Saturday, December 13, 2014

အိပ်မက်ဆိုး (အပိုင်း ၂ )


------၀ိုးတ၀ါးအလင်းရောင်တွင် ၀ိုးတ၀ါးမြင်ခဲ့ရသောသူ့ကိုကောင်းကောင်း မှတ်မိပါ
သည်။ သူ့မျက်လုံးသေဖြင့်ကြည့်နေခြင်းက ရင်များကို တလှပ်လှပ်ဖြစ်စေပြီး အသည်း
နှလုံးများကလီစာများကို ဒီဂရီမှတ်အနိပ်ဆုံးသော အအေးခန်းထဲသို့ထည့်ထားသည့်
နယ် ခံစားနေရသော်လည်း ခန္ဒွာကိုယ်ကမူချွေးသီးချွေးပေါက်များ တစ်ဒီးဒီးကျနေပါသည်။ သူကမိမိနားကပ်လာသဖြင့် အနံဆိုးဆိုးတစ်ခုကိုလည်း ခံစားရပါသည်။

သူက မျက်လုံးသေကြီးဖြင့်ကျွန်တော့ကို ပြောပါသည်။ (နင်ငါ့ကို ကူညီရမယ် ၊ နင်ငါ့ကိုကူ ညီရမယ် ။ နင်ငါ့ကိုကူညီပေးပါ ။ နင်ငါ့ကိုကူညီပေးပါ ။ ငါ့ကိုကယ်ပါ။) ဟု စိတ်ထဲကသိ နေသဖြင့် (ဘာဘာတွေပြောနေတာလဲဟင် ဘယ်လိုကူညီရမှာလဲဟင် နင်ဒီထဲကို ဘယ် ဘယ်လိုရောက်နေတာလဲဟု့စိတ်ထဲကပြန်ပြောမိပါသည်။)ကျွန်တော်တို့
နှစ်ယောက်စလုံးမှာ အသံများမထွက်ဘဲ တစ်ယောက်ကိုတစ်ယောက်ကြည့်ပြီး
စိတ်ထဲကပြောနေကြခြင်းဖြစ်ပါသည်။
(ဒါငါအိပ်ခန်းဟ နင့်ကိုငါပေးအိပ်ထားတာပဲ ငါ့ကိုပြန်ကူညီပါ ။ နင့်ကိုငါ ဒီအိမ်ကိုလိုက်ပို့သေးတယ်လေ။ လုပ်ပါဟာ ငါ့ကိုကူညီမယ့်လူမရှိလို့) (ဘယ်လိုကူညီရမှာလဲဟင် ကျွန်တော်ကဘယ်လိုကူညီပေး
ရမှာလဲဟင်) စကားများပြောလာရင်းဖြင့်ကျွန်တော့မှာ ကြောက်စိတ်များသိသိသာသာလျှော့ပါး လာသော်လည်း သူ့အသက်မဲ့နေသောမျက်လုံးများကိုစေ့စေ့မကြည့်ရဲသေးပါ။ သူကရုတ်တရက် ရှေ့တိုးကာ ကျွန်တော့လက်နှစ်ဖက်ကို ကိုင်ဆွဲဖမ်းချုပ်လိုက်သဖြင့် ကျွန်တော့မှာကြောက်စိတ်များ ငယ်ထိပ်တက်စောင့်သွားပြီး (အားမလုပ်ပါနဲ့မလုပ်ပါနဲ)့ဟု အသံကုန်အော်မိပါသည်။ ရုတ်တရက်တံခါးမှာတစ်ဝုန်းဝုန်းမြည်လာသဖြင့် လူးလှိပ်ရုန်းကုန်ပြီး အပြေးသွားဖွင့်လိုက်ပါသည်။
(ကိုဝင်းကျော် မီးလန့်လို ထထ အမြန်ထွက်ခဲ့ဟု့ဆိုသဖြင့်) လန့်ဖျန့်သွားလျက် ညအိပ်အကျီနှင့်ပင် လာခေါ်သူနောက်သို့ ဒရောသောပါးပြေးလိုက်မိပါသည်။ခြံပြင်ရောက်တော့လမ်းပေါ်မှာ လူတော်တော်များများစုမိနေပါပြီး မီးလောင်တာကိုစောစောသိရသဖြင့် တာဝန်သိသူများက ၀ိုင်းဝန်းငြိမ်းသက်ကြသဖြင့် မီးကိုနိုင်သွားကြပါသည်။ ညတုံးကအမှိုက်များမီးရှို့ပြီး မီးလှုံကြရာတွင် မီးကြွင်းမှ မီးများစလောင်သွားခြင်းဖြစ်ပါသည်။မြက်များနှင့်ခြုံများမှာ နှင်းကျထားသဖြင့် အလွယ်တကူ မီးမကူးနိုင်ခြင်းဖြစ်ပါသည်။ အင်းတော်သေးတယ် မီးလန့်လို့ပေါ့ နေမို့ဆိုမနေ့ကလိုက်ပို့သော
