလည်း ရှက်ရ ကြောက်ရနဲ့  နောက်ဆုံး အယူအဆတွေ မှားယွင်း
ကုန်တာပေါ့။ အယူအဆမှားတဲ့သူနဲ့ ဆုံပြီး မိတ်ဆွေဖြစ်မိတော့ ရောဂါပိုးလိုပဲ ကူးဆက်သွားပါတယ်။ စိတ်တူ၊ ကိုယ်တူတွေ များလာ
လေလေ စိတ်ခေါ်ရာနောက်ကို အားလုံး လိုက်လေလေပါပဲ။ လူငယ်တွေမှာ ဒီရောဂါပိုး ကူးဆက်ခံလိုက်ရတာ များတယ်။

စိတ်ခေါ်ရာကို လိုက်နေရတဲ့တူတူ ကောင်းတဲ့ဘက်ကို လိုက်နိုင်ကြရမယ်။ ဒါအထူးလုပ်ယူဖို့ လိုတာ မဟုတ်ဘူး။ ဘယ်သူမှ ကိုယ့်ကို
မကောင်းတာ လုပ်ပါလို့ တိုက်တွန်းနေတာ မဟုတ်ဘူး။ ကိုယ်တိုင်ဆုံးဖြတ်မှု လုပ်နိုင်ရမယ်။ ကိုယ့်စိတ်ထဲ ဒါကို မကောင်းဘူးလို့ တွေး
မိလိုက်တာနဲ့ ချက်ချင်း ပြင်နိုင်ဖို့ ပဲ လိုတယ်။ ပြီးတော့ အလုပ်ကောင်းလေးတွေပဲ ရွေးချယ်လုပ်နေလိုက်ပါ။ ကောင်းမွန်တဲ့ အလုပ်လေး
တွေ လုပ်တာများတော့ မကောင်းတာတွေ သူ့ အလိုလို နည်းသွားပါလိမ့်မယ်။ ဒီတော့ မကောင်းတဲ့ စိတ်ကလည်း ကိုယ့်ကို ပါအောင်
စွဲမခေါ်နိုင်တော့ဘူးပေါ့။ ဒါဆို ကိုဟာ ကောင်းတဲ့ စိတ်ရဲ့ စီမံရာအောက်ကို ရောက်သွားပြီဆိုတာ မှတ်လိုက်ပါ။

True Man

လူငယ်တွေဆိုတာ အရာတိုင်းကို လုပ်ကြည့်ချင်စိတ်တွေ များကြတယ်။ သူတို့ မှာ ခွန်းအားကောင်းတဲ့အချိန် ဖြစ်နေတော့ လုပ်နိုင်စွမ်း
ရှိတယ်လို့ လည်း ယုံကြည်ကြတယ်။ သူတို့ မသိတဲ့အချက်ကတော့ သူတို့ မှာ ပိုင်ဆိုင်ထားတဲ့ စဉ်းစားတွေးခေါ်နိုင်မှု၊ ဆင်ခြင်နိုင်စွမ်းရှိမှုတွေဟာ ခွန်းအားပြည့်မှု၊ လုပ်နိုင်စွမ်းရှိမှု ဆိုတာတွေနဲ့  ပြောင်းပြန်ဖြစ်နေတာပါပဲ။

  1 comment:

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...