Monday, December 8, 2014

Heart disease (1) နှလုံးရောဂါ (၁)


Heart disease နှလုံးရောဂါလို့ တခွန်းထဲပြောကြပေမဲ့ နှလုံးမှာ ရောဂါရတာတွေက တလှေကြီးရှိတယ်။ Heart Blood vessels နှလုံးရဲ့ သွေးကြောတွေမှာဖြစ်တာ၊ Heart rhythm နှလုံးခုန်မမှန်တာ (စည်းချက်မကျတာ)၊ Heart infections နှလုံးကိုပိုးဝင်တာ၊ စတာတွေကို ခြုံပြီးခေါ်တာဖြစ်တယ်။
လူကြီးတွေကို သေစေတဲ့အထိဒုက္ခပေးတဲ့ နှလုံးသွေးကြောကျဉ်းရောဂါကို လူသိပိုများတယ်။
Heart attack နှလုံး (အတက်ခ်) ရခြင်း၊ Chest pain ရင်ပတ်နာခြင်း၊ Stroke (ဆထုပ်ခ်) ဆိုတဲ့ အခေါ်မျိုးတွေနဲ့ ဆိုင်တယ်။ ငယ်ရွယ်သူတွေအတွက် နှလုံး-အဆို့ရှင်ရောဂါနဲ့ မွေးစကလေးတွေက Congenital heart မွေးရာပါနှလုံးရောဂါတွေ ဆိုင်တယ်။
နှလုံးရောဂါရဲ့ လက္ခဏာတွေကို ခြုံပြောလို့မရနိုင်သလောက်ဖြစ်တယ်။ ဖြစ်နေတာမတူရင် ဖြစ်လာတာ ခံစားရမှာတွေ မတူလို့ဘဲ။
(၁) Cardiovascular disease ခေါ်တဲ့ နှလုံး-သွေးကြောကျဉ်းရောဂါဆိုရင်
- ရင်ပတ်နာ၊
- အသက်ရှူမဝ၊
- ခြေ-လက်တွေမှာ ထုံ-အေးစက်-အားနည်းတာဖြစ်မယ်။ ဒါတောင် ဘာမှမဖြစ်သလိုနေရာကနေ ဆေးစစ်တော့မှ သိလာရတာလဲရှိသေးတယ်။ Heart attack (အတက်ခ်) ရမှ Angina ရင်ပတ် တအားနာမှ Stroke လေဖြတ်မှ Heart failure နှလုံးအလုပ်မနိုင်တော့မှ သာရသူတွေလဲ မနည်းလှဘူး။
(၂) Heart arrhythmias နှလုံးခုန်မမှန်တာဖြစ်နေရင်
- ရင်ထဲလှပ်လှပ်နေမယ်၊
- ရင်တုံမယ်၊ နှလုံးခုန်မြန်လွန်းမယ်၊
- နှလုံးခုန်နှေးလွန်းမယ်၊
- ရင်ပတ် တအားနာမယ်
- အသက်ရှူမဝဖြစ်မယ်၊
- ခေါင်းထဲပေါ့နေမယ်၊
- ခေါင်းမူးဝေနေမယ်၊
- သတိမကောင်းရာကနေ သတိလစ်မယ် ဆိုတာတွေဖြစ်နိုင်တယ်။
(၃) Serious congenital heart defects မွေးရာပါ နှလုံးရောဂါ ဆိုးတာဖြစ်နေရင်
- မျက်နှာ-အသားအရေ ဖြူရော်နေမယ်၊
- မျက်နှာ-ခြေ-လက် ဖေါင်းရောင်မယ်၊
- အစာကြွေးချိန် အသက်ရှူမမှန်ဖြစ်မယ်၊ ကလေး အလေးချိန် တက်သင့်သလောက် တက်မလာတာတွေဖြစ်မယ်။ မွေးရာပါ နှလုံးရောဂါ သိပ်မဆိုးတာဖြစ်နေရင် -
- လှုတ်ရှား-ဆော့ကစားရင် အသက်ကောင်းကောင်းမရှူနိုင်၊
- မောပန်းလွယ်၊
- အဆုပ်ထဲ၊ နှလုံးထဲ ရေအောင်းမယ်၊
