Monday, December 8, 2014

မြန်မာနိုင်ငံမှာ ထူးချွန်သောအားကစားသမား ဘာလို့နည်းရသလဲ


၁။ကောင်းမွန်စနစ်ကျသောမြို့ပြစီမံကိန်း ယခုအချိန်ထိမရှိသေးခြင်း
-------မြို့ပြစီမံကိန်းကောင်းမွန်ပါက ရပ်ကွက်တိုင်း၊ကျေးရွာတိုင်းတွင် အုပ်ချုပ်ရေး
ပိုင်းမှထိန်းသိမ်းစောက်ရှောက်ထားသော ကစားကွင်းပါရပါမည်။ကစားကွင်းအတွင်း
တွင် ပွဲကြည့်စင်မပါသောဘောလုံးကွင်း ၊ဘော်လီဘောကွင်း၊ကြက်တောင်ကွင်း၊ပိုက်
ကျော်ခြင်းကွင်းအပြင်ရေကူးကန်ပါ ထည့်သွင်းတည်ဆောက်ထားပါက ဒေသနေလူ
ထုများ ကျန်းမာကြံ့ခိုင်မည့်အပြင် နည်းစနစ်များချထားပေးခြင်းဖြင့် ထူးချွန်သောအား
ကစားမောင်မယ်များပေါ်ပေါက်လာမည်မှာမုချပင်ဖြစ်သည်။



၂။အားကစားနည်းတော်တော်များများ လူထုနှင့်ဝေးကွာနေခြင်း
-------သေနတ်ပစ်အားကစား ၊မြားပစ်အားကစား ၊တဲနစ်အားကစား ၊ဟော်ကီအား
ကစား၊ဘိုးလင်းအားကစား ၊ရေကူးအားကစား၊မြင်းစီးအားကစား၊ဂေါက်ဖ်အားကစား၊
ဝါးတားပိုလို၊ဟမ်းဘော၊သံလုံးပစ် ၊သံပြားပစ် ၊လှံပစ် ၊အမြင့်ခုန်စသဖြင့်အားကစား
နည်းများမှာ ၀ါသနာပါသော်လည်း အလွယ်တကူမကစားနိုင်ခြင်းကြောင့် ၎င်းအားက
စားနည်းများတွင် ရွှေဆုများဝေးကွာနေခြင်းဖြစ်သည်။


၃။အင်အားဖြင့်ကစားရသော အားကစားနည်းများတွင်လိုအပ်ချက်ကြီးမားခြင်း
-------မြန်မာမိသားစုများမှာ ဈေးဖိုးအားချင့်ချိန်ပြီးသုံးကြလေ့ရှိသဖြင့် သား၊သမီး
များအား အသားငါးဟင်းသီးဟင်းရွက်များအား အလှံအပယ် စားနိုင်သလောက်ကြွေး
လေ့မရှိခြင်း။၎င်းမျိုးရိုးအစဉ်အလာကြောင့် ကိုယ်ကာယကြီးထွားခြင်းတွင်လည်း နိုင်
ငံခြားကစားသမားများလောက် မထွားကြိုင်းခြင်း(မျိုးရိုးလိုက်သည်ဆိုသော်လည်း ဖန်
တီးယူ၍ရသောအရာဖြစ်ပါသည်။) အားကစားသမားများကန့်ဝင်သောအခါ
တွင် နိုင်ငံခြားသားအားကစားသမားများဟင်းကိုအပုံလိုက်စားပြီးထမင်းနည်းနည်းစား
သော်လည်း မြန်မာကစားသမားများမှာထမင်းကိုအပုံလိုက်စား၍ဟင်းအများကြီးထည့်
ပေးထားသော်လည်းနည်းနည်းသာစားနိုင်ခြင်း။ကိုယ်ကာယကရရှိသောကယ်လိုရီခေါ်
ကိုယ်တွင်းစွမ်းအားများကွာခြားသွားခြင်းကြောင့် အင်အားသုံးရသောအားကစားနည်း
များတွင် နိုင်ငံခြားအားကစားသမားများထက်အင်အားပိုမိုသုံးရခြင်းအင်းအားစိုက် ထုတ်မှု့တူညီသောအခါတွင် နောက်ကျကျန်ခဲ့ခြင်း။


