Saturday, May 24, 2014

Lucky Charms

MYMC - MYMHOT



Posted: 23 May 2014 06:12 AM PDT
Lucky Charm

လူမျိုးတိုင်းမှာ ကိုယ်ပိုင် ကံကောင်းစေတဲ့ အဆောင်တွေ ရှိကြရာမှာ ဒီဆောင်းပါး မှာတော့ ကမ္ဘာ တစ်လွှားမှာ ယုံကြည် ထားကြတဲ့ ကံကောင်းခြင်း အဆောင်တွေ အကြောင်း တင်ဆက်ပေးသွားမှာပါ။
Insects
Crickets
Cricket လို့ခေါ်တဲ့ ပုရစ်ကောင်လေးတွေဟာ အာရှမှာတော့ ကံကောင်းတယ်လို့ ယူဆကြပါတယ်တဲ့။

ဒါ့ကြောင့်လည်း Mulan လို ရုပ်ရှင်မျိုးမှာ Cri-kee အဖြစ်လည်းကောင်း၊ Pinocchio မှာ Jiminy Cricket အဖြစ်လည်းကောင်း ထည့်သွင်းတာ ဖြစ်ပါတယ်။

Ladybugs
Ladybugs လို့ခေါ်တဲ့ ပိုးတောင်မာ ကောင်လေးတွေဟာလည်း ကံကောင်းခြင်းကို ဆောင်ယူတဲ့ ကောင်လေးတွေ အဖြစ် သတ်မှတ်ထား ကြ ပါတယ်။ အဲဒီကောင်လေးတွေ ကိုယ်ပေါ်ကျလာရင် ကံကောင်းတယ်လို့ ဆိုကြပြီး အဲဒီကောင်တွေကို သတ်မိရင်တော့ ကံဆိုးပြီလို့ ဆိုကြပါ တယ်။








Dragonflies
Dragonflies ခေါ်တဲ့ ပုစဉ်းလေးတွေ ဟာလည်း ကံကောင်းခြင်းကို ယူဆောင်ပေးတဲ့ ကောင်တွေပါတဲ့။ တစ်ချိန်က စပါးကောင်းကောင်း ထွက် မယ်ဆိုတဲ့ နိမိတ်ကိုလည်း ကိုယ်စားပြုသူတွေ ဖြစ်ခဲ့ကြပါသေးတယ်။

Scarabs
Scarabs ဆိုတာ ရှေးအီဂျစ် ခေတ်က ပိုးတောင်မာ ကောင်လေးတွေပါ။ သူ့ခေတ် တုန်းကတော့ ကံကောင်းခြင်းနဲ့ သက်ဆိုင်တဲ့ ပိုးကောင် လေးတွေ အဖြစ် ယူဆခဲ့ကြပါတယ်။




Lucky Charm



Natural Objects
Acorns
ရှေး Norsemen တွေခေတ်တုန်းက Acorns လို့ခေါ်တဲ့ ၀က်သစ်ချပင်နဲ့ ၀က်သစ်ချသီးတွေဟာ ကံကောင်းခြင်းကို သယ်ဆောင်လာတယ်လို့ ယူဆကြပါတယ်။

Rainbow
ရောင်စုံ သက်တန့်တွေဟာလည်း ကံကောင်းခြင်းနဲ့ သက်ဆိုင်ပါတယ်။ ဘာကြောင့်လည်း ဆိုတော့ သက်တန့်ရဲ့ အဆုံးကို ရှာနိုင်ရင် ရွှေအ ပြည့်နဲ့ အိုးတစ်လုံးရှိတယ်လို့ ပုံပြင်တွေပါ ရှိဖူးလို့ပါပဲ။




Lucky Charm



Animals
Dolphins
Dolphins ခေါ် လင်းပိုင်တွေဟာ ခြားနားတဲ့ ယဉ်ကျေးမှုများစွာမှာ ကံကောင်းတယ်လို့ ယူဆကြပါတယ်။ ရှေးဟောင်း ဂရိယဉ်ကျေးမှု၊ ဆူမာ၊ အီဂျစ်နဲ့ ရောမ ယဉ်ကျေးမှုတို့ အပါအ၀င် ခရစ်ယာန်နဲ့ အမေရိကန် တိုင်းရင်းသားတွေ အတွက် ကတော့ ကာကွယ်ခြင်း အဓိပ္ပါယ် ကိုပါ ယုံ ကြည်ကြပါတယ်။

