ဆြာဒင်၏ခြေဥတရားစီရင်ခန်း
Min Din
(၁)
"ဃရာဝါသောဗဟုကိစ္စော" ကိစ္စများမြောင်လူတို့ဘောင်ဟု
ပညာရှိတို့ဆိုကြလေသောကြောင့် အသက်အရွယ်ထောက်လာသော ဆြာဒင် တစ်ယောက်
လောကီအရေးတို့ကို အထိုက်အလျောက် အာရုံနည်းလာသည်ကား အမှန်ဖြစ်၏။
ယောင်တစ်ထုံး အဆုံးခံကာ စိတ်ပုတီး နှင့် ရိပ်ကြီးခိုလိုသော်ငြား "တောခိုချင်
စိတ်ကယ်နဲ့၊သပိတ်ကို လွယ်သရေနွယ်ကွဲ့ ရှာတုန်း။
ချောင်အနီးမှာလ၊
မောင်ကြီးကို တစ္ဆေ ကိုက်
လိမ့်မယ်မင်းလိုက်ခဲ့အုံး"ဟူ၍စာချိုးကာအဖော်ခေါ်ရမည်ဖြစ်လေရာ ဖဝါးခြေထပ်
ထပ်ချပ်မကွာရေပူရေချမ်းကမ်းလှမ်း ရန်လိုက်ပါ ကြ မည့်
မော်ဒယ်အလှကပ္ပိယတစ်ပြုံတစ်မကြီးဖြင့်မူ မသင့်တော်လေရကား
ဧကစာရီတောမှီလိုသည့် မဟာအလောင်း တော်တို့၏စိတ်ထား မျိုးကို
အတန်တန်ချိုးနှိမ်နေရပြန်ချေ၏။
ထိုသို့လျှင် ဆြာဒင်တစ်ယေက်
ရှုပ်ထွေးပွေလီလှသည့် လောကီထုပ္ပတ်လူတို့ဇာတ်နှင့်
တတ်နိုင်သမျှကင်းအောင်ရှောင်ကာ ယိုးဒယား ပြည်
ဖူးခက်မြို့အမ်မခန်အရပ်ရှိနှစ်ထပ်အိမ်အိုကြီးပေါ်တွင်
မြင်မြင်သမျှသင်္ခါရပေတကားဟု ဓမ္မာနုဿတိတရား ပွားများလျက် ရှိနေချိန် တစ်ခုသော
နံနက်ခင်းတွင် အိမ်အောက်ထပ်ဆီမှ
အုံးအုံးကျွက်ကျွက်ဆူညံသောငြင်းခုံသံများကို ကြားရလေရာ လက်စွဲတော် တပည့်
ကျော်သုံးဦးနှင့် မျက်နှာစိမ်းလူငယ်တို့ကို
တွေ့မြင်ရလေ၏။ဆြာဒင်၏အိမ်ဂေဟာကား ၎င်းတို့အတွက်သာလာယံဇရပ်မျှသာ တည်း။
"ပြင်စရာမလိုဘူးလေ"
"ပြင်မှဖြစ်မှာပေါ့ဗျာ"
"မပြင်လို့ဘယ်ဖြစ်မလဲ"
"ခင်ဗျားတို့ဆြာဒင့်အားကိုး၊လူအုပ်ကြီးအားကိုးနဲ့ အနိုင်မကျင့်ကြနဲ့နော်။ဘာမှပြင်စရာမလိုဘူးဗျ။ဒီအတိုင်းပဲကောင်းပါတယ်"
သူ့လူကိုယ့်လူ အခြေအတင်ဖြစ်နေချိန်ဖြစ်ရကား၊ကြားဝင်ရန်ခက်လှသဖြင့်
ဆြာဒင်ခမျာ လှေခါးခြေရင်းမှာ ငူငူကြီးရပ်နေရင်း အကြောင်းခြင်းရာ
အဖြစ်သနစ်အစုံကို ပညာရှိသုခမိန်ဂိုက်ဖမ်းလျက်မေးမြန်းသမှုပြုရလေ၏။
"မကောင်းရင်ပြင်ပေါ့။ကောင်းရင်ဒီအတိုင်းထားလိုက်ကြပေါ့မောင်တို့ရာ။ဒါနဲ့ ဘာကိုပြင်မှာတုန်း။ဘာကိုမပြင်ချင်တာတုန်းမြွက်ကြပါစံ့"
"အာ၊ခေတ်နောက်ကျပါ့ဆြာဒင်ရယ်။ခြေဥလေဗျ။ခြေဥ"
ရုတ်တရက်အရင်းမရှိအဖျားမရှိဆိုလာသော ဖေကြည်ခေါ်အာရုံ၏ စကားတစွန်းတစ်စ၏အဖြေကို ဆြာဒင်တွေးမရသဖြင့် မျက်မှောင်ကို ကျုံ့လိုက်မိ၏။
"ဘာတုန်းဟ၊ခြေဥ။တော်သေးတာပေါ့ကွာ။လက်ဥမဖြစ်လို့"
"ဒုံးကတော့
ဝေးချက်ဆြာဒင်။၂၀၀၈ဖွဲ့စည်းပုံအခြေခံဥပဒေကိုပြောနေတာဗျ။တကတည်းဗျာ။ဗိုလ်စိန်မှန်နဲ့
အောင်ပင်လယ်က သတင်း တွေ မဖတ်ဘူးထင်ပါ့"
တင်္ခဏုပ္ပတ္တိဥာဏ်နှင့်ပြည့်စုံ၍ အကင်းပါးလှသောဆြာဒင်သည်
ကပ္ပလီငယ်၏ဒဲ့ဒိုးအဖြေစကားအဆုံးတွင် ချက်ဆိုနားခွက်က မီးတောက်
ခဲ့လေပြီတကား။သို့နှင့်ပင် အဆိုပါနက်နဲလှသော ပုစ္ဆာပဟေဠိ၏အဖြေကို
သဘာဝယုတ္တိ၊အာဂမယုတ္တိတို့ဖြင့် အဖြေတွက်ထုတ်နိုင်ရန် အလို့ငှာ
မုတ်ဆိတ်မွှေးကင်းမဲ့နေသော မေးစေ့ကို ညာလက်ဖြင့် အသာပွတ်ရင်း
လေးနက်စွာစဉ်းစားခန်းဝင်မိခဲ့ပြန်ချေသည်တမုံ့တကား။
(၂)
အဆိုပါမျက်နှာစိမ်းလူငယ်၏အမည်မှာ ဝင်းကျော်ခိုင်ဖြစ်၍
ဖူးခက်ပါတောင်ကမ်းခြေတွင် လက်ဖက်ရည်ဆိုင်ဖွင့်လှစ်ကာ ထိုင်းနိုင်ငံတွင်
လာရောက်အခြေကျစီးပွားလမ်းဝင်ငွေဖြောင့်နေသည့်
ဘွဲ့ရလူငယ်တစ်ဦးဖြစ်ချေ၏။သူ၏ဖခင်မှာ ဗမာ့တပ်မတော်တွင် ဒုတိယဗိုလ်မှူး ကြီး
ဖြစ်ခဲ့၍ ရဟန်းဘဝနှင့်အရိုးထုတ်သွားခဲ့သူဖြစ်ကြောင်း
သူကိုယ်တိုင်ဖွင့်ဟသော သူ့ဘဝဇာတ်ကြောင်းတစ်စွန်းတစ်စမှ ဆြာဒင်သိ ရပါ၏။
