Sunday, December 14, 2014

အိပ်မက်ဆိုး (အပိုင်း ၃၊ ဇာတ်သိမ်းပိုင်း)


-----ထိုးချလိုက်ပါသည်။ မိန်းကလေးမှာဟက်ထိုးဖြစ်သွားပြီးယိုင်နဲ့သွားပါသည်။ သို့သော် 
ဆက်လက်သွားနေပြန်ပါသည် ။ယောက်ျားပျိုမှာ အရှင်းလုပ်ရန် အနောက်ကတောက်လျှောက်
လိုက်သွားပါသည်။ လူသတ်သမားမှာ မိန်းမပျိုလေးအော်ဟစ်နေသော်လည်း ဂရု့မ
စိုက်ပါ။ ကျွန်တော်တို့နှစ်ယောက်ရှိသော်လည်း ဂရု့မစိုက်ပါ။ စိတ်တိုင်းကျလက်နက်
နဲ့ထိုးပြီး ကျွန်တော်တို့ဘက်သို့ပြေးထွက်လာသဖြင့် ခေါင်းနပန်းကြီးသွားရပါသည်။


မိမိမှာလမ်းလည်း မလျှောက်နိုင်နောက်တစ်ယောက်မှာ မိန်းကလေးဖြစ်နေပြန်ပါသည်။
အော်ဟစ်နေသော်လည်း အသံမထွက် လူသတ်သမားပြု့သမျှနုရတော့မည်ဖြစ်သည်။
ဘုရားကယ်ပါ ၊အိုဘုရားကယ်တော်မူပါ။ တပည့်တော်သည် လူတိုင်းအပေါ်တက်နိုင်
သမျှကိုယ်ချင်းစာတရားထားခဲ့ပါသည်။ ဤမှန်သော်သစ္စာစကားကြောင့် သည်ဒုက္ခ
ဆင်းရဲတွင်းမှကယ်မတော်မူပါဘုရားဟု ဆုတောင်းတိုင်တည်မိပါသည်။
သို့သော်လူသတ်သမားမှာ မိမိတည့်တည့်သို့ပြေးလာနေသဖြင့် စိတ်လျှော့လိုက်ပြီး ၀ဋ်ရှိသမျှတော့ ခံလိုက်ဦးမယ်ဆိုပြီး ဘုရား၊ တရားများနှလုံးသားထဲသို့ရောက်လာသဖြင့်
ဆောက်တည်ရာမရဖြစ်နေသောစိတ်များမှာ တည်ငြိမ်သွားပါသည်။လူသတ်သမား၏
နောက်တွင် ကျန်ခဲ့သော မိန်းမပျိုလေးမှာငြိမ်နေရာမှ လှုပ်ရွလာပြီး မိမိတည်းခိုရာအိမ်ဆီသို့ တရွက်ဆွဲသွားနေကြောင်းမြင်လိုက်ရသဖြင့် ၀မ်းသာမိပါသည်။ လူသတ်သမား
နောက်လှည့်မကြည့်ပါစေနဲ့ဟု့ဆုတောင်းမိပါသည်။ မိမိဘေးနားမှမိန်းမမှာ ဘယ်အ
ချိန်ထဲကပျောက်သွားကြောင်းမသိလိုက်ရပါ။ လူသတ်သမားမှာ မိမိရှေ့တွင်လာရပ်၍ ငယ်ထိပ်ကို လက်နက်အချွန်ဖြင့် ထိုးစိုက်လိုက်ရာ နာကျင့်မှု့မဖြစ်သော်လည်း မျက်နှာပေါ်သို့ အရည်များကျလာရာအေးစက်လှသဖြင့် ၀ူးဝူးဝါးဝါးနှင့် ရန်းကန်မိပါသည်။ (ကိုဝင်းကျော် သတိရပြီလား ကိုဝင်းကျော်သတိထားလေ) ဆိုသောအိမ်ရှင်၏သားအသံကိုကြားလိုက်ရပါသည်။ အိုငါအသတ်မခံရပါလား ငါအသက်ရှင်နေသေးပါလားဟု့အင်မတန်မှ ၀မ်းသာကြည်နူးဖြစ်မိပါသည်။ သြော်သေသွားတာ ထက်စာရင် အသက်ရှင်နေတုံး ငါအများကောင်းကျိုးကောင်းကောင်းလုပ်နိုင်သေးတာပဲဟု သံဝေဂရမိပါသည်။
