မပြီးဆုံးသေးတဲ့ သီချင်းတစ်ပုဒ် အပိုင်း (၂)
Memorial for December 8

ပြစ်မှုဖြစ်ပွားခဲ့တဲ့အချိန် သက်သေတွေရဲ့ အမြင်မှာ ချပ်မန်းက လင်နွန်ကို ခေါ်ခဲ့တာ ဟုတ်/ မဟုတ် ကွဲပြားမှုတွေရှိနေပါတယ်။ အဲဒါကြောင့် ချပ်မန်းက လင်နွန်ကို လှုည့်ကြည့်စေခဲ့သလားဆိုတာလည်း ယုံကြည်လို့ မရနိုင်ခဲ့ဘူး။ အမှုစစ်ဆေးတုန်းက ဖြေခဲ့တာလည်းမဟုတ်ပါဘူး။ တရားဝင် ထွက်ဆိုချက်မရှိဘဲ ချပ်မန်းပြစ်ဒဏ်ချမှတ်တော့မှ ကြားလာရတာတွေပါ။
ချပ်မန်းကို ဖမ်းမိခဲ့တဲ့ညမှာပဲ အမှုကို ပိတ်လိုက်ပြီလို့ ကြေညာခဲ့ပါတယ်။ ရဲမှတ်တမ်းဟာလည်း မယ်မယ်ရရမရှိ ဟာကွက်တွေချည်းပါပဲ။ ဂျွန်လင်နွန်လို ပုဂ္ဂိုဟ်တစ်ဦးသေဆုံးမှုမှာ စုံစမ်းစစ်ဆေးမှုပြည့်ပြည့်စုံစုံမလုပ်ခဲ့ကြဘဲ ဘာကြောင့်များ မျက်စိတွေစုံမှိတ်ခဲ့ကြပါသလဲ။ ဖုံးကွယ်ဖို့အတွက် မဟာဗျူဟာလား။ အရင်က လုပ်ကြံမှုတွေမှာ ရော ဒီလိုတွေပဲ ဖြစ်ခဲ့ကြသလား။ မေးစရာမေးခွန်းတွေ ပြည့်နေပါတယ်။
စာရေးဆရာ စာလ်ဗဲဒေါအောစတာရှား ရေးခဲ့တဲ့စာထဲမှာ “အက်ဖ်ဘီအိုင်ရဲ့ လုပ်ကြံရေးတပ်ဖွဲ့အဖွဲ့သားတစ်ဦးဖြစ်တဲ့ ချပ်မန်းနားက လင်နွန်ဖြတ်သွားတဲ့အခါ ချပ်မန်းဆီကို တနည်းနည်းနဲ့ အမိန့်ပေးတဲ့အသံပို့လွှတ်လိုက်တယ်။ ချပ်မန်းက စိတ်ညှို့ခံရမှုတစ်ဝက် သိစိတ်တစ်ဝက်ရှိနေတယ်” လို့ ပါရှိတယ်။ အရင်က စိတ်ညှို့အစီအစဉ်မှာလေကျင့်ထားခဲ့သလို ဂျို့စ်ပါဒိုမိုက ချပ်မန်း နားနားကပ်ပြီး ခပ်တိုးတိုးလေသံနဲ့ “လင်နွန်ကို သတ်လိုက်တော့” လို့ ပြောခဲ့တာလည်း ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ချပ်မန်းဟာ စိတ်ရောဂါမရှိဘူးလို့ အောစတာရှား အသေအချာ ယုံကြည်ပေမယ့် ချပ်မန်းက အသံတစ်သံကြားခဲ့ရတယ်လို့ ဖွင့်ဟခဲ့တယ်။ သတင်းတွေအမျိုးမျို့ပျံ့နှံ့ နေစေဦးတော့ ထိန်းချုပ်မှုနဲ့လှုပ်ရှားခဲ့ရတဲ့ ဓါးစားခံတစ်ယောက်လက္ခဏာမျိုး တွေ့ခဲ့တယ်လို့ ဆိုကြတယ်။

ချပ်မန်း ဘယ်သူလဲ။ သူ ဓါးစာခံ ဘယ်လိုဖြစ်လာခဲ့ရသလဲ။
