Monday, December 8, 2014

" လမ်းခွဲ - ၂ "


ပြဇတ်ထဲမှာပြောကြသလို
အင်း . . . အရင်ကတော့ချစ်ခဲ့ပေမယ့်
အခု မင်း ကို ခွင့်မလွတ်နိုင်တော့ဘူးကွဲ့
မတင်နုရဲ့ . . .

ဟုတ်ပါရဲ့
ငါ တောင်းပန်တဲ့ကြားထဲက
မင်းက ငါ့အသဲ တခြမ်းကိုစားသွားတာ
ငါ ရွေးချယ်ပါလို့ပြောခဲ့တဲ့ကြားထဲက
နောက်ဘဲတွေနဲ့ဖြတ်ဖို့အချိန်ယူရမယ်လို့
မင်းပြောထွက်ခဲ့တာ
သာမန် ဆက်နွယ်မှု့မျိုးလား
သာမန် အချစ်မျိုးလား
တယောက်နှလုံးသားကိုတစ်ယောက်
ဆွဲဆုပ်ခဲ့တဲ့ အချစ်မျိုးဟာ
အောက်တန်းစားတွယ်တာမှု့သာသာ
ပျက်သုန်းသွားတယ် . . .
ငါက
ငရှုပ်ပါ
ငါက
ငပွေပါ
မင်းကို ငါ့ဘ၀တစ်ခြမ်းလို
သတ်မှတ်ပြီးတဲ့နောက်
ဘယ်မိန်းမကိုမှ
ဟောဒီ စက္ခုအာရုံနဲ့
စေ့စေ့ မကြည့်ခဲ့ဖူး
ဟောဒီ အထိအတွေ့ခံစားပြီး
အာသာမဖြေခဲ့ဘူး
ငါ မှာ မင်း မှ မင်း
ငါ့ မှာ မင်း မှ မင်း
နေအစင်းအစင်းထွက်တောင်
မင်းအလင်းကို မမှီ . . .
ကြေကွဲတယ်
သေလုမျောပါး
စောက်ရူး တစ်ယောက်လို
ငို
ရယ်
ပြုံး
ဟောဒီ သံယောဇဉ် အထုံးထုံး
အရေပြားကို ဓါးနဲ့ခြစ်ချသလို
နာနာကျင်ကျင် စပ်ဖျင်းဖျင်း
ဒီ သံသရာ ပင်လယ် အစင်းစင်းမှာ
မင်း လို ပျော့ပြောင်းစူးရှ တဲ့ မိန်းမ နဲ့
မကြုံရစေလို . . .
ငါ့မှာ
မင်း ထမင်းကြော်စားနေတဲ့ပုံကိုတောင်
ငါ့ ဖုန်းလေးမှာ Save လုပ်ထား
ဘယ်သူ့အမြင်မှာ နွားပဲဆိုဆို
မကြာခဏ ကြည့်ရင်း ငို . . .
ခိုင်မြဲကျော်ကျော်
( 7 . 12 . 2014 )

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...