Saturday, December 13, 2014

မောင်ဒုက္ခိ




လူတစ်ယောက် သားဖွားခန်းပေါက်မှာ စိတ်လှုပ်ရှားစွာနဲ့ စောင့်နေရှာတယ်။
သူ့ရဲ့မိန်းမက ပထမဆုံး သားဦးလေးကို သူ့အတွက် မွေးဖွားပေးမှာဖြစ်လို့ပေါ့။
တော်တော်လေးကြာတော့ ဆရာဝန်တစ်ယောက် မွေးခန်းထဲကနေ မျက်နှာမသာမယာနဲ့ ထွက်လာပြီး သူ့ကိုပြောတယ်... ...

"စိတ်မကောင်းစရာတော့ ဖြစ်နေပြီဗျာ"

"ဘာဖြစ်တာလဲ ဆရာရယ် မြန်မြန်ပြောစမ်းပါ"
"ခင်ဗျား ကလေးမွေးလာတာ ခြေထောက်တွေ မပါဘူးဗျာ"
"ရပါတယ်ဆရာရယ်... ဘာပဲ ဖြစ်ဖြစ် သူဟာ ကျနော့်ရင်သွေးပါ"
"ပြီးတော့ လက်တွေလည်း မပါဘူးဗျာ"
"ဗျာ... ဟုတ် ...ဟုတ်လား ဆရာ၊ ကိစ္စမရှိပါဘူးလေ... ကျနော့်ကလေးဟာ ကျနော့်ကလေးပါပဲ"
"အင်း... ကျန်သေးတယ်... သူ့မှာ ကိုယ်လုံးလည်း မပါဘူး၊ အဲ ခေါင်းလဲ ပါမလာဘူးဗျာ"
"ဟမ်.... ဒါ... ဒါဆို ဘာပဲ ပါသတုံး ဆရာရဲ့"
"နားရွက်ချည်းပဲ မွေးလာတာ၊ ဒါတောင် တစ်ဘက်ထဲရယ်"
"ဖြစ်သမျှအကြောင်း အကောင်းချည်းလို့ မှတ်ရမှာပေါ့၊ ကျနော် သူ့ကို တွေ့ပါရစေ"
"လာပါ ကျနော် လိုက်ပြပါမယ်"
.... ဆိုပြီး သူ့ကို ဆရာဝန်က ခေါ်သွားတယ်။
မွေးကင်းစ ကလေးခန်းထဲရောက်တော့ သူနာပြုဆရာမက သူ့ကလေးကို ခေါ်လာပြတယ်။
ဟုတ်ပ့ါ... ...
နားရွက်ချည်းပဲ။ အကြီးကြီး။
ကလေးကိုတွေ့တော့... အဲလေ နားရွက်ကြီးကိုတွေ့တော့ အဖေလုပ်သူက ပြေးပွေ့ရင်း မခ်ျိတင်ကဲ ပြောရှာတယ်... ...
"အို... အို... ကလေးရယ်၊ ဘာဘဲ ဖြစ်ဖြစ် မင်းဟာ င့ါရင်သွေးပါ၊ ငါ့သွေးသားကနေ ဖြစ်လာတာပါ၊ ငါ မင်းကို ချစ်ပါတယ် ငါ မင်းကို ချစ်ပါတယ်"
... ဆိုတော့
ဆရာဝန်က ပြောတယ်... ...
"ကျယ်ကျယ်ပြောဗျ၊ သူက နားရောလေးတယ်"
"ငင်..."
.
ကောင်းဘူးလား... ။
.
.
သန်၎ကို - ရမ်းဘာသာပြန်သည်။
https://www.facebook.com/thanlayko

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...