Monday, December 15, 2014

သစ်ထူးလွင် သတင်းစုစည်းမှု (၁၅-၁၂)

သစ်ထူးလွင်


Posted: 15 Dec 2014 07:20 AM PST
ဧရာဝတီတိုင်းအတွင်းမှာ ဖြစ်ပေါ်နေတဲ့ လယ် ယာမြေပြဿနာတွေကို တိုင်းဒေသ ကြီးအစိုးရအဖွဲ့ အနေနဲ့ ဖြေရှင်းဆောင်ရွက်ပေးဖို့ ပြည်သူ့လွှတ်တော် ဥက္ကဌ သူရဦးရွှေမန်းက ဒီနေ့ တိုက်တွန်းလိုက်ပါတယ်။ ပြည်သူ့လွှတ်တော် ဥက္ကဌ သူရဦးရွှေမန်းက ပုသိမ်မြို့၊ ကန်သာယာဗိုလ်ချုပ်ကြေး ရုပ်ကွင်းမှာ ဧရာဝတီတိုင်းဒေ သကြီး အစိုးရအဖွဲ့ဝင်တွေ၊ လယ်သမားတွေနဲ့တွေ့ ဆုံစဉ် ပြောကြားခဲ့တာဖြစ်တယ်လို့ အခမ်းအနားကို တက်ရောက်ခဲ့တဲ့ လွှတ်တော် ကိုယ်
Posted: 15 Dec 2014 07:15 AM PST
ရှမ်းပြည် မြောက်ပိုင်း လားရှိုးမြို့က ကြံ့ခိုင်ဖွံ့ဖြိုးရေး ပါတီရဲ့ ပြည်နယ် ဗဟိုအလုပ်အမှုဆောင် တစ်ယောက်ကို သောကြာနေ့က အမည်မသိ လူတစ်စုက ခေါ်သွားပြီး တရုတ်ပြည်ဘက်ခြမ်းမှာ သတ်ပစ်ခဲ့ပါတယ်။ အကြောင်းစုံကိုတော့ စုံစမ်းထားတဲ့ ကိုနေလင်းက ပြောပြထားပါတယ်။ BBC Burmese https://www.facebook.com/bbcburmese?fref=nf
Posted: 15 Dec 2014 07:07 AM PST
ဆိုင်ထဲက လူ ၅ ယောက် ကတော့ ထွက်ပြေး လွတ်မြောက် လာ သြစတြေးလျ နိုင်ငံ ဆစ်ဒနီ မြို့က ကော်ဖီဆိုင်ကို သေနတ်သမား တစ်ဦးက စီးနင်းပြီး ဓားစာခံတွေကို ဖမ်းဆီး ထားဆဲ ဖြစ်တာကြောင့် လိုအပ်သလောက် အချိန်ယူပြီး ဆစ်ဒနီ မြို့လယ်ကို ဆက်လက် ပိတ်ဆို့ ထားမယ်လို့ သြစတြေးလျ ရဲတပ်ဖွဲ့က ပြောပါတယ်။ ကော်ဖီဆိုင်ကို စီးနင်းထားတဲ့ သေနတ် သမားနဲ့ စေ့စပ် ညှိနှိုင်းမှုတွေကိုလည်း ဆက်လက် လုပ်ဆောင် သွားမယ်လို့ ရဲက ပြောပါတယ်။ ဒါပေမ
Posted: 15 Dec 2014 07:21 AM PST
စစ်တပ်က ဖမ်းဆီးထိန်းသိမ်းခဲ့ပြီးနောက် သေဆုံးသွား တဲ့ အလွတ်သတင်းထောက် ကိုပါကြီး အမှုမှန် ပေါ်ပေါက်ရေးအတွက် အများပြည်သူ လက် မှတ်ထိုးတောင်းဆိုမှုတစ်ခု စတင်ဆောင်ရွက်နေပြီလို့ ကိုပါကြီးရဲ့ဇနီး မသန္တာက RFA ကိုပြောပါတယ်။ လက်မှတ်ထိုးတောင်းဆိုတဲ့လှုပ်ရှားမှုကို မြန်မာနိုင်ငံ အမျိုးသမီးကွန်ရက်က ဦးစီးဆောင်ရွက်တာဖြစ်ပြီး ဒီလှုပ်ရှားမှုကို ကိုပါကြီးပျောက်ဆုံးတဲ့အချိန်က စတင်ခဲ့ပါတယ်။ အခုအလောင်းပြန်ရရှိပြီး