မိန်းမက အိပ်မက်ထဲတွင်မိမိကို ဘာတွေဆက်လုပ်ပြီးဘာတွေတောင်းဆိုဦးမည်မသိပါ။
ငါ့ကိုအိမ်လိုက်ပြတဲ့မိန်းမက လူရောဟုတ်ရဲ့လားမသိဘူး၊ အင်းစုံစမ်းကြည့်ဦးမှပဲဟု အတွေးများစွာ
က၀င်ရောက်လာပါသည်။ မိုးလည်းလင်းနေပြီမို့ အင်တာဗျူးဖြေရန် ကုမ္ပဏီသို့သွားရန် ပြင်ဆင် ရဦးမည်ဖြစ်သည်။ မေးခွန်းများဖြေနိုင်ရန် အနည်းငယ်ပြန်လည်နွေးရဦးမည်ဖြစ်သည်။ အိမ်ရှင်များမှာလွန်စွာ သဘောကောင်းကြပါသည်။ မိမိကိုစားသောက်ရန်၊ နေထိုင်ရန် အစစအရာရာ လိုလေသေးမရှိအောင်ပြင်ဆင်ပေးပါသည်။ အိမ်ရှင်၏သားမှာ မိမိကို အဖော်လိုက်ပေးရမလားဟု မေးသော်လည်း မိမိမှာသဝေထိုးတက်သည့်အကျင့် ရှိသဖြင့် အားနားစွာဖြင့် အဖော်မခေါ်ချင်ပါ။ ကျွန်တော်သည် ရန်ကုန်သို့မကြာခဏရောက်လေ့ရှိပါသည်။ သို့သော်ရွှေပြည်သာသို့မူ တစ်ကြိမ်တစ်ခါမှမ ရောက်ဖူးပါ ဗီအိုင်ပီရပ်ကွက်မှာ အတွင်းတွင် သီးသန့်ရှိသဖြင့် ကားလမ်းမသို့ကားထွက်စီးရပါမည်။ မနေ့ကဖြတ်လျှောက်လာသော မလေးရှာပိတောက်တန်းလမ်းကြားသို့ရောက်သောအခါတွင် ပတ်ဝန်းကျင်ကို ဂရု့တစိုက်ကြည့်နေမိပါသည်။ မသိစိတ်က ညကတွေ့မိသော မိန်းမကိုရှာဖွေနေခြင်းဖြစ် နိုင်ပါသည်။ ကျေးငှက်အသံလေးများကို ထပ်မံကြားနေရသဖြင့် ကြည်နူးရပြန်ပါသည်။ စိတ်မှာလည်းကြည်နူးလာရပြီမို့ အင်တာဗျူးဖြေရန် တက်ကြွနေမိပါသည်။ မှတ်ရခက်သော နိုင်ငံခြားသားလူပုဂ္ဂိုလ်များ၏ နာမည်များကို ပြန်လည်ရေရွက်နေသဖြင့် ဘာကိုမှသတိမရတော့ပါ။ အငှားကားခတော့မသေးပါ ။ ဆူးလေမြို့ထဲကို ၆၀၀၀ ထောင်ပေးမှလိုက်ကြပါသည်။ မတက်နိုင်ပါ။
 လိုင်းကားအထူးကားများ စီလို့ရသော်လည်း မကျွမ်းကျင်သေးသဖြင့် မစီးရဲပါ။ အငှားကားစီးရင်းဖြင့် လမ်းပေါ်မှလိုင်းကားနံပါတ်များကို မှတ်သွားရင်တော့အဆင်ပြေလောက်ပါရဲ့ဟုတွေးပြီး ဖုန်းဖြင့် လိုင်းကားများကို နံပါတ်ပါအောင်ဓါတ်ပုံများ ရိုက်လာခဲ့ပါသည်။
-----ဖုန်းနံပါတ်အတိုင်း ရလဒ်အဖြေများကို ကုမ္ပဏီကပြန်ကြားပေးမည်ဖြစ်သဖြင့် ပေါ့
ပါးစွာဖြင့်ပြန်လာပါသည်။ သိတ်မမှောင်သေးသဖြင့် အပြန်ကတော့အငှားကားမစီးတော့ပါ ။
တစ်စီးနှစ်စီးကိုရွှေပြည်သာသို့ငှားသော်လည်း မလိုက်ကြကြောင်းတွေ့ရပါသည်။ အထူးကားများ