စင်စစ် ဆြာဒင့်မျက်စိရှေ့တွင် လူငယ်ဘာဝ အငြင်းပွားနေကြသည့် ကိစ္စပြဿနာသည်
ဆြာဒင်၏ ရင့်သန်လှသောဥာဏ်ပဋ္ဋိဘန်နှင့် နှိုင်းစာသော်
ရေးကြီးခွင်ကျယ်ကိစ္စရပ်မဟုတ်သော်ငြား မင်းပူးဆရာတော်ဦးသြဘာသ၏
မဟော်သဓာဇာတ်တော်ကြီးတွင်ဖော်ပြထား သော အောက်ပါစာပိုဒ်သည်
ဆြာဒင်၏အတွေးအိမ်တွင်းသို့ ရုတ်ခြည်းအမှတ်မထင်ဝင်ရောက်လာလေ၏။
"မင်းကြီးအား ဤရှားလှံတံတစ်ထွာမျှလောက်ကို အရင်းအဖျားသိရုံဖြင့်
အဘယ်အသုံးဝင်အံ့နည်း။ငါ့အားပညာစမ်းစေလွှတ်သည်သာ ဖြစ်မည် ဟုကြံပြီးလျှင်
"ဖခင်၊ဤရှားလှံတံကိုဆောင်ယူခဲ့လော့။အကျွန်ုပ်အရင်းအဖျားကိုသိလတ္တံ့" ဟုဆို၍
ရှားလှံတံကို ဆောင်ယူစေပြီး သော် ဘုရားလောင်းသည်
လက်ဖြင့်ရှားလှံတံ၏အလယ်၌ကိုင်၍ချီကာမျှဖြင့် "ဤကားအရင်း၊ဤကားအဖျား"ဟု
သိငြားသော်လည်း အများအားထင်ရှားစေခြင်းငှာ ရေတခွက်ကိုဆောင်ယူစေပြီးလျှင်
ရှားလှံတံ၏အလယ်ချက်တည့်တည့်၌ ချည်ကြိုးဖြင့်ချည်၍ ကြိုးစွန်က ကိုင်စေလျက်
ရေအပြင်၌ တင်ကာထား၏"(မူရင်းသတ်ပုံအတိုင်း)
ဤတွင်မသိတာမရှိ၊စုံစီနဖာ၊အနုံညာတပညာရှိ ဆြာဒင်သည်
ကြီးစွာသောဆင်ခြင်ဥာဏ်ဖြင့် စွယ်စုံမုန်သောက်လေသည့် မဟာပညာ ကျော်
အိုက်တင်ဖြင့် အောက်ပါအတိုင်းမြွက်ဟကြေညာလေ၏။
"အို၊အမောင်တို့။ခြေဥဟူသည်ကား လူထုနှင့်အစိုးရချုပ်ဆိုအပ်သော
နှစ်ဘက်သဘောတူစာချုပ်ဟု ဆိုကြပါကုန်၏။အစိုးရမင်းတို့ကား
မပြင်လိုကြ။လူထုကြီးကမူ ပြင်လိုကြကြောင်း လူထုခေါင်းဆောင်များက
အင်အားပြကြကုန်၏။ဤအစွန်းထွက်သော ပြသနာ၏ အဖြေကို ဆြာဒင်ဒက်ကနဲသိသော်ငြား
အများအားဖြင့်ထင်ရှားစေခြင်းငှာ ခိုင်လုံသောသက်သေသာဓကတို့ဖြင့် ပြမှသာ
တရားနည်းလမ်းကျပေအံ့။
ကျွန်ုပ်အပါအဝင်မောင်တို့အားလုံးသည်
အဆိုပါခြေဥအတည်ပြုစဉ်ကာလက ယိုးဒယားပြည်သို့ရောက်ရှိနေကြကုန်သည်ဖြစ်၍ ပြသနာ
၏အဝေးမှနေ၍မချဉ်းကပ်စကောင်း။သို့ဖြစ်၍ မိမိနေရင်းအရပ်
ရွှေနိုင်ငံတော်အရပ်တွင်းဆီသို့ ကိုယ်တိုင်ကိုယ်ကျ ကွင်းဆင်းကာ အဖြေ
ရှာခြင်းသည် အကောင်းတစ်ကာ့အကောင်းဆုံးဖြစ်ပေသောကြောင့်
ခုမကြာခရီးနှင်ကြရလေအောင် ပေါက်ဖော်တို့ နောက်တော်က လိုက်ခဲ့ကြပေကရော့"
(၃)
တကျိပ်၏ထက်ဝက်ဖြစ်သော ဆြာဒင်နှင့်အဖွဲ့သည်ကုန်ကျစားရိတ်ကို
ခြိုးခြံခြွေတာသည့်အနေဖြင့် လေကြောင်းလိုင်းခရီးစဉ်ကို အဝေး မှဖယ်ကြဉ်လျက်
ဖူးခက်မှသည် ကားနှင့်တသွယ်၊ကုန်းကြောင်းတနည်း ခရီးပြင်းနှင်လာကြရာ
ရွှေပြည်ဌာန၏နယ်စပ်တံခါးပေါက် မြဝတီ မြို့မှတစ်ဆင့်
မွန်ပြည်နယ်ဘီးလင်းမြို့အနီးသို့ဆိုက်ရောက်လာကြလေသည်။ခရီးကကြမ်းလူလည်းပမ်းကြသည်ကြောင့်
ဟာနေသော ဝမ်းတထွာကို ဖြည့်လျက်ပါစကမီးငြှိမ်းရန်အလို့ငှာ
လမ်းခရီးတစ်နေရာမှ အတန်ငယ်သန့်ရှင်းသပ်ယပ်သည့် "အောင်ပြည့်စုံ"အမည်ရှိ
စားသောက်ဆိုင်တစ်ခု အတွင်းသို့
မတိုင်ပင်ပဲခြေဦးလှည့်၊ဝင်ရောက်မိကြပြီးသကာလ ဘီယာနှင့် စားဖွယ်စုံတို့ကို
ဖြည့်တင်း မှီဝဲပြီး သည်တွင်လာရင်းကိစ္စကို သတိပြန်လည်လာကြပြန်၏။
"ဗျို့ဆြာဒင်။ပြည်တွင်းရောက်နေပြီလေဗျာ။မေးမြန်းစုံစမ်းရမဲ့ လုပ်ငန်းစတော့လေဗျာ။အဖြေကိုသိချင်လှပြီ"
အစားပိတ်အနေဖြင့် ထိုင်းနိုင်ငံထုတ် ချန်းဘီယာလေးမြံုံ့နေသော ဆြာဒင်မှာ
တပည့်ကျော်၏သတိပေးစကားကြောင့် ရုတ်ခြည်း သတိ ဝင်လာလျက် စားပွဲပေါ်မှာ
စားကြွင်းစားကျန်ပန်းကန်ခွက်ယောက်တို့ကို သိမ်းဆည်းနေသည့်
ဘိုကေဆံပင်၊စစ်စွပ်ကျယ်ဂျိုင်းပြတ်နှင့် အသက်ခပ်ကြီးကြီးစားပွဲထိုးအား
ဆိုင်းမဆင့်ဗုံမဆင့်၊ကောက်ကာငင်ကာ မေးခွန်းထုတ်လိုက်လေသည်။