Posted: 15 Dec 2014 06:40 AM PST
သြစတေးလျနိုင်ငံ Sydney မြို့က ချောကလက် ကဖေးဆိုင်ကို သေနတ်သမားက ၀င်ရောက်စီးနင်းပြီး အရေအတွက် အသေအချာ မသိနိုင်တဲ့ လူတွေကို ဓါးစားခံဖမ်းထားတာ ၁၂ နာရီ ကျော်လာပါပြီ။ New South Wales ပြည်နယ်ရဲမင်းကြီး Andrew Scipione ကတော့ ဒီဖြစ်ရပ်ကို အကြမ်းဖက်မှုလို့ မခေါ်ပေမယ့် အခုလိုဖြစ်နေတာ ရက်နဲ့ချီ ကြာနိုင်တယ်ဆိုတာမျိုး ပြောသွားပါတယ်။ မြို့လယ် စီးပွားရေး အချက်အချာ ရပ်ကွက်က Lindt ချောကလက်ကဖေးမှာ ဖြစ်ပွားတဲ့ အဲ
Posted: 15 Dec 2014 04:37 AM PST
ဆစ်ဒနီ မြို့လယ်က ကော်ဖီ ဆိုင်တခုကို ဝင်စီး ထားတဲ့ သေနတ် သမားတဦး နဲ့ သြစတြေးလျ ရဲတို့ စေ့စပ် ညှိနှိုင်း စကား ပြောနေကြပြီလို့ ရဲက ပြောပါတယ်။ ဒါပေမယ့် သေနတ် သမား အနေနဲ့ ဘာကို တောင်းဆိုထားလဲ၊ ဘာတွေ ပြောကြား ခဲ့ကြလဲ ဆိုတာကိုတော့ ရဲက ထုတ်ဖေါ် ပြောကြား ခြင်း မရှိသေးပါ။ အဲဒီ ပြန်ပေး သမား ဘယ်သူ ဘယ်ဝါ ဖြစ်တယ် ဆိုတာကို တော့ ရဲက သိနေပြီလို့ လည်း ပြောပါတယ်။ ဆိုင်ထဲမှာ ရှိတဲ့ လူတွေကို ဓားစာခံ အဖြစ် သေနတ်
Posted: 15 Dec 2014 04:34 AM PST
နိုင်ငံရေးမှာ အမျိုးသမီးထု ပိုပါဝင်လာဖို့အတွက် နိုင်ငံရေး ပါတီတွေ အနေနဲ့ လာမယ့် ၂၀၁၅ ရွေးကောက်ပွဲအတွက် ကိုယ်စားလှယ် လောင်းတွေ ရွေးချယ်တဲ့ အခါ အရည်အချင်းရှိတဲ့ အမျိုးသမီးတွေကိုလည်း ကိုယ်စားလှယ်လောင်း အဖြစ် ထည့်သွင်း စဉ်းစားကြဖို့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ဥက္ကဌ ဦးတင်အေးက ဒီနေ့ ပြောလိုက်ပါတယ်။ ဒီနေ့ ရန်ကုန်မြို့ ပန်ဒါဟိုတယ်မှာ ကျင်းပတဲ့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နဲ့ နိုင်ငံရေးပါ
Posted: 15 Dec 2014 04:08 AM PST
