Wednesday, December 3, 2014

သစ်ထူးလွင် သတင်းစုစည်းမှု (၃-၁၂)

သစ်ထူးလွင်


Posted: 03 Dec 2014 07:13 AM PST
မြန်မာနိုင်ငံမှာ အမြဲတမ်း နေထိုင်ခွင့် PR စနစ်ကို လာမယ့် ဒီဇင်ဘာလ ကုန်ပိုင်း ကနေစတင်ပြီး လျှောက်ထားနိုင်ပါပြီ။  မြန်မာနိုင်ငံမှာ လာရောက် အလုပ်လုပ်ကိုင်မယ့် နိုင်ငံခြားသား တွေ အပြင် မြန်မာနိုင်ငံသားဟောင်းတွေပါ အမြဲတမ်း နေထိုင်ခွင့်အတွက် လျှောက်ထားနိုင်မှာ ဖြစ်တယ်လို့ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အား ၀န်ကြီးဌာနက ထုတ်ပြန်ပါတယ်။  ဒါပေမဲ့ အမည်မည်း စာရင်းဝင်သူတွေ၊ တခြားနိုင်ငံတစ်ခုမှာ နို
Posted: 03 Dec 2014 07:09 AM PST
အမေရိကန် ဦးဆောင်တဲ့ မဟာမိတ် နိုင်ငံတွေရဲ့ လေကြောင်း တိုက်ခိုက်မှု တွေကြောင့် IS အစ္စလာမ္မစ် နိုင်ငံအဖွဲ့ရဲ့ အင်အားကို သိသိသာသာ ထိခိုက် လျော့နည်း သွားစေတယ်လို့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဂျွန်ကယ်ရီက ပြောလိုက်ပါတယ်။ IS အစ္စလာမ္မစ် နိုင်ငံအဖွဲ့ကို ချေမှုန်းဖို့ အတွက် အချိန် ကြာနိုင်သလောက် ကြာပါစေ၊ မဟာမိတ် အဖွဲ့က ဆက်လက် တိုက်ခိုက်သွားမှာ ဖြစ်တယ် လို့လည်း မစ္စတာ ကယ်ရီက ပြောပါတယ်။ IS အဖွဲ့ကို
Posted: 03 Dec 2014 04:57 AM PST
မြောက်ကိုရီးယား အစိုးရက ခေါင်းဆောင် Kim Jong Un ရဲ့ နာမည်ကို နိုင်ငံသားတွေ အသုံးပြုခြင်းက ပိတ်ပင် တားဆီးလိုက်ပါတယ်။ ဒါဟာ မြောက်ကိုရီးယား ခေါင်းဆောင်နဲ့ Kim မိသားစုအပေါ် ပုဂ္ဂိုလ်ရေး ကိုးကွယ်မှု ကြီးထွားလာအောင် မြောက်ကိုရီးယား အစိုးရ ကြိုးပမ်း ဆောင်ရွက်မှုတွေထဲက နောက်ဆုံး တခုလည်း ဖြစ်ပါတယ်။ မြောက်ကိုရီးယားနိုင်ငံကို သူတို့မိသားစု ၃ ဆက်က ဆက်တိုက် အုပ်ချုပ်လာတာလည်း ဖြစ်ပါတယ်။ ခေါင်းဆောင် Kim Jong Un
Posted: 03 Dec 2014 03:20 AM PST
အငြင်းပွား ဖွယ်ရာဖြစ်နေတဲ့ မြန်မာဗုဒ္ဓ ဘာသာဝင်မိန်းမများ အထူးထိမ်းမြားခြင်း ဆိုင်ရာ ဥပဒေကြမ်းကို ပြည်သူတွေသိရှိ လေ့လာနိုင်ဖို့ နိုင်ငံပိုင် သတင်းစာတွေမှာ အစိုးရက ယနေ့ ထုတ်ပြန်လိုက်ပါတယ်။ ဒီဥပဒေဟာ ဗုဒ္ဓဘာသာဝင် မြန်မာ အမျိုးသမီးတွေနဲ့ ဘာသာခြား ယောက်ျားတို့ရဲ့ ထိမ်းမြား၊ ကွာရှင်း၊ အမွေဆက်ခံ၊ ပစ္စည်းခွဲ၊ သားသမီး ထိန်းသိမ်းတာတွေနဲ့ စပ်လျဉ်ပြီး အခွင့်အရေးမျှတစွာ ခံစားနိုင်ဖို့နဲ့ ထိရောက်တဲ့
