Friday, May 6, 2011

ဖြစ်တည်မှု ဖြစ်စဉ်



(က)
သတ္တ၀ါတို့ တိုက်ခြင်းအစ
ကိုက်ခြင်းက ဖြစ်ဟန်ရှိ …

စစ်လက်နက်တို့ သစ်ဆန်း
စစ်ပညာတို့ သစ်ဆန်း
စစ်လမ်းတို့ ဖူးပွင့်ဝေ …

ထိုထိုအထဲ
တို့ဗမာဆိုတာက ထိပ်တန်း …


သမိုင်းမတင်မီ မြန်မာပြည်မှသည်
နန်းကျ နန်းတက်
စစ်နဲ့တယ်မကင်း …
အတော်ဆုံးမင်းဆိုတာ
စစ်တိုက်ခြင်းနဲ့သာ စံထိုး
ပုဂံ၊ ပဲခူး၊ ကုန်းဘောင်နဲ့ ရတနာပုံ
အင်္ဂလိပ် မြန်မာ စစ်ပွဲများ
ကိုလိုနီခေတ်၊ လွပ်လတ်ရေးခေတ်
စစ်တိုက်တ်ာသူသာ သူရဲကောင်းဖြစ် …

(ခ)
ကျောင်းသား ငယ်ဘ၀ကပင်
စတင်ခဲ့တယ် ဆိုရမလား
ကျောက်သင်ပုန်းထဲ စစ်ကစား
သေနတ်ပစ်တန်း တပျော်တပါး ကစား …

အချစ်နဲ့စစ်မှာ မတရားတာမရှိ
တိုက်ရဲသူတို့ အောင်ပွဲ
သေနတ်ပြောင်းဝမှာ အာဏာရှိတယ်
ခွပ်ဒေါင်းသွေး ရဲရဲနီ
တိုက်မယ်ခိုက်မယ် တို့ခွပ်ဒေါင်း …

သက်တမ်းအရှည်ဆုံး စစ်အစိုးရ
တို့နိုင်ငံက
တို့နိုင်ငံက …

(ဂ)
ဒါဝင်သီအိုရီအရ
ကိုက်ခြင်းမှသည် တိုက်ခြင်းသို့ တစစတိုး
သည်အမျိုး၊ သည်တိုင်းပြည်
သွေးမြစ်တွေ အလီလီဝေခဲ့ပြီ
မြေနီနီ၊ လေနီနီ
အတွေးအမြင်တွေ နီ
ယဉ်ကျေးမှုတွေ နီ ...

လူဖြစ်ခြင်းဟူသည်
တိုက်ဖို့ပင် သက်သက်လေလား။     ။

လူဗိုလ်

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...