Monday, May 19, 2014

အရုပ်လေး


ကလေးတစ်စု စကားအပြိုင်အဆိုင်ငြင်းခုန်နေကြတယ်………
ပထမကလေး ။ ။ဒီအရုပ်လေးကို ငါမယူခဲ့လို့ မင်းရသွားတာပါကွာ ဒီလောက်လေးကတော့သနားတယ်ဟေ့ရောင်
ဒုတိယကလေး။ ။အဲဒီအရုပ်လေးက ငါနဲ့မထိုက်လို့ မင်းရသွားတာ ၊ ငါလက်ထဲမှာဆို သူ့ကို
ဒီထက်လှတဲ့အင်္ကျီလေးတွေနဲ့လှလှပပလေးထားမှာကွ


တတိယကလေး ။ ။ မနက်ဖြန်မှာ ဒီထက်လှတဲ့ အရုပ်လေးတွေ ငါဝယ်နိုင်ပါတယ်ကွာ
အရုပ်လေးပိုင်ရှင် ။ ။ဒီအချိန် ဒီနေရာမှာ ဒီလိုအရုပ်လေးရှိနေတဲ့ ငါက မင်းတို့ဘာတွေပဲပြောပြော မင်းတို့ဘာတွေပဲဖြစ်နေနေ ငါက မင်းတို့ထက်သာတယ် ဟ ဟ ဟား ………
မနက်ဖြန် ဆိုတာ တွေးထင်သလောက် မသေချာ မရေရာပါဘူးကွာ
နာမည်ကြီးပြီး အဖိုးကြီးပေးဝယ်ရတာမဟုတ်လို့ ပျောက်ပျက်သွားမှာ သူတပါးခိုးယူသွားမှာ စိုးရိမ်ပူပန် နေစရာမလိုဘူး
ခုဆို ငါ ကြယ်ကြွေတာကိုစောင့်ပြီး ဆုတောင်းစရာ မလိုတော့ဘူး
အရုပ်သစ်လေးရဖို့ လူကြီးတွေကိုမျက်နှာလုပ်စရာမလိုတော့ဘူး
မှန်ဘောင်ထဲ ထဲ့ထားတဲ့အရုပ်တွေကို ငေးမောမျှော်လင့်နေစရာမလိုတော့ဘူး
ဒီအရုပ်လေးကို ငါ စိတ်သက်သက်သာသာ ပေါ့ပေါ့ပါးပါးလေး ထိမ်းသိမ်းစောင့်ရှောက်နိုင်တယ်
ဒီလိုအတွေးချိုလေးတွေကို ကြည်ကြည်နူးနူး တွေရင်း........................
အရုပ်လေးကို ခပ်တင်းတင်းလေးထွေးပိုက်ရင်း ကျေနပ်စွာပြုံးရုံလေး ပြုံးနေလေရဲ့ ။

Ps ; အရုပ်လေး ဆိုတာ လူတစ်ယောက်လက်ရှိပိုင်ဆိုင်ထားတဲ့ လူ၊ ပစ္စည်းဥစ္စာ ၊ ရာထူးစည်းစိမ် ကိုဆိုလိုခြင်းပါ။ ကိုယ့် ရဲ့စိတ်ကို သက်တောင့်သက်သာဖြစ်စေမဲ့ အရာတွေကိုပိုင်ဆိုင်ရင်း ကျေနပ်ကြည်နူးစွာ ဘဝကို အေးအေးချမ်းချမ်း ဖြတ်သန်းနိုင်ပါကြစေ ။ ။

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...