Thursday, May 29, 2014

သစ်ထူးလွင် သတင်းစုစည်းမှု (၂၉-၅)

သစ်ထူးလွင်


Posted: 29 May 2014 05:18 AM PDT
နေပြည်တော်၊ မေ ၂၉ ၂၀၁၄ ခုနှစ်၊ မေလ ၂၈ ရက်နေ့ နံနက် ၅ နာရီခွဲအချိန် ရှမ်းပြည်နယ်၊ ပင်လောင်းမြို့နယ်၊ ပင်လောင်း-လွိုင်ကော် ကားလမ်း၊ မိုင်တိုင်အမှတ်(၆၁/၇)နှင့်(၆၂)ကြား၊ နောင်ဝိုးတောင် အဆင်းတွင် ယာဉ်တိမ်း မှောက်မှု ဖြစ်ပွားကြောင်း သတင်းအရ ပင်လောင်းမြို့နယ် ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များသည် သက်သေများနှင့် အတူ သွားရောက် စစ်ဆေးခဲ့ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ မှ သတင်းထုတ် ပြန်ထားပါသည်။ စစ်ဆေးချက်အရ
Posted: 29 May 2014 05:09 AM PDT
နေပြည်တော်၊ မေ ၂၉ ၂၀၁၄ ခုနှစ်၊ မေလ ၂၈ ရက်နေ့ ၀၀၃၀ အချိန် မကွေးတိုင်းဒေသကြီး၊ ငဖဲမြို့နယ်၊ ဗိုလ်ကုန်းကျေးရွာတွင် ဓါးထိုးမှုဖြစ်ပွားကြောင်းသတင်းအရ ငဖဲမြို့မရဲစခန်းမှတပ်ဖွဲ့ဝင်များက သက်သေ များနှင့်အတူ သွားရောက်စစ်ဆေးခဲ့သည်။ စစ်ဆေးချက်အရ ၂၇-၅-၂၀၁၄ ရက်နေ့ ည ၉ နာရီခွဲ အချိန် ငဖဲမြို့နယ်၊ ပန်းထိမ်းအုပ်စု၊ ဗိုလ်ကုန်းကျေးရွာနေ ဒေါ်မြစပယ်(၅၄)နှစ်သည် နေအိမ်၌ရှိနေစဉ် ခင်ပွန်းဖြစ်သူ စိန်ကြည်(၆၁)နှစ်သည်
Posted: 29 May 2014 05:07 AM PDT
ရန်ကုန်၊ မေ ၂၇ နှင်းဆီကုန်းအဆင့်မြင့် အိမ်ယာဝင်း အမှတ် ၂ လမ်းသွယ်တွင် မေ ၁၉ ရက် ည ၇ နာရီခန့်က မုန့်ဝယ်ပြန် လာသော ၈ နှစ်အရွယ် ကလေးအား ကားဖြင့် တိုက်ဟန်ပြု စနောက်ရာမှ ကြိတ်မိသွားကာ သေဆုံး သွားကြောင်း သင်္ဃန်းကျွန်းမြို့နယ် ၌ ဖြစ်ပွားသွားကြောင်း သုဝဏ္ဏမြို့မရဲစခန်းမှ နယ်ထိန်းဦးမြင့်သိန်းက ပြောကြားသည်။ ကလေးအား စပြီး ကားဖြင့် တိုက်မည်ပြုရာတွင် ကလေးခြေထောက်အား ကြိတ်မိသဖြင့် ကားအား လမ်းဘေးသို့ ချစဉ်
Posted: 29 May 2014 04:53 AM PDT
