Friday, September 16, 2011

မိဘတို့အတွက် သားသမီးများပြုစုပျိုးထောင်နည်း (၁)




မိဘတိုင်း မိမိတို့၏သားသမီးများကို ချစ်ကြမည်သာဖြစ်သည်။ မိမိတို့၏ သွေးသားရင်းခြာမျိုးဆက်သစ် ဖြစ်သည့် သားသမီးများကို မချစ်သောမိဘဟူသည်မရှိနိုင်။ ထိုနည်းတူစွာ သားသမီးတိုင်းသည်လည်း သူတို့၏ မိဘများကို ချစ်ကြမည်သာဖြစ်သည်။ မိဘဟူ သည် သူတို့ဘ၀၏ လြုံခုံချမ်းမြေ့ရာ အရိပ်တစ်ခု လည်း ဖြစ်သည်။ သို့ဖြစ်ပါလျက် ဤလူဘောင်တွင် မိဘကြောင့်စိတ်ဆင်းရဲရ သောသားသမီးများ၊ သားသမီးကြောင့်စိတ်ဆင်းရဲရသော မိဘများ အဘယ့်ကြောင့် ရှိနေပါသနည်း၊၊ အသေအချာလေ့လာ ကြည့်လျှင် ဤလောက၌ သားသမီးနှင့်မိဘကြားတွင် နားလည်မှုကွဲလွဲခြင်း၊ အထင်အမြင်မှားခြင်း စသည့်ပြသနာများ စဉ်ဆက်မ ပြတ်ပေါ်ပေါက်လျက်ရှိသည်ကို တွေ့နိုင်သည်။ အဘယ့်ကြောင့်ပါနည်း။
မေးခွန်းတခုချင်းစီအတွက် အဖြေဆိုသည်မှာ ရှိနှင့်ပြီး သားဖြစ်သည်၊၊ လူတိုင်းသည် ချစ်မေတ္တာစိတ်ရှိသည်မှန်သော်လည်း မှန်ကန်စွာချစ်တတ်ဖို့ လိုအပ်ပေသည်၊၊ မချစ်တတ်မှုသည် ပြဿနာအမျိုးမျိုးကို လက်ယပ်ခေါ်နိုင်သေးသည်။ သို့ဖြစ်၍ မိဘနှင့်သားသမီးကြားတွင် ဖြစ်လေ့ဖြစ်ထရှိသော စိတ်ပိုင်းဆိုင်ရာလို အပ်ချက်များ၊ တွေးခေါ်မှုများ၊ သဘောထားကွဲလွဲမှုများကို မြင်နိုင်စေရန် မိဘတိုင်း မိဘကောင်း ဖြစ်စေရန် ရည်ရွယ်ရေးသားရခြင်း ဖြစ်သည်။

