Saturday, December 13, 2014

အိပ်မက်ဆိုး (အပိုင်း ၁ )


-------ပုဇွန်ဆီရောင်သန်းနေသော နေ၀င်ဆည်းဆာချိန်တွင် မြေနီလမ်းကလေးပေါ်
လမ်းလျှောက်ရသည်မှာ ကြည်နူးစရာပင်ဖြစ်သည်။ မလေးရှားပိတောက်တန်းများက
လည်း ဘယ်ညာတစ်ဖက်စီဝန်းရံနေသည်မို့ အိပ်တန်းတက်ကျေးငှက်ကလေးများ၏
ဆူညံသံများက ကြည်နူးမှု့တစ်စုံတစ်ရာဖြစ်စေပါသည်။ တစ်ကယ်တော့ရွှေပြည်သာ
ဗီအိုင်ပီ ရပ်ကွက်ထဲကို ကျွန်တော်မရောက်ဖူးပါ။

ရန်ကုန်တွင်အလုပ်အင်တာဗျူးဝင်ရ
မည်ဖြစ်သဖြင့် အိမ်ကပေးလိုက်သောလိပ်စာ မိတ်ဆွေအသိအိမ်တွင်လာတည်းခြင်းဖြစ်ပါသည် ။ အိမ်ရှာရခက်နေသဖြင့် အငှားကားကိုပြန်လွှတ်လိုက်ပြီး လှမ်းလျှောက်ကာလမ်းညွှန်
ရာသို့သွားနေခြင်းဖြစ်ပါသည်။ ဗီအိုင်ပီရပ်ကွက်ဖြစ်သည့်အပြင် ခြံကျယ်ကြီးများဖြစ်သ
ဖြင့်မေးမြန်းရသည်မှာမလွယ်ကူပါ။ ယခုလည်းလမ်းဆုံတစ်ခုရောက်လာပြီမို့လို့ မေး
စရာလူကိုလှည့်ပတ်ရှာနေမိပြန်ပါသည်။ သစ်ပင်အောက်တွင် လူတစ်ယောက်ရှိနေသည်ကိုတွေ့ရသဖြင့်
 မေးမြန်းရန်အနားသို့ ကပ်သွားမှ ဆံပင်ရှည်ရှည်နှင့်မိန်းမတစ်ယောက်ဖြစ်မှန်း သိလိုက်ရပါသည်။
မိန်းကလေးတစ်ယောက်မှန်းသိသော်လည်း မေးစရာအခြားလူမရှိသဖြင့် အားနာနာဖြင့်ပင်မေးမိပါသည်။ (ဟိုဟို အိမ်အမှတ်---ပိတောက် မြိုင်လမ်းက ဦးထွန်းညို၊ဒေါ်လှရီ တို့ရဲ့အိမ်သိလား ဘယ်အိမ်လဲဟင် ဟုမေးရာ ကျွန်တော့ကိုလှည့်မကြည့် ပါခေါင်းပဲ ညှိပ်ပြပါသည်။ (ကျွန်တော့ကိုအဲ့ဒိအိမ်ညွှန် ပေးပါလားခင်ဗျ ကျွန်တော်ခရီးဝေးကလာရလို့ပါ ကူညီပါလားခင်ဗျာ) လို့ပြောရာခေါင်းတဆက်ဆက်ညှိပ်ပြီးရှေ့မှ ထွက်သွားသဖြင့် အနောက်မှအတွေးများစွာဖြင့်လိုက်
လာမိပါသည်။ အင်းဒီမိန်းမစကားရောပြောတက်ရဲ့လားမသိဘူး၊ ဒါမှမဟုတ်ငါ့ကိုအ ဖက်မလုပ်တာလား သူ့အ၀တ်အစားတွေကလည်းနွမ်းနွမ်းဖက်ဖက်နဲ့ ဘယ်သူ့ကို
စောင့်နေတာလဲမသိဘူး အသားလေးကတော့ခပ်လက်လက်ပဲ ကိုယ်လုံးလေးလည်း
လှရှာသားပဲ၊ သူမျက်နှာကဘယ်လိုလဲမသိဘူး မှောင်ကလည်းမှောင်နဲ့ ငါ့ဖက်ကို လည်းတစ်ချက်ကလေးတောင်လှည့်မကြည့်ဘူး ဟာကွာဒါတွေထားလိုက်စမ်းပါမိုး