နေပြည်တော်၊ မေ ၂၈ လွှတ်တော် အစည်းအဝေးများ၌ အစိုးရအဖွဲ့နှင့် သက်ဆိုင်ရာ ဝန်ကြီးဌာနများ၏ လုပ်ငန်း ဆောင်ရွက်ချက်များအပေါ် လွှတ်တော် ကိုယ်စားလှယ်များက မေးခွန်းမေးမြန်းရာ၌ ဆိုလိုရင်းကို တိုတိုရှင်းရှင်းနှင့် ထိရောက်စွာ မေးမြန်းကြရန် အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ ဦးခင်အောင်မြင့်က တိုက်တွန်းလိုက်သည်။ နေပြည်တော် လွှတ်တော် အဆောက်အအုံ၌ မေလ ၂၈ က ကျင်းပသော ပထမအကြိမ် အမျိုးသား လွှတ်တော် ဒဿမ ပုံမှန်အအစည်းအဝေး
Posted: 29 May 2014 04:51 AM PDT
ရန်ကုန်၊ မေ ၂၈ မြန်မာနိုင်ငံအတွင်းရှိ တက္ကသိုလ် အသီးသီးမှ ဆရာ၊ ဆရာမများကို ရာထူး တိုးမြှင့်ပေးခြင်းနှင့် ဒေသရွှေ့ပြောင်း ချထားခြင်းများ ပြုလုပ်ရာတွင် ပညာရေး ဝန်ကြီးဌာနက ပွင့်လင်းမြင်သာစွာ လုပ်ဆောင်မှု မရှိကြောင်း တက္ကသိုလ် ဆရာများအသင်းမှ တာဝန်ရှိသူများက မေလ ၂၈ ရက်နေ့က ရန်ကုန်မြို့တော် သထုံလမ်းတွင် ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားသည်။ “အခုဆို နယ်မှာ တာဝန်ကျနေတဲ့ ဆရာ၊ ဆရာမတွေကို Transfer
Posted: 29 May 2014 04:50 AM PDT
 ပုသိမ်၊ မဇ္ဈိမ။ ။ မြန်မာနိုင်ငံ၌ ၁၉၆၂နောက်ပိုင်း ပထမဆုံး ဆောက်လုပ်သည့် ပြည်သူ့ ဟစ်တိုင်ကို ဧရာဝတီတိုင်း ဒေသကြီး၊ ပုသိမ်မြို့ မုံရွာ-ရေဦး ကားလမ်းမကြီးပေါ်ရှိ မိခင်ကလေး စောင့်ရှောက်ရေး ရုံးအနီးတွင် ဆောက်လုပ်နေပြီး ဇွန်လ ပထမပတ်တွင် ဖွင့်လှစ်နိုင်မည်ဟု ဧရာဝတီတိုင်း ဒေသကြီး အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးအေးကျော်က မေလ ၂၈ရက်က အသိပေး ပြောဆိုလိုက်သည်။ “၀န်ကြီးချုပ်ကို ပြည်သူများက လွတ်လပ်စွာပြောဆိုရင်၊ြ
Posted: 29 May 2014 04:44 AM PDT
ပြည်မြို့ရှိ အနှေးယာဉ်လုပ်သား ၅ဝ ကျော်က လိုင်စင်ပြုလုပ်ရန် ခက်ခဲမှုကြောင့် မေလ ၂၇ ရက် နံနက်က ဆိုက်ကားအစီး ၃ဝ ဖြင့် မြို့တွင်း လှည့်လည် ဆန္ဒထုတ်ဖော်စဉ်။ (ဓာတ်ပုံ- ရေခဲ၊ ပြည်) ပြည်၊ မဇ္ဈိမ။            ။ ပဲခူးတိုင်း၊ ပြည်မြို့တွင် ဆိုင်ကယ်လိုင်စင်ဝင်ပါက လိုင်စင်စာအုပ်နှင့် ဆိုက်ကားပါလျှင် ဝင်ခွင့်ပေးရန် ပြည်မြို့ရှိ အနှေးယာဉ်လုပ်သား ၅ဝကျော်က ဆိုက်ကား အစီး ၃ဝဖြင့် မေလ၂၉ ရက် နံနက် ၉နာရီက