Pigs
ဝက်တွေဟာ ရောမ သံခေတ် မတိုင်ခင်က Germanic ယဉ်ကျေးမှုမှာ လာဘ်ကောင်း စေတယ်လို့ ယူဆကြ ပါတယ်။ အာရှဘက်မှာလည်း လာဘ်ကောင်း စေတယ်လို့ ယုံကြည်ကြသူ တွေရှိပြီး စုဘူးအနေနဲ့ အရုပ်ပြုလုပ် သုံးကြပါတယ်။

Tortoises
လိပ်ရုပ်ထုများကို ရှေးတရုတ် Feng-Shui အနုပညာ  ပြင်ဆင်ရာမှာ ကောင်းတဲ့ အဓိပ္ပါယ်အနေနဲ့ သုံးပါတယ်။




Lucky Charm



Elephants
ဆင်တွေဟာ ကမ္ဘာတစ်လွှား တော်တော်များမှာ ကံကောင်းခြင်းနဲ့အတူ လေးနက်တဲ့ အဓိပ္ပါယ် ဆောင်ပါတယ်။ အာရှမှာ ဆင်ဖြူတော်လိုမျိုး တန်ဖိုး ထားကြတဲ့ နည်းတူ ၁၉၃၀ ခုနှစ်တွေမှာလည်း ဗြိတိန်၊ ကနေဒါနဲ့ အမေရိကား တို့မှာ ကံကောင်းခြင်း အထိမ်းအမှတ်တွေ ဖြစ်ခဲ့ ကြပါ သေးတယ်။

Red Bats
အနီရောင် လင်းနို့တွေဟာ တရုတ်ပြည်မှာ ကံကောင်းခြင်း သယ်ဆယ်ပေးတဲ့ ကိုယ်စားလှယ်များ အဖြစ် ယုံကြည့်ကြပါတယ်။ ကံဆိုးမှုကို တန် ပြန်ပေးတဲ့ အတားအဆီး အဖြစ် လည်းကောင်း၊ ကျန်းမာရေး၊ အချစ်ရေး၊ ချမ်းသာရေး စတဲ့ ကောင်းခြင်း ငါးဖြာ ကိုလည်း ကိုယ်စားပြု ပါ တယ်တဲ့။




Lucky Charm



Tigers
ကျားတွေဟာ တရုတ်နက္ခတ်ဗေဒ ပညာတွေမှာ ကံကောင်းတယ်လို့ ယူဆကြ ပါတယ်။ ခိုးဝှက် လုယက်မှု၊ မီးလောင်မှု တို့လို မကောင်းဘေး ကလည်း ကာကွယ်ပေးသူတွေ အဖြစ်လည်း သတ်မှတ်ကြပါသေးတယ်။

တိရစ္ဆာန် တစ်ကောင်ကို အသိအမှတ် မပြုပေမယ့် တိရစ္ဆာန် တစ်ကောင်ကောင်ရဲ့ အစိတ်အပိုင်းတွေကို ကံကောင်းတဲ့ အဆောင်အဖြစ် ယုံ ကြည်ကြ တာလဲ ရှိပါတယ်။ ယုန်ရဲ့ ခြေထောက်ဟာ အနောက်တိုင်း ယဉ်ကျေးမှုမှာ ယျေဘုယျ အားဖြင့် ကံကောင်းမှုတွေ ခေါ်ဆောင်ပေး တယ်လို့ ယူဆကြပြီး ခေါင်းရှည် မိကျောင်းတွေရဲ့ သွားတွေ ကိုတော့ အာဖရိကမှာ လောင်းကစား အတွက် ကံကောင်း စေတယ်လို့ ယုံကြည် ကြပြန် ပါတယ်။