ဖန်တန်ဘရက်စလား ရဲ့ “Who Killed John Lennon?” စာအုပ်မှာ ရေးထားပါတယ်။ “၁၉၅၀ ကနေစပြီး စီအိုင်အေရဲ့ စိတ်ထိန်းချုပ်ပြီးခိုင်းစေတာတွေ စလုပ်ခဲ့တယ်။ အဲဒီအစီအစဉ်ကို “Project Bluebird” လို့ အမည်ပေးခဲ့ပါတယ်။ ၂နှစ်ကြာတဲ့အခါ ပရောဂျက်က ပိုကြီးမားလာပြီး Project Artichoke ပြောင်းလဲလိုက်တယ်။ ဟာသ မဟုတ်ပါဘူး။ ဒါဟာ ကုမ္ပဏီအစီရင်ခံချက်မှာ မှတ်သားထားတဲ့အချက်တွေပါ” တဲ့။ အဲဒီအစီရင်ခံချက်တွေမှာ သိပ္ပံနည်းကျကျနည်းလမ်းနဲ့ စိတ်သိရှိနားလည်နိုင်မှုတွေကို အသုံးချပြီး အစမ်းသပ်ခံသူတွေရဲ့ တစ်ကိုယ်ရေ သဘောထား၊ ယုံကြည်မှု၊ အတွေးအခေါ်၊ အပြုအမူကို တစ်လှည့်စီ ပြောင်းလဲထိန်းချုပ်ပုံတွေ မှတ်သားထားပါတယ်။ အဲဒီမှတ်တမ်းမှာပဲ စိတ်ရောဂါပညာရှင်တွေနဲ့ သူတို့ အသုံးပြုတဲ့ စိတ်ရောဂါကုထုံးနည်းလမ်းတွေ -မူးယစ်ဆေးကျွေးပြီး စိတ်ညှို့အိပ်မွေ့ချမှုအကြောင်းတွေလည်း ပါဝင်နိုင်တယ်။ နှစ် ၃၀ ကျော် အေဂျင်စီက လေ့ကျင့်ခဲ့ပြီးတဲ့အခါ သူတို့ စိတ်ညှို့အိပ်မွေ့ချနည်းတွေအသုံးပြုခဲ့သလား၊ ထိရောက်မှု ရှိမရှိဆိုတာတွေ အံ့အားသင့်စရာပါ။ မာ့ခ်ချပ်မန်းမှာတော့ အထူးသူလှိုတစ်ယောက်အဖြစ် ယူဆစရာ အချက်အလက်၊ အထောက်အထားတွေအားလုံးရှိနေခဲ့ပါပြီ။
မာခ့်အကြောင်း ဒီအချက်အလက်တွေကတော့ သဘောမတူနိုင်စရာတွေပါ။ Court TV ရဲ့ Crime Library မှာ ထုတ်လွှင့်ခဲ့တဲ့ ဖရက်ဒ်မက်ဂါနာဂဲလ် ဆောင်းပါးမှာ မာ့ခ်ဒေးဗစ်ချပ်မန်းဟာ “သူတပါးကိုသံသယများလွန်းတဲ့စိတ်ကစဥ့်ကလျားရောဂါ” လက္ခဏာတွေဖြစ်တဲ့ ထိခိုက်ခံစားလွယ်တာ၊ စိတ်ဝေဒနာခံစားရတာတွေရှိတယ် လို့ ဖော်ပြပါတယ်။ လူငယ်တစ်ယောက်ဘ၀မှာ လူပုလေးတွေကို မြင်တွေ့ခဲ့ရတိုင်း တစ်ချို့က သူ့ကို ကောင်းတာလုပ်ဖို့ တိုက်တွန်းတယ်။ တစ်ချို့က ဆိုးတာလုပ်ဖို့ တိုက်တွန်းအားပေးခဲ့တယ်တဲ့။ သူ့ရဲ့ အိမ်နံရံမှာ လူပုလေးတွေရဲ့ ပုံတွေရှိနေတယ်။ နောက်တော့ သူ့ရဲ့ ဦးနှောက်ထဲထိ နေရာဝင်ယူပြီး ကြမ်းတမ်းတဲ့စိတ်ဖြစ်လာစေတယ်။ အာရုံကြောချို့တဲ့မှုဖြစ်တယ်။ ချပ်မန်း အသက် ၂၄ လောက်မှာ ကိုယ့်ကိုယ်ကိုသေကြောင်းကြံမှု ၂ ကြိမ်တောင်လုပ်ခဲ့တယ်လို့ ရေးထားပါတယ်။ J.D Salinger ရဲ့ စာအုပ် Catcher in the Rye စိတ်ကူးယဉ်ဇာတ်ကောင် ဟိုလ်ဒန်ကောလ်ဖီးလ်ဒ် ကို စိတ်စွဲလမ်းမှုတွေ ဘယ်လို ပိုတိုးလာခဲ့သလဲ။ ဆယ်ကျော်သက်ချပ်မန်းက ကမ္ဘာကြီးက လိမ်ညာမှုတွေပြုလုပ်ဖို့ နေရာကြီးပဲ ဆိုတဲ့ ရှာဖွေတွေ့ရှိချက်ကို စာအုပ်ထဲကနေရခဲ့သတဲ့။ ရော့ခ်စတား ဂျွန်လင်နွန်ကိုလည်း လေးစားအားကျစိတ်၊ မုန်းတီးစိတ် တလှည့်စီဝင်ကာ စိတ်စွဲလမ်းခဲ့တယ်လို့လည်း ဆိုတယ်။
ဘရက်စလားပြောတဲ့ ချပ်မန်းအကြောင်းမှာတော့ ခြောက်လုံးပြူးသေနတ် ကို ချပ်မန်းနေထိုင်တဲ့ ဟိုနိုလူလူ က J&S Enterprises သေနတ်ဆိုင်မှာ ၀ယ်ယူခဲ့တယ် လို့ဆိုတယ်။ သေနတ်အမှတ်စဉ်နံပါတ် က ၅၇၇၅၇၀ ဖြစ်တယ်။ ဒါပေမဲ့ အဲဒီ နံပါတ်နဲ့ ပတ်သတ်တဲ့ ပြစ်မှုဖြစ်ပွားခဲ့သလား၊ နယူးယောက်ရဲဌာနက စုံစမ်းစစ်ဆေးမှု မရှိခဲ့ပါဘူး။ အဲဒီနံပါတ်ဆိုတာဟာ ပြစ်မှု၊ ခိုးမှုတွေကို ခြေရာကောက်နိုင်ဖို့ပါ။ ချပ်မန်း လင်နွန်ကို လုပ်ကြံဖို့ ကြိုးစားခဲ့တာ ပထမအကြိမ်မဟုတ်ပါဘူးတဲ့။ ချပ်မန်း နယူးယောက်စီးတီးကို ၁၉၈၀ အောက်တိုဘာ ၂၉ ရက်နေ့က တစ်ကြိမ်၊ ၁၉၈၀ နိုဝင်္ဘာ ၁၀ ရက်နေ့က တစ်ကြိမ် ခရီးထွက်ခဲ့ပါတယ်။ ပထမအကြိမ်မှာ ချပ်မန်းကျည်ဆံယူဖို့ မေ့သွားခဲ့တယ်။ ဒါကြောင့် အက်တလန်တာကို သွားပြီး အပေါက်ပါပိုအားပြင်းတဲ့ ကျည်ဆံတွေကို သူငယ်ချင်း ရဲတစ်ဦးဖြစ်တဲ့ ဒါနာရိဗ်စ်(ဂျီနီစကောထ့်) ဆီက ၀ယ်ယူခဲ့ပါတယ်။ နယူးယောက်ဥပဒေအရ နယူးယောက်သားမဟုတ်တဲ့သူက လက်နက်ခဲယမ်းဝယ်ယူခွင့်မရှိပါဘူး။ ချပ်မန်းက ဇနီးသည် ဂလော်ရီယာကို “ဒီအချိန်က ငါကြီးပြင်းရတော့မယ့် အချိန်ပဲ။ ငါဟာ အိမ်ထောင်သည်ယောက်ျားတစ်ယောက်ဖြစ်တဲ့အတွက် မိသားစုကို ထောက်ပံ့သင့်တယ်” လို့ ပြောဆိုခဲ့တယ်။ ဘရက်စလားက ချပ်မန်းဟာ လိင်တူစွဲလမ်းစိတ်ကို ချုပ်တည်းထားရသူဖြစ်တယ်လို့လည်း ရေးထားပါတယ်။ အဲဒီအတွက် ချပ်မန်းနဲ့ ဘရက်စလား ပုဂ္ဂိုဟ်ရေး သီးသန့်အင်တာဗျူးလုပ်လို့ မရခဲ့ပါဘူး။ လိင်တူစွဲလမ်းစိတ်ရှိတယ်ဆိုတဲ့အကြောင်းမှတ်ချက်နဲ့အတူ ဘရက်စလားကို ချပ်မန်းက စိတ်ဆိုးဒေါသထွက်ခဲ့ပါတယ်။