Posted: 29 May 2014 04:29 AM PDT
ရန်ကုန်၊ မေ ၂၈ လှိုင်သာယာမြို့နယ် အမှတ် (၆) ရပ်ကွက် သစ္စာလမ်းပေါ်တွင် မေလ ၁၁ ရက်နေ့က ခွင့်ပြုချက်မရှိဘဲ လူစုလူဝေးဖြင့် ဒီမိုကရေစီအရေးနှင့် လူအခွင့်အရေးဆိုင်ရာများ ဟောပြောပွဲ ပြုလုပ်ခဲ့သည်ဟု ဆိုကာ မြန်မာနိုင်ငံ တောင်သူလယ်သမားသမဂ္ဂ အဖွဲ့အစည်း ကော်မတီ တာဝန်ခံ ဒေါ်စုစုနွေးကို မေလ ၂၇ ရက်နေ့က လှိုင်သာယာမြို့မ ရဲစခန်းက ပုဒ်မ ၁၈ ဖြင့် အမှုဖွင့် အရေးယူထားကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ရုံးမှ သိရှိရသည်။
Posted: 29 May 2014 04:19 AM PDT
  ဒေါ်အောင်ဆန်းစုကြည် ထံလိပ်မူပေးပို့သော ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်၏ သတိ ပေးစာကို အကြောင်းပြုလျက် အောက်ခြေပြည်သူလူထုအနေ ဖြင့် ဒီမိုကရေစီပြုပြင်ပြောင်းလဲ ရေး၊ အမျိုးသားပြန်လည်သင့် မြတ်ရေးနှင့် လွတ်လပ်၍တရား မျှတသောရွေးကောက်ပွဲကျင်းပ ရေးတို့အပေါ် ယုံကြည်မှုကျဆင်း လာနိုင်ခြေရှိသည့်အားလျော်စွာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် သမာသမတ်ရှိရှိ၊ မယိမ်းမယိုင်၊ ကြားနေရပ်တည်နိုင်ရန် ပဓာနကျသည်။ ------
Posted: 29 May 2014 04:17 AM PDT
 အနည်းဆုံး တပ်မတော်သား တစ်ဦးဝင်ရောက် ထောက်ခံခြင်း မပြုဘဲနှင့် ၂၀၀၈ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံ ဥပဒေအား လွှတ်တော်တွင်း ပြင်ဆင်မှု မပြုနိုင်ခြင်းက မြန်မာ့နိုင်ငံရေး အတွက် အကျပ်အတည်း တစ်ခု ဖြစ်လာကြောင်း တမြန်နေ့က ကျွန်တော်တို့ ပြောခဲ့ကြပါသည်။ ဒီနေ့တော့ အဆိုပါ အကျပ်အတည်းထဲမှ တပ်မတော်အနေဖြင့် မည်သို့ အမြတ်ထုတ်နိုင်သလဲဆိုသည်ကို စိတ်ကူးကြည့်ကြပါစို့။ ယခုအခါ ၂၀၀၈ ဖွဲ့စည်းပုံ ကို ပြင်ဆင်ရေးတွင် တပ်မတော်
Posted: 29 May 2014 04:10 AM PDT
