Sunday, December 14, 2014

Heart or not နှလုံးရောဂါလား


နှလုံးနဲ့ ပတ်သက်ပြီး မေးချင်ပါတယ်။ ရင်တလှပ်လှပ် အမြဲလို ဖြစ်နေတတ်ပါတယ်။ ကော်ဖီ နဲ့ လဘက်ရည်ကို နဲနဲပဲ သောက်လို့ ရပါတယ်။ တခြား မိုင်လို တို့ နို့ တို့ သောက်ရင်လဲ ရင်တုန်တတ်ပါတယ်။ ခုနောက်ပိုင်း ဘယ်ရင်အုံက စူးပြီး အောင့်ပါတယ်။ အရင်က တခါတရံမှ ဖြစ်တတ်ပါတယ်။ ခုနောက်ပိုင်း အနဲငယ် စိတ်လာပါတယ်။
လေကြောင့်များလား လို့လဲ ထင်မိပါတယ်။ အောင့်တဲ့အခါ နောက်ထပ် အသက်မရှုရဲဘဲ၊ အသက် ခဏအောင့်ထားရပါတယ်။ ပြီးတော့ ဘယ်ဘက် အောက်နံရိုးနားက ထိခိုက်မှု မရှိပဲ နာနေပါတယ်။ မတ်မတ်ထိုင်ရင် သက်သာပါတယ်။ ပြေလျော့ပြီး ထိုင်တဲ့အခါ ရင်ဘတ်က ထောက်နေသလို ခံစားရပါတယ်။ သူငယ်ချင်းက နှလုံးရောင်တာလို့ ပြောနေတယ်ဆရာ။ အဲဒီကိစ္စနဲ့ ဆေးခန်း မသွားရသေးပါဘူး။ အန္တရာယ်ရှိနိုင်ပါလားဆရာ။ ဘာလုပ်သင်ပါလဲ ဖြေကြားပေးပါ။
အသက် ၂၈ အိမ်ထောင်မရှိပါဘူး။ အာသီးရောင်တာ လည်းပင်းနာတာ ဖြစ်ဖူးပါတယ်။ ခုတော့ မဖြစ်ပါဘူး။ အမောတော့ လုံးဝမခံနိုင်တော့ပါဘူး။ အရမ်းမောရင် နှလုံးက လည်းပင်းထိ ဆောင့်သလို ခံစားရပြီး၊ ရင်ဘတ်ကို အရမ်းဖိထားမှ နေသာပါတယ်။ သွေးခုန်နှန်းက ခုစမ်းကြည့်တာ ၆၈ မှာ ၁ မိနစ်ပြည့်သွားပါတယ်။ အမြဲလို ရင်တုန်ပြီးတလှပ်လှပ်ဖြစ်တာကို မခံစားချင်ဘူးဆရာ။ နံရိုးအောက်နားကတော့ ခုနကပြောသလို နာနေပါတယ်။ တခုခုထောက်နေသလို ခံစားရပါတယ်။ ဆန့်ဆန့်နေရင် နေသာပါတယ်။ ကူညီပါဆရာ၊ ကျေးဇူးတင်ပါတယ်။
ရောဂါလက္ခဏာ ပြောပြတာကိုကြည့်ပြီး အတိအကျ ပြောတော့ မရသေးပါ။ မှန်းရတာ စိုးရိမ်စရာ မရှိပါ။
၁။ နှလုံးရောဂါကို စစ်ရအောင်။ ဒီအရွယ်မှာ ဖြစ်နိုင်တာ သိပ်မများပါ။ သွေးတိုးကြောင့် ဖြစ်ရတာ မဟုတ်နိုင်ဘူး။ နှလုံးခုန် နှုန်း မြန်တာနဲ့ မမှန်တာကလည်း ပြောတဲ့အတိုင်း တမိနစ် ၆၈ ဆိုရင် မဟုတ်နိုင်ပြန်ဘူး။ စည်းချက်ကျကျ မှန်-မမှန် ဆိုတာလေးတော့ သိချင်သေးတယ်။ လူ့နှလုံးခုန်တာက တမိနစ် ၇ဝ-၈ဝ ဆိုတာ ပုံမှန်ပါ။ လေ့ကျင့်ခန်းလုပ်တာ၊ အပြေး-အလွှား သွားတာ၊ ဒေါသထွက်တာ စတာတွေဖြစ်ရင် မြန်လာမယ်။ ဒါ ရောဂါမဟုတ်ဘူး။ အိပ်နေရင်နှေးမယ်။ ၆ဝ ထက် နှေးပြန်ရင်လည်း မကောင်းဘူး။ နောက် စည်းချက်ကျကျ ခုန်တာ ပုံမှန်။ နှေးလိုက်-မြန်လိုက် မဖြစ်ရဘူး။
