Saturday, May 24, 2014

အောင်မြင်ခြင်း၏ လျှို့ဝှက်ချက်


ည.......
အမှောင်ကို အန်တုဖို့ အိမ်တိုင်းမှာ မီးလုံး၊
မီးချောင်းတွေ အသီးသီး ထွန်းလင်းတောက်ပ
နေတယ်။ ဖယောင်းတိုင်အစား မီးချောင်းတွေ
သုံးလာကြတယ်။ မီးချောင်းရဲ့ အစ်ကိုကြီးက
မီးလုံး။ဒီညီအစ်ကိုနှစ်ယောက်ကို ဘယ်သူမွေး
ဖွားပေးခဲ့တာလဲ။ သောမတ် အက်ဒီဆင်.......

ဟုတ်တယ်....သူက လူသားအားလုံးအတွက်
အသုံးအဝင်ဆုံး အရာတစ်ခုကို လက်ဆောင်
ပေးခဲ့တယ်။လူသိနည်းတဲ့ အခြားလက်ဆောင်
တစ်မျိုးကိုလည်း သူပေးခဲ့သေးတယ်။
အက်ဒီဆင် မီးသီးတစ်လုံးကိုအောင်
မြင်စွာ တီထွင်နိုင်ခဲ့ချိန်ကဖြစ်တယ်။သတင်းစာ
ဆရာတစ်ယောက်က အက်ဒီဆင်ကို ယခုလို
မေးတယ်။
မေးသူ ။ ။ ဆရာကြီးခင်ဗျာ..............
ထောင်ပေါင်းများစွာသော မီးသီးတွေပျက်ဆီး
ပြီး မအောင်မြင်တုန်းက ဆရာကြီး ဘယ်လို
ခံစားခဲ့ရပါသလဲ။
အက်ဒီဆင် ။ ။ ကျွန်တော့်မှာ မအောင်
မြင်တာ တစ်ခုမှ မရှိပါဘူး။မီးသီးတွေ ပျက်
ဆီးခဲ့လို့ နောင်တစ်ခေါက် ထပ်လုပ်ရင် အဲဒီ
ပျက်စီးသွားတဲ့မီးသီးတွေလို မလုပ်ရဘူးဆို
တာကို အောင်မြင်စွာ တွေ့ခဲ့တယ်လို့ ခံစား
မိတယ်။ပျက်စီးခဲ့တဲ့ မီးလုံးတွေကြောင့်သာ
အခုလို ကောင်းမွန်တဲ့ မီးသီးတစ်လုံးကို
တီထွင်နိုင်ခဲ့တာ။
အက်ဒီဆင်၏ အဖြေအရ သူသည်
ပျက်စီးဆုံးရှုံးမှုအပေါ် မိမိကိုယ်ကို အပြစ်
တင်မနေဘဲ ( ကုက္ကစ္စ သဘော) အကောင်း
မြင်ဝါဒ (ယောနိသော မနသိကာရ) ကို
ကျင့်သုံးခဲ့တယ်။ဤအချက်သည်ပင် မီးသီး
ကို အောင်မြင်စွာတီထွင်နိုင်ခဲ့ခြင်းရဲ့ လျှို့ဝှက်
ချက် ဖြစ်တယ်။ဤအချက်သည်ပင် လူသိ
နည်းတဲ့ လူသားအားလုံးအတွက် သူရဲ့
လက်ဆောင်ဖြစ်တယ်။
သူတစ်ပါးကို အပြစ်တင်နေတဲ့သူ၊
မိမိကိုယ်ကို အပြစ်တင်နေတဲ့သူတွေက
အမြဲတမ်း စိတ်ရှုပ်နေတတ်တယ်။စိတ်ရှုပ်
ပွနေတော့ စိတ်မရှင်းတော့ဘူး။စိတ်မရှင်း
တော့ စိတ်မကြည်ဘူး။စိတ်မကြည်တော့
ကိုယ်သွားချင်တဲ့ အောင်မြင်ရေးလမ်းကြောင်း
ကို ကြည်ကြည်လင်လင် မမြင်ရတော့ဘူး။
မှုန်ဝါးနေမယ်။ထိုအခါ အောင်မြင်ရေးပန်းတိုင်
ရောက်ဖို့ကြံ့ကြာမယ်။ကုက္ကစ္စက သေးမလာ
ဘဲ ဆက်ပြီးကြီးထွားလာခဲ့ရင် အောင်မြင်ရေး
ပန်းတိုင်ကို ရောက်ဖို့မဆိုထားနဲ့ အောင်မြင်
ရေးလမ်းကြောင်းကိုတောင် မြင်ခွင့်ရမှာ
မဟုတ်တော့ဘူး။

" Forgive everybody including yourself. "

ဦးတိုးအောင်

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...