Monday, December 15, 2014

ပျော်ရွှင်ခြင်းနိုင်ငံ ဘူတန်

 
အိန္ဒိယ နဲ့ တရုတ်နိုင်ငံကြား ဟိမဝန္တာတောင်တန်းရဲ့  အရှေ့ဘက်အစွန်းကျတဲ့ နေရာမှာတည် ရှိတဲ့ နိုင်ငံငယ် လေးဖြစ်ပါတယ်။
၄၇၀၀၀ စတုရန်းကီလိုမီတာ ပဲရှိပြီး လူဦးရေ ၇၀၀၀၀၀ ခန့် သာရှိပါတယ်။ လှပတဲ့ တောင်တန်းတွေနဲ့ အနုပညာလက်ရာတွေနဲ့ ဗုဒ္ဓဘုန်းကြီးကျောင်းတွေကို နိုင်ငံရဲ့အမွေအနှစ်အဖြစ် ထိန်းသိမ်းထားပါတယ် ။World Map Of Happiness မှာ အဆင့် ၅ နေရာမှာရှိနေပြီး ကုန်းတွင်းပိတ် နိုင်ငံလေး ဖြစ်ပါတယ် ။


-
နိုင်ငံ ကို သစ်တော့ ဧရိယာက ၇၀% ဖုံးလွမ်းထားပြီးမြို့ တော် Thimphu မှာ တောင်ရမ်းသူမရှိ ဆေးသမား မရှိ ပြည့်တန်ဆာ မရှိပါဘူး။တနိုင်ငံလုံးကို ဆေးလိပ်မသောက်ရ နယ် မြေသတ်မှတ်ထားပြီး ဆေးလိပ်သောက်သူ ၁% သာရှိပါတယ် ။ အထက်တန်းထိ အခမဲ့ ပညာသင်စနစ်ထားရှိပြီး တနိုင်ငံလုံး ၉၇% ပညာသင်ကြားသလို ပြည်ပသွားရောက်ပညာသင်သူ ၉၉% က မွေးရပ်ကိုပြန်လာပြီး အကျိုးပြု ကြပါတယ်။
-
နိုင်ငံ ရဲ့  ၇၅ % က မဟာယန ဗုဒ္ဓဘာသာဖြစ်ကြပြီး ခရယာန် ၆၀၀၀ လောက်ရှိပေမယ့်  အသိအမှတ်မပြုပါဘူး နိုင်ငံတော်ဘာသာ ကို ဗုဒ္ဓဘာသာအဖြစ်သတ်မှတ်ထား ပါတယ်။
-
လက်ရှိဘူတန်ဘုရင်လေး ဟာ အထက်တန်းကို ဘူတန်မှာအောင်မြင်ခဲ့ ပြီး အင်္ဂလန်နိုင်ငံ အောက်စဖို့ တက္ကသိုလ် မှာ ဆက်လက်ပညာသင်ကာ နိုင်ငံတကာ ဆက်ဆံရေးဘွဲ့ ရရှိခဲ့ ပါတယ် ။
-
နိုင်ငံ ဘတ်ဂျက်ကို စိစစ်သုံးစွဲပြီး စီးပွားရေးတိုးတတ်မူ့ နဲ့ ပတ်ဝန်းကျင်ထိန်းသိမ်းရေးကို ပေါင်းစပ်ထားပါတယ် ။
-
မိမိတို့ ဘာသာစကားနဲ့  ရိုးရာဝတ်စုံကိုပဲ သုံးစွဲ ဝတ်ဆင်ဖို့ ကန့် သတ်ထားပြီး မလိုက်နာရင် ဒဏ်ငွေ နဲ့ ထောင်ဒဏ် ချမှတ်ခံရပါတယ်။ ဗုဒ္ဓဘာသာတွေကို ဘာသာတူ မဟုတ်သူနဲ့ လက်ထပ်ခွင့်မပြုပါဘူ။ဖောက်ဖျက်သူကို ထောင်ဒဏ်ပေးပါတယ်။
-
လက်ရှိ ဘူတန် ဘုရင်လေးဟာ အရပ်သူ Jetsun Pema ကို ၂၀၁၁ ခုနှစ်မှာ လက်ထပ်ခဲ့ ပြီး ကြင်ယာတော်ဟာ နွေးထွေးပြီး တိုင်းပြည်အတွက် ပါ အကျိုးပြု သူဖြစ်ပါတယ် ။ မင်္ဂလာပွဲကို ရိုးရှင်းပြီး ဓလေ့ နှင့်အညီ ပြုလုပ်ခဲ့ သလို ဘယ် နိုင်ငံ က မှ အရေး ကြီး ပုဂ္ဂိုလ်တွေ ကို မဖိတ်ကြားခဲ့ ပါဘူး။
-
ဘူတန်နိုင်ငံသားတွေကို မေးကြည့်ရင် ကျနော်တို့ ဟာ ကျေနပ်တယ် ။ ယောင့်ရဲ တင်းတိမ်တတ်တယ် ။ အမျိုး ဘာသာ သာသနာ နဲ့ နိုင်ငံ အမွေအနှစ်တွေ ကာကွယ် မယ် ဆို တဲ့ အသိပဲ ကြား ရမှာ ပါ။
=============
Traveller

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...