Icons and Figures
Buddha
ဗုဒ္ဒမြတ်စွာ ဘုရားရဲ့ ပုံရိပ်ဟာ အာရှ ဗုဒ္ဒဘာသာ နိုင်ငံတွေ အတွက် ကံကောင်းမှုကို ဆုတောင်းရာ အဖြစ် လက်ခံ ပူဇော် ကြပါတယ်။ မဟာ ယန ဗုဒ္ဒဘာသာ နိုင်ငံဖြစ်တဲ့ တရုတ်နိုင်ငံ လိုမျိုး မှာတော့ ထူးထူးဆန်းဆန်း အနေနဲ့ ဗုဒ္ဒရုပ်ထုရဲ့ ၀မ်းဗိုက်တော်ကို ပွတ်ပေးရင် လာဘ်ကောင်း တယ်လို့ ယူဆကြပါတယ်။




Lucky Charm



Saint Christopher
Saint Christopher cross ဟာ ကက်သလစ် ဘာသာဝင်တွေအတွက် အဓိပ္ပါယ်ရှိပြီး ခရီးသွား သူများကို စောင့်ရှောက်မှုပေးတဲ့ အဆောင် အဖြစ် ယုံကြည်ကြပါတယ်။

Man-made Objects
Dream Catchers
Dream Catchers ဆိုတာ ယခုခေတ် အတော်ခေတ်စားနေတဲ့ လူလုပ် အဆောင်ဖြစ်ပြီး သူ့ရဲ့ မူလ ယဉ်ကျေးမှုဟာ အမေရိကန် မူလ တိုင်း ရင်းသားတွေဆီက ဖြစ်ပါတယ်။ အိပ်မက်တွေကနေ မကောင်းတဲ့ မြင်ကွင်းတွေ ယူဆောင်သိမ်းဆည်း ပေးတယ်လို့ ယူဆကြပါတယ်။




Lucky Charm



Red Chinese Lanterns
တရုတ်ကားတွေမှာ မြင်နေရလေ့ ရှိတဲ့ နီနီရောင် မီးပုံးတွေဟာ လာဘ်ကောင်းစေတဲ့ အထိမ်းအမှတ်အဖြစ် ချိတ်ဆွဲကြတာ ဖြစ်ပါတယ်။

Horseshoe
မြင်းသံခွာဟာ အိမ်နံရံမှာပဲ ဖြစ်ဖြစ်၊ တံခါးဘောင် ပေါ်မှာပဲ ဖြစ်ဖြစ် ချိတ်ထားရင် ကံကောင်းစေတယ်လို့ ယူဆကြပါတယ်တဲ့။

Coins
ဒင်္ဂါးတွေကို ကောက်ရမိရင် ကံကောင်းတယ်လို့ ယူဆတာဟာ ကမ္ဘာတစ်ဝန်းမှာ တော်တော် များပါတယ်။




Lucky Charm



A Pot of Gold
အပေါ်မှာ ရောင်စုံသက်တန့် တွေရဲ့ အဆုံးမှာ ရွှေအိုးတွေ့တယ်လို့ ယုံကြည်ကြတာကို ပြောခဲ့ပြီးပါပြီ။ ရွှေအိုးဆိုမှတော့ ကံဆိုးတယ်များ ရှိ ပါ့မလား။

Symbols and Numbers
Nautical Star
Nautical Star ခေါ် လမ်းပြ ကြယ်တံခွန်ဟာ  သင်္ဘောသားတွေအတွက် ကံကောင်းစေတယ်လို့ ယူဆကြပါတယ်။

The Number Seven
ဂဏန်း ၇ ကို နိုင်ငံ တော်တော်များများမှာ ကံကောင်းစေတဲ့ ဂဏန်းအဖြစ် ယုံကြည်ကြပါတယ်။