အခုနှစ်ဆန်းကနေ မေလဆန်းအထိ ၄ လ အတွင်း ပြည်ပကြွေးမြီ အမေရိကန် ဒေါ်လာ သန်း ၈၀၀ နီးပါး တိုးလာတယ်လို့ ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီက အစီရင်ခံပါတယ်။ မေ ၂၈ ရက်နေ့ ပြည်သူ့လွှတ်တော် အစည်းအဝေးမှာ အစီရင်ခံခဲ့တာ ဖြစ်ပြီး လက်ရှိ အချိန် နိုင်ငံခြားကြွေးမြီ အမေရိကန်ဒေါ်လာ ၁၀.၃ ဘီလီလျံ ကျော်သွားပြီ ဖြစ်တယ်လို့ ဆိုပါတယ်။ ဒီဇင်ဘာ ၃၁ ရက်နေ့အထိ ပြည်ပအကြွေး အမေရိကန်ဒေါ်လာ သန်း ၉၅၀၀ ကျော်ရှိခဲ့ပြီး နောက်ပိုင်း ဂျပန်
Posted: 29 May 2014 04:07 AM PDT
               ထိုင်းနိုင်ငံတွင် ညပိုင်း အလုပ်လုပ်ကိုင် နေကြသော မြန်မာလုပ်သား တစ်သိန်း ၀န်းကျင်ခန့်မှာ စားဝတ်နေရေး ခက်ခဲစပြု လာပြီ ဖြစ်ကြောင်း ထိုင်းနိုင်ငံ အခြေစိုက် မြန်မာရွှေ့ပြောင်းလုပ်သား အခွင့်အရေး ကွန်ရက်မှ သိရသည်။ ထိုင်းနိုင်ငံတွင် နိုင်ငံရေး မတည်ငြိမ်မှု များကြောင့် ပြီးခဲ့သည့် (၂၂) ရက်နေ့မှ စတင်ကာ ထိုင်းစစ်တပ်က အာဏာ သိမ်းယူခဲ့ပြီး၊ ထိုနေ့မှာပင် တစ်နိုင်ငံလုံးကို ည (၁၀) နာရီမှ နံနက် (၅)
Posted: 29 May 2014 04:05 AM PDT
               ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥပဒေအရ  ကြားဖြတ် ရွေးကောက်ပွဲတွင် သံဃာတော်များကို မဲပေးခွင့်ပြုမည် မဟုတ်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ထံမှ သတင်းရရှိသည်။ သံဃာတော်တွေ ဆန္ဒမဲ ပေးပိုင်ခွင့် နဲ့ ပတ်သက်ပြီး ကော်မရှင်ကို လာတင်တာ        ကျွန်တော်တော့ မတွေ့ရဘူး။ တကယ်လို့ လာတင်လည်း ကော်မရှင်အနေနဲ့ ကလည်း လုပ်ပိုင်ခွင့်၊ ဆုံးဖြတ်ပိုင်ခွင့် မရှိဘူး။ တကယ်လို့ လိုချင်ရင်
Posted: 29 May 2014 04:02 AM PDT
ရန်ကုန်၊ မေ ၂၉ ၂၉.၅.၂၀၁၄ ရက်နေ့ ၀၁၀၀ အချိန်ခန့်တွင် လှိုင်သာယာမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် နယ်မြေအတွင်း လှည့်ကင်းတာဝန်ဆောင်ရွက်စဉ် လှိုင်သာယာမြို့နယ်၊ (၅)ရပ်ကွက်၊ မြရိပ်ညို(၂)လမ်းရှိအဆောင်တွင် ခိုက်ရန်ဖြစ်ပွားကြောင်း သတင်းအရ သွားရောက်စစ်ဆေးရာ အဆောင်၏အောက်ထပ် အခန်းအမှတ်(၂)တွင် အမျိုးသားတစ်ဦးမှာ ၀ဲပါးပြတ်ရှဒဏ်ရာနှင့် ၀ဲပေါင်ထိုးသွင်းဒဏ်ရာများဖြင့် လဲကျသေဆုံး နေသည်ကိုတွေ့ရှိရပါသည်။ြ
Posted: 29 May 2014 03:56 AM PDT