Posted: 03 Dec 2014 03:20 AM PST
တာချီလိတ်မြို့နယ်၊ ၀ိန်းကျောက်ရပ်ကွက်တွင် အသက်(၂၆)နှစ်ရှိပြီး အရန်ပြည်သူ့စစ် တစ်ဦးဖြစ်သည့် စိုင်းလုံးကျောက်သည် မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သတ်သေသွားသည့် ဖြစ်စဉ်တစ်ခု ယနေ့ ဒီဇင်ဘာလ(၃)ရက် နေ့လယ် (၁း၃၀)နာရီ အချိန်ခန့်က ဖြစ်ပွား ခဲ့ကြောင်း သိရှိရသည်။ ဖြစ်စဉ်မှာ အသက်(၂၆)နှစ်သာရှိသေးပြီး အရန်ပြည်သူ့စစ် တစ်ဦးဖြစ်သည့် စိုင်းလုံးကျောက်သည် မည်သည့်အကြောင်း ကိစ္စကြောင့်ဟု သိရှိရခြင်း မရှိသော်လည်း ၎င်းသည်
Posted: 03 Dec 2014 03:13 AM PST
ဒီဇင်ဘာ ၃ ရက် ၂၀၁၄ သျှမ်းပြည်တောင်ပိုင်း သျှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ် SNDP (ကျားဖြူ) ပါတီပြည်နယ် လွှတ် တော်အမတ်နှစ်ဦးက ၎င်းပါတီမှ နှုတ်ထွက်ကာ သျှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ် SNLD (ကျားခေါင်း) ပါတီသို့ ပူးပေါင်း လိုက်သည်ဟု သိရသည်။ သျှမ်းပြည်တောင်ပိုင်း လွိုင်လင်ခရိုင် နမ့်ဇန်မြို့နယ် ပြည်နယ်လွှတ်တော် အမတ် စိုင်းသူရိန်ဦး၊ လဲချားမြို့ ပြည်နယ်လွှတ်တော် အမတ် စိုင်းကျော်ဇေယျ တို့က
Posted: 03 Dec 2014 03:05 AM PST
စွမ်းအင်ဝန်ကြီး ဌာနအ​နေနဲ့ တိုင်း​ဒေသနဲ့ ပြည်နယ်​တွေမှာရှိတဲ့ စက်သုံးဆီ အ​ရောင်းဆိုင်​တွေက​ စက်သုံးဆီအရည်အ​သွေးကို စစ်​ဆေးနိုင်ဖို့ မိုဘိုင်း ဓာတ်ခွဲယာဉ် ၆ စီး နိုင်ငံခြားက မှာယူ တင်သွင်းပြီး လိုအပ်တဲ့ ဓာတ်ခွဲစမ်းသပ်ပစ္စည်း​တွေ တပ်ဆင်​နေတယ်လို့ ရန်ကုန်တိုင်း​ ဒေသကြီး သစ်​တောနဲ့ စွမ်းအင်ဝန်ကြီး ဦး​ကျော်စိုးက ပြောပါတယ်။ ဓာတ်ခွဲစမ်းသပ်ပစ္စည်း​တွေ တပ်ဆင်မှု ပြီးဆုံးပါက စက်သုံးဆီအ​ရောင်းဆိုင်​တွေကို
Posted: 03 Dec 2014 03:05 AM PST