မချုပ်ခင် အသိအိမ်ရောက်ရင်တော်ပါပြီ။ဆိုပြီး သူ့နောက်ပိုင်းအလှကိုကြည့်ရင်းနှင့်
လိုက်လာမိပါသည်။ခြံတစ်ခြံထဲကခွေးတစ်ကောင်မှာ ကျွန်တော်တို့ကိုကြည့်ပြီးဆိုး
ဆိုးရွားရွားလှမ်းဟောင်နေပါသည်။ ကျွန်တော်ကခွေးဟောင်ခံရသဖြင့် စိတ်မကြည်မ
ရွှင်ဖြစ်နေမိပါသည် ။ဒေါသလည်းအလိုလိုထွက်လာမိပါသည်။ခြံတစ်ခါးပိတ်ထားလို့
ပေါ့ကွာ နေ့မို့ဆိုငါတို့များထွက်ဆွဲမလားမသိဘူးဟု့ တွေးနေရာမှရှေကသွားနေ သောမိန်းမမှာ ၄င်းခွေးကိုကြည့်လိုက်ပြီ လက်သီးဆုပ်လက်မြှောက်လိုက်ရာ ၄င်းခွေးမှာ အနောက်ဖက်သို့ထွက်ပြေးသွားကြောင်းတွေ့လိုက်ရသဖြင့် ဒီမိန်မခွေးနိုင်ဂါထာ
များရနေသလားဟု့တွေးမိပါသည်။ ထိုမိန်းမကရပ်လိုက်ပြီး အိမ်တစ်အိမ်ကို လက်ညှိုး
ထိုးပြနေသဖြင့် ကျေးဇူးပဲနော်ဟု့ပြောရင်း ထိုမိန်းမမျက်နှာကို သေသေခြာခြာကြည့်မိရာ ၀ိုးတ၀ါးအလင်းရောင်အောက်တွင် မျက်နှာပြည့်ပြည့်လေးနှင့် ဆွဲဆောင်မှုရှိ သော မျက်နှာဖြစ်ကြောင်း သတိပြုမိသော်လည်း သူ့မျက်ဝန်းများမှာမှုံမှိုင်းနေပြီး အသက်မဲ့နေသဖြင့် ကျောထဲစိမ့်သွားမိသဖြင့် ညွှန်ပြရာအိမ်သို ခပ်သုတ်သုတ်ထွက်လာလိုက်ပါသည်။ အိမ်မှာနှစ်ထပ်တိုက်ကြီးဖြစ်ပြီး အုတ်တတိုင်းများဖြင့်ခြံဝန်းခပ်ထားသ ဖြင့် သပ်သပ်ရပ်ရပ်ဖြင့်ကြည့်ကောင်းလှပါသည်။
ဘဲတီးရန် ခလုပ်တစ်ခု့တွေ့သဖြင့်နှိပ်လိုက်ပါသည်။ ထပ်နှိပ်မှ အဒေါ်ကြီးတစ်ယောက်ထွက်လာပါသည်။ ကျွန်တော့ကို အကဲခပ်နေသဖြင့် ကျွန်တော်ဘယ်သူ့သားပါ။ ဆိုပြီးအကျိုးအကြောင်းရှင်းပြမှ တံခါး
ဖွင့်ပေးပြီး ဧည့်ခန်းတွင်ဧည့်ခံပါသည်။ အစစအရာရာအဆင်ပြေပြီမို့ အိမ်ကြီးအိမ် ကောင်းတွင် ဒီတစ်ညအဖို့တော့ သက်တောင့်သက်သာစွာ အနားယူနိုင်တော့မည်ဖြစ်ပါသည်။ စားဖို့လည်းအဆင်ပြေခဲ့ပါသည်။ အသိမိသားစုမှာ ညစာစားနောက်ကျသဖြင့် အစစအရာရာ အဆင်ပြေခဲ့ပါသည်။ အပေါ်ထပ်အိပ်ခန်းတွင်တည်းရမည်ဖြစ်သဖြင့် အဒေါ်ကြီးက လိုက်ပို့ရာ လှေခါးတစ်လျှောက်နံရံတွင် မိသားစုအမှတ်တရပုံများကို