Sunday, May 18, 2014

"အားကိုးရတယ်"






ဗီယက်နမ် နယ်စပ်ဒေသက ရွာတစ်ရွာဟာ သူပုန်တွေရဲ့ အဝေးကနေ စိန်ပြောင်းတွေ ဗုံးတွေနဲ့ ပစ်တာကို နေ့စဉ်ခံနေရသတဲ့။
ဒါနဲ့ ရွာလူကြီးတွေက နီးစပ်ရာအစိုးရစစ်စခန်းတစ်ခုဆီ ဖုန်းဆက်ပြီး အကူအညီတောင်းတယ်... ...
"သူပုန်တွေက နေ့တိုင်း ဗုံးနဲ့ထုနေတယ်၊ လူတွေလည်း သေလှပြီ၊ ဗုံးရန်က ကာကွယ်ပေးပါ"

"ငါတို့စခန်းမှာလည်း လူအင်အားနည်းနေတယ်၊ ကိုယ်ထူကိုယ်ထကာကွယ်ကြ"
"ကိုယ်ထူကိုထကာကွယ်ဖို့ ကျနော်တို့ကို နည်းပညာနဲ့ လက်နက်ကိရိယာပေးပါ"
"မနက်ဖန် ပို့လိုက်မယ်"
ပြောထားတဲ့အတိုင်း နောက်ရက်ကျတော့ လှည်းနှစ်စီးနဲ့ လက်နက်ကိရိယာတွေ ရောက်လာတယ်။
ရွာသားတွေခမျာ ပျော်လိုက်တဲ့ ဖြစ်ခြင်း။
အုပ်လာတဲ့ တာလပတ်တွေကို ဖယ်ကြည့်လိုက်တော့... ...
ပေါက်တူးနဲ့ ဂေါ်ပြားတွေ။
ညွန်ကြားချက်လေးတောင် တွဲလျက်ပါလိုက်သေး... ....
"တစ်အိမ်တစ်ကျင်း ဗုံးခိုကျင်းတူးရန်"... တဲ့။
သန်၎ကို-ဘာသာပြန်သည်။
https://www.facebook.com/thanlayko

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...