Monday, December 15, 2014

စီးကရက်သောက် ၊ ကွမ်းစား ၊ တံဆိပ်ကပ်မျက်နှာစာမှာ ယိုစီးနေတဲ့ သွေးတွေ

 
= မီးခြစ်မှာ ရေးထားသည်။ “ဆေးလိပ်သောက်ခြင်းသည် ကျန်းမရေးကို ဆိုးရွာစွာ ထိခိုက်စေနိုင်ပါသည်”
= မီးခြစ်သည် ဆေးလိပ်မသောက်တတ်ပါ။ မီးခြစ်သည် စာမဖတ်တတ်ပါ။ ယုတ်စွအဆုံး မီးခြစ်သည် မီးမခြစ်တတ်သူ။
= ရုပ်မြင်သံကြားထဲတွင် ကွမ်းစားနေသော ကဗျာဆရာတစ်ဦးက ကမ္ဘာကြီးကို အင်တာဗျူးနေသည်။


= ကျနော်က လက်ဖက်ရည်ဆိုင်ထဲတွင် ကဗျာစာအုပ် တစ်အုပ် ကို ကမ္ဘာ့ စွဲငင်အားဆီမှ ဆန့်ကျင် လှန်လောလို့။ ဖတ်နေသည် / ကြည့်နေသည်

လက်ရှိစာရင်းအားဖြင့် မြန်မာနိုင်ငံတွင် တစ်နှစ်လျှင် တရားဝင်ရောင်းဝယ်နေသော စီးကရက် အရေအတွက်မှာ သန်းခုနှစ်ထောင်ခန့် ရှိ။ ကျနော် ဖွာလိုက်သော ကဗျာတစ်ပုဒ်တွင် ဆွစ်ဇာလန်နိုင်ငံထုတ် ဆေးရွက်ကြီးများ ပါဝင်နေကြောင်း ခိုင်မာသော သတင်းရပ်ကွက်မှ ရရှိ။

= ကျနော် ဖျားပြီ ညီမလေး။ သို့မဟုတ် ကျနော် ဖျားပြီ မမ။ သို့မဟုတ် ကျနော် ဖျားနေပြီ နာဖျားခြင်း ဖိနပ်စီးထားသော ကောင်မလေး။

= အနက်ရောင် ပန်းသီးတစ်လုံးကို ဓါးဖြင့် ကျနော် ထွင်းကြည့်တယ်။ ၆ လွှာတိုက်ခန်းတစ်ခန်း ၀ရံတာကနေ အဲဒီ ပန်းသီးကို ကျနော့် အောက်ကို ပစ်ချလိုက်တယ်။ ပန်းသီးဟာ ကမ္ဘာမြေ စွဲငင်အားတွေကို ဆန့်ကျင်သွားတယ်။

= ညီမင်းဝေက စီးကရက်တွေ သောက်နေပြန်ပြီ။ သန်းခုနှစ်ထောင်ထဲက တစ်လိပ်မြှောက်လား။ ဆယ်လိပ်မြှောက်လား။ ဒါမှ မဟုတ် သူသောက်နေတာ သန်းခုနှစ်ထောင်ပြည့်ဖို့ အလိပ် နှစ်ဆယ်အလိုလား။ ခုက ဒီဇင်ဘာ ၁၄ ရက်။

= ကမ္ဘာကြီးနဲ့ ကျနော် ရေတူတူ ကူးနေခဲ့တယ်။ မေမေက ကျနော့်အတွက်ဆိုပြီး ငါးဟင်းချက်ထားတယ်တဲ့။ မေမေချက်တဲ့ ဟင်းအိုးထဲက ငါးရဲ့ ငါးညီမလေးက ခု ကျနော် ကူးနေတဲ့ ရေကန်ထဲမှာ။ အပြာရောင် ငါးလေး။ ကျနော့် ရင်ဘတ်ထဲမှာ ငယ်ငယ်တုန်းက ယုန်နဲ့ လိပ် ပုံပြင်ကို သတိရပါတယ်။ ယုန်ဟာ သားသတ်လွတ်စားသတဲ့။

= ရေသန့်ဗူးကြီးရေ…။ ငါ့ကို ခင်ဗျားလို တံဆိပ်ကပ်ပါဦး။ တကယ်ဆို နားကြပ်တံ ဂွမ်းအမွှေးတွေထဲမှာ ချစ်သူရဲ့ မုန်းတယ်ဆိုတဲ့ စကား အမှုန်တွေ ကပ်ပါသွားသင့်တာမလား။ လက်စွပ်တစ်ကွင်းရဲ့ ထိပ်ဖျားဆီမှာ ခုတော့ တစ်ဆစ်ဆစ်နာ။

= နံရံတစ်ခုကို စိတ်ကူးတွေနဲ့ ပစ်ပေါက်နေတယ်။ အာသဝေါတွေက ဖိနပ်တစ်ရံကို မောင်းနှင်သွားပြီး အလှူအိမ်ကို ထွက်သွားတယ်။ ရှင်သန်နေခြင်းမှာ ဘာကြောင့် ရှင်းသန့်နေခြင်း မရှိတော့တာလဲ။ ဆပ်ပြာယူခဲ့ကွယ်။ ငါတို့ ငါးသွားမျှားရအောင်။

= ဟန်နီ။ ဘ၀ဆိုတာ မင်း ရင်လျားထားတဲ့ ထဘီ အပါးလေး တစ်ထည်လိုပဲပေါ့။ ခဏကြာတော့ သီချင်းတစ်ပုဒ်ပြောင်းသွားတယ်။ ဒရမ်းစည်းချက်တွေဟာ စီးကရက်အခိုးအငွေ့တွေကို အရည်တွေ ဖျော်ချလိုက်တယ်။

= အဲလို ပြောတော့ ရှေ့ချထားတဲ့ ပေါ့ဆိမ့်တစ်ခွက်က ထ ရယ်မောတယ်။ နှင်း တစ်စိမ့်စိမ့် ယိုစီးနေတဲ့ မနက်ခင်းကြီးထဲမှာ ကိုယ်လက်ကျန်းမာရေး အဖြစ် ငါတို့ အိပ်မက်တွေကို ကျုံး ရေ ပြင် ထဲ ပစ်ချလိုက်တယ်။ ဗွမ်းခနဲ။

= ခေတ်ကြီးက ပြတင်းပေါက်ကနေ ကျနော့်ကို ငုံ့ကြည့်နေတယ်။ ဂစ်တာသံက လက်ခုတ်တီးသံလို တဖြောင်းဖြောင်းကြီး ထွက်လာတယ်။ ဟော ကွမ်းစားနေတဲ့ ကဗျာဆရာ အင်တာဗျူး ရင်း ကွမ်းသီးနေပြီ။ ပြောရင်းဆိုရင်း ကမ္ဘာကြီးကလည်း Deactivate လုပ်သွားခဲ့ပေါ့။


= ရင်နင့်အောင် =

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...