Lucky Charm



Plants
Four Leaf Clover
Clover ခေါ် ပဲရိုင်းပင်ဟာ သုံးပွင့် ဒါမှမဟုတ် လေးပွင့်ဆိုင် ရွက်ပါလေ့ရှိပါတယ်။ အကယ်၍ စာဖတ်သူဟာ လေးပွင့်ဆိုင် ပဲရိုင်းပင်ရွက်ကို ရှာတွေ့မိရင် ကံကောင်းမှုတွေ လာတတ်တယ်လို့ ယူဆလို့ ရပါတယ်တဲ့။ ဒီအယူအဆကတော့ အနောက်တိုင်း အယူအဆ တစ်ခုဖြစ်ပြီး St. Patrick's Day နဲ့လည်း သက်ဆိုင်တယ်လို့ ဆိုပါတယ်။

Bamboo
ဝါးပင် အထူးသဖြင့် Dracaena လို့ ခေါ်တဲ့ ၀ါးမျိုးဟာ လာဘ်ကောင်းစေတဲ့ လာဘ်ပင်လို့ ယူဆကြပြီး လက်ဆောင်အဖြစ် ပေးတဲ့ ဓလေ့လည်း ရှိကြပါတယ်။




Lucky Charm



Wish Makers
A Wishing Well
တောင်းဆုပြုတဲ့ ရေကန်ဆိုတဲ့  ရိုးရာဟာလည်း ကျော်ကြားတဲ့ ဆုတောင်းနည်း တစ်မျိုး ဖြစ်ပါတယ်။ ရေကန်ငယ်ထဲကို ဒင်္ဂါး ပစ်ချပြီး ဆုမွန် ကောင်းတောင်း ကြတာ မျိုးလုပ်လေ့ ရှိကြပါတယ်။

Wishbone
Wishbone ဟာ ကံကောင်းစေတဲ့ အဆောင်အဖြစ် ယူဆကြပြီး ဆုတောင်းတဲ့ နေရာမှာလည်း သုံးပါတယ်။ လူနှစ်ဦး Wishbone ရဲ့တစ် ဖက်စီကိုင်ကာ ဆုတောင်းကြပြီး ဆန့်ကျင်ဘက်အားနဲ့ ချိုးပစ်လိုက်ကာ ပိုကြီးတဲ့ အပိုင်းကို ရထားသူရဲ့ ဆုတောင်းဟာ ပြည့်လေ့ ရှိတယ်လို့ ဆိုပါတယ်။




Lucky Charm



Stary Eyelash
ပါးပြင်ပေါ်ပဲ ဖြစ်ဖြစ် သင့်ရဲ့ မျက်တောင် ကျွတ်ကျရင် ကံကောင်းတယ်လို့ ယူဆကြပြီး တောင်းဆုပြုကာ ကျနေတဲ့ မျက်တောင်ကို မှုတ်ချ လိုက်ခြင်း အားဖြင့် ဆုတောင်းကြပါတယ်။

Falling Star
ကြယ်ကြွေတာကတော့ အထူးပြောစရာ လိုမယ် မထင်ပါဘူး။ ကြယ်ကြွေတာ မြင်ရတဲ့ သူဟာ သူ့ရဲ့ အရေးပါဆုံး ဆုတောာင်းကို တောင်းဆုပြု နိုင်ပါတယ်လို့ ယုံကြည်ကြပါတယ်။




Lucky Charm



ကဲ...အခုလောက်ဆိုရင်တော့ ဘာတွေက ကံကောင်းခြင်းကို ကိုယ်စားပြုသလဲ ဆိုတာကို စာဖတ်သူများလည်း သိရှိသွားလိမ့်မယ် ထင်ပါတယ်။ ဒီဆောင်းပါးမှာ ပါဝင်တဲ့ အရာတွေဟာ နေရာဒေသနဲ့ ပတ်သက်ပြီး အဓိပ္ပါယ် ကွဲလွဲကောင်း ကွဲလွဲနိုင်တာကြောင့် စိတ်ရှည်ရှည်ထားပြီး ဖတ် စေလိုပါတယ်။ ဖတ်ရှုပြီး ကျေနပ်မယ်လို့လည်း မျှော်လင့်ပါတယ်။



Images from tumblr, imperfectspirituality, bgfons, straseni, bestclipartblog, nationalgeographic, alphacoders, capetwonskies, randowant. Source: voices.yahoo.com




Author

Paing Hmu Ko

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...