Saturday, December 6, 2014

``ပိစိမနှင့် သူမ၏စကား``


ကျွန်တော့်တွင် တူမတစ်ယောက် ရှိသည်။ ကျွန်တော်က ပိစိမဟု ခေါ်ပါသည်။ သူ့အမေက သူ့ကို အပျံစားနာမည် ပေးထားသော်လည်း ပိစိကလေးမို့ ပိစိမဟု ကျွန်တော်က ခေါ်ခြင်းဖြစ်သည်။ သူက ရုပ်ရည်အားဖြင့် ချောမောသလို ဥာဏ်ရည်လည်း ထက်မြတ်သူဖြစ်သည်။ သီချင်းမယ်လိုဒီများကို ချက်ချင်းမှတ်မိပြီး ပါးစပ်ထဲတွေ့ရာ စာသားများ ထည့်ဆိုနိုင်သူ ဖြစ်ပါသည်။

သို့သော် ထမင်းကောင်းကောင်း မစားဘဲ မုန့်ပဲသရေစာသာ အစားများသောကြောင့် သူက ပိစိကလေး ဖြစ်နေလေသည်။ သူ့အမေက သူ့ကို ပြောသည်။ ``သမီးက ထမင်းမစားလို့ သေးသေးလေး ဖြစ်နေတာ``။ သူက မှတ်ထားသည်၊ သူ ထမင်းစားသည့်အခါ သူက အကြီးကြီးဖြစ်တော့မှာဟု ပြောသည်။
မနေ့ညက အိမ်ကို ဧည့်လာသည်။ တစ်ယောက်သောသူက သက်ကြီးပု ဖြစ်နေသည်။ အသက်က ၆၀ အထက် ရှိသည်။ မောပန်းလာပုံပေါ်၍ သူ့အမေက ရေသောက်ပါဟု ပြောပြီး ရေတိုက်သည်။ သူက ထမင်းစားသွားပါလားဟု ပဋိသန္ဓာရ လောကွတ်လုပ်လေသည်။ သူ့အမေနှင့် အဖွားကပါ အံ့သြနေလေသည်။
အလားတူ တစ်ဖက်လူကလည်း လိမ္မာလိုက်သည့်ကလေးဟုဆိုကာ သူ့ကို သဘောကျလေသည်။ သူ့ကို အိမ်အများစုက ရေလောက်သာ တိုက်သည်၊ ဒီကလေးပိစိက ထမင်းပါ ကျွေးနေသည်ဟု ဆိုကာ ၀မ်းမြောက်နေလေတော့သည်။ သို့သော် ဆက်ကာ ကြားရသည့် စကားဆက်ကြောင့် ထိုသူသည် အလွန်အကျွံ ၀မ်းမမြောက်နိုင်တော့ပေ။ ပိစိကလေးကိုလည်း စိတ်အနာကြီး နာသွားတော့သည်။ ပိစိက ဤသို့ဆိုလေသည်။
``ထမင်းကျွေးတာ အလကား မဟုတ်ပါဘူး၊ လူကြီးကြီး ဖြစ်လာအောင်ပါ။ ထမင်းစားမှ လူကြီးကြီး ဖြစ်လာမယ်လေ``။

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...