ဒီဇင်ဘာ ၁၄ ရက်နေ နံနက် ၈း၃၀ အချိန်ခန့်က နေပြည်တော်ကောင်စီ နယ်မြေ၊ နယ်မြေ(၂) သပြေကုန်း ရပ်ကွက်၊ ငုဝါလမ်း၊ အမှတ်(၄၆၄)၏ ပထမထပ် အခန်းတခုထဲတွင် ပတ်စ်ပို့အမှတ် ၄၀၉၁၃၃၉၇ ကိုင်ဆောင်ထားသူ Franco Gatchalian အမည်ရှိ ဖိလစ်ပိုင်နိုင်ငံသား တဦးသည် ခုတင်ဘေးတွင် မှောက်လျက်အနေအထားဖြင့် သေဆုံးနေကြောင်း သေဆုံးသူကို လာခေါ်သော ယာဉ်မောင်း ဦးအန့်ထူးမြင့်က တွေ့ရှိသဖြင့် သက်ဆိုင်ရာသို့ အသိပေးအကြောင်းကြားမှုကြောင့် သပြေကု
Posted: 15 Dec 2014 04:06 AM PST
အသက် ၁၇နှစ်အရွယ် မိုဟာမက်အစ္စလာမ် ဆိုသည့် နယူးယောက်မြို့မှ ကျောင်းသားသည် အသက် ၉ နှစ်သားအရွယ်မှစ၍ ပြားပမာဏ အသေးစား စတော့အရောင်းအ၀ယ်၊ အထူးသဖြင့် ရွှေဈေး၊ ရေနံဈေး အတတ်အကျများကို ခန့်မှန်း၍ ပြုလုပ်ခဲ့သူဖြစ်သည်။ နယူးယောက်မြို့ စတိုင်ဗက်ဆန့်အထက်တန်းကျောင်းတွင် ပညာသင်ယူနေစဉ် မုန့်စားဆင်းချိန်များအတွင်း စတော့အရောင်းအ၀ယ် ပြုလုပ်လေ့ရှိသည်။ ယခုလက်ရှိ အမေရိကန်ဒေါ်လာ ၇၂ သန်းကြွယ်ဝသူဖြစ်ပြီး မကြာသေးမီကမှ
Posted: 15 Dec 2014 03:59 AM PST
ဟားမက် လက်နက်ကိုင် အဖွဲ့ဝင် ၂ ထောင် ၀န်းကျင်ဟာ ဒီဇင်ဘာလ ၁၄ ရက်နေ့မှာ ဂါဇာမြို့မှာ ချီတက်စစ်ရေးပြရင်း အစ္စရေးကို ဖျက်စီးဖို့ သန္နိဋ္ဌာန် ပြုလိုက်ကြပါတယ်။ အစ္စလာမ်ဝါဒီ ဟားမက်အဖွဲ့ ထူထောင်ခြင်း ၂၇ နှစ်ပြည့် အထိမ်းအမှတ်အဖြစ် ချီတက်တာပါ။ ဒါဟာ သြဂုတ်လတုန်းက ရက် ၅၀ စစ်ပွဲနောက်ပိုင်း ဟားမက် အဖွဲ့ရဲ့ အကြီးဆုံး အင်အားပြပွဲလည်း ဖြစ်ပါတယ် ရက်ငါးဆယ် စစ်ပွဲအတွင်းမှာ ပါလက်စတိုင်း ၂၁၀၀ ကျော် သေဆုံးခဲ့ပြီး အများစု
Posted: 15 Dec 2014 03:57 AM PST
ကချင်လွတ်မြောက်ရေး တပ်မတော်မှ တပ်ဖွဲ့ဝင်တချို့အား တွေ့ရစဉ် ကချင်ပြည်နယ် ဖားကန့်ဒေသ နမ့်မဖစ် ကျေးရွာ အုပ်စုထဲမှာ အစိုးရတပ်နဲ့ ကေအိုင် ကချင်လွတ်လပ်ရေး တပ်မတော်ကြား စစ်ရေး တင်းမာမှု အကျိုးဆက်အဖြစ် ရွာသားတွေ သွား လာခွင့် ပိတ်ပင်ခံရတယ်လို့ ဒေသခံတွေက ပြောပါတယ်။ နားမဖစ်ကျေးရွာအုပ်စုက နားမဖစ် နဲ့ ဂျာဂါယန် ရွာက ရွာသားတွေဟာ သူတို့ရွာနဲ့ ၈ မိုင်ေ လာက်ဝေးတဲ့ ဖားကန့်မြို့ပေါ်တက်ပြီး ဈေးရောင်း ဈေးဝယ် ပြု