- ခြေ-လက်တွေ ဖေါရောင်တာတွေ ခံစားရမယ်။
(၄) Cardiomyopathy နှလုံးကြွေက်သားထူလာတဲ့ရောဂါဆိုရင်
- အသက်ရှူမဝ၊ နားနေတာတောင်မှ မဝတာအထိဖြစ်နိုင်တယ်။
- ခြေထောက်ရောင်၊
- ဗိုက်ကယ်၊ (ရေဖျင်း)
- အားယုတ်၊
- နှလုံးခုန်မမှန်၊
- ခေါင်းမူး၊ ခေါင်းထဲပေါ့နေ၊ သတိလစ်တာတွေ ခံစားရမယ်။
(၅) Heart infections နှလုံးကို ပိုးဝင်တာမှာ ၃ စားခွဲရသေးတယ်။ (၁) Pericarditis နှလုံးအပေါ်ဖုံးလွှာရောင်ခြင်း၊ (၂) Myocarditis နှလုံးကြွက်သားရောင်ခြင်း၊ (၃) Endocarditis နှလုံးအတွင်းဆုံးလွှာရောင်ခြင်း၊ ခံစားရမှာတွေက -
- ဖျား၊
- အသက်ရှူမဝ၊
- အားယုတ်၊
- ခြေ-ဗိုက် ရောင်၊
- နှလုံးခုန်မမှန်၊
- ချောင်းခြောက်ဆိုး၊
- အရေပြားမှာ အနီစဉ်း-ပျောက်တွေပေါ်တာတွေ ဖြစ်မယ်။
(၆) Valvular heart disease နှလုံးအဆို့ရှင်မကောင်းတာမှာလဲ (၃) စားရှိတယ်။ ဖြစ်နေရင် (၁) Stenosis ကျဉ်း၊ (၂) Regurgitation ကျယ်၊ (၃) Prolapse ကျွံ။ ခံစားရမှာတွေက -
- အားယုတ်၊
- အသက်ရှူမဝ၊
- နှလုံးကို နားထောင်ရင် အသံမူမမှန်၊
- ခြေထောက်ရောင်၊
- ရင်ပတ်နာ၊
- သတိလစ်တာတွေ ခံစားရမယ်။
နှလုံးရောဂါ အတော်များများကို မဖြစ်အောင် ကာကွယ်လို့ရပါတယ်။ နှလုံးရောဂါတွေဟာ စောစောသိရင် ကုလို့အဆင်ပြေတယ်။ နှလုံးရောဂါ ကာကွယ်ရေးအတွက် လူနေမှုပုံစံ မမှန်တာ မှန်သမျှ ပြင်ရပါမယ်။ ဆေးပုံမှန်စစ်နေပါ။
- ဆေးလိပ်မသောက်ပါနဲ့၊
- သွေးတိုးရှိရင် အမြဲမပြတ်ဆေးကုသနေပါ။
- (ကိုလက်စထော) များနေရင် အမြဲမပြတ်ဆေးကုသနေပါ။
- ဆီးချို ရှိရင် အမြဲမပြတ်ဆေးကုသနေပါ။
- ကိုယ်လက်လေ့ကျင့်ခန်း တနေ့ မိနစ် ၃ဝ၊ တပါတ် ၅ ရက် မှန်မှန်လုပ်ပါ။
- ဆား-အဆီ-အချို လျှော့စားပါ။
- ကိုယ်အလေးချိန်ထိန်းပါ။
- စိတ်ဖိအား၊ ရုပ်ဖိအား မများပါစေနဲ့။
- သန့်ရှင်းရေး ဂရုစိုက်ပါ။
- အမျိုးထဲက တယောက်မှာ နှလုံးရောဂါ ရှိဘူးသူတွေ ပုံမှန် ဆေးစစ်သင့်တယ်။
Dr. တင့်ဆွေ
မူရင်းလင့်။ ။Heart disease (1) နှလုံးရောဂါ (၁) http://dts-medicaleducation.blogspot.in/…/heart-disease.html

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...