အမေရိကန် ပြည်ထောင်စု ပစိဖိတ်ဆိုင်ရာ စစ်တပ် အကြီးအကဲအဖြစ် လျာထားခံရတဲ့ ရေတပ်ဗိုလ်ချုပ်ကြီး ဟာရီဟားရစ် ဂျူနီယာက မြန်မာနိုင်ငံဟာ စစ်တပ်ရဲ့ ထိန်းချုပ်မှု အောက်မှာ ခိုင်ခိုင်မာမာ ရှိနေသေးတယ်လို့ ပြောဆိုလိုက်ပါတယ်။ ဒါကြောင့် အခြေတည်ဖွံ့ဖြိုးစ စစ်ရေးဆက်ဆံမှုကို တိုးမြှင့်ဖို့ အချိန်မတန်သေးဘူးလို့ သူက အေပီသတင်းဌာနကို ပြောတယ်လို့ ဆိုပါတယ်။ ပြုပြင်ပြောင်းလဲရေးတွေ လုပ်ဆောင်နေတဲ့ မြန်မာအတွက် အမေရိကန်
Posted: 03 Dec 2014 03:05 AM PST
သဟေ့ဂ် ၊ ၃-၁၂-၂၀၁၄ အီရတ်တပ်ဖွဲ့ဝင် များသည် ISIS စစ်သွေးကြွ များထံမှ ဓာတုဗေဒ လက်နက်ဟောင်းများ သိုလှောင်ထား သည့် စက်ရုံတစ်ခုကို ပြန်လည် တိုက်ခိုက် သိမ်းယူခဲ့ကြောင်း၊ ၄င်းနိုင်ငံ၏ လက်ထောက် နိုင်ငံခြားရေး ဝန်ကြီးက ဒီဇင်ဘာ ၁ ရက်တွင် ပြောကြား ခဲ့သည်။ ဓာတုလက်နက် နှင့် သက်ဆိုင်သည့် ပစ္စည်းကိရိယာ များနှင့် အစီအစဉ် များကို အဆိုပါ စက်ရုံရှိ မြေအောက် ဗုံးခိုကျင်းများ အတွင်း၌ သမ္မတ ဆာဒန်ဟူစိန် လက်ထက် ကတည်းက
Posted: 03 Dec 2014 03:02 AM PST
ရန်ကုန် ၊ ၃-၁၂-၂၀၁၄ မြန်မာနိုင်ငံ ကိုယ်စားပြု အလှမယ် ဟန်သီ ပါဝင် ယှဉ်ပြိုင်နေသည့် ဆဋ္ဌမ အကြိမ်မြောက် ကျင်းပသည့် Miss Supranational 2014 ပြိုင်ပွဲ၏ နောက်ဆုံးအဆင့် ပြိုင်ပွဲကို ပိုလန်နိုင်ငံ၌ ဒီဇင်ဘာ ၅ ရက်တွင် ပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။ Miss Supranational 2014 ပြိုင်ပွဲတွင် The Ideal Beauty မဂ္ဂဇင်း ရွေးချယ်မှု ဖြစ်သည့် Beautiful National Costumes အလှမယ် ရှစ်ဦးတွင် မြန်မာနိုင်ငံမှ အလှမယ်
Posted: 03 Dec 2014 02:45 AM PST
အမေရိကန် ပြည်ထောင်စု နယူးယောက် ပြည်နယ် အော်လ်ဘာနီမြို့က ပြတိုက်မှာ ဒီဇင်ဘာ ၂ ရက်နေ့က သေဆုံးသွားနေတဲ့ အမျိုးသမီးဟာ မြန်မာနိုင်ငံက ဖြစ်တယ်လို့ သတင်းတွေက ရေးပါတယ်။ သေဆုံးသူဟာ အသက် ၂၃ နှစ်အရွယ် ကလေးတယောက်မိခင် ထီးဂေဖော ဖြစ်ပြီး ယောက်ျားနဲ့ အတူ အရင်နှစ်က အမေရိကန်ကို လာရောက်အခြေချ နေထိုင်တာလို့ ဆိုပါတယ်။ နီးစပ်သူတချို့ရဲ့ အဆိုအရ သူဟာ ထိုင်း-မြန်မာနယ်စပ် မယ်လ ဒုက္ခသည်စခန်းကနေ အမေရိကန်ကို သွားရောက်