Posted: 14 Dec 2014 10:16 PM PST
သြစတြေးလျ နိုင်ငံ ဆစ်ဒနီမြို့ရှိ ကော်ဖီဆိုင်တွင် ဓားစာခံအဖြစ် ဖမ်းဆီးခံထား ရသူများ အနက်မှ သုံးဦးမှာ ထွက်ပြေး လွတ်မြောက်လာကြောင်း သတင်းများက ဆိုသည်။ ၎င်းတို့သည် ကော်ဖီဆိုင်ရှေ့ မျက်နှာစာ တံခါးနှင့် အရေးပေါ် ထွက်ပေါက်တို့မှ တစ်ဆင့် ထွက်ပြေး လာခြင်း ဖြစ်ကြောင်း သိရသည်။
Posted: 14 Dec 2014 10:02 PM PST
                                    ကလေးအလောင်းများ စွန့်ပစ်ခဲ့သူအား အရေးယူ ရန်ကုန်၊ ဒီဇင်ဘာ ၁၅ ၁၄.၁၂.၂၀၁၄ ရက်နေ့ ၁၅၄၅ အချိန်တွင် လှိုင်သာယာမြို့မ ရဲစခန်းမှ တပ်ဖွဲ့ဝင် များသည် လှိုင်သာယာမြို့နယ်၊ (၁၅)ရပ်ကွက်၊ သာယာဝတီလမ်းတွင် မွေးကင်းစ ကလေး အလောင်းများ စွန့်ပစ်ထားကြောင်း သတင်းအရ သွားရောက်စုံစမ်း စစ်ဆေးခဲ့ရာ အဆိုပါနေရာ၌ မွေးကင်းစ ယောင်္ကျားလေး အလောင်း(၂)လောင်းအား ကြွပ်ကြွပ်အိတ် အနက်ရောင်(၁)လုံးစြီ
Posted: 14 Dec 2014 08:42 PM PST
ဓါတ်ပုံ- ၁ လ ကြာဖမ်းဆီးစစ်ဆေးခံရသူ စိုင်းမြင့်ကျော် ဒီဇင်ဘာလ ၁၅ ရက် ၂၀၁၄ သျှမ်းပြည်တောင်ပိုင်း လဲချားမြို့နယ် တတ်မောက် ကျေးရွာမှ ရွာသား တဦး မြန်မာ အစိုးရ စစ်တပ်က သျှမ်းသူပုန်ဟုဆိုကာ ဖမ်းဆီး ရိုက်နှက်ကြောင်း ဒေသတွင်း သတင်းရပ်ကွက်က ဆိုပါသည်။ ဦးလုံးယန္န ပါခမ်းဆာတို့၏သား စိုင်းမြင့်ကျော်အား လယ်တောမှအပြန် စစ်ကြောင်းပြန် ခိုလမ်အခြေစိုက် ရလခတိုင်းမှ စစ်သားကဖမ်း ဆီးခေါ်ဆောင်ခြင်းဖြစ်ကြောင်း ဆွေမျိုးေ
Posted: 14 Dec 2014 08:39 PM PST
ဒီဇင်ဘာ-၁၄ ရသေ့တောင်မြို့နယ်တွင်  အရက်မူးရာမှ ယောက်ဖချင်း ဓားထိုးမှုဖြစ်၍ တစ်ဦး ပွဲချင်းပြီး သေဆုံးသွား ခဲ့သည်ဟု သတင်း ရရှိသည်။ သေဆုံးသွားခဲ့သူမှာ ရသေ့တောင်မြို့နယ်၊ သရက်ပြင်ကျေးရွာမှ ဦးဝင်းဖေ (၄၁ နှစ်)ဖြစ်ပြီး  သူ၏ဇနီး ဖြစ်သူ၏ အစ်ကို  ခိုင်ရွှေမောင် (၅၆ နှစ်)က ဒီဇင်ဘာလ ၁၁ ရက်နေ့၊ ညနေ ၆ နာရီကျော်ခန့်အချိန်တွင် ဓားဖြင့် ထိုးသတ်ခဲ့ခြင်း ဖြစ်သည်ဟု ဒေသခံများက ဆိုသည်။ “သူတို့နှစ်ယောက်ဟာ အိမ်နီး