အသံသွင်းကုမ္ပဏီ EMI ဟာ လင်နွန်ဆန့်ကျင်ရေးလှုပ်ရှားမှု ရဲ့ အဓိကဇာတ်ကောင်လား။
၁၉၆၆ နွေရာသီမှာ ဘီတဲလ်စ်တွေက tour ခရီးတွေရပ်တန့်ဖို့ မဆုံးဖြတ်ခင်လေး၊ သူတို့ Revolver အဲလ်ဘမ်အတွက် အသံသွင်းနေကြတဲ့ အချိန်ပါ။ ပေါလ်မက်ကားတ်နေ က ဒေါသတကြီး စတူဒီယိုအပြင်ဘက်ကို ထွက်လာခဲ့တယ်။ နောက်ပိုင်းရလာဒ်က American Version မှာ လင်နွန် သီချင်းတစ်ပုဒ်ထဲဆိုဖြစ်ခဲ့ပါတယ်။ အဲဒီသီချင်းက Tomorrow Never Knows ပါ။ British EMI version မှာတော့ လင်နွန် ငါးပုဒ်ဆိုထားပါတယ်။ တစ်ခါ She Said She Said သီချင်းမှာလည်း ပေါလ်က မဆိုဖို့ ဆုံးဖြတ်ခဲ့တယ်။ တေးဂီတလုပ်ငန်းအဖြစ်ရပ်တည်ထားတဲ့ EMI ဟာ ဗြိတိသျှစစ်ရုံးမှာ စစ်တပ်ကန်ထရိုတ်တာလည်းဖြစ်နေပါတယ်။ ဒါကြောင့် အဆင့်အမြင့်ဆုံး အမေရိကန်ရုံးအဖွဲ့က အဆင့်မြင့်ဆုံး ဗြိတိသျှရုံးအဖွဲ့ဆီကို ဖုန်းတစ်ချက်ဆက်ပြီး လင်နွန်နဲ့ အဖွဲ့သားတွေဟာ အမေရိကန်မူဝါဒကိုဆန့်ကျင်တဲ့ ဆိုးသွမ်းအမေရိကန်လူငယ်တွေလို့ ပြောဆိုခဲ့တယ်။ အထူးသဖြင့် အမေရိကန် လူငယ်မဂ္ဂဇင်း Datebook မှာ လင်နွန်ပြောခဲ့တဲ့ “ယေရှုခရစ်တော်ထက် ဘီတဲလ်စ်တွေဟာ ပိုပြီး ပေါ်ပြူလာဖြစ်ပါတယ်” စကားကို ကိုးကားပြီးပြောပါတယ်။ အဲဒီစကားနဲ့ပဲ ဒီနေ့အထိ လင်နွန်ဟာ ဝေဘန်တိုက်ခိုက်ခံရဆဲပါပဲ။ အဲဒီဖုန်းခေါ်ဆိုမှု တစ်ခုဟာ ဘီတဲလ်အဖွဲ့ကို ဆွဲချဖို့ EMI ဥက္ကဋ္ဌ ဆာဂျိုးဆက်ဖ်လော့ဝုဒ်ကို အားပေးအားမြှောက်ပြုလိုက်တာပါ။ ၁၉၆၆ ဂျွန်လ မှာ Yesterday and Today အယ်လ်ဘမ်ထွက်ရှိခဲ့တော့ အယ်လ်ဘမ်အဖုံးဒီဇိုင်းဟာ ဘီတဲလ်စ်တွေကို ရက်ရက်စက်စက်သတ်ဖြတ်လိုက်တဲ့ ပုံဖြစ်ခဲ့ပါတယ်။ သွေးအလိမ်းလိမ်းပေကျံနေတဲ့ ကလေးအရုပ်လေးတွေဝန်းရံနေတဲ့ ဘီတဲလ်စ်အဖွဲ့သားတွေပုံကို ကြောက်လန့်စရာ မြင်တွေ့ခဲ့ရတာကြောင့်ပါ။ အဖွဲ့သားတွေက အဲဒီ Yesterday and Today ရဲ့ ကြမ်းတမ်းလှတဲ့အဖုံးဒီဇိုင်းနဲ့ ပတ်သတ်ပြီး သူတို့ ပါဝင်ပတ်သက်မှုမရှိကြောင်း ထုတ်ပြန်ကြေငြာခဲ့ပါတယ်။