Posted: 03 Dec 2014 02:41 AM PST
လိပ်ကျွန်း (ခိုတောင်) လူသတ်မှုနဲ့ပတ်သက်ပြီး သံသယရှိတွေတွေကို တရားရုံးမှာ စွဲချက် တင်စစ်ဆေးနိုင်ဖို့  သက်ဆိုင်ရာ အစိုးရရှေ့နေတွေက အမှုတွဲ တခုလုံးကို အဆောတလျင် အချောသပ်ခဲ့တယ်လို့  သနေးရှင်း ထိုင်းသတင်းမှာ ဖော်ပြပါတယ်။ အမှတ်  ၈ တိုင်းဒေသ ရှေ့နေချုပ် နိုင်းထ၀ပ်ချိုင်း ဆိုင်ကျောက်က “အစိုးရ ရှေ့နေကောင်စီက တောင်းခံထားတဲ့ အမှုတွဲလိုအပ်ချက်တွေကို အထူးစုံစမ်းစစ် ဆေးရေးရဲတပ်ဖွဲ့က အားလုံး
Posted: 02 Dec 2014 07:22 PM PST
ဒီဇင်ဘာလ ၃ ရက်နေ့ဟာ နိုင်ငံတကာ မသန်စွမ်းသူများနေ့ ဖြစ်ပါတယ်။ မြန်မာနိုင်ငံ မှာလည်း မသန်စွမ်းသူတွေ ရဲ့ လှုပ်ရှားမှု ကတော့ ရန်ကုန် ကနေ မန္တလေး မြို့ အထိ ဘီးတပ် ကုလားထိုင် တွေ ကို လက် နဲ့ တွန်းပြီး ၁၇ ရက်ကြာ ခရီးနှင်ခဲ့တာ ဖြစ်ပါတယ်။ မနေ့ ညနေ က မန္တလေး မြို့ ကို ပန်းဝင်လာကြတဲ့ အခါမှာ ကျောင်းသူ ကျောင်းသားတွေ နဲ့ သက်ဆိုင်ရာ အစိုးရ အရာရှိတွေ ပါ အားပေး ကြိုဆိုကြပါတယ်။ ဘီးတပ် ကုလားထိုင် ၁၀ စီး၊ စက်ဘီးတစီး
Posted: 02 Dec 2014 07:20 PM PST
ပြီးခဲ့တဲ့ စနေ တနဂင်္နွေ နေ့ တွေ တုန်း က အီရတ် အရှေ့ဘက် ပြည်နယ် ဒီယာလာ ဘက်မှာ အိုင်အက်စ် အစ္စလာမ်မစ် နိုင်ငံ လက်နက်ကိုင် အဖွဲ့ရဲ့ စခန်းတွေ ကို အီရန် က လေကြောင်း စစ်ဆင်ရေး ပြုတဲ့ သတင်း ကို ဘီဘီစီ သတင်းထောက် ဂျွန်ဆိုပဲလ် က သတင်းပေးပို့ လိုက်ပါတယ်။ အီရန် ရဲ့ F4 phantom jet တိုက်လေယာဉ် တွေ က တိုက်ခိုက်တယ် ဆိုတဲ့ သတင်းတွေ ထွက်လာတာ ကို အမေရိကန် ပင်တဂွန် စစ်ဌာနချုပ် မှ ပြောခွင့်ရ ရေတပ်ဗိုလ်ချုပ်ကြီး
Posted: 02 Dec 2014 07:15 PM PST
ကုလသမဂ္ဂက ထုတ်ပြန်တဲ့ LDC ဖွံ့ဖြိုးမှုအနိမ့်ဆုံး နိုင်ငံများစာရင်းမှာ မြန်မာနိုင်ငံ ဟာ ဆက်ပြီး ပါဝင်နေဆဲပဲလို့ UNCTAD ကုလသမဂ္ဂ ကုန်သွယ်ရေးနဲ့ ဖွံ့ဖြိုးမှုညီလာခံ က ပြောကြားလိုက်ပါတယ်။ LDC အစီရင်ခံစာမှာ မြန်မာနိုင်ငံ ဘာကြောင့် ဆက်ပြီး ပါဝင်နေရသလဲ ဆိုတာကို မအင်ကြင်းနိုင်က တင်ပြထားပါတယ်။ နိုဝင်ဘာလ ၂၇ ရက်နေ့က ထုတ်ပြန်တဲ့ UNCTAD အစီရင်ခံစာအရ မြန်မာနိုင်ငံမှာ လူတဦးကျဝင်ငွေ နည်းပါးတာ၊ လူသားအရင်းအမြစ်