အိမ်ရှင်သားက မိမိမျက်နှာကိုဖြန်းသော ရေခွက်အားအောက်သို့ပြန်ချလျှက် (ကိုဝင်းကျော် ခင်ဗျားဘယ်လိုဖြစ်တာလဲ ခင်ဗျားလမ်းပေါ်မှာသတိလစ်နေလို့ အိမ်ထဲကို
သယ်လာရတယ်။ ခင်ဗျားဘေးမှာလည်း ဂျေဒိုးနက် မုန့်တွေဘူးတွေပွကျဲနေပြီး မုန့်
တွေလည်း ဟိုတစ်ဖဲ့ဒီတစ်ဖဲ့နဲ့ ဘယ်လိုဖြစ်တာလဲ။) (အင်းအဲ့ဒါ ကျွန်တော်ခလုပ်တိုက်
လဲပြီး ဖိတ်ကုန်တာပါ။ ဒါနဲ့ကောင်မလေးဘာဖြစ်သွားသေးလဲဟင် လူသတ်သမား
ရောမိလားဟင် ပြောစမ်းပါမြန်မြန်လေး) (ကိုဝင်းကျော် ခင်ဗျားဘာတွေပြောနေတာလဲ စိတ်ကောင်းကောင်းထားစမ်းပါ ။ ခင်ဗျားဘာဖြစ်ခဲ့လို့လဲ ဖြေးဖြေးလေးရှင်းပြစမ်းပါ ) ဟုဆိုရာ ကျွန်တော်ကဖြစ်ကြောင်းကုန်စင်ပြောပြလိုက်ရာ တစ်မိသားစုလုံးမှာ မျက်နှာများပျက်လျက် ကျွန့်တော့ကို အထူးအဆန်းဝိုင်းကြည့်နေပါတော့သည်။ အိမ်ရှင်အဒေါ်ကြီးက (ကောင်လေး နင်ဒီအကြောင်းတွေ ဘယ်ကသိလာတာလဲ ဘာဖြစ်လို့အစပြန်ဖော်ပြီးပြောနေတာလဲ အဲ့ဒိကောင်မလေးက သေသွားတာ နှစ်ဝက်တောင်ရှိတော့မယ် နင်ကဘာဖြစ်လို့အခုပဲဖြစ်ခဲ့တဲ့ပုံနဲ့ပြောနေတာလဲ)ဟု မေးရာ ကျွန်တော်က အင်မတန်အံ့သြမိပါသည်။ ငါဖြစ်ခဲ့တာတစ်ကယ်မဟုတ်ဘူးလား။ ဟုစိတ်အေးအေးထားပြီး
စဉ်းစားကြည့်ရာ လူသတ်သမားမှာ မိမိကိုသတ်သွားသော်လည်း မိမိမှာဘားမှမဖြစ်တဲ့အတွက် မိမိသတိလစ်နေတုံးက အိပ်မက်လိုမက်ခဲ့တာဖြစ်နိုင်တယ်။ ဒါပယ်မယ့် တစ်ကယ်ဖြစ်ခဲ့သလို ကြုံခဲ့ရသဖြင့် လက်တွေ့ဘ၀နှင့်ရောထွေးသွားခြင်းဖြစ်ပါသည်။
သူ တို့တစ်မိသားစုလုံးမှာ ကျွန်တော့ကို စိတ်ပျက်လက်ပျက်ကြည့်ပြီး ထွက်သွားကြပါသည်။ နောက်ဆုံးမှထွက်သွားမည်ပြု့သော် အိမ်ရှင်၏သားကိုမူ ကျွန်တော်ကလက်ကို ဖမ်းဆွဲလျက် 