ရန်ကုန်၊ မေ ၂၉ ၂၈.၅.၂၀၁၄ရက်နေ့ ၁၅၃၀အချိန် သုံးခွမြို့နယ်၊ အောင်ပန်းစိန် ကျေးရွာ နေသူများ ဖြစ်သည့် ကိုရဲဝင်းနိုင် (၂၈)နှစ်မောင်းနင်ပြီး မစန်းစန်းဆွေ (၂၇)နှစ် စီးနင်းလိုက်ပါလာသော ၂၄ယ/--- KENBO-110 စိမ်းပြာရောင်ဆိုင်ကယ်သည် သုံးခွမြို့နယ်၊ အမှတ်(၄)ရပ်ကွက်၊ အောင်ဇေယျလမ်းအတိုင်း အနောက်မှ အရှေ့သို့ မောင်းနှင်နေစဉ် ပုံနှိပ်တိုက်ရှေ့အရောက် ယာဉ်မောင်း (စုံစမ်းဆဲ)မောင်းနှင် လာသော BGO-1A---TE အစိမ်းရောင်
Posted: 29 May 2014 03:31 AM PDT
ကျိုင်းတုံ၊ မေ ၂၈ ရှမ်းပြည်နယ် အရှေ့ပိုင်း ကျိုင်းတုံမြို့တွင် မေလ ၂၇ ရက် ညနေ ၄ နာရီခန့်က မိုးသည်းထန်စွာ ရွာသွန်းပြီး လေပြင်းများ တိုက်ခတ်မှုကြောင့် အဆောက်အအုံနှင့် လျှပ်စစ်မီးတိုင်များအပေါ် သစ်ပင်ကြီးများ ပြိုကျကာ စာသင်ကျောင်းတစ်ခု အပါအဝင် အဆောက်အအုံ ၂၀ ကျော် ပျက်စီးခဲ့ပြီး လူတစ်ဦး ဒဏ်ရာရရှိခဲ့ကာ နွားကိုးကောင် သေဆုံးခဲ့ကြောင်း မြို့နယ် ဒေသခံများနှင့် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနတို့ထံမှ သိရသည်။
Posted: 28 May 2014 08:59 PM PDT
အမျိုးးသား ဒီမိုကရေစီ အဖွဲ့ချုပ် မြို့နယ်အဆင့် လူငယ်ညီလာခံများ အပြီး ရွေးချယ်ခံရသော လူငယ် ကိုယ်စားလှယ်လောင်း ၄,၅၀၀ ကျော်တွင် ပညာတတ် အမျိုးသမီးပါဝင်မှု ထက်ဝက်ခန့်ရှိသည်ဟု အင်န်အယ်လ်ဒီ လူငယ်ညီလာခံ ဖြစ်မြောက်ရေး ကော်မတီဥက္ကဋ္ဌ ဦးမောင်ဦးက မဇ္ဈိမကို ပြောသည်။ “အမျိုးသမီးက ထက်ဝက်နီးပါး ပါဝင်လာတယ်။ အဲဒီထဲမှာ ရှေ့နေတွေလည်း ပါတယ်။ ဒါရိုက်တာလည်းပါ တယ်။ သက်မွေးမှု ပညာရှင်တွေလည်း ပါတယ်” ဟု ပြောသည်။
Posted: 28 May 2014 08:47 PM PDT
မော်လမြိုင်၊ မေ ၂၈ မော်လမြိုင် နည်းပညာတက္ကသိုလ် ကျောင်းပရိဝုဏ်အတွင်း မူးယစ်ဆေးဝါး ရောင်းဝယ်မှုနှင့် သုံးစွဲမှုများ ကျောင်းသားများကြားတွင် ရှိနေကြောင်း ယင်းတက္ကသိုလ် ကျောင်းသားများနှင့် ကျောင်းသားများ သမဂ္ဂဝင်များက ပြောကြားသည်။ မုဒုံမြို့နယ် အောင်မေတ္တာ ဓမ္မရိပ်သာကျောင်းတွင် မေလ ၂၇ ရက်နေ့က ပြုလုပ်သည့် နည်းပညာတက္ကသိုလ် (မော်လမြိုင်) ကျောင်းသားများ တွေ့ဆုံပွဲတွင် ၎င်းတို့က ယင်းသို့ ပြောကြားလိုက်ခြင်း ဖြစ်သည်