Posted: 02 Dec 2014 02:14 PM PST
မလေးရှားနိုင်ငံမှာ မြန်မာနိုင်ငံသား ၂၃ ဦးသတ်ဖြတ်ခံရမှုနဲ့ ပတ်သက်လို့ သံသယရှိသူ ၇ ဦးကို အာဏာပိုင်တွေ ဖမ်းဆီးထိန်းသိမ်း လိုက်တယ်လို့ ကွာလာလမ်ပူမြို့ကလာတဲ့ သတင်းတွေမှာ ဖော်ပြပါတယ်။ အဖမ်းခံရသူတွေဟာ အသက် ၂၀ နဲ့ ၄၀အကြား ရခိုင်ဒေသက လာတဲ့ မွတ်စလင် အမျိုးသားတွေ ဖြစ်တယ်လို့ သိရပါတယ်။ အဓိက သံသယရှိသူ တစ်ဦးရဲ့ ၀န်ခံထွက်ဆိုချက်အရ ပြီးခဲ့တဲ့နှစ်က ရခိုင်ပြည်နယ်မှာ သူ့မိသားစုဝင် ၆ ဦး သတ်ဖြတ်ခံရတဲ့အတွက်
Posted: 02 Dec 2014 01:50 PM PST
မြန်မာ နိုင်ငံကို ချစ်ကြည်ရေး ခရီး ရောက်နေတဲ့ နော်ဝေ ဘုရင်ကြီးက မြန်မာနိုင်ငံ ဒီမို ကရေစီ ပြုပြင် ပြောင်းလဲ ရေးအတွက် နော်ဝေရဲ့ အတွေ့အကြုံ တွေထဲက အသုံးကျနိုင်တာ တွေကို မျှဝေမယ်လို့ ပြောပါတယ်။ ဒါ့အပြင် နော်ဝေက မြန်မာနိုင်ငံ ဖွံ့ဖြိုးရေး အတွက် ကူညီမယ့် အစီအစဉ်တွေကိုလည်း ရန်ကုန်တက္ကသိုလ် ဘွဲ့နှင်း သဘင် ခန်းမမှာ ပြောတဲ့ မိန့်ခွန်းထဲမှာ ထည့်သွင်း ကြေညာလိုက် ပါတယ်။ ငြိမ်းချမ်းရေး လိုလားပြီးြ
Posted: 02 Dec 2014 01:50 PM PST
စစ်တပ်ရဲ့ ပစ်ခတ်မှုနဲ့ သေဆုံးခဲ့ရတဲ့ အလွတ်သတင်းထောက် ကိုပါကြီး သေဆုံးမှုကို နိုင်ငံသား အခွင့်အရေးနဲ့အညီ အရပ်ဘက် တရားရုံးမှာ စစ်ဆေးဖို့ မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်က အကြံပြုလိုက်ပါတယ်။ စုံစမ်းစစ်ဆေးမှုတွေအရ ကိုပါကြီးသေဆုံးမှုမှာ တပ်ဘက်က အချိန်နဲ့တပြေးညီ ပွင့်လင်းမြင်သာစွာ သတင်းထုတ်ပြန်ခြင်း မပြုခဲ့သလို တပ်တွင်း အဆင့်ဆင့် ဆောင်ရွက်ရမယ့် လုပ်ထုံးလုပ်နည်းတွေမှာ အားနည်းချက်တွေ
Posted: 02 Dec 2014 01:50 PM PST
နိုင်ငံရေး ပဋိပက္ခတွေကို မိမိဘက်၊ တခြားဘက်ဆိုတဲ့ ဘက်နှစ်ဘက်ချဉ်းကပ်မှု မျိုးထက်ကျော်လွန်ပြီး အမျိုးသား အင်အားစု အချင်းချင်း လက်တွဲ ဖြေရှင်း စေလိုကြောင်း နိုင်ငံတော် သမ္မတ ဦးသိန်းစိန်က ဒီကနေ့ တိုက်တွန်း လိုက်ပါတယ်။ လစဉ် တိုင်းပြည်ကိုပြောကြားတဲ့ ရေဒီယိုမိန့်ခွန်းမှာ နိုင်ငံတော်သမ္မတက အခုလို တိုက်တွန်း ပြောကြားလိုက်တာ ဖြစ်ပါတယ်။ "နိုင်ငံရေးပဋိပက္ခတွေကို မိမိဘက်၊ တခြားဘက်ဆိုတဲ့