(အစ်ကို ခဏနေပါဦးဗျာ ကျွန်တော်စိတ်တွေတော်တော်လှုပ်ရှားနေလို့တစ်ခုခုသွားစားရအောင်လားဗျာ) ဟုဆိုရာ (ခင်ဗျားနေမကောင်းဘူးမဟုတ်လား အိမ်မှာပဲ သက်သောင့်သက်သာနားနေပါဗျာ ခင်ဗျားစားချင်တာပြော ကျွန်တော်သွားဝယ်ပေးမယ်ဟုဆိုရာ) (ရတယ် ကျွန်တော်ဘားမှမဖြစ်ပါဘူး ကျွန်တော်လည်း စိတ်ဖြေလေးအပြင်ထွက်ချင်လို့ပါ။ လုပ်ပါကျွန်တော့ကို ကူညီရာလည်းရောက်ပါတယ်) ဟု အတင်းတောင်းဆိုမှ သူက (ဒါဆိုလည်းခဏတော့သွားကြတာပေါ့)ဟုဆိုသဖြင့်နှစ် ယောက်သား ပိတောက်လမ်းကြားမှထွက်လာခဲ့လိုက်ပါသည်။ ပိတောက်လမ်းမှာကား
ထုံးစံအတိုင်း ကျေးငှက်သံများဖြင့် ညံစီလျက်အုပ်အုပ်ဆိုင်းဆိုင်း ပုံမှန်ပင်ရှိနေပါသည်။
လူပျက်သောလမ်းမို့ အမြဲတစေပင် လူသူကင်းမဲ့နေတက်ရာ ဘယ်သူ့ကိုမှမတွေ့ခဲ့
ရတော့ပါ။ ဘီယာဆိုင်တွင် အိမ်ရှင်သားက ရင်ဖွင့်ကာ ကျွန်တော့ကိုအကြောင်းစုံပြော
ပြပါသည်။ လှေခါးထိပ်တည့်တည့်တွင် ကပ်ထားသော ဓါတ်ပုံထဲမှမိန်းကလေး သူ့နှမ
မှာ လွန်ခဲ့သော နှစ်ဝက်လောက်ကတည်းက သူတို့အိမ်ပေါက်ဝတွင်သေနေတာတွေ့
ခဲ့ကြောင်း၊ အဲ့ဒိအချိန်တွင် အိမ်တွင်ရှိသောမိသားစုက အာယားယား ဇာတ်လမ်းတွဲအား
ကြည့်နေကြပြီး အိမ်ရှေ့လမ်းပေါ်တွင်ဖြစ်ပျက်နေသည်များကို မသိလိုက်ကြောင်း၊
ဇာတ်ကားပြီး၍ အိမ်ပြင်ထွက်မှသာ အလောင်းကိုတွေ့ရကြောင်း၊ ၀တ်ထားသော အဖိုး
တန်ရွှေများမှာလည်း တစ်ခုမှပျောက်ဆုံးခြင်းမရှိကြောင်း ၊ ရဲကိုတိုင်ကြားထားသော်
လည်းအခုထိ တရားခံမပေါ်သေးကြောင်း၊ သို့သော်လည်း ကျွန်တော်ပြောသည်များနှင့် ထိုနေ့က သူ့နှမအသက်ခံရသည့်အချက်များမှာ ဆက်ဆပ်မှု့ရှိကာ နောက်ကျောတွင် ချွန်သောအရာဖြင့် ၅ ချက်ခန့်ထိုးခံခဲ့ရသဖြင့် သာမာန်ဆိုလျှင် ကျွန်တော်မှာလူသတ်သမားဟုပင် ထင်မှတ်ရကြောင်းပြောပြပါသည်။ ထိုသို့ဆိုလျှင် မိမိကိုအိမ်လိုက်
ပြသူမှာ သေသွားသောသူ့နှမ၀ိညဉ်ဖြစ်နေသဖြင့် ကျောထဲတွင်စိပ်သွားပါသည်။