"ဒီမယ်နောင်ကြီးရဲ့။စကားမစပ်ဗျာ။ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်သင့်မပြင်သင့် နောင်ကြီးရဲ့အမြင်လေးသိပါရစေခင်ဗျာ"
စစ်တဘက်တထည်ကိုပုခုံးပေါ်တင်ထားသည့်စားပွဲထိုးကြီးသည် ဆြာဒင့်ကို
ဆတ်ကနဲခေါင်းမော့ကြည့်၏။သူ့မျက်နှာတွင် သရော်ပြုံး
တစ်ချက်ကိုလှစ်ကနဲမြင်လိုက်ရပြီး လေသံ ခပ်အေးအေးဖြင့် ဆြာဒင့်အမေးကို
ခွန်းတုန့်ပြန်၏။
"၂၀၀၈ဖွဲ့စည်းပုံကို ထောက်ခံသလား၊မထောက်ခံဘူးလားဆိုတာ ဖြေရမှာလား"
"ဒီသဘောပါပဲနောင်တော်ကြီးရယ်။ထောက်ခံတယ်ဆိုရင်ဖြင့်ပြင်စရာမလိုဘူးပေါ့"
"သိပ်ရှည်ရှည်ဝေးဝေး ဖြေစရာကိုမလိုပါဘူး။ ၂၀၀၈ဖွဲ့စည်းပုံဆိုတာ
လူတွေဘာမှန်းတောင်မသိမှ မသိလိုက်ကြဘဲ အတင်းအတည်ပြုခဲ့ တဲ့
ဖွဲ့စည်းပုံကြီးပဲ"
ကပ္ပလီ၊ဖေကြည်နှင့်လေမင်းသားတို့၏မျက်နှာထားအသီးသီးကား
ဝင်းပကြည်လင်သွားကြ၏။ဝင်းကျော်ခိုင်ကမူ ကျေနပ်ဟန်မပြပဲ ဆိုင်မှ အထွက်တွင်
စကားတခွန်းဆိုသည်။
"ဆြာဒင်လူရွေးမမေးနဲ့လေ။အဲဒါစားပွဲထိုးမဟုတ်ဘူးနော်။နိုင်ငံတော်စာရင်းစစ်ချုပ်အငြိမ်းစားဗိုလ်ချုပ်လွန်းမောင်ဗျ။
ဦးသိန်းစိန်အစိုးရ လက်ထက် မှာ ပြည်ထောင်စုဝန်ကြီးဋ္ဌာတွေရဲ့
ငွေစာရင်းကွာဟချက်တွေကို စစ်ဆေးတွေ့ရှိခဲ့တဲ့သူ၊
မီဒီယာတွေဆီသတင်းပေါက်ကြား လို့ ရာထူးက အနားပေးခံခဲ့ရတာဗျ"
"ဟုတ်ပါပြီမောင်ရဲ့။ဗိုလ်ချုပ်ဟောင်းပြောကာမျှနဲ့လည်း အတည်မယူသေးပါဘူး။ရှေ့ခရီးဆက်ကြအုံးစို့ရဲ့။ကားကြုံလေးသာတားပါလေ"
(၄)
ဆြာဒင်နှင့်အဖွဲ့ကား
ရွှေပြည်ဌာန၊ဒုတိယမြို့တော်ရန်ကုန်ဆီသို့ရောက်ကြသည်တွင်
နီးစပ်ရာ၊တွေ့တွေ့သမျှ ရဟန်းရှင်လူပြည်သူတို့အား ခြေဥ
ပြင်ရေးမပြင်ရေးအမေးပုစ္ဆာကိုမေးခဲ့ကြသည်ချည်းဖြစ်ပါ၏။သို့သော်အဖြေတို့ကား
ယောင်ဝါးဝါးနိုင်လှချေသည်။
"ရပ်ကွက်လူကြီးထည့်လိုက်တယ်ပြောတာပဲဗျာ"
"အချိန်ကုန်ခံပြီး မဖြေပါရစေနဲ့၊သည်းခံလော့ဒကာ။သီတင်းသုံးနေတဲ့ကျောင်းလေး ဘူဒိုစာလက်ချက်မိသွားလို့ပါ"
"နေပါဦး။၂၀၀၈တုန်းက အဲဒီဥပဒေကို ကန့်ကွက်လို့ရရဲ့လားဗျာ။လမ်းဘေးဈေးသည်ဘဝကနေ အင်းစိန်တောရရောက်သွားတော့ မပေါ့"
"ရုံးတွေမှာပဲ စုပြီးထည့်လိုက်ကြတာပါပဲ။မထောက်ခံလို့မှမဖြစ်ပဲကိုး"
အဆိုပါအဖြေတို့အပေါ်လိုရာဆွဲတွေးလျက်ကောက်ချက်ချနိုင်သော်ငြား
အစွန်းတရားကင်းလိုသော ဆြာဒင်သည် ခရီးကို ရှေ့ဆက်နှင် ပြန်လေရာ
ခရီးလမ်းကြောင်းသည်
ဧရာဝတီတိုင်းဆီသို့ဖြစ်၏။ခြေဥပြင်သင့်မပြင်သင့်ကိစ္စရပ်နှင့်ပတ်သက်၍
ဆြာဒင်တို့အဖွဲ့ ဧရာဝတီ တိုင်းသို့ ရောက်ရှိလာသည်ကို
ကြိုတင်သတင်းရဟန်တူသည့် တိုင်းဝန်ကြီးချုပ်သည် ၎င်းစံမြန်းရာအိမ်တော်သို့
ဆြာဒင်နှင့်အဖွဲ့ကို ဖိတ်ခေါ်ကာ
လွန်စွာလက်ရာမြောက်လှသောဧရာမကျွန်းကနုတ်ဆက်တီပေါ်တွင်အမိန့်သားထိုင်လျက်
လေးလေးနက်နက်မိန့်ဆို မှတ်ချက်ပြုသည်ကား ...."ဒီဖွဲ့ စည်းပုံရေးဆွဲစဉ်က
တိုင်းပြည်ရဲ့ထိပ်တန်းပုဂ္ဂိုလ်တွေပါတယ်။ လူမှုရေးအဖွဲ့အစည်း
ပေါင်းစုံပါတယ်။ မပါချင်တဲ့ပါတီ မပါတာ ကတော့ မတတ်နိုင်ဘူး။ခုမှလာပြီး
တောင်အော်မြောက်အော် မအော်နဲ့" ဟူသတည်း။
ခရီးစဉ်တလျှောက်ဖတ်ရှုရသည့်သတင်းစာနှင့်ဂျာနယ်များတွင်ဖော်ပြထားချက်များအရ
သမတကြီးအနေဖြင့် ခြေဥပြင်ဆင်ရေး လှုံ့ဆော်စည်းရုံးပွဲများသည်
တိုင်းပြည်ကိုဆူပူမှုဖြစ်ပွားစေနိုင်သဖြင့်
ပူပန်မိကြောင်းသိရှိရ၏။ကြံ့ဖွံ့အသင်းကြီး၏ တာဝန်ရှိပုဂ္ဂိုလ်ကြီး တစ်ဦးကမူ
အခြေခံဥပဒေကို တစ်ယောက်တည်းအတွက် မပြင်ဆင်နိုင်ဟုဆို၏။အာဏာရပါတီမှ
လွှတ်တော်အမတ်အများစုနှင့် ကာကွယ်ရေးဦးစီးချုပ်တို့ကား ၉၂%