စီစီရီရီဖြင့် ချိပ်ဆွဲထားကြောင်းတွေ့ရပါသည်။ လှေခါးအတက် မျက်နှာချင်းဆိုင်ထိပ်တည့်တည့်က ဆံပင်ဂုတ်ဝဲ မျက်နှာဝိုင်းဝိုင်းနှင့် မျက်လုံးကြည်ကြည်လေးနှင့်မိန်းကလေးကိုတွေ့ရသဖြင့် စိတ်ထဲတွင်မရိုးမရွ ဖြစ်ကာ မြင်ဖူးသလိုလို ဘယ်မှာတွေ့ဖူး နေမှန်းမသိဖြစ်နေမိပါသည်။ ကျွန်တော်အိပ်ရမည့်အိပ်ခန်းမှာ ကျယ်ကျယ်ဝန်းဝန်းနှင့် တော်တော်အဆင်ပြေပါသည်။ သို့သော်အမွှေးနံတစ်မျိုးမသိမသာလေးရနေသဖြင့် ဒီအခန်းကမိန်းကလေးတစ်ယောက်ယောက် အသုံးပြု့ဖူးသည့်အခန်းများလားဟု့ယူဆမိပါသည်။ သို့သော်ကျွန်တော့အဖို့ကိုစ္စမရှိပါ။ အခန်းလုံခြုံရင်ပဲကျေနပ်လှပါပြီ။ ရေမိုးချိုးစားသောက်ပြီးပြီမို့ အနားယူအိပ်စက်ဖို့တော့အသင့်ဖြစ်နေပါပြီ။ အိမ်ရှင်များဖြင့် အလာပသလာပစကားစမြည်သွားပြောချင်သော်လည်း လေယဉ်တစ်တန်
ကုန်းတစ်တန် လာခဲ့ရသဖြင့် ခန္ဒွာကိုယ်မှာမဟန်နိုင်ပဲ အိစက်ညက်ညောသောအိပ်
ယာကြီးကိုတွေ့နေရသဖြင့် ပြေးဝင်ခိုလှုံမိပါတော့သည်။ ဇိမ်ရှိရှိဖြင့်အိပ်ပျော်နေရာမှ
မိမိ၏ ဘယ်ဘက်လက်မှာ ထုံကျင်အေးစက်နေပြီး မျက်လုံးဖွင့်ကြည့်ရာ မှုန်ပျပျအလင်း
ရောင်အောက်တွင် မိမိနဘေး၌ မိန်းမတစ်ယောက်လှဲနေပြီး မိမိကိုကြည့်နေသည်ကို
တွေ့ရာခေါင်းနပန်းကြီးမိပြီး ကုန်းရုန်းထလိုက်မိပါသည်။ မင်းဘယ်သူလဲ ဘာလို့ငါ့အ
ခန်းထဲရောက်နေတာလဲ တတွက်တွက်ပြောနေသော်လည်း မိမိအသံကိုမိမိမကြားရကြောင်း သတိပြု့မိပြန်ပါသည်။ အိပ်ယာပေါ်မှမိန်းမမှာဖြေးညှင်းစွာထထိုင်လိုက်သဖြင့်
ကြက်သီးများထက ကြက်သေသေပြီးကြည့်နေမိပါသည်။ စိတ်ထဲမှာတံခါးဖွင့်ပြီး အပြင်
သို့ပြေးထွက်သွားရန်ပြင်နေသော်လည်း ခန္ဒွာကိုယ်မှာလှုပ်၍မရဘဲဖြစ်နေသဖြင့် ချွေး
သီးချွေးပေါက်များ အလုံးလိုက်ကျလာပါသည်။သူ့ရဲ့ဆံပင်များမှာရှည်ရှည်လျားလျား
လွင့်ပျံနေပြီး မိမိအနားသို့ကပ်လာရာ အလင်းရောင်အောက်တွင် သူ့ကိုမှတ်မိလိုက်
ပါသည်။

(ဆက်ရန်)

လမ်းပြသူ
။။ရသစာပေများ ဖော်ထုတ်ခြင်း။။

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...