Posted: 28 May 2014 08:19 PM PDT
 အီဂျစ်နိုင်ငံမှာ ပြုလုပ်နေတဲ့ သမ္မတရွေးကောက်ပွဲရဲ့ အစောပိုင်းထွက်လာတဲ့ ရလဒ်တွေ အရ အရင် ကာကွယ်ရေး ဦးစီး ချုပ်ဟောင်း Abdel-Fattah el-Sissi က မဲအပြတ်အသတ်နဲ့ ဦးဆောင် နေပါတယ်။ ပထမ အကြိမ်ထွက်လာတဲ့ ရလဒ်တွေအရ Sissi က မဲအရေအတွက် ၉၃ ရာခိုင်နှုန်းနဲ့ ဦးဆောင်နေပြီး တဦးတည်းသော သူ့ရဲ့ ပြိုင်ဖက်ဖြစ်တဲ့ လက်ဝဲ၀ါဒီ Hamdeen Sabahi ကတော့ ၃ ရာခိုင်နှုန်းလောက် ရရှိထားတယ်လို့ ဆိုပါတယ်။ မဲပေးသူတွေ မဲပေးနိုင်အောင်
Posted: 28 May 2014 08:15 PM PDT
  ရှမ်းပြည်နယ်မြောက်ပိုင်း  ကွတ်ခိုင်မြို့နယ်အတွင်းတွင် လက်နက်ကိုင်တပ်ဖွဲ့တစ်စုက ဖမ်းဆီးထားသည့် ဒေသခံ ၂၅ ဦးအရေးနှင့်ပတ်သက်၍ တပ်မ တော်နှင့် တိုင်းရင်းသားလက်နက် ကိုင်တပ်ဖွဲ့ဝင်များအကြား အခြေ အနေတင်းမာလျက် ရှိသည်။ ကွတ်ခိုင်မြို့နယ် လော်ခုံ ကျေးရွာနှင့် မန်နီးကျေးရွာတို့မှ ပလောင်တိုင်းရင်းသား ၂၅ ဦး သည်  မေလ ၂၁ ရက်  ညတွင် တအောင်း/ပလောင်ပြည်နယ် လွတ်မြောက်ရေးတပ်ဦး (PSLF/ TNLA) နှင့် ကချင်လွတ်မြောက်
Posted: 28 May 2014 08:13 PM PDT
 ဘူးသီးတောင်နှင့် မောင်တောနယ်စပ်လုံခြုံရေး အသုံးပြုရန်အတွက် ရဲလုပ်ငန်းသုံးကားအစီးရေ (၄၅)စီးတိုးမြှင့် ချထားပေးကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဌာနချုပ်၊ ရဲတပ်ရင်းများ ကွပ်ကဲမှုဦးစီးဌာနမှ သတင်းရရှိသည်။ ‘‘နယ်စပ်လုံခြုံရေးအတွက် ဖွဲ့စည်းပုံအတိုင်းပြည့်မီအောင် ထောက်/ကူပစ္စည်းတွေချထား ပေးတာပါ။   ပြီးခဲ့တဲ့နှစ်ပတ် လောက်က နယ်စပ်မှာဖြစ်ခဲ့တဲ့ အခြေအနေတွေကြောင့်လည်း လုံခြုံရေးကိုတိုးမြှင့်ချထားပါတယ်’’ဟု
Posted: 29 May 2014 03:57 AM PDT