ကျော်လူထုဆန္ဒဖြင့် ထောက်ခံထားခဲ့သည်ဖြစ်၍ မပြင်လိုကြောင်း
အသံကုန်ဟစ်ကြ၏။ဤသို့လျှင် ဆြာဒင်နှင့်အဖွဲ့သည် ဧရာဝတီတိုင်းဘိုကလေးမြို့နယ်
ကဒုံ၊ကနိ၊ဧရာ၊အမာစသော ပင်လယ်နှင့်ထိစပ်နေသည့် ဒေသများဆီသို့ ရောက်ခဲ့
ကြပြန်လေရာ သောင်မတင်ရေမကျဖြစ်နေဆဲ ပုစ္ဆာ၏အဖြေကို
တွက်ထုတ်နိုင်ရန်အလို့ငှာဆက်လက်လုံးပန်းကြရပြန်ပါ၏။
(၅)
"ခြေဥပြင်သင့်မပြင်သင့်"ဟူသော ကိစ္စနှင့်ပတ်သက်၍ မေးမြန်းနိုင်ရန်အလို့ငှာ
ရပ်မိရပ်ဖတို့ကို မေတ္တာရပ်ခံတောင်းပန်လေရာ တစ်ခု
သောကွင်းပြင်ကွက်လပ်ကြီးတစ်ခုဆီသို့တက်ရောက်လာကြသော ပြည်သူပရိသတ်တို့ကား
သောင်းဂဏန်းမျှပင်ရှိအံ့ထင်၏။ဆြာဒင် ကား ခွေးခြေငယ်တစ်ခုပေါ်တွင်
မတ်တပ်ရပ်ရင်း
စုရုံးရောက်ရှိလာသောလူထုကြီးအားလိုတိုရှင်းပင်မေးမြန်းသမှုပြုခဲ့ရချေသည်။
"၂၀၀၈ ခြေဥကိုပြင်သင့်မပြင်သင့် ကိုရင်တို့ထင်မြင်ချက်လေး သိပါရစေခင်ဗျာ"
လူထုပရိသတ်သည်ဆြာဒင်၏ အသံကြောင့်မီးကို ရေနှင့်ဖြန်းသကဲ့သို့ ခေတ္တမျှ ငြိမ်သက်သွားပြီးနောက် အသံတချို့ ကွက်ကြားကွက် ကြားထွက်ပေါ်လာ၏။
"ဟာ။ဒီလူတွေ အူကြောင်ကြောင်နဲ့ ဘာတွေလာမေးနေပါလိမ့်"
"အေးလေကွာ။ဘောင်းဘီတွေရှူးဖိနပ်တွေနဲ့ဆိုတော့ နိုင်ငံတကာကူညီထောက်ပံ့ရေးအဖွဲ့ကများလားလို့။လက်စသတ်တော့.."
"တော်တော်အလိုက်ကန်းဆိုးမသိတဲ့လူတွေပဲ"
မည်သို့ပင်တီးတိုးရေရွတ်စကားဆိုနေကြစေကာမူ ဆြာဒင်ကား
စိတ်ပျက်အားလျော့ခြင်းမရှိပဲ၊ ဒုတိယမ္ပိမေးခွန်းထုတ်မိပြန်၏။
မေးခွန်းအဆုံးမှာပင် လူထုကြီးထံမှ ကျယ်လောင်လှသော.. "အီး အီး အီး ရွှတ်
ရွှတ်" ဟူသည့် ငိုချင်းချသံကြီးသည် အထက်ဘဝဂ် တိုင်လောက်အောင်
မြည်ဟည်းဆူညံလျက် ဒေါသတကြီးကြိမ်းမောင်းသံတို့ပါဆက်တိုက်ထွက်ပေါ်လာတော့သည်။
"ကိုချစ်စူရေ။ ရှင့်အလောင်းကိုမကောက်ပဲ ရှင့်လက်ဗွေကို ဇွတ်နှိပ်ပြီးအတည်ပြုဖြစ်သွားတဲ့ဥပဒေကြီးကိုလာကြည့်လှဲ့ပါအုံးတော့"
"နာဂစ်ဖြစ်ပြီလည်းဆိုရော ဘာမှပါမလာ၊လက်ချည်းသက်သက် အခြေအနေလာကြည့်သွားတဲ့ လူတွေရေးတဲ့ဥပဒေကြီးပေါ့"
"၂၀၀၈မှာသူတို့ပွဲပျက်မှာစိုးလို့ နာဂစ်လာမှာသိသိချည်းနဲ့ သတင်းမှောင်ချထားခဲ့ကြတာကွ"
"အမေရိကန်က ထောက်ပံ့ရေးသင်္ဘောတွေ အဝင်မခံခဲ့ဘူးတဲ့ကွာ။ရိုင်းချက်ကတော့ ကမ်းကုန်တယ်"
"အေးလေကွာ။မေးစရာမှမလိုတာ"
"မမေးသင့်မေးခွန်း လာမေးနေတယ်။ ကြာတယ်ကွာ။ဝိုင်းရိုက်ကြ"
"ဟုတ်တယ်။ရိုက်ကွ။ချကွ။နာနာလေးသာရိုက်"
"ခဲနဲ့ထု၊တုတ်နဲ့ပစ်ကြဟေ့။ဆော်ကြကွာ၊ဆော်ကြ"
နောက်ကျသောဖနောင့်သည် ဆြာဒင်တို့၏သစ္စာဖောက်ပေတည်း။ဆရာတပည့်အားလုံး
ဘွတ်ဖိနပ်ကိုယ်စီကျွတ်ကျကျန်ခဲ့သည်ကိုပင် မကောက်အား။နောက်မှလိုက်ပါလာသော
လူအုပ်ကြီးနှင့်ဝေးရာသို့ တင်ပါးကိုဂျက်တပ်ကာ
ခြေကုန်သုတ်ကြရ၏။ဦးခေါင်းထက်ဆီမှ တဝီဝီဝဲပျံနေသည့်
ဖိနပ်စုပ်၊တုတ်အပိုင်းအစ၊အုတ်ခဲကျိုးတို့ကို
ကျွမ်းကျင်စွာရှောင်တိမ်းပြေးလွှားနေသော ဝင်းကျော်ခိုင်ထံမှ အမော
ဖောက်သံကြီးနှင့်အတူ ဝန်ခံစကားတခွန်းသည် မြန်နှုန်းမြင့်ခြေအစုံဖြင့်
အသားကုန်ပြေးနေသော ဆြာဒင့်နားစည်တွင်းသို့ လေအဟုန် ဖြင့်ဝင်လာခဲ့လေ၏။
"၉၂%ရာနှုန်းမကလို့။ရာနှုန်းတစ်သောင်းကျော်ရင်လည်း၊သေချာပေါက်ပြင်သင့်တာပေါ့ဆြာဒင်ရယ်။ပြေးနိုင်မှလွတ်မယ်ဆြာဒင်ရေ့"
ဤသို့လျှင် ခြေဥတရားစီရင်ခန်းအပြီး၌ ဆြာဒင့်အပေါ်တပည့်ကျော်တို့၏ ကောင်းချီးမင်္ဂလာသည်တကြိမ်ဖြစ်ပြန်လေသတည်း။
http://7daydaily.com/story/11364#.U31I7Sior90
၂၂။၀၅။၂၀၁၄နေ့ထုတ်ဆဲဗင်းဒေးနေ့စဉ်သတင်းစာ