ဘီတဲလ်စ် တွေ ဖိလစ်ပိုင်နိုင်ငံ မြို့တော် မနီလာကို ရောက်ရှိခဲ့ကြတဲ့ ၁၉၆၆၊ ဇူလိုင် ၅ ရက်နေ့မှာ သမ္မတနန်းတော်မှာ မနက်စာအခမ်းအနားပါတီပွဲတက်ရောက်ဖျော်ဖြေစေဖို့ အီမဲလ်ဒါမားကိုစ့်က ဖိတ်ကြားစေခဲ့ပါတယ်။ ဘီတဲလ်စ်အဖွဲ့က ရှုးဖိနပ်မရှိတာကြောင့်မတက်နိုင်ကြောင်း ယဉ်ယဉ်ကျေးကျေးငြင်းဆန်ခဲ့တယ်တဲ့။ တစ်ချို့ကလည်း အဖွဲ့ရဲ့ မူဝါဒအရ အဲဒီလို ရုံးအဖွဲ့ကဖိတ်ကြားတဲ့ပွဲမျိုးလက်ခံလေ့မရှိဘူးလို့ ငြင်းဆန်တာကြောင့် လို့ဆိုကြတယ်။ တစ်ချို့သတင်းမှာလည်း ဘီတဲလ်စ်က ဖိတ်ကြားချက်ဘယ်တုန်းကမှ မရခဲ့ပါဘူးလို့ ဖြေရှင်းခဲ့တာကိုလည်း ဖော်ပြခဲ့ပါတယ်။ မားကိုစ့်အုပ်ချုပ်ရေးအဖွဲ့ဟာ ငြင်းဆန်တဲ့အဖြေ လက်ခံဖို့ ကျင့်သားမရခဲ့ကြဘဲ စိတ်ဆိုးဒေါသထွက်ခဲ့ကြတယ်တဲ့။ ဖိလစ်ပိုင်အစိုးရသတင်းဌာနတွေမှာ ဘီတဲလ်စ်ငြင်းဆန်တဲ့သတင်းကို ဖော်ပြခဲ့ကြပြီးနောက် ဖိလစ်ပိုင်အစိုးရက ဘီတဲလ်စ်တွေအတွက် လုံခြုံရေးတွေရုပ်သိမ်းခဲ့တယ်။ ဘီတဲလ်စ်တွေရဲ့ အပြန်ခရီး လေဆိပ်မှာ ရန်လိုတဲ့လူအုပ်စုရဲ့ ရိုက်နှက်ကန်ကျောက်မှုတွေ ခံခဲ့ရပါတယ်။

ဖြိုးဖြိုး
(နွယ်နီမဂ္ဂဇင်း၊ သြဂုတ်လ၊ ၂၀၁၂)

(ဗီယက်နမ်စစ်ပွဲ ၁၉၆၉ ခုနှစ်မှာ လင်နွန် နဲ့ ယိုကို ဟာ ၂ ပတ်ကြာ Bed-ins for Peace ဆိုတဲ့ ဆန္ဒပြမှုကို အမ်စတာဒန်နဲ့ မွန်ထရီးတို့မှာ ပြုလုပ်ခဲ့ပါတယ်။ သူတို့ရဲ့ အကြမ်းမဖက်တဲ့ ဆန္ဒပြနည်းတစ်ခုအဖြစ်နာမည်ကျော်ခဲ့တယ်။ အဲဒီ နည်းလမ်းက sit-in ဆန္ဒပြပွဲတွေကနေ အသွင်ပြောင်းယူထားတာပါပဲ။ သူတို့ရဲ့ Bed in performance ကို ပျားရည်ဆမ်းကာလခရီးအတွင်း အမ်စတာဒန်ဟီလ်တန်ဟိုတယ်က အခန်းနံပါတ် ၇၀၂ မှာ (မတ် ၂၅ ကနေ ၃၁ အထိ) မီဒီယာတွေကို ဖိတ်ကြားပြီး သတင်းယူစေခဲ့ပါတယ်။ မီဒီယာသမားတွေက အိပ်ခန်းထဲ ခုတင်ပေါ်မှာ အဖြူရောင်အ၀တ်အစားတွေနဲ့ ထိုင်ရင်း ငြိမ်းချမ်းရေးစကားတွေပြောနေကြတဲ့ ပျားရည်ဆမ်းဇနီးမောင်နှံရဲ့ ဓါတ်ပုံတွေကို ရယူနိုင်ခဲ့ပါတယ်။ လင်နွန်ပြောစကားအရ တော့ like angles တဲ့။ )

The End

နောက်ဆုံး ကပ်ပါးကောင်၊ သံသသဖြစ်ရမယ့် သူ ဖရက်ဒ်စီးမန်း