စီးရသည်မှာ မလွယ်ကူလှပါ။ ဘယ်စီးစီး ၂၀၀၊ ၃၀၀ တောင်းကြသော်လည်း ခရီးသည်များမှာ ငပိသိတ်ငချင်သိတ်ဖြင့် လိုက်လာကြရပါသည်။ အင်းငါတစ်ကယ်လို့အလုပ်ရရင်တော့ ရွှေပြည်သာမှာနေလို့မဖြစ်နိုင်ဘူး။ အလုပ်မှာပင်ပန်းလာပြီး လိုင်း
ကားပေါ်တွင်ထပ်ပြီး ပင်ပန်းဆင်းရဲစွာကားစီးရဦးမည်ဆိုပါက မဟန်လောက်ပါ။ အော်
ဒုက္ခဒုက္ခ ငါတို့နိုင်ငံရဲ့ပို့ဆောင်ရေးစနစ်ညံ့ဖျင်းနေတော့ အောက်ခြေလူတန်းစားတွေပဲ အများဆုံးအနစ်နာခံနေရပါလား။ ရေစင်မှတ်တိုင်သို့ရောက်လာပြီမို့လို့ အတင်းတိုးဝှေ့ဆင်းလိုက်ရပါသည်။ အိမ်ရှင်မိသားစုဖို့ဝယ်လာသော ဂျေဒိုးနက် ဘူး
များမှာ သတိထားပြီးသယ်လာသော်လည်း ပိန်ချိုင့်နေကြပါသည်။ မတတ်နိုင်ဘူး
အဆင်ပြေသလိုဖားရမှာပဲ သူအိမ်မှာနေပြီး တည်းခိုရတာအဆင်ပြေသဖြင့် တက်
နိုင်သလောက်တော့ပြန်တုံ့ပြန်ရမှာပဲ တွေးရင်းလျှောက်ရင်းဖြင့်လာရာ မလေးရှား
ပိတောက်လမ်းကြားသို့ရောက်လာခဲ့ရာ ပါတ်ဝင်းကျင်မှာသိသိသာသာတိတ်ဆိတ်
နေသဖြင့် အကဲခပ်ကြည့်ရာ မနေ့ကမိမိသွားမေးသောနေရာတွင် ထိုမိန်းမကိုတွေ့
လိုက်ရပြန်သဖြင့် ကျက်သေသေမိပါသည်။ ငါသူ့ကိုစကားသွားပြောရင်ကောင်းမလား
၊ နာနာဘ၀များဖြစ်နေမလား ၊ အိုငါကအိပ်မက်မက်တာကို အရေးလုပ်ပြီးသူ့ကိုသွား
ဆော်ကားလို့ရောကောင်းပ မလား ၊ဆောင်းတွင်းအိပ်မက်ကယောက်ကယက်ကို
ငါကဘာအရေးစိုက်စရာလိုလဲ ဟု့သို့လောသို့လောအတွေးများစွာတွေးရင်း တုံ့
နှေးတုံ့နှေးလျှောက်နေမိရာမှ ၄င်းမိန်းမသည် မိမိဘက်သို့လှည့်ကြည့်လာသဖြင့်
ရင်ဘက်များ တဒိုင်းဒိုင်းခုန်လာရပြန်ပါသည်။ ကျွန်တော့်မှာအကြောင်းစုံကို သိလိုလှသဖြင့် စပ်စုလိုသော်လည်း မသိစိတ်မှာ အတော်ကြောက်နေပုံရနေသဖြင့် ဒူးများ
မှာယိုင်နဲ့နေသလိုဖြစ်နေပါသည်။ နှုတ်ခမ်းများမှာလည်းခြောက်သွေ့လာပြီး အာ
ခေါင်များလည်း အစိုဓါတ်ခမ်းနေသဖြင့် နေရသည်မှာမအီမသာဖြစ်လာရပါသည်။
ကျွန်တော့မှာစပ်စုလိုသည့်စိတ်ထက်စာရင် ထိုမိန်းမကိုလုံးဝမတွေ့လိုတော့ပါ။
သူ့ရဲ့မျက်လုံးသေကြီးနဲ့လည်းရင်မဆိုင်လိုတော့ပါ။ဖြစ်နိုင်ရင် ယောက်ျားသိက္ခာ
အကျခံကာ ထိုနေရာမှပြေးထွက်ချင်နေမိပါသည်။ အနံဆိုးဆိုးတစ်ခုလည်း နှာ
ခေါင်းထဲသို့ဝင်ရောက်လာပြီး ထိုမိန်းမမှာလျှင်မြန်သော အရှိန်ဖြစ်မိမိနောက်သို့
ရောက်လာရာ လေဟပ်သွားပြီး ကျက်သီးများဖြန်းဖြန်းထလျှက် နောက်သို့ပြန်
ကြည့်ရင်း ခြေလှမ်းအရှိန်ကိုမြှင့် (ထွက်ပြေးသလို)လိုက်ရာ မိမိမှာခလုပ်တိုက်ပြီး