မင်းဒင်
"ဃရာဝါသောဗဟုကိစ္စော" ကိစ္စများမြောင်လူတို့ဘောင်ဟု ပညာရှိတို့ဆိုကြလေသောကြောင့် အသက်အရွယ်ထောက်လာသော ဆြာဒင် တစ်ယောက် လောကီအရေးတို့ကို အထိုက်အလျောက် အာရုံနည်းလာသည်ကား အမှန်ဖြစ်၏။ ယောင်တစ်ထုံး အဆုံးခံကာ စိတ်ပုတီး နှင့် ရိပ်ကြီးခိုလိုသော်ငြား "တောခိုချင် စိတ်ကယ်နဲ့၊သပိတ်ကို လွယ်သရေနွယ်ကွဲ့ ရှာတုန်း။
ချောင်အနီးမှာလ၊ မောင်ကြီးကို တစ္ဆေ ကိုက် လိမ့်မယ်မင်းလိုက်ခဲ့အုံး"ဟူ၍စာချိုးကာအဖော်ခေါ်ရမည်ဖြစ်လေရာ ဖဝါးခြေထပ် ထပ်ချပ်မကွာရေပူရေချမ်းကမ်းလှမ်း ရန်လိုက်ပါ ကြ မည့် မော်ဒယ်အလှကပ္ပိယတစ်ပြုံတစ်မကြီးဖြင့်မူ မသင့်တော်လေရကား ဧကစာရီတောမှီလိုသည့် မဟာအလောင်း တော်တို့၏စိတ်ထား မျိုးကို အတန်တန်ချိုးနှိမ်နေရပြန်ချေ၏။
ထိုသို့လျှင် ဆြာဒင်တစ်ယေက် ရှုပ်ထွေးပွေလီလှသည့် လောကီထုပ္ပတ်လူတို့ဇာတ်နှင့် တတ်နိုင်သမျှကင်းအောင်ရှောင်ကာ ယိုးဒယား ပြည် ဖူးခက်မြို့အမ်မခန်အရပ်ရှိနှစ်ထပ်အိမ်အိုကြီးပေါ်တွင် မြင်မြင်သမျှသင်္ခါရပေတကားဟု ဓမ္မာနုဿတိတရား ပွားများလျက် ရှိနေချိန် တစ်ခုသော နံနက်ခင်းတွင် အိမ်အောက်ထပ်ဆီမှ အုံးအုံးကျွက်ကျွက်ဆူညံသောငြင်းခုံသံများကို ကြားရလေရာ လက်စွဲတော် တပည့် ကျော်သုံးဦးနှင့် မျက်နှာစိမ်းလူငယ်တို့ကို တွေ့မြင်ရလေ၏။ဆြာဒင်၏အိမ်ဂေဟာကား ၎င်းတို့အတွက်သာလာယံဇရပ်မျှသာ တည်း။
"ပြင်စရာမလိုဘူးလေ"
"ပြင်မှဖြစ်မှာပေါ့ဗျာ"
"မပြင်လို့ဘယ်ဖြစ်မလဲ"
"ခင်ဗျားတို့ဆြာဒင့်အားကိုး၊လူအုပ်ကြီးအားကိုးနဲ့ အနိုင်မကျင့်ကြနဲ့နော်။ဘာမှပြင်စရာမလိုဘူးဗျ။ဒီအတိုင်းပဲကောင်းပါတယ်"
သူ့လူကိုယ့်လူ အခြေအတင်ဖြစ်နေချိန်ဖြစ်ရကား၊ကြားဝင်ရန်ခက်လှသဖြင့် ဆြာဒင်ခမျာ လှေခါးခြေရင်းမှာ ငူငူကြီးရပ်နေရင်း အကြောင်းခြင်းရာ အဖြစ်သနစ်အစုံကို ပညာရှိသုခမိန်ဂိုက်ဖမ်းလျက်မေးမြန်းသမှုပြုရလေ၏။
"မကောင်းရင်ပြင်ပေါ့။ကောင်းရင်ဒီအတိုင်းထားလိုက်ကြပေါ့မောင်တို့ရာ။ဒါနဲ့ ဘာကိုပြင်မှာတုန်း။ဘာကိုမပြင်ချင်တာတုန်းမြွက်ကြပါစံ့"
"အာ၊ခေတ်နောက်ကျပါ့ဆြာဒင်ရယ်။ခြေဥလေဗျ။ခြေဥ"
ရုတ်တရက်အရင်းမရှိအဖျားမရှိဆိုလာသော ဖေကြည်ခေါ်အာရုံ၏ စကားတစွန်းတစ်စ၏အဖြေကို ဆြာဒင်တွေးမရသဖြင့် မျက်မှောင်ကို ကျုံ့လိုက်မိ၏။
"ဘာတုန်းဟ၊ခြေဥ။တော်သေးတာပေါ့ကွာ။လက်ဥမဖြစ်လို့"
"ဒုံးကတော့ ဝေးချက်ဆြာဒင်။၂၀၀၈ဖွဲ့စည်းပုံအခြေခံဥပဒေကိုပြောနေတာဗျ။တကတည်းဗျာ။ဗိုလ်စိန်မှန်နဲ့ အောင်ပင်လယ်က သတင်း တွေ မဖတ်ဘူးထင်ပါ့"
တင်္ခဏုပ္ပတ္တိဥာဏ်နှင့်ပြည့်စုံ၍ အကင်းပါးလှသောဆြာဒင်သည် ကပ္ပလီငယ်၏ဒဲ့ဒိုးအဖြေစကားအဆုံးတွင် ချက်ဆိုနားခွက်က မီးတောက် ခဲ့လေပြီတကား။သို့နှင့်ပင် အဆိုပါနက်နဲလှသော ပုစ္ဆာပဟေဠိ၏အဖြေကို သဘာဝယုတ္တိ၊အာဂမယုတ္တိတို့ဖြင့် အဖြေတွက်ထုတ်နိုင်ရန် အလို့ငှာ မုတ်ဆိတ်မွှေးကင်းမဲ့နေသော မေးစေ့ကို ညာလက်ဖြင့် အသာပွတ်ရင်း လေးနက်စွာစဉ်းစားခန်းဝင်မိခဲ့ပြန်ချေသည်တမုံ့တကား။
(၂)
အဆိုပါမျက်နှာစိမ်းလူငယ်၏အမည်မှာ ဝင်းကျော်ခိုင်ဖြစ်၍ ဖူးခက်ပါတောင်ကမ်းခြေတွင် လက်ဖက်ရည်ဆိုင်ဖွင့်လှစ်ကာ ထိုင်းနိုင်ငံတွင် လာရောက်အခြေကျစီးပွားလမ်းဝင်ငွေဖြောင့်နေသည့် ဘွဲ့ရလူငယ်တစ်ဦးဖြစ်ချေ၏။သူ၏ဖခင်မှာ ဗမာ့တပ်မတော်တွင် ဒုတိယဗိုလ်မှူး ကြီး ဖြစ်ခဲ့၍ ရဟန်းဘဝနှင့်အရိုးထုတ်သွားခဲ့သူဖြစ်ကြောင်း သူကိုယ်တိုင်ဖွင့်ဟသော သူ့ဘဝဇာတ်ကြောင်းတစ်စွန်းတစ်စမှ ဆြာဒင်သိ ရပါ၏။