 ရန်ကုန်တိုင်း ဒေသကြီး သုံးခွမြို့နယ် အောင်ဇေယျလမ်း အမှတ်(၄)ရပ်ကွက်မှာ  မေလ ၂၈ ရက်နေ့  ညနေ(၃)နာရီခန့်က ယာဉ်တိုက်မှု ဖြစ်ပွားခဲ့ရာ ဇနီးမောင်နှံ နှစ်ဦးမှ အမျိုးသမီး သေဆုံးသွားကြောင်း သစ်ထူးလွင် မှ သတင်းရရှိပါတယ်။ အဆိုပါ  ယဉ်တိုက်မှု  သေဆုံးသွားသူ အမျိုးသမီးမှာ  ဒေါင်ကြီးကျေးရွာနေ ကျောင်းဆရာမ (အောင်ပန်းစိန်ကျေးရွာ ကျောင်းဆရာမ) တဦးဖြစ်ပါတယ်။ ဇနီးမောင်နှံ နှစ်ဦး ဆိုင်ကယ်နှင့် သုံးခွမြို့မဈေးဘက်မှ
Posted: 28 May 2014 04:15 PM PDT
အမေရိကန် ထောက်လှမ်းရေး ဝရမ်းပြေး အက်ဒွပ် စနိုးဒန်း ဟာ သစ္စာဖောက် သူရဲဘောကြောင်သူ ဖြစ်ပြီး အမေရိကန် တရားစီရင်ရေး ကို မရင်ဆိုင် ရဲတဲ့သူ ဖြစ်တယ်လို့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဂျွန်ကယ်ရီ က ပြောကြား လိုက်ပါတယ်။ ကိုယ့်နိုင်ငံကို သစ္စာဖောက်ပြီး ရုရှလို အာဏာရှင် နိုင်ငံမှာ ခိုလှုံ နေတဲ့ စနိုးဒန်း အနေနဲ့ ယောကျာ်း ပီပီ နဲ့ အမေရိက ပြန်လာသင့်တယ် လို့လဲ မစ္စတာ ကယ်ရီ က ဆိုပါတယ်။ မစ္စတာ စနိုးဒန်း က သူ့
Posted: 28 May 2014 04:06 PM PDT
 မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ် ထုံးဘိုကျေးရွာမှာ ပြီးခဲ့တဲ့ မေလ ၂၆ ရက်နေ့က တောင်သူ ၅ ဦးကို အငြင်းပွားနေတဲ့ မြေယာကိစ္စဆွေးနွေးလိုကြောင်း ဖိတ်ခေါ်ပြီး လူတစ်စုက ဖမ်းဆီးရိုက်နှက် ခဲ့တဲ့အတွက် တောင်သူတွေ ဒဏ်ရာရခဲ့ကြပါတယ်။ "ပြင်ဦးလွင် မြို့နယ် ထုံးဘိုကျေးရွာတွင် ဦးစီုးမြင့်အား ဖုန်းဆက်ခေါ်ပြီး ကြိုးဖြင့်တုတ် ရိုက်နှက်ခဲ့သော အာရောဂျံ ဆေးရုံပိုင်ရှင် ဒေါ်မိမိလေး၏ လူငှားများ
Posted: 28 May 2014 03:37 PM PDT
  ၂၈.၅.၁၄ နေ့ တွင် လှိုင်သာယာ၊ ရွှေလင်ပန်း စက်မူ့ဇုံ ၊ မောင်ကျန်သီး လမ်းထောင့်မှာရှိတဲ့ Hope One အထည်ချုပ် စက်ရုံမှာ အလုပ်သမားများ လုပ်ခလစာတိုးမြှင့်ရရှိရေး အတွက် အဆိုပါ စက်ရုံရှေ့မှာ ဆန္ဒပြ တောင်းဆို ခဲ့ကြောင်း သစ်ထူးလွင်မှ သတင်းရရှိပါတယ်။  စက်ရုံတရုံလုံးရှိ အလုပ်သမား (၄၀၀)ကျော်ပါဝင်ခဲ့ပြီး ဆန္ဒပြတောင်းဆိုခဲ့ကြသည့် အချက်တွေကတော့ -- (၁)အခြေခံလစာကိုပုံသေသတ်မှတ်ပေးဖို့(Day ကြေး) (၂)လစာ(၂၀၀၀၀)

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...