Posted: 14 Dec 2014 08:36 PM PST
သြစတြေးလျနိုင်ငံ ဆစ်ဒနီမြို့လယ်က ကော်ဖီဆိုင်တဆိုင်ကို လက်နက်ကိုင်တွေ ၀င်စီးထားပြီး ကော်ဖီ ဆိုင်ထဲမှာ ရှိနေတဲ့ လူတွေကိုလည်း ဓားစာခံ အဖြစ် ဖမ်းထား ပါတယ်။ နယ်ခံ ရုပ်မြင်သံကြား သတင်းတွေမှာ အာရဘီ ဘာသာနဲ့ ရေးထားတဲ့ စာပါတဲ့ အဖြူအမဲ အလံကိုလည်း လှမ်းမြင် နေရတာကို ပြသပါတယ်၊ ဒီအလံဟာ အီရတ်နဲ့ ဆီရီးယားမှာ တိုက်ခိုက်နေတဲ့ အစ္စလာမ္မစ် နိုင်ငံတော် အမည်ခံ အိုက်အက်အဖွဲ့ရဲ့အလံနဲ့ ဆင်တူတယ်လို့ သတင်းတွေက ဆိုပါတယ်။
Posted: 14 Dec 2014 08:34 PM PST
ဓာတ်ပုံ – Ministry of Defence’s ပြီးခဲ့တဲ့ ရက်ပိုင်းက ဖြစ်ပွားခဲ့တဲ့ ကိုးကန့်လက်နက်ကိုင်တွေနဲ့ တိုက်ပွဲမှာ အစိုးရ တပ်မတော် စစ်ကြောင်းက စစ်သည် ၇ ဦးကျဆုံးပြီး ၂၀ ဦး ဒဏ်ရာရသွားတယ်လို့ စစ်တပ်နဲ့ အစိုးရပိုင် မီဒီယာ တွေမှာ ဒီကနေ့ သတင်းထုတ်ပြန်ပါတယ်။ ဒီဇင်ဘာလ ၁၀ ရက်နေ့က ရှမ်းပြည်နယ် မြောက်ပိုင်း ကွမ်းလုံမြို့ အနောက်မြောက်ဘက် ၁၀ မိုင်ခန့်အကွာရှိ နမ့်ကျွမ်း၊ ဝေါခြုံဒေသနှင့် မုံးစီး၊ မုံးပေါ်လေး ဒေသအတွ
Posted: 14 Dec 2014 07:15 PM PST
MAI နဲ့ KBZ လေကြောင်းလိုင်းက လေယာဉ် တွေ ငှက်တွေနဲ့ ဝင်တိုက်တဲ့ ဖြစ်ရပ် အခု ရပ်ပိုင်းတွေမှာ တွေ့ကြုံ ခဲ့ရပါတယ်။ မြန်မာနိုင်ငံ မှာ လေယာဉ်နဲ့ ငှက်အုပ်တွေ ဝင်တိုက်တဲ့ ဖြစ်ရပ် ၅ ရက် အတွင်း ၂ ကြိမ် မြောက် အနေနဲ့ ကမ္ဘောဇ လေကြောင်းလိုင်းက လေယာဉ်ဟာ ဒီဇင်ဘာ ၁၄ ရက်နေ့က ပဲခူးမြို့ ပေါ် ပေ ၃ ထောင် အမြင့်လောက် မှာ ငှက်တွေနဲ့ ဝင်တိုက် ခဲ့လို့ ရန်ကုန် လေဆိပ်ကို နောက်ကြောင်း ပြန်လှည့်ပြီး အရေးပေါ် ဆင်းသက် ခဲ့ရပါ
Posted: 14 Dec 2014 07:13 PM PST