စင်စစ် ဆြာဒင့်မျက်စိရှေ့တွင် လူငယ်ဘာဝ အငြင်းပွားနေကြသည့် ကိစ္စပြဿနာသည် ဆြာဒင်၏ ရင့်သန်လှသောဥာဏ်ပဋ္ဋိဘန်နှင့် နှိုင်းစာသော် ရေးကြီးခွင်ကျယ်ကိစ္စရပ်မဟုတ်သော်ငြား မင်းပူးဆရာတော်ဦးသြဘာသ၏ မဟော်သဓာဇာတ်တော်ကြီးတွင်ဖော်ပြထား သော အောက်ပါစာပိုဒ်သည် ဆြာဒင်၏အတွေးအိမ်တွင်းသို့ ရုတ်ခြည်းအမှတ်မထင်ဝင်ရောက်လာလေ၏။
"မင်းကြီးအား ဤရှားလှံတံတစ်ထွာမျှလောက်ကို အရင်းအဖျားသိရုံဖြင့် အဘယ်အသုံးဝင်အံ့နည်း။ငါ့အားပညာစမ်းစေလွှတ်သည်သာ ဖြစ်မည် ဟုကြံပြီးလျှင် "ဖခင်၊ဤရှားလှံတံကိုဆောင်ယူခဲ့လော့။အကျွန်ုပ်အရင်းအဖျားကိုသိလတ္တံ့" ဟုဆို၍ ရှားလှံတံကို ဆောင်ယူစေပြီး သော် ဘုရားလောင်းသည် လက်ဖြင့်ရှားလှံတံ၏အလယ်၌ကိုင်၍ချီကာမျှဖြင့် "ဤကားအရင်း၊ဤကားအဖျား"ဟု သိငြားသော်လည်း အများအားထင်ရှားစေခြင်းငှာ ရေတခွက်ကိုဆောင်ယူစေပြီးလျှင် ရှားလှံတံ၏အလယ်ချက်တည့်တည့်၌ ချည်ကြိုးဖြင့်ချည်၍ ကြိုးစွန်က ကိုင်စေလျက် ရေအပြင်၌ တင်ကာထား၏"(မူရင်းသတ်ပုံအတိုင်း)
ဤတွင်မသိတာမရှိ၊စုံစီနဖာ၊အနုံညာတပညာရှိ ဆြာဒင်သည် ကြီးစွာသောဆင်ခြင်ဥာဏ်ဖြင့် စွယ်စုံမုန်သောက်လေသည့် မဟာပညာ ကျော် အိုက်တင်ဖြင့် အောက်ပါအတိုင်းမြွက်ဟကြေညာလေ၏။
"အို၊အမောင်တို့။ခြေဥဟူသည်ကား လူထုနှင့်အစိုးရချုပ်ဆိုအပ်သော နှစ်ဘက်သဘောတူစာချုပ်ဟု ဆိုကြပါကုန်၏။အစိုးရမင်းတို့ကား မပြင်လိုကြ။လူထုကြီးကမူ ပြင်လိုကြကြောင်း လူထုခေါင်းဆောင်များက အင်အားပြကြကုန်၏။ဤအစွန်းထွက်သော ပြသနာ၏ အဖြေကို ဆြာဒင်ဒက်ကနဲသိသော်ငြား အများအားဖြင့်ထင်ရှားစေခြင်းငှာ ခိုင်လုံသောသက်သေသာဓကတို့ဖြင့် ပြမှသာ တရားနည်းလမ်းကျပေအံ့။
ကျွန်ုပ်အပါအဝင်မောင်တို့အားလုံးသည် အဆိုပါခြေဥအတည်ပြုစဉ်ကာလက ယိုးဒယားပြည်သို့ရောက်ရှိနေကြကုန်သည်ဖြစ်၍ ပြသနာ ၏အဝေးမှနေ၍မချဉ်းကပ်စကောင်း။သို့ဖြစ်၍ မိမိနေရင်းအရပ် ရွှေနိုင်ငံတော်အရပ်တွင်းဆီသို့ ကိုယ်တိုင်ကိုယ်ကျ ကွင်းဆင်းကာ အဖြေ ရှာခြင်းသည် အကောင်းတစ်ကာ့အကောင်းဆုံးဖြစ်ပေသောကြောင့် ခုမကြာခရီးနှင်ကြရလေအောင် ပေါက်ဖော်တို့ နောက်တော်က လိုက်ခဲ့ကြပေကရော့"
(၃)
တကျိပ်၏ထက်ဝက်ဖြစ်သော ဆြာဒင်နှင့်အဖွဲ့သည်ကုန်ကျစားရိတ်ကို ခြိုးခြံခြွေတာသည့်အနေဖြင့် လေကြောင်းလိုင်းခရီးစဉ်ကို အဝေး မှဖယ်ကြဉ်လျက် ဖူးခက်မှသည် ကားနှင့်တသွယ်၊ကုန်းကြောင်းတနည်း ခရီးပြင်းနှင်လာကြရာ ရွှေပြည်ဌာန၏နယ်စပ်တံခါးပေါက် မြဝတီ မြို့မှတစ်ဆင့် မွန်ပြည်နယ်ဘီးလင်းမြို့အနီးသို့ဆိုက်ရောက်လာကြလေသည်။ခရီးကကြမ်းလူလည်းပမ်းကြသည်ကြောင့် ဟာနေသော ဝမ်းတထွာကို ဖြည့်လျက်ပါစကမီးငြှိမ်းရန်အလို့ငှာ လမ်းခရီးတစ်နေရာမှ အတန်ငယ်သန့်ရှင်းသပ်ယပ်သည့် "အောင်ပြည့်စုံ"အမည်ရှိ စားသောက်ဆိုင်တစ်ခု အတွင်းသို့ မတိုင်ပင်ပဲခြေဦးလှည့်၊ဝင်ရောက်မိကြပြီးသကာလ ဘီယာနှင့် စားဖွယ်စုံတို့ကို ဖြည့်တင်း မှီဝဲပြီး သည်တွင်လာရင်းကိစ္စကို သတိပြန်လည်လာကြပြန်၏။
"ဗျို့ဆြာဒင်။ပြည်တွင်းရောက်နေပြီလေဗျာ။မေးမြန်းစုံစမ်းရမဲ့ လုပ်ငန်းစတော့လေဗျာ။အဖြေကိုသိချင်လှပြီ"
အစားပိတ်အနေဖြင့် ထိုင်းနိုင်ငံထုတ် ချန်းဘီယာလေးမြံုံ့နေသော ဆြာဒင်မှာ တပည့်ကျော်၏သတိပေးစကားကြောင့် ရုတ်ခြည်း သတိ ဝင်လာလျက် စားပွဲပေါ်မှာ စားကြွင်းစားကျန်ပန်းကန်ခွက်ယောက်တို့ကို သိမ်းဆည်းနေသည့် ဘိုကေဆံပင်၊စစ်စွပ်ကျယ်ဂျိုင်းပြတ်နှင့် အသက်ခပ်ကြီးကြီးစားပွဲထိုးအား ဆိုင်းမဆင့်ဗုံမဆင့်၊ကောက်ကာငင်ကာ မေးခွန်းထုတ်လိုက်လေသည်။
