ကျွန်မ အိမ်ပြန်ပါရစေ
Rachanok Min Burma added 3 new photos.
ငယ်ငယ်ရွယ်ရွယ် ၁၄ နှစ်သမီးထဲက နိုင်ငံကြီးတနိုင်ငံကိုရောက်ခဲ့တဲ့ သူပါ၊
လူကောင်ကထွား လို့ ကျွန်မဟာ အသက်ကိုတော့ ၁၈နှစ်လို့  လိမ်ပြီး
ထွက်ခဲ့ရပေါ့၊ အရမ်းအထင်ကြီးတယ် ..... အနောက်နိုင်ငံကြီးမှာ
အလုပ်လုပ်ရမှာကို..ဘာမှမတတ်လဲရတယ် ..အရင်ရောက်နေတဲ့
သူတွေကပြန်သင်ပေးလိမ့်မယ်...၊ ပြည်ဝင်ခွင့် ရသွားပြီးဆို့ ပြီးရောလေ၊လန်ဒန်ဟာ အလွန်ခေတ်ရှေ့ ပြေးတဲ့ နိုင်ငံပါ၊ လူတွေက နတ်သားနတ်သမီးလေးတွေလို ဖြူဝင်းလို့ လှမှလှ.. ချမ်းစိမ့်စိမ့်ရာသီမှာ အနွေးထည်ကြီးတွေ ၀တ်လို့  ရိုးတွေဟန်တွေ အပြည့်ပဲ .ရှေးဆန်တဲ့  တော်ဝင်မြို့ ကြီးပေါ့ ။
လေဆိပ်မှာ အသင့်လာကြိုနေတဲ့ ကားပေါ်ကျွန်မရောက်ပြီလေ မြို့ တွင်းလမ်းတွေမှာ လမ်းမ ပေါ်သွား နေတဲ့သူတွေပြုံးရွှင်နေတာ မြင်ရတော့ ကိုယ်ပါရောပြုံး မိတယ်ပေါ့နော်.. ၊ အလုပ်ကိုကျွမ်း အောင်သင်ပြီး ငါ့ဘ၀ကို အကောင်းစားအမိုက်စားလုပ်ပလိုက်မယ် တွေးရင် ကျွန်မပီတိဖြစ်ရ လို့  ငါ ကံကောင်းလားမသိ....။
ရောက်တဲ့အချိန်က ညပိုင်း ရောင်စုံးမီးတွေ လေဆာ ဆလိုက်အလင်းတန်းတွေ နဲ့ ပြည့်နေတဲ့ ဆိုင်တဆိုင် အထဲကို ၀င်လိုက်တော့ အနံ့ ပေါင်းစုံ ထောင်းကနဲ့  နှခေါင်းထဲ ၀င်လာလို့ မူး လာလိုက်တာ... ၊ညကပွဲရုံတခုလို့ ထင်ပါ ရဲ့  စာပွဲထိုးမလေးတွေ ကျွန်မကို စိမ်းစိမ်းကြည့် နေကြတယ်၊
နောက်ဖေးက အဆောင်တခုပေါ်အခန်းမှာ နေရာချပေးပြီး ခဏနေတော့ အရင်ရောက်နှင့် နေတဲ့ တနိုင်ထဲသား အမရောက်လာပါရော..နင်.....ဘယ်နယ်ကလဲတဲ့။
ဘာနိုင်ငံကြီးသားတဲ့လည်း? အရမ်းရိုင်းတဲ့ လူစိတ်ကင်း မျက်နှာနီတွေပါ..နေ့ တိုင်း ...နေ့ တိုင်း သူတို ကျွန်မကို လာပြီး အနိုင်ကျင့်ကြတယ်.. သူတို့ အလိုမလိုက်ရင် ခါးပတ်နဲ့ ရိုက်တယ် ရေချိုးခန်းက ရေကန်ထဲ ဆွဲနှစ် ..အပ်နဲ့ ထိုး အမျိုးမျိုး....ရွယ်တူကောင်ကနေ အသက်၈၀ကျော် အဖိုးကြီးတွေ၊..မျက်နှာတခုလုံးဆေးမှင်ကြောင်ထိုးထားတဲ့ ဆေးသမား ..သားရေလည်သာကုတ်နဲ့  ဆိုင်ကယ်အကြီးကြီးစီးလာတဲ့သူတွေ...ဘီလူးကြီးလို အကောင်ထွားထွားတွေ ပြန်ပြောရင် တောင် ပြန်လန့် မိတယ် ...တကယ်.၊ ပါလာတဲ့ လည်စီးလေးကို ပါးစပ်နဲ့ ကိုက်ပြီး မျက်ရည်ကျခဲ့ရတဲ့ ဘ၀ပျက်ညတွေ မဆုံးနိုင်အောင် ခံစားရင်းနဲ့  လန်ဒန် အရသာ ကျွန်မ သိလိုက်ပြီလေ...။
