Author: lubo601 |
1:21 AM |
|
|
|
-ဗော်လဂါ
ယန်စီ
ဧရာဝတီ
ဂင်္ဂါ
မဟာမြစ်များကြား
(ကျွန်တော်)ဧရာဝတီနားမှာ နေပါတယ်။
-ဧရာဝတီကမ်းပါးနားက
လှပါပေ့ဆိုတဲ့ ပန်ချီကားကြီးများ
မပီမသ ခံစားကြည့်ဖူးပါတယ်။
-ဘယ်လိုမှ ဆုပ်ကိုင်၍မရခဲ့ပါ။
-တကယ်တော့ - ကျွန်တော်ဟာ
ဧရာဝတိနဲ့
ပုဂံပြည် မရောက်ဖူးသေးတဲ့
တကယ့်မြန်မာပြည်ဖွား
အညာသားမျိုးနွယ်ဝင်တယောက်
အောက်ပြည်ပေါက်
ကျွန်တော့်လောက်
ရှက်စရာကောင်းသူကိုမှ
မခင်သီက-ဧရာဝတီရဲ့အလှအပအကြောင်း ပြောပြနေတော့ ...။
-အိပ်ပါရစေတော့ - မခင်သီ
-ဖေါင်စုန်ရွှက်တိုက်
ဧရာဝတိတ၀ိုက်က လေပြေ
ကျွန်တော့်ဆိုမှာ - မနေဘူးလေ။ | | -အပူဇုံဘေးက
အေးမြတဲ့ အာဝါသ
ဓမ္မရိပ်ချောင် -
စစ်ကိုင်းတောင်ဆိုတာကလည်း ...။
-မန္တလေးနန်းတော်နဲ့ ဦးပိန်တံတား
ကြားဖူးရုံနဲ့လွမ်း
မှန်းကြည့်ရင်းကျေနပ်
သီပေါမင်းဇာတ်ထုပ်ကိုလက်မခံနိုင်ပါ- မခင်သီ။
-ထိုးကွင်းမှင်ကြောင်စွပ်
ဓါးလွတ်ကိုင်ခဲ့တဲ့ခေတ်
ကျွန်တ်ာလည်း ချစ်တတ်ပါတယ်- မခင်သီ။
-ဒါပေမယ့် ...
သမိုင်းဇာကွက်တွေ
ဖျက်ခြေပစ်လို့ရမယ်ဆိုရင်
ကျွန်နံတွေစင်အောင်တော့ ဆေးချင်တာပဲ။
-သခင်အရည်တွေ ပက်ဖြန်းပြီး
လက်ပန်းပေါက်တော့ ခတ်လိုက်ချင်တာပဲ။
-ကဲ ..
ညဥ့်နက်လှပြီ-မခင်သီ။
-မြန်မာပြည်သားဖြစ်ဖို့ဆိုတာ ...
ဧရာဝတီဆီ - ချီတက်ရအုံးမယ်။
ပုဂံပြည်ဆီ - ချီတက်ရပါအုံးမယ်၊
မန္တလေးနန်းမြို့ဆီ - ချီတက်ရပါအုံးမယ်။
-ချီတက်ကြပါအုံးစို့ - မခင်သီ။ ။ |
| | ကေးကေးဇံ (၃၁ ၊ ၅ ၊၉၂) |
|
0 comments:
Post a Comment