Saturday, September 10, 2011

အီးယူမှ ကူညီလျင် ပညာရေးနှင့် ကျန်းမာရေးကူညီရန် ဒေါ်အောင်ဆန်းစုကြည်ပြော

by Yangon PressInternational on Sunday, September 11, 2011 at 12:28am
စက်တင်ဘာ ၁၀၊ ၂၀၁၁ (YPI)


ယနေ့နံနက်  ၉နာရီတွင် အီးယူ အဖွဲ့မှ လူသားချင်းစာနာထောက်ထားမှု ဆိုင်ရာ ကော်မရှင်နာက ဒေါ်အောင်ဆန်းစုကြည်ကို သွားရောက်  တွေ့ဆုံခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်က မြန်မာနိုင်ငံ၏ ပညာရေးနှင့် ကျန်းမာရေး ဆိုင်ရာ လိုအပ်ချက်များအား  အကူအညီပေးဖို့ ရည်ညွှန်း ပြောဆိုခဲ့သည်။


တွေ့ဆုံအပြီး ဒေါ်အောင်ဆန်းစုကြည်က သတင်းထောက်များ၏ မေးမြန်းချက်များကို ဖြေကြားရာတွင် “ “အလိုအပ်ဆုံး အသိုင်းအ၀ိုင်းတွေကို ဘယ်လိုကူညီရမလဲမေးတယ်။ ဒါကတော့ သူတို့မူ အရလဲဖြစ်တယ်။ ဘယ်လိုကူညီရင် ကောင်းမလဲဆိုတာ အန်တီကတော့ ဗမာပြည်အတွက် အရေးကြီးဆုံးကတော့ ခါတိုင်း ပြောနေကြလိုပါပဲ ကျန်းမာရေးနဲ့ ပညာရေးပဲ ပြောတာပေါ့” ဟုပြောကြားခဲ့သည်။

အခြားသော ဆွေးနွေးချက်များနှင့် ပတ်သက်သည့်ကိစ္စများအား  အီးယူဘက်မှ သတင်းထုတ်ပြန်လိမ့်မည် ဖြစ်သည်ဟု သိရသည်။

နေပြည်တော်တွင် ကျင်းပမည့် ကမ္ဘာ့ ဒီမိုကရေစီနေ့ တက်ရောက်ရန် ရှိမရှိ ဒေါ်အောင်ဆန်းစုကြည်ကို မေးမြန်းရာ သူ့အနေဖြင့် တက်ရောက်ဖို့ အစီအစဉ် မရှိသေးသလို ဖိတ်စာလည်း မရရှိသေးကြောင်း ဖြေကြားသည်။

နောက်ဆုံးတွင် အီးယူနှင့် ပတ်သက်ပြီး အီးယူနှင့်မိတ်ဆွေသဘောမျိုး ဆက်ဆံရေးရှိသည့်ပြင် ယင်းဆက်ဆံရေးမှလည်း  မြန်မာနိုင်ငံအတွက် အကျိုးရှိသည်ဟု ၎င်းက ဖြေကြားသည်။

မြန်မာ အစိုးရမှ ပညာရှင်သဖွယ် ဖိတ်ခေါ်ကမ်းလှမ်းနေခြင်းအပေါ်သတင်းထောက်တစ်ဦးက နိုင်ငံရေးသမားလား ပညာရှင်လားဟု  မေးမြန်းရာ ဒေါ်အောင်ဆန်းစုကြည်က “ကျွန်မ နိုင်ငံရေးသမားပါ”ဟု ဖြေကြားခဲ့သည်။

လာမည့် တနင်္လာနေ့တွင်လည်း မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် အစိုးရအထူးကိုယ်စားလှယ် ဒဲရက်မစ်ချယ်နှင့် ဒေါ်အောင်ဆန်းစုကြည် တွေ့ဆံရန်ရှိသည် ဟုသတင်းထုတ်ပြန်ချက်များအရ သိရသည်။

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...