၎။အားကစားအထောက်အကူပစ္စည်းများ ခေတ်မမှီခြင်း
--------နိင်ငံခြားဘောလုံးအသင်းများတွင် ဘောထိန်းလေ့ကျင့်ရန် ဘောလုံးပစ်ပေး
သောစက်ရှိသော်လည်း မြန်မာနိုင်ငံတွင်မရှိခြင်း။အခြားအားကစားနည်းများတွင်
လည်း ယင်းကဲ့သို့ခေတ်မီအထောက်အကူပစ္စည်းများမရှိခြင်းသည် အားကစားနည်း
များလေ့ကျင့်ရာတွင် ပံပိုးမှု့မပေးနိုင်ခြင်း။


၅။ကျောင်းဆရာ၊ဆရာမများ ပညာသင်ကြားပုံမူမမှန်ခြင်း
---------ကျောင်းသားမောင်မယ်များအား ဆရာဆရာမများစာသင်ကြားရာတွင် တစ်
ကြိမ်တည်းဖြင့် နားလည်အောင်သင်ကြားနိုင်ခြင်းမရှိသောကြောင့် တပည့်များမှာ
ပညာရေးတွင် အများနည်းတူလိုက်မှီရန် ကျူရှင်ကဲ့သို့သောအချိန်ပိုသင်ယူခြင်းများ
ဖြင့် သာမာန်ဥာဏ်ရည်သာရှိသောသူများသည် ကျောင်းစာများတွင်သာအချိန်ပေး
နေရသဖြင့် အားကစားဖတ်သို အချိန်မပေးနိုင်ခြင်း။ဥာဏ်ကောင်းသူတော်တော်များ
များမှာ ပညာရေးတွင်သာအားသာလေ့ရှိသဖြင့် အားကစားလိုက်စားလိုသူများမှာ
အတန်းပညာကိုစွန့်၍ အားကစားလိုက်စားရန်အတွက်မူမိဘများကခွင့်မပြု့ခြင်း။
ယင်းအကျိုးဆက်များကြောင့် အားကစားလိုက်စားသူများမှာ ပညာရေးတွင်ချို့တဲ့
ခြင်းကြောင့် နိုင်ငံခြားသားပညာတက်အားကစားသမားများနှင့်ယှဉ်ရာတွင် တစ်
ကွက်နောက်ကျနေခြင်း။


၆။အားကစားနည်းတော်တော်များများ ဘ၀အာမခံချက်မပေးနိုင်ခြင်း
--------အားကစားလုပ်ခြင်းသည် အခန့်မသင့်ပါက ကိုယ်ကာယချို့တဲ့လွယ်သဖြင့်
ဆုံးရှုံးခဲ့သော အစိတ်အပိုင်းအတွက် ဘ၀တွင်နေထိုင်စားသောက်ရန်အာမခံချက်မရှိ
ခြင်း၊ထို့ကြောင့်မိဘများက အားကစားကိုအားပေးမှု့နည်းခြင်း။မြန်မာနိုင်ငံတွင် ဘော
လုံးအားကစားနည်းတွင်တောင် ပရောဖတ်ရှင်နယ်အားကစားသမားများမှလွဲ၍ ကျန်
ဘောလုံးအားကစားသမားများအပြင် ဒိပြင်အားကစားနည်းများမှ အားကစားသမား
များကို အာမခံပေးနိုင်မှု့ မရှိသလောက်နည်းပါခြင်း။(လောလောဆယ် စာရေးသူတွေး
မိသလောက်တင်ပြထားခြင်းဖြစ်ပါသည် စာဖတ်သူအနေဖြင့်လည်း စာရေးသူမတွေးမိ
သောရှု့ထောင့်မှ ၀င်ရောက်ရေးသားနိုင်ပါသည်။)


၇.၁၂.၂၀၁၄ (လမ်းပြသူ)

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...