မိဘအများစုအတွက် မိဘဖြစ်လာရန် များစွာမခဲယဉ်းပါ၊ လူတိုင်းနီးပါး မိဘဖြစ်နိုင်ပါသည်။ ကလေးမွေးဖွားဖိုအတွက် လိုင်စင်ခံ ရန်မလို၊ အတန်းပညာရှိရန်မလို၊ ကလေးအကြာင်း တကယ်အသိပညာရှိရန်လည်း မလိုပါ၊၊ သို့သော် မိဘဖြစ်ရခြင်းသည်သာ မလွယ်ကူ၊ ၎င်းသည် သင့်ဘ၀၏အံ့ဖွယ်ရာ အကောင်းဆုံးအခွင့်ထူးတစ်ရပ်နှင့် တစ်ချိန်တည်းမှာပင် ကြောက်မက်ဖွယ်အ ကောင်းဆုံး စိန်ခေါ်မှုတစ်ရပ်ဖြစ်၏၊၊ အားကိုးရာမဲ့၍ သင့်ကိုအချိန်ပြည့်မှီခိုသော အလွန်ချစ်စဖွယ်ကောင်းသည့် ကလေးငယ်အ တွက်တာဝန်များ ရုတ်ခြည်းပိုလာမည်၊၊ သူတို့လိုအင်အလုံးစုံကို ဖြည့်ဆည်းပေးနိုင်ရန်သာမက နောင်-၁၀နှစ်ခန့်အချိန်ပေး၍ သူတို့ဘ၀ကို အကောင်းဆုံးစတင်ထူထောင်ပေးနိုင်အောင် ကြိုးပမ်းရဦးမည်၊၊ မိသားစုဆိုရာတွင် အသွင်သဏ္ဌာန်အမျိုးမျိုး၊ အရွယ် အစားအမျိုးမျိုး ရှိသည်။ တချို၌ တဦးတည်းသောရင်သွေးသာရှိကြသည်။ တချို၌မူ သားသမီး တဒါဇင်ရှိကောင်းရှိမည်၊ တချိုမှာမူ သားသမီးအရင်းမရ၍ မွေးစားကြရသည်။ မသန်မစွမ်းကလေးများ၊ သင်ယူရန်စွမ်းရည်မဲ့သူများကို မွေးထားသူများလည်းရှိကြ သေးသည်။ တစ်ခါတလေတွင် အကြောင်းကြောင်းကြောင့် မိထွေး၊ ပထွေးနှင့် လင်ပါ၊ မယားပါ သားသမီးများလည်း ရှိချင်ရှိဦးမည်။ သို့သော် သင့်အခြေအနေသည် မည်သို့ပင်ဖြစ်စေ မိဘများသည် သားသမီးများကို မည်သို့ပြုစုပျိုးထောင်ရမည့်အကြောင်း သိ ထားလျှင် မိဘတိုင်းမိဘကောင်းအဖြစ် ရှင်သန်ရပ်တည်နိုင်ရုံမက ကိုယ်စိတ်နှလုံးရွှင်ပြုံးဖွယ် အတွေ့အကြုံကြီးတရပ်ဖြစ်ပါလိမ့်မည်၊၊


မိဘများအတွက်သတိပြုရန်၊၊

(၁) မိဘဖြစ်ခြင်းက သင့်ဘ၀တစ်ခုလုံးကို လုံးလုံးလျားလျားပြောင်းလဲပစ်လိမ့်မည်၊၊ သင်သည် ယင်းပြောင်းလဲမှုအတွက် မည်သည့် အခါမျှ အဆင်သင့်ရှိလိမ့်မည် မဟုတ်၊၊

(၂) ကလေးသူငယ်အစောပိုင်းအရွယ် ပြုစုစောင့်ရှောက်ပုံသည် သူတို့ ၏ဘ၀တစ်ခုလုံးကို လွှမ်းမိုးနိုင်သည်၊၊

(၃) မိဘမဟုတ်သူတို့သာလျှင် ကလေးကို မည်သို့ကောင်းမွန်စွာမွေးမြူသင့်ကြောင်း သေချာပေါက်သိသည်၊၊

(၄) မိဘဖြစ်လာသောအခါ သင်သည်ဇာတ်ညွန်းလည်းမပါ ကြိုတင်ဇာတ်တိုက်ခြင်းလည်းမရှိဘဲ ဘ၀ဇာတ်စင်ပေါ်သို့ ရောက်လာ သည်။

(၅) သင်သည် အသင့်ပြင်အနေအထားတွင်ရှိစေကာမှု နေစဉ်အလိုက် သင်ကြံဖန်ပြုလုပ်ရသောအလုပ်မှ ပြေး၍လွတ်မည်မဟုတ်။

(၆) စင်းလုံးချောမိဘဟူသည်မရှိ၊ သို့တစေ သင်သည် မြတ်သောမိဘကောင်းတစ်ဦးတော့ ဖြစ်နိုင်ပါသည်၊၊

(၇) သင်အရေးကြီးဆုံးလုပ်ဆောင်ရမည်မှာ အထူးကြိုးစားရန်နှင့် ကိုယ့်ကိုကိုယ် ယုံကြည်အားထားရန် ဖြစ်၏။

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...