Monday, December 8, 2014

ရေမြင့်မှ ကြာတင့်


လောကမှာ ရေမြင့်မှ ကြာတင့်သလိုဘဲ အိမ်ထောင်ဖက်ကောင်းမှ မိန်းမသားဘဝလှပတာ ဘယ်သူမှမငြင်းနိုင်တဲ့အချက်ဘဲ ဖြစ်တယ်....
အိမ်ထောင်တစ်ခုတည်ဆောက်ဖို့အတွက်ဆိုရင် လုံလောက်တဲ့ ငွေကြေးအပြင် ဘဝအတွက် ကောင်းမွန်တဲ့ အတွေးအခေါ်တစ်ချို့လိုအပ်တယ် ....

မိန်းမတစ်ယောက် အိမ်ထောင်ပြုတယ်ဆိုတာ ကိုယ့်ချစ်သူကို ချစ်တဲ့စိတ်အပြင် ယုံကြည်အားကိုးမှုတွေအပြည့်ပါ ပါတယ်....
ကိုယ့်ဘ၀တစ်ခုလုံး ပုံအပ်ပြီး လက်တွဲလျှောက်လှမ်းရမယ့် အိမ်ထောင်ဦးစီဖြစ်လာမယ့်သူကို
ယုံကြည်မှု လေးစား အားကိုးမှု မရှိပဲနဲ့ဘယ်မိန်းခလေးမှ လက်တွဲဖို့ကို ခေါင်းငြိမ့်မှာ မဟုတ်ဘူး.....
မိန်းမ တစ်ယောက်ဟာ ကိုယ့်လင်သားအပေါ် ချစ်တယ်ဆိုတာထက် အားကိုးယုံကြည်လို့ လက်ထပ်တာဆိုရင် ပိုသဘာဝကျတယ်....
ကိုယ့်ကို သူတစ်ကယ်ချစ်တယ်လို့ ယုံကြည်လို့ ...
ကိုယ့်ကို စိတ်ချမ်းသာ ပျော်ရွှင်အောင် ထားမယ်လို့ ယုံကြည်လို့  ...
ကိုယ့်ကို ဘယ်တော့မှ ပစ်မသွားပဲ ရိုးမြေကျသစ္စာရှိရှိပေါင်းသင်းမယ့်သူလို့ယုံကြည်လို့ ....လက်ထပ်ကြတာဘဲ ဖြစ်တယ်...
ကျွန်မဖတ်ဖူးတယ်..."မိန်းခလေးတွေရဲ့ စိတ်ကူးထဲက အလိုချင်ဆုံး အိမ်ထောင်ဖက်က အရည်အချင်းရှိပြီး ကိုယ့်ကို ကြင်နာ ဂရုစိုက် အလိုလိုက်ပြီး ချစ်တဲ့ယောကျာ်းမျိုးပါဘဲ့တဲ့..."
ဒါဘယ်လောက်ဂုဏ်ယူစရာကောင်းလဲနော်...
မိန်းမတယောက်ရဲ့ယုံကြည်မှူကို သင်အိမ်ထောင်ဦးစီးဖြစ်လာတဲ့အခါ ဘယ်သောအခါမှ မဖျက်စီးပါနဲ့....
ယောကျာင်္းကောင်းတို့မည်သည် မိန်းမ၏ယုံကြည်မှူကို ဘယ်တော့မှ မချိုးဖောက်တတ်ကြလို့ ပါဘဲ....
သူများတကာမယုံကြည်ရင်နေပါ....မိမိအိမ်သူမယား မယုံကြည်ရတဲ့သူ ဘယ်တော့မှ အဖြစ်မခံပါနဲ့...
ယောင်္ကျားကောင်းတို့ မည်သည် ကိုယ်ကျင့် သိက္ခာကို မိမိရဲ့ အသက်လို တန်ဖိုးထားကြလို့ ပါဘဲ....
သူများတကာ အထင်မကြီးရင်နေပါ...မိမိအိမ်သူမယားက အထင်သေးတဲ့သူ အဖြစ်မခံပါနဲ့....
ယောင်္ကျားကောင်းတို့မည်သည် မိမိရသမျှ သိသမျှကို မထိန်မချန် မကွယ်မဝှက်ဘဲ ပြောတတ်ကြလို့ပါဘဲ...
သူများတကာ ဂရုမစိုက်ရင်နေပါ...မိမိအိမ်သူမယား ဂရုမစိုက်ဘဲ ပစ်ထားတဲ့သူ အဖြစ်မခံပါနဲ့ ....
ယောကျာင်္းကောင်းတို့မည်သည် မိမိ အိမ်ထောင်ဖက်မှတပါး တခြားသူနှင့် မဖောက်ပြန်မိဖို့ ရှောင်ကျဉ်ကြလို့ ပါဘဲ.....
တကယ်တော့
အောင်မြင်တဲ့ အိမ်ထောင်တခုမှာ အိမ်ထောင်ဦးစီးဖြစ်တဲ့ ယောကျာ်းဖြစ်သူ၏စိတ်ဓါတ်နဲ့ ခံယူချက်ဟာ တကယ်ကို အဓိကကျလို့ပါဘဲ....
အကြောင်းရှိလို့ အကျိုးဖြစ်ရတယ်ဆိုရင်တောင် အကြောင်းကောင်းဖို့အတွက် မိမိရဲ့ သီလကို မပျက်စေဖို့ ကြိုးစားပါ...
အကြောင်းကောင်းမှ အကျိုးပေးကောင်းပြီး ကံကောင်းသူတယောက်ဖြစ်မှာပါ...
လူသားတိုင်း သာယာတဲ့ အိမ်ထောင်တခုကို အောင်မြင်စွာ ထူထောင်နိုင်ကြပါစေ....
Nannan Oo

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...