သြော်ငါသေသူနဲ့စကားပြောခဲ့ရပါလားဟု့ စိတ်မှာကယောင်ချောက်ခြားဖြစ်လျှက်
ဘီယာများကို တဇွတ်ဇွတ်သောက်နေမိရာ ပြန်လာသောအခါတွင် လူမှာမဟန်နိုင်
ပဲ ခြေလှမ်းများယိုင်နဲ့နေသဖြင့် အိမ်ရှင်သားမှာမိမိအားမနည်းထိမ်းလာရကြောင်း
သတိပြု့မိသော်လည်း ခင်ဗျားနှမကိုကျူပ်ပြမယ် ကျုပ်နဲ့သေသေခြာခြာ စကား
ပြောခဲ့တာဟုလမ်းတွင် တတွတ်တွတ်ပြောလာခဲ့ပြီး မလေးရှားပိတောက်လမ်းကြားသို့
ရောက်သောအခါတွင် မိမိကိုထိမ်းထားသော အိမ်ရှင်သားကိုဖယ်တွန်းလျက် အိမ်
လိုက်ပြသော မိန်းမကိုအသဲအသံရှာနေမိပါသည်။ သို့သော်လုံးဝမတွေ့ရပါ။ ကျွန်တော်
ကအသံပြဲကြီးဖြင့်အော်ခေါ်နေသဖြင့် အိမ်ရှင်သားမှာ ကျွန်တော့်ကို အတော်စိတ်
ပျက်နေကြောင်းသတိမထားအားပါ။ မိမိရူးနေတာမဟုတ်ကြောင်းကိုသာ သက်သေပြ
ရန်ကြိုးစားနေမိပါသည်။ ရုပ်ပျက်ဆင်းပျက်ဖြစ်နေသော ကျွန်တော့ကိုနောက်ဆုံးတွင် အိမ်ရှင်သားမှာ ဖမ်းချုပ်ပြီး ဆွဲခေါ်လာသဖြင့် နောက်ကိုလှည့်ကြည့်လှည့်ကြည်
ဖြင့်ပါလာခဲ့ရာ အိမ်နားရောက်သောအခါတွင် အိမ်လိုက်ပြသောမိန်းမကိုတွေ့လိုက်
ရသဖြင့် ဟိုမှာဟိုမှာကျွန်တော်ပြောတဲ့မိန်မဟု့ပြောရာ အိမ်ရှင်သားမှာလိုက်ကြည့်ပြီး
မြင်ဟန်မတူဘဲနှင့် ကျွန်တော့ကိုခြံထဲသို့အတင်းဆွဲသွင်းလိုက်ပြီး အိပ်ခန်းထဲသို့
အတင်းလိုက်ပို့ပါသည်။ ကျွန်တော့်မှာ မဟန်နိုင်အောင်မူးနေသဖြင့် အိပ်ယာ ပေါ်တင်
လိုက်သည်နှင့်ပင် တစ်ချိုးတည်း အိပ်ပျော်သွားပါတော့သည်။
----မနေ့ကသောက်တာများနေသဖြင့် နေမြင့်မှနိုးလာရာ အောက်ထပ်တွင်ဘုန်းကြီး
တရားဟောသံများကြားလိုက်ရပါသည်။ မျက်နှာသစ်နေစဉ်မှာပင် အမျှတန်းပေးပြီး
ရေစက်ချနေကြောင်း သတိပြု့မိပါသည်။ ထိုအချိန်မှမိမိမှာ စဉ်းစားသုံးသပ်ပြီး 

အာ ငါဖြေရှင်းပုံကမဟုတ်သေးပါဘူး။ ယောက်ျားကြီးတန်မယ့် သိက္ခာတော်တော်ကျခဲ့တာ
ပဲ ဟုစဉ်းစားလျက် အိမ်ရှင်သားကို ဘယ်လိုမျက်နှာပြရမှန်းတောင်မသိတော့ပါဘူး။