"ဒီမယ်နောင်ကြီးရဲ့။စကားမစပ်ဗျာ။ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်သင့်မပြင်သင့် နောင်ကြီးရဲ့အမြင်လေးသိပါရစေခင်ဗျာ"
စစ်တဘက်တထည်ကိုပုခုံးပေါ်တင်ထားသည့်စားပွဲထိုးကြီးသည် ဆြာဒင့်ကို ဆတ်ကနဲခေါင်းမော့ကြည့်၏။သူ့မျက်နှာတွင် သရော်ပြုံး တစ်ချက်ကိုလှစ်ကနဲမြင်လိုက်ရပြီး လေသံ ခပ်အေးအေးဖြင့် ဆြာဒင့်အမေးကို ခွန်းတုန့်ပြန်၏။
"၂၀၀၈ဖွဲ့စည်းပုံကို ထောက်ခံသလား၊မထောက်ခံဘူးလားဆိုတာ ဖြေရမှာလား"
"ဒီသဘောပါပဲနောင်တော်ကြီးရယ်။ထောက်ခံတယ်ဆိုရင်ဖြင့်ပြင်စရာမလိုဘူးပေါ့"
"သိပ်ရှည်ရှည်ဝေးဝေး ဖြေစရာကိုမလိုပါဘူး။ ၂၀၀၈ဖွဲ့စည်းပုံဆိုတာ လူတွေဘာမှန်းတောင်မသိမှ မသိလိုက်ကြဘဲ အတင်းအတည်ပြုခဲ့ တဲ့ ဖွဲ့စည်းပုံကြီးပဲ"
ကပ္ပလီ၊ဖေကြည်နှင့်လေမင်းသားတို့၏မျက်နှာထားအသီးသီးကား ဝင်းပကြည်လင်သွားကြ၏။ဝင်းကျော်ခိုင်ကမူ ကျေနပ်ဟန်မပြပဲ ဆိုင်မှ အထွက်တွင် စကားတခွန်းဆိုသည်။
"ဆြာဒင်လူရွေးမမေးနဲ့လေ။အဲဒါစားပွဲထိုးမဟုတ်ဘူးနော်။နိုင်ငံတော်စာရင်းစစ်ချုပ်အငြိမ်းစားဗိုလ်ချုပ်လွန်းမောင်ဗျ။ ဦးသိန်းစိန်အစိုးရ လက်ထက် မှာ ပြည်ထောင်စုဝန်ကြီးဋ္ဌာတွေရဲ့ ငွေစာရင်းကွာဟချက်တွေကို စစ်ဆေးတွေ့ရှိခဲ့တဲ့သူ၊ မီဒီယာတွေဆီသတင်းပေါက်ကြား လို့ ရာထူးက အနားပေးခံခဲ့ရတာဗျ"
"ဟုတ်ပါပြီမောင်ရဲ့။ဗိုလ်ချုပ်ဟောင်းပြောကာမျှနဲ့လည်း အတည်မယူသေးပါဘူး။ရှေ့ခရီးဆက်ကြအုံးစို့ရဲ့။ကားကြုံလေးသာတားပါလေ"
(၄)
ဆြာဒင်နှင့်အဖွဲ့ကား ရွှေပြည်ဌာန၊ဒုတိယမြို့တော်ရန်ကုန်ဆီသို့ရောက်ကြသည်တွင် နီးစပ်ရာ၊တွေ့တွေ့သမျှ ရဟန်းရှင်လူပြည်သူတို့အား ခြေဥ ပြင်ရေးမပြင်ရေးအမေးပုစ္ဆာကိုမေးခဲ့ကြသည်ချည်းဖြစ်ပါ၏။သို့သော်အဖြေတို့ကား ယောင်ဝါးဝါးနိုင်လှချေသည်။
"ရပ်ကွက်လူကြီးထည့်လိုက်တယ်ပြောတာပဲဗျာ"
"အချိန်ကုန်ခံပြီး မဖြေပါရစေနဲ့၊သည်းခံလော့ဒကာ။သီတင်းသုံးနေတဲ့ကျောင်းလေး ဘူဒိုစာလက်ချက်မိသွားလို့ပါ"
"နေပါဦး။၂၀၀၈တုန်းက အဲဒီဥပဒေကို ကန့်ကွက်လို့ရရဲ့လားဗျာ။လမ်းဘေးဈေးသည်ဘဝကနေ အင်းစိန်တောရရောက်သွားတော့ မပေါ့"
"ရုံးတွေမှာပဲ စုပြီးထည့်လိုက်ကြတာပါပဲ။မထောက်ခံလို့မှမဖြစ်ပဲကိုး"
အဆိုပါအဖြေတို့အပေါ်လိုရာဆွဲတွေးလျက်ကောက်ချက်ချနိုင်သော်ငြား အစွန်းတရားကင်းလိုသော ဆြာဒင်သည် ခရီးကို ရှေ့ဆက်နှင် ပြန်လေရာ ခရီးလမ်းကြောင်းသည် ဧရာဝတီတိုင်းဆီသို့ဖြစ်၏။ခြေဥပြင်သင့်မပြင်သင့်ကိစ္စရပ်နှင့်ပတ်သက်၍ ဆြာဒင်တို့အဖွဲ့ ဧရာဝတီ တိုင်းသို့ ရောက်ရှိလာသည်ကို ကြိုတင်သတင်းရဟန်တူသည့် တိုင်းဝန်ကြီးချုပ်သည် ၎င်းစံမြန်းရာအိမ်တော်သို့ ဆြာဒင်နှင့်အဖွဲ့ကို ဖိတ်ခေါ်ကာ လွန်စွာလက်ရာမြောက်လှသောဧရာမကျွန်းကနုတ်ဆက်တီပေါ်တွင်အမိန့်သားထိုင်လျက် လေးလေးနက်နက်မိန့်ဆို မှတ်ချက်ပြုသည်ကား ...."ဒီဖွဲ့ စည်းပုံရေးဆွဲစဉ်က တိုင်းပြည်ရဲ့ထိပ်တန်းပုဂ္ဂိုလ်တွေပါတယ်။ လူမှုရေးအဖွဲ့အစည်း ပေါင်းစုံပါတယ်။ မပါချင်တဲ့ပါတီ မပါတာ ကတော့ မတတ်နိုင်ဘူး။ခုမှလာပြီး တောင်အော်မြောက်အော် မအော်နဲ့" ဟူသတည်း။
ခရီးစဉ်တလျှောက်ဖတ်ရှုရသည့်သတင်းစာနှင့်ဂျာနယ်များတွင်ဖော်ပြထားချက်များအရ သမတကြီးအနေဖြင့် ခြေဥပြင်ဆင်ရေး လှုံ့ဆော်စည်းရုံးပွဲများသည် တိုင်းပြည်ကိုဆူပူမှုဖြစ်ပွားစေနိုင်သဖြင့် ပူပန်မိကြောင်းသိရှိရ၏။ကြံ့ဖွံ့အသင်းကြီး၏ တာဝန်ရှိပုဂ္ဂိုလ်ကြီး တစ်ဦးကမူ အခြေခံဥပဒေကို တစ်ယောက်တည်းအတွက် မပြင်ဆင်နိုင်ဟုဆို၏။အာဏာရပါတီမှ လွှတ်တော်အမတ်အများစုနှင့် ကာကွယ်ရေးဦးစီးချုပ်တို့ကား ၉၂% ကျော်လူထုဆန္ဒဖြင့် ထောက်ခံထားခဲ့သည်ဖြစ်၍ မပြင်လိုကြောင်း အသံကုန်ဟစ်ကြ၏။ဤသို့လျှင် ဆြာဒင်နှင့်အဖွဲ့သည် ဧရာဝတီတိုင်းဘိုကလေးမြို့နယ် ကဒုံ၊ကနိ၊ဧရာ၊အမာစသော ပင်လယ်နှင့်ထိစပ်နေသည့် ဒေသများဆီသို့ ရောက်ခဲ့ ကြပြန်လေရာ သောင်မတင်ရေမကျဖြစ်နေဆဲ ပုစ္ဆာ၏အဖြေကို တွက်ထုတ်နိုင်ရန်အလို့ငှာဆက်လက်လုံးပန်းကြရပြန်ပါ၏။