ညဘက်မှာ ထွက်လာကြတဲ့ သရဲတွေ ဘီးလူတွေ ကျွန်မနားမှာ ၀ိုင်းအုံလာကြတယ်.... ပြီးတော့ ၀ိုင်အတင်းတိုက်..ပေါင်ပေါ်ထိုင်းခိုင်တော့.......နေပါအုံးဆရာတို့ ရဲ့ ...စင်ပေါ်တက် ကလိုက် အုံးမယ်...အကသင်ပေးတဲ့အမနဲ့ အတူ ကျွန်မကနေတယ်...အားမ၇ှိတော့လို့  ခေါင်းတွေမူးနောက် နေပေမယ့် နားမရဘူးရှင့် ..ရတဲ့ညကြေး ကို ဒီနိုင်ငံကို ရောက်အောင် ခေါ်လာ၇တဲ့ စရိတ်တဲ့ ပေးနေရတာ ခုထိ မကြေနိုင်......။
ကျွန်မ လူပေါင်း ၂၀၀နဲ့ အိပ်ခဲ့ရပြီးပြီး ......အိမ်ကအမေနဲ့ ညီမလေးတို့ လည်း စိုးရိမ်နေ ရော့မယ် ... အိမ်ပြန်ချင်တယ် ပြန်ပို့ ပေးကြပါလား၊ အကူညီတောင်းကြည့်တိုင်းတော့ ၀ိုင်းရီကြလေပါ. .နိုင်ငံကူးလက်မှတ်က ရောက်တဲ့ အချိန်က သိမ်းသွားပြီဟာကို၊
ကယ်တင်ရှင်လား... အိမ်မက်ပါ ..စိတ်ချမလားဘူး ၊တယောက်ယောက် များလာကယ်မလား ဘယ်ကမှ မမျှော်နေနဲ့  ...ကိုဘ၀ကိုဖန်တီး ရမှာ...အရေးကြီးတာ ဖုန်းဆက်ဖို့ လေ..။
ကိုယ့်ပိုင်ညဏ်လေးကို အစွမ်းကုန်ထုတ်သုံးတော့ ဖုန်းဆက်လို့ ရပြီကော."ဟလို သံရုံးကလားရှင် ကျွန်မ လူကုန်ကူးတဲ့သူတွေ လိင်ကျွန်အဖြစ်ခိုင်းစားခံနေရပါတယ်၊ ဒီဖုန်းနံပါတ်ကိုအမြန်ပြန် ဆက်ပေးပါ.နော်..."။
ဒီန့ မှာ ....... ကျွန်မနိုင်ငံက သံရုံးဝန်ထမ်းတွေနဲ့  လန်ဒန်ရဲကတွေ ပေါင်းပြီး လန်ဒန်မြို့ မှာရှိတဲ့ ညကပွဲရုံ ကျွန်မနေတဲ့နေရာကို ရောက်လာတယ် ၊ ကျွန်မနဲ့ အတူ အာရှနိုင်ငံသူ ၁၀ဦးနဲ့  ဆိုင်ရှင် အားလုံး ရဲစခန်းကို လိုက်သွားရမယ် ..သူများတွေတော့မသိ ...ကျွန်မတော့ ပျော်လိုက်တာ အိမ်ပြန်ရတော့မယ်လေ.......။။။။။။
(အင်္ဂလန်နိုင်ငံ လန်ဒန်မြို့ တွင် လိင်ကျွန်အဖြစ်ရောင်းစားခံခဲ့ရသည့် ထိုင်းနိုင်ငံသူတယောက်၏ ကိုယ်တွေ့ ဖြစ်ရပ်အား ပြန်လည်ရေးသားတင်ပြပါသည်)
MB
0 comments:
Post a Comment