ဝန်ထမ်းတစ်ဦးဖြစ်တဲ့
ဖရက်ဒ်ဆစီးမန်းဟာ လင်နွန်ရဲ့ ကိုယ်ရေးကိုယ်တာအချက်အလက်တွေကို အိမ်ထဲက
ခိုးယူခဲ့ပြီး Nowhere Man စာအုပ်ထုတ်ဖို့ စာရေးဆရာ ဘောပ့်ရိုစ်စန်ဆီကို
ရောင်းချခဲ့တယ်လို့ဆိုတယ်။ အဲဒီအတွက် စီးမန်းပြစ်ဒဏ်ကျခဲ့ရဖူးပါတယ်။
ချပ်မန်း၊ ပါဒိုမို နဲ့ ဂျေးဟတ်စ်တင်းစ်တို့ကို ဘေးဖယ်လိုက်မယ်ဆိုရင်
သေနတ်သမားဖြစ်နိုင်တဲ့ နောက်တစ်ယောက် “လက်သမားတစ်ဦး’ ရှိနေနိုင်ပါတယ်တဲ့။
အောစတာရှား ယုံကြည်တာက အဲဒီလူဟာ စီးမန်း ဖြစ်နိုင်တယ် လို့ ဆိုတယ်။
စီးမန်းဟာ ထိမ်းသိမ်းရေးဝန်ထမ်း၊ ဓာတ်လှေကားစောင့်အဖြစ် လင်နွန့်တိုက်ခန်း၊
ဓာတ်လှေကား အားလုံး ၀င်နိုင်၊ ထွက်နိုင်တဲ့သူပါ။ လုပ်ကြံတဲ့ညမှာ
ရှိနေနိုင်ပါတယ်။ လင်နွန်ကိုပစ်သတ်တာ လက်သမားတစ်ဦးပါလို့ အရာရှိ
ပီတာကူးလင်းက ပြောတယ်။ အဲဒါတကယ့်ကို စီးမန်းပဲလား။ မှောင်မဲနေတဲ့
တံခါးပေါက်အနီးအနားမှာ ပုန်းအောင်နေခဲ့ရင်။ ဓာတ်လှေကားမောင်းဖို့အတွက်
ဘယ်သူ လုပ်ဆောင်နိုင်ခဲ့မလဲ။ စီးမန်းရဲ့
အထောက်အထားများများမရနိုင်ခဲ့ပါဘူး။ ။ဖြိုးဖြိုး
(နွယ်နီမဂ္ဂဇင်း၊ သြဂုတ်လ၊ ၂၀၁၂)

(ဗီယက်နမ်စစ်ပွဲ ၁၉၆၉ ခုနှစ်မှာ လင်နွန် နဲ့ ယိုကို ဟာ ၂ ပတ်ကြာ Bed-ins for Peace ဆိုတဲ့ ဆန္ဒပြမှုကို အမ်စတာဒန်နဲ့ မွန်ထရီးတို့မှာ ပြုလုပ်ခဲ့ပါတယ်။ သူတို့ရဲ့ အကြမ်းမဖက်တဲ့ ဆန္ဒပြနည်းတစ်ခုအဖြစ်နာမည်ကျော်ခဲ့တယ်။ အဲဒီ နည်းလမ်းက sit-in ဆန္ဒပြပွဲတွေကနေ အသွင်ပြောင်းယူထားတာပါပဲ။ သူတို့ရဲ့ Bed in performance ကို ပျားရည်ဆမ်းကာလခရီးအတွင်း အမ်စတာဒန်ဟီလ်တန်ဟိုတယ်က အခန်းနံပါတ် ၇၀၂ မှာ (မတ် ၂၅ ကနေ ၃၁ အထိ) မီဒီယာတွေကို ဖိတ်ကြားပြီး သတင်းယူစေခဲ့ပါတယ်။ မီဒီယာသမားတွေက အိပ်ခန်းထဲ ခုတင်ပေါ်မှာ အဖြူရောင်အ၀တ်အစားတွေနဲ့ ထိုင်ရင်း ငြိမ်းချမ်းရေးစကားတွေပြောနေကြတဲ့ ပျားရည်ဆမ်းဇနီးမောင်နှံရဲ့ ဓါတ်ပုံတွေကို ရယူနိုင်ခဲ့ပါတယ်။ လင်နွန်ပြောစကားအရ တော့ like angles တဲ့။ )

The End
0 comments:
Post a Comment