နောက်တခုကတော့ နားကြပ်နဲ့နားထောင်မှ သိရမဲ့ နှလုံး အဆို့ရှင်ရောဂါ။ ငယ်တုံက အာသီးရောင်၊ လည်ပင်းနာ စသဖြင့် ဗက်တီးရီးယားပိုး ဝင်ရာကနေ နှလုံးဆီရောက်တဲ့ ရောဂါဖြစ်တယ်။ များသောအားဖြင့် နှလုံးခုန်တာ မြန်နေတတ်တယ်။ အမောမခံနိုင်ဘူး။
နောက်တခု Palpitation ရင်တုန်တာနဲ့ Tachycardia ရင်ခုန်တာ မတူပါ။ နှလုံးခုန်နှုံး မြန်နေတာကို ရင်ခုန်တာလို့ ပြောနိုင်တယ်။ ရင်တုံတာကတော့ ကိုယ့်နှလုံးက ခုန်နေတာကို သိနေတာမျိုး။ လူတွေဟာ ကိုယ့်ကိုယ်ကို အဲလိုခုန်နေတာ သတိမထားတတ်ပါ။ ကော်ဖီ၊ လက်ဘက်ရည် ပြင်းပြင်းသောက်ရင်း ဖြစ်တာမျိုး၊ လက်ဘက်စားရင် ဖြစ်တာမျိုး။
၂။ ဘယ်ရင်အုံက စူးပြီး အောင့်တာ။ ရင်ပတ် အောင့်တာ၊ နာတာဖြစ်ရင် နှလုံးကို စိုးရိမ်တတ်ကြတယ်။ အမှန်က နှလုံး သွေးကြောကျဉ်းရောဂါကသာ စိုးရိမ်စရာဖြစ်တယ်။ သူက အသက်ကြီးသူ၊ ဝလွန်းသူတွေမှာ ဖြစ်တာပါ။ နာတယ် ဆိုတာ တကယ်နာတာ၊ ခေတ်စကားနဲ့ဆို အသားကုန်နာတာ။ ပြုတ်တူနဲ့ အညှပ်ခံရသလို နာတာ။ နာတဲ့နေရာက ဘယ်ဘက် မဟုတ်ပါ။ ရင်ညွန့်ရိုးတည့်တည့် အလည်မှာ နာတာ။ ဇောချွေးပြန်အောင် နာတယ်။
၃။ နှလုံးမဟုတ်ရင် အဆုပ်။ ဒါကလည်း တခြားလက္ခဏာတွေနဲ့ တွဲနေမယ်။ ချောင်းဆိုး၊ ဖျား စသဖြင့်ပေါ့။
၎။ နောက်တခုက ရင်ပတ်အပြင်ပိုင်းကဖြစ်တာ။ အပေါ်ယံရောဂါပါ။ ရောဂါလို့တောင် မပြောချင်ပါ။ ဖြစ်တတ်တယ်။ ရိုးရိုး အနာ-အကိုက် ပျောက်ဆေးနဲ့ သက်သာပါမယ်။
အပြည့်အစုံ မစစ်ရဘဲ ခပ်လွယ်လွယ်ဆေးနည်း ပေးရရင့်
• Aspirin ဆေးကို တနေ့ ၂-၃ ကြိမ်သောက်ပါ။ အစာနဲ့တွဲသောက်ပါ။
• အားဆေး မိန်းကလေးဖြစ်လို့ သံဓါတ် + ဗီတာမင် ဘီအုပ်စု သောက်ပါ။
• အဆီစား မများစေနဲ့။ ရင်တုံစေတဲ့ အစားအစာတွေ ဆင်ခြင်ပါ။
• စိတ်ကို တည်ငြိမ်နိုင်အောင် ကြိုးစားပါ။
• လေ့ကျင့်ခန်း မပြင်းထံတာ ပုံမှန်လုပ်ပါ။
• အလေးချိန် မတိုးစေနဲ့။
• ရင်သားမှာ အလုံး-အကြိတ် ကိုယ့်ဖါသာ စစ်ကြည့်ပါ။
• နှလုံးခုန်နှုံး စစ်ဆေးနေပါ။ တက်လာရင် ပြောပါအုံး။
• ကိုယ်အလေးချိန် ကျကျလာရင် ပြောပါအုံး။
• မသက်သာရင်လည်း ပြောပါ။
Dr. တင့်ဆွေ
၂ဝ-၈-၂ဝ၁ဝ
Heart or not နှလုံးရောဂါလား http://dts-medicaleducation.blogspot.com/…/heart-or-not.html

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...