ကျွမ်းထိုးမှောက်ခုံဖြစ်လျှက် လမ်းပေါ်ကအုတ်ခဲနှင့် ခေါင်းမျာဆောင့်သွားရာ မူး
နောက်နောက်ဖြစ်နေပါတော့သည်။ မိမိခေါင်းများကိုပြန်စမ်းကြည့်ပြီး ကွဲသွားလား
ဘာဖြစ်သွားသေးလဲဟု့ မိမိပစ္စည်းများကိုစစ်ဆေးရာ ထိုမိန်းမမှာဂျေဒိုးနက်ဘူး
များကို ပယ်ပယ်နယ်နယ်ထိုင်စားနေကြောင်း အံ့သြသင့်စွာတွေ့လိုက်ရပါသည်။
ဟေ့နင်ငါ့မုန့်တွေဘာလို့စားနေတာလဲဟု့ ပုံမှန်မေးရမည်ဖြစ်သော်လည်း။ ပါးစပ်မှာ စွံ့ အလျှက် အကြောက်သားနှင့် သူ့ရဲ့လှုပ်ရှားမှု့ကိုသာ မျက်ချေမပျက်ကြည့်နေမိပါသည်။
 သူကအားရပါးရစားနေရာမှ တစ်နေရာသို့လက်ညှိုးထိုးပြသဖြင့်လိုက်
ကြည့်မိရာ ကြည့်ကောင်းသောပုံသဏ္ဍန် အမျိုးသမီးတစ်ယောက်သည် လွတ်လပ်ပေါ့ပါးစွာ ထမင်းဂျိုင့်လေးဆွဲပြီးလမ်းလျှောက်လာကြောင်းတွေ့ရပါသည်။ သူ့ဝတ်စုံများမှာ သစ်လွင်နေသော်လည်း မိမိအနားကမိန်းမ၏ ၀တ်စုံနှင့်တူညီနေကြောင်း အံ့သြစွာသတိပြု့မိပါသည်။ ဆံပင်အရှည်ကို ထုံးစည်းထားသဖြင့် သူ့မမျက်နှာကိုပေါ်လွင်စွာတွေ့ရသောအခါ မိမိတည်းသော အိမ်ကလှေခါးထိပ်မှကောင်မလေးဖြစ်ကြောင်းသတိပြု့မိပြီး မိမိဘေးက မိန်းမနှင့်တူကြောင်းလည်း သတိပြု့မိပါသည်။
ထိစဉ်မှာပင် ဘယ်အချိန်တုံးကရောက်နေမှန်းမသိသော ယောက်ျားပျိုတစ်ယောက်
သစ်ပင်အကွယ်မှရုတ်တရက်ထွက်လာပြီး အလုပ်ကပြန်လာဟန်တူသော ၎င်းမိန်းမကို တားလိုက်ကာ စကားတစ်စုံတစ်ရာပြောနေကြောင်းတွေ့ရပါသည်။ စကားပြောနေရာမှ ရုန်းရင်းဆန်ခတ်ဖြစ်လာပါသည်။ ထိုယောက်ျားပျိုမှာ ဆွဲလားရမ်းလားလုပ်နေသဖြင့် ဘာဖြစ်တာလဲဟုမိမိမှာ မကျေမနပ်ဖြစ်လျှက် မတ်တပ်ထရပ်လိုက်ပါသည်။
သို့သော်စိတ်သွားတိုင်းကိုယ်မပါနိုင်ဖြစ်ပြီး ခြေထောက်များမှာ ထုံကျင့်ကိုက်ခဲနေကြောင်း သတိပြု့မိသဖြင့် ငါစောစောကလဲကျသွားတာတော်တော်ပြင်းသွားတာပဲဟု သတိပြု့မိပါသည်။ ကျွန်တော့မှာ မိမိဘေးကမိန်းမကို သတိမပြုမိအားတော့ဘဲ ပြဿနာတက်နေသော သူတို့နှစ်ယောက်ကိုသာ စိတ်ဝင်စားမိပါသည်။ ယောက်ျားမှာတောင်းဆိုဆွဲလားရမ်းလားလုပ်နေရာမှ အလုပ်ပြန်မိန်းမပျိုမှာ ဇွတ်အတင်းရုန်းထွက်ပြီး ဆက်သွားရာ နောက်ကယောက်ျားက ဆန်ထိုးပိုက်နှင့်တူသောအရာကို
ခါးကြားမှဆွဲထုတ်လိုက်ပြီး နောက်မှပြေးလိုက်သွားကာ လက်ကိုမြှောက်လိုက်ပြီး
၎င်းမိန်းမနောက်ကျောသို့။

(ဆက်ရန်)

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...