၂၀၁၄ မယ်ကမ္ဘာဆုရသွားတဲ့ တောင်အာဖရိကနိုင်ငံက ဆေးကျောင်းသူ Rolene Strauss (လယ်) ၆၄ ကြိမ်မြောက် မယ်ကမ္ဘာရွေးချယ်ပွဲမှာ အသက် ၂၂ အရွယ် တောင်အာဖရိကအလှမယ်က အနိုင်ရပြီး သရဖူဆောင်းသွားခဲ့ပါတယ်။ ဆေးကျောင်းသူ Rolene Strauss ဟာ တနင်္ဂနွေနေ့က လန်ဒန်မှာကျင်းပတဲ့ အခုနှစ် မယ်ကမ္ဘာရွေးချယ်ပွဲမှာ အနိုင်ရရှိသွားခဲ့တာပါ။ ရုပ်သံကနေ တိုက်ရိုက်လွှင့်ထုတ်တဲ့ အဲဒီရွေးချယ်ပွဲကို ကမ္ဘာအနှံ့က လူသန်းပေါင်းရာနဲ့ချီပြီးတော့ ကြ
Posted: 14 Dec 2014 07:11 PM PST
ဆစ်ဒနီ မြို့လယ်က စားသောက် ဆိုင်ငယ် တစ်ခု စီးနင်း ခံထားရပြီး လူတွေ အများအပြား ကို ဓားဆာခံ အနေနဲ့ ဖမ်းဆီး ထားပါတယ်။ ဆစ်ဒနီ မြို့လယ်က Lindt Cafe ဆိုင်ထဲကို အနည်းဆုံး သေနတ်သမား တစ်ဦး ဝင်ရောက်ပြီး ဆိုင်ထဲက လူတွေကို ဓားစာခံလုပ် ဖမ်းဆီးထားပါတယ်။ အခုဆိုရင် လက်နက်ကိုင်ရဲတွေဟာ မြို့လယ်က နေရာတချို့ကို ပိတ်ဆို့ ဝိုင်းရံထားကြပြီ ဖြစ်ပါတယ်။ အဲဒီ့ စားသောက်ဆိုင်ရဲ့ မှန်တွေကို မျက်နှာ မူရင်းသား မတ်တပ်ရပ် လ
Posted: 14 Dec 2014 07:09 PM PST
မြို့တော်ခန်းမရှေ့မှာ ဘိုးဘွားပိုင်မြေ ပြန်လည်ရရှိရေး စခန်းချဆန္ဒပြနေကြသူ မိကျောင်းကန်ပြည်သူများ။ (ဓာတ်ပုံ- ဝေမှူးသွင်/ဒီဇင်ဘာ ၁၄၊ ၂၀၁၄) သင်္ကန်းကျွန်း၊ မိကျောင်းကန် မြေသိမ်းခံရမှုနဲ့ ပတ်သက်လို့ ဖြေရှင်းပေးဖို့ တောင်းဆိုနေတာ တနှစ်ကျော်ပြီ ဖြစ်ပေမဲ့ အခုချိန်ထိ အာဏာပိုင်တွေဘက်က သေသေချာချာ ဖြေရှင်း မပေးသေးတဲ့ အတွက် မြေအသိမ်း ခံရသူတွေဟာ ရန်ကုန်မြို့တော် ခန်းမရှေ့မှာ ထပ်မံဆန္ဒပြ နေကြပါတယ်။ အခုဆန္ဒပြနေတာ
Posted: 14 Dec 2014 07:04 PM PST
အခွန်တိမ်းရှောင်တာတွေနဲ့ အခွန်လွတ်ကင်း တာတွေ မရှိဖို့အတွက် ရပ်ကွက်အဆင့်ကစပြီး အခွန်စစ်ဆေး ရေးလို အဖွဲ့တွေ ဖွဲ့စည်းဖို့ ဆောင်ရွက်နေပြီ ဖြစ်ပါတယ်။ အိမ်ခြံမြေ ၀န်ဆောင်မှု အသင်းရဲ့ လစဉ်တွေ့ဆုံပွဲမှာ ရန်ကုန်တိုင်း၊ ပြည်တွင်း အခွန်ဦးစီးဌာနက အခွန်နဲ့ ပတ်သက်တာတွေ လာရောက် ရှင်းလင်းရာမှာ တာဝန်ရှိသူတွေက ပြောကြား လိုက်တာပါ။ အဖွဲ့ဖွဲ့စည်းဖို့ သက်ဆိုင်ရာ အထက်အဆင့်ဆင့်ရဲ့ ညွှန်ကြားချက်ကိုစောင့်နေပြီး မကြာခ