အင်းသူတိုကရေစက်ချအမျှဝေနေတာ အဲ့ဒိကောင်မလေးကိုရည်ဆူးပြီးလျှူတာနဲ့
တူတယ် ၊ ငါရှောက်ပြောတာနဲ့မကျွတ်မလွတ်သေးဘူးဆိုပြီး အမျှအတန်းပေးဝေတာ
ဖြစ်နိုင်ကြောင်း သတိပြု့မိပါသည်။ ဘာပဲဖြစ်ဖြစ်မိမိရှေ့တွင် ရက်ရက်စက်စက်အသက်
ခံရသဖြင့် အင်မတန်သနားမိပါသည်။ လူသတ်သမား၏ ရုပ်ကို ၀ိုးတိုးဝါးတားမှတ်မိ သော်လည်း ဘယ်မှာနေ၍ ဘယ်သို့သွားရှာရမှန်းမသိဖြစ်နေသဖြင့် ကျွန်မကိုကယ်ပါ၊
ကျွန်မကိုကူညီပါဟု တစာစာပြောနေသံကိုသာ ကြားယောင်နေမိပါသည်။ ကျွန်တော်က သည်အိမ်တွင်မနေချင်တော့ပါ။ သို့သော်လည်း အသက်ခံရသောမိန်းကလေး၏
ကယ်ပါ၊ ကူပါဆိုသော အသံများကြားယောင်လာသဖြင့် ဒီတစ်ရက်တော့ဆက်တည်းပြီး အိပ်မက်ထဲတွင်ဖြစ်ဖြစ်၊ အပြင်တွင်ဖြစ်ဖြစ် တွေ့ပါကသူ့ကို သတ်သွားသောလူ
သတ်သမားမှာ ဘယ်သူလဲ၊ နာမည်ဘယ်လိုခေါ်လဲ၊ ဘယ်မှာနေလဲ ၊ ဘယ်မှာအလုပ်
လုပ်ဖူးလဲ၊ ဘယ်လိုပတ်သတ်ခဲ့သလဲ လဲပေါင်းများစွာ ၊မေးခွန်းပေါင်းများစွာကိုကြိုတင်
ပြင်ဆင် မောင်းတင်ထားမိပါသည်။
-----ညဖက်အိပ်ယာဝင်ခါနီးတွင် ပုံမှန်သာဖြစ်ရန်ကြိုတင်ပြင်ဆင်ထားပါသည်။ မှောင်ရိပ်သန်းသည်နှင့် မလေးရှားပိတောက်လမ်းကြားတွင် တစ်ယောက်တည်းခေါက်တုံ့
ခေါက်ပြန်လျှောက်လိုက် ထိုင်လိုက်လုပ်နေသော်လည်း အိမ်လိုက်ပြသောမိန်းမကို
မတွေ့ရပါ။ တော်တော်ညဥ့်နက်မှ အိမ်ထဲဝင်လာပြီး ခြေလက်ဆေးသွားတိုက် အိပ်ယာသို့ ၀င်သောအခါတွင် အိပ်ခန်းထဲ၌ တစ်ခုခုလိုနေကြောင်း အရင်နေ့တွေနှင့်မတူကြောင်း ၊ ပုံမှန်မဟုတ်ဖြစ်နေကြောင်း သတိပြု့မိသဖြင့် ဘာလိုလဲ၊ ဘာလိုလဲဟု စဉ်းစားနေရာ အဖြေကိုသိသွားသဖြင့် အင်မတန်ယူကြုံးမရဖြစ်ပြီး ဆောက်တည်ရာမရဖြစ်
နေပါတော့သည်။

။။။။။။။။။။။။။ပြီးပါပြီ။။။။။။။။။။။
 
(ကိုဝင်းကျော် တစ်ယောက်ဘာကို အဖြေရသွားပြီး ဘာကိုယူကြုံးမရဖြစ်နေသလဲဆိုတာ သိသောစာဖတ်သူများက ရေးပေးစေချင်ပါတယ်။)
လမ်းပြသူ

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...