Posted: 02 Dec 2014 01:50 PM PST
ဟောင်ကောင်မှာ Occupy movement လှုပ်ရှားမှုကို ဦးဆောင်တဲ့ ခေါင်းဆောင် ၃ ဦးက ရဲဆီမှာ သွားအဖမ်းခံမယ့် အစီအစဉ်ကို ဆက်လုပ်မှာဖြစ်ပြီး တခြားဆန္ဒပြသူတွေ အနေနဲ့ သူတို့အတွက် ဘေးကင်းတဲ့နေရာကို ဆုတ်ခွာကြဖို့ တိုက်တွန်းသွားပါတယ်။ ဆန္ဒပြ ခေါင်းဆောင် ၃ ဦး ဖြစ်တဲ့ Benny Tai, Chan Kin-man နဲ့ Chu Yiu-ming တို့က ဗုဒ္ဓဟူးနေ့ ညနေ ၃ နာရီမှာ ရဲဌာနချုပ်မှာ သွားအဖမ်းခံမယ်လို့ သတင်းစာ ရှင်းလင်းပွဲမှာ ပြောသွားပါတယ်။
Posted: 02 Dec 2014 01:50 PM PST
ဘိုကိုတာ ဒီဇင်ဘာ ၂ တနင်္ဂနွေနေ့က ဖတ်သူပုန် ပြန်လွှတ်ပေးလိုက်သော ကိုလံဘီယာ ဗိုလ်ချုပ်ကြီး ရူဘင်ဒါရီယို အော်ဇာတေးသည် လက်နက်ကိုင်အဖွဲ့မှ နုတ်ထွက်သွားပြီဖြစ်သည်။ ဗိုလ်ချုပ်ကြီး အော်ဇာတေးနှင့် အဖော်နှစ်ဦးကို လွန်ခဲ့သောသီတင်းနှစ်ပတ်က ထိန်းချုပ်ဒေသတစ်ခု၌ ရေကြောင်းမှ ခရီးသွားစဉ် ပြန်ပေးဆွဲခံရခြင်းဖြစ်သည်။ အဆိုပါ ဗိုလ်ချုပ်ကြီးပြန်ပေးဆွဲခံရမှုအပေါ် သမ္မတ ဂျုံအန်မာနူးဆန်တို့က လုံခြုံရေးတပ်ဖွဲ့ကိုြေ
Posted: 02 Dec 2014 01:00 PM PST
ဒီဇင်ဘာလ (၃)ရက်နေ့ ထုတ် Mobile Guide Journal Issue 181 ဂျာနယ် ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ
Posted: 02 Dec 2014 12:59 PM PST
ဒီဇင်ဘာလ (၁)ရက်နေ့ ထုတ် The Messenger Vol 5 No 27 ဂျာနယ် ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ
Posted: 02 Dec 2014 12:59 PM PST
နိုဝင်ဘာလ (၃၀)ရက်နေ့ ထုတ် Digital Life နည်းပညာဂျာနယ် အတွဲ ၃ အမှတ် ၃၂ ဂျာနယ် ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ
Posted: 02 Dec 2014 12:58 PM PST
ဒီဇင်ဘာလ (၃)ရက်နေ့ ထုတ် မြန်မာ့အလင်း နေ့ စဉ် သတင်းစာ သတင်းစာ ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...