(၅)
"ခြေဥပြင်သင့်မပြင်သင့်"ဟူသော ကိစ္စနှင့်ပတ်သက်၍ မေးမြန်းနိုင်ရန်အလို့ငှာ ရပ်မိရပ်ဖတို့ကို မေတ္တာရပ်ခံတောင်းပန်လေရာ တစ်ခု သောကွင်းပြင်ကွက်လပ်ကြီးတစ်ခုဆီသို့တက်ရောက်လာကြသော ပြည်သူပရိသတ်တို့ကား သောင်းဂဏန်းမျှပင်ရှိအံ့ထင်၏။ဆြာဒင် ကား ခွေးခြေငယ်တစ်ခုပေါ်တွင် မတ်တပ်ရပ်ရင်း စုရုံးရောက်ရှိလာသောလူထုကြီးအားလိုတိုရှင်းပင်မေးမြန်းသမှုပြုခဲ့ရချေသည်။
"၂၀၀၈ ခြေဥကိုပြင်သင့်မပြင်သင့် ကိုရင်တို့ထင်မြင်ချက်လေး သိပါရစေခင်ဗျာ"
လူထုပရိသတ်သည်ဆြာဒင်၏ အသံကြောင့်မီးကို ရေနှင့်ဖြန်းသကဲ့သို့ ခေတ္တမျှ ငြိမ်သက်သွားပြီးနောက် အသံတချို့ ကွက်ကြားကွက် ကြားထွက်ပေါ်လာ၏။
"ဟာ။ဒီလူတွေ အူကြောင်ကြောင်နဲ့ ဘာတွေလာမေးနေပါလိမ့်"
"အေးလေကွာ။ဘောင်းဘီတွေရှူးဖိနပ်တွေနဲ့ဆိုတော့ နိုင်ငံတကာကူညီထောက်ပံ့ရေးအဖွဲ့ကများလားလို့။လက်စသတ်တော့.."
"တော်တော်အလိုက်ကန်းဆိုးမသိတဲ့လူတွေပဲ"
မည်သို့ပင်တီးတိုးရေရွတ်စကားဆိုနေကြစေကာမူ ဆြာဒင်ကား စိတ်ပျက်အားလျော့ခြင်းမရှိပဲ၊ ဒုတိယမ္ပိမေးခွန်းထုတ်မိပြန်၏။ မေးခွန်းအဆုံးမှာပင် လူထုကြီးထံမှ ကျယ်လောင်လှသော.. "အီး အီး အီး ရွှတ် ရွှတ်" ဟူသည့် ငိုချင်းချသံကြီးသည် အထက်ဘဝဂ် တိုင်လောက်အောင် မြည်ဟည်းဆူညံလျက် ဒေါသတကြီးကြိမ်းမောင်းသံတို့ပါဆက်တိုက်ထွက်ပေါ်လာတော့သည်။
"ကိုချစ်စူရေ။ ရှင့်အလောင်းကိုမကောက်ပဲ ရှင့်လက်ဗွေကို ဇွတ်နှိပ်ပြီးအတည်ပြုဖြစ်သွားတဲ့ဥပဒေကြီးကိုလာကြည့်လှဲ့ပါအုံးတော့"
"နာဂစ်ဖြစ်ပြီလည်းဆိုရော ဘာမှပါမလာ၊လက်ချည်းသက်သက် အခြေအနေလာကြည့်သွားတဲ့ လူတွေရေးတဲ့ဥပဒေကြီးပေါ့"
"၂၀၀၈မှာသူတို့ပွဲပျက်မှာစိုးလို့ နာဂစ်လာမှာသိသိချည်းနဲ့ သတင်းမှောင်ချထားခဲ့ကြတာကွ"
"အမေရိကန်က ထောက်ပံ့ရေးသင်္ဘောတွေ အဝင်မခံခဲ့ဘူးတဲ့ကွာ။ရိုင်းချက်ကတော့ ကမ်းကုန်တယ်"
"အေးလေကွာ။မေးစရာမှမလိုတာ"
"မမေးသင့်မေးခွန်း လာမေးနေတယ်။ ကြာတယ်ကွာ။ဝိုင်းရိုက်ကြ"
"ဟုတ်တယ်။ရိုက်ကွ။ချကွ။နာနာလေးသာရိုက်"
"ခဲနဲ့ထု၊တုတ်နဲ့ပစ်ကြဟေ့။ဆော်ကြကွာ၊ဆော်ကြ"
နောက်ကျသောဖနောင့်သည် ဆြာဒင်တို့၏သစ္စာဖောက်ပေတည်း။ဆရာတပည့်အားလုံး ဘွတ်ဖိနပ်ကိုယ်စီကျွတ်ကျကျန်ခဲ့သည်ကိုပင် မကောက်အား။နောက်မှလိုက်ပါလာသော လူအုပ်ကြီးနှင့်ဝေးရာသို့ တင်ပါးကိုဂျက်တပ်ကာ ခြေကုန်သုတ်ကြရ၏။ဦးခေါင်းထက်ဆီမှ တဝီဝီဝဲပျံနေသည့် ဖိနပ်စုပ်၊တုတ်အပိုင်းအစ၊အုတ်ခဲကျိုးတို့ကို ကျွမ်းကျင်စွာရှောင်တိမ်းပြေးလွှားနေသော ဝင်းကျော်ခိုင်ထံမှ အမော ဖောက်သံကြီးနှင့်အတူ ဝန်ခံစကားတခွန်းသည် မြန်နှုန်းမြင့်ခြေအစုံဖြင့် အသားကုန်ပြေးနေသော ဆြာဒင့်နားစည်တွင်းသို့ လေအဟုန် ဖြင့်ဝင်လာခဲ့လေ၏။
"၉၂%ရာနှုန်းမကလို့။ရာနှုန်းတစ်သောင်းကျော်ရင်လည်း၊သေချာပေါက်ပြင်သင့်တာပေါ့ဆြာဒင်ရယ်။ပြေးနိုင်မှလွတ်မယ်ဆြာဒင်ရေ့"
ဤသို့လျှင် ခြေဥတရားစီရင်ခန်းအပြီး၌ ဆြာဒင့်အပေါ်တပည့်ကျော်တို့၏ ကောင်းချီးမင်္ဂလာသည်တကြိမ်ဖြစ်ပြန်လေသတည်း။
http://7daydaily.com/story/11364#.U31I7Sior90
၂၂။၀၅။၂၀၁၄နေ့ထုတ်ဆဲဗင်းဒေးနေ့စဉ်သတင်းစာ
မင်းဒင်
0 comments:
Post a Comment