Posted: 14 Dec 2014 04:58 PM PST
လူတွေ အတွက် အကျိုးအမြတ် ဖန်တီး ပေးနိုင်တဲ့ အခြေအနေ ရောက်တဲ့ အထိ ဆောင်ရွက်မယ် ဆိုပြီး ဝန်ကြီးချူပ် အာဘေး ပြော။ အချိန် မတိုင်ခင် စောစီးစွာ ကျင်းပခဲ့တဲ့ ဂျပန် ရွေးကောက်ပွဲ မှာ ဝန်ကြီးချူပ် ရှင်ဇိုအာဘေး ဦးဆောင်တဲ့ ညွန့်ပေါင်း အုပ်စုကပဲ ပါလီမန် အောက် လွှတ်တော် ရဲ့ နေရာ အများစု ၃ပုံ ၂ပုံကို ဆက်လက် ရရှိ ခဲ့ပါတယ်။ မဲပေးပိုင်ခွင့် ရှိသူတွေ ထဲက ၅၂ % ပဲ မဲလာ ပေးခဲ့ကြတာ ဖြစ်လို့၊ ဒါဟာ ဒုတိယ ကမ္ဘာစစ် နော
Posted: 14 Dec 2014 02:23 PM PST
တိုကျို ဒီဇင်ဘာ ၁၄ ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေး၏ လစ်ဘရယ် ဒီမိုကရက်တစ်ပါတီက ပါလီမန်အမတ်နေရာ ၄၇၅ ဦးရှိသည့် အနက် ၃ဝဝ ခန့်ဖြင့် အနိုင်ရကြောင်း မဲရုံများက ကြေညာသည်။ ဝန်ကြီးချုပ်သည် ၎င်း၏စီးပွားရေး ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များ အထမြောက်အောင်မြင်စေရန် ရှောင်တခင် ရွေးကောက်ပွဲကို သတ်မှတ်ချိန်ထက် နှစ်နှစ်စောပြီး ကျင်းပခဲ့ကြောင်း သိရသည်။ ဂျပန်နိုင်ငံသည် ကမ္ဘာ့တတိယ စီးပွားရေး အကောင်း ဆုံးနိုင်ငံဖြ
Posted: 14 Dec 2014 10:46 AM PST
ပစ္စတို ၂လက် အပါအဝင် လက်နက်ခဲယမ်းတွေ စစ်တပ် လက်နက်တိုက်ကနေ ဖောက်ထွင်းခံခဲ့ရ ရခိုင်ပြည်နယ် ဘူးသီးတောင် မြို့နယ် အခြေစိုက် ခမရ ၅၆၄ရဲ့ လက်နက်တိုက်ကို ဖေါက်ပြီး လက်နက်ငယ် တချို့နဲ့ ခဲယမ်း မီးကျောက်တွေ ယူဆောင်သွားတဲ့ တပ်သား တစ်ဦး၊ လက်နက်တွေ လက်ခံထားတဲ့ ကျေးရွာသား နှစ်ဦးတို့ကို သက်ဆိုင်ရာ စစ်တပ်နဲ့ ရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်တယ်လို့ သိရပါတယ်။ ဒီဇင်ဘာလ ၇ ရက်နေ့ ညက ဘူးသီးတောင်မြို့နယ် အခြေစိုက် ခမရ ၅၆၄ တ

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...