Friday, September 9, 2011

အစိမ်းရောင် စွမ်းအင်ဆီသို့ ချီတက်ခြင်း အပိုင်း(၁)

 
ကျွန်ုပ်တို့၏ ခရီးစဉ်

အခု ဒီစာကို ကျွန်တော် ရေးနေချိန်မှာ မမျှော်မှန်းထားတဲ့ ကပ်ဘေးတွေက အဆက်မပြတ် ဖြစ်နေဆဲပါ။ ရေနံ နဲ့ စားသောက်ကုန် ဈေးနှုန်းတွေကလည်း ဒုံးပျံ တစ်စင်းလို မြင့်တက်သွားပြီး ကမ္ဘာမြေပေါ်ကို အရှိန်အဟုန်ပြင်းပြင်းနဲ့ ကျရောက်လာပါတယ်။ ဟိုင်းတီးမှာ ဖြစ်ခဲ့တဲ့ ငလျင်ဘေး၊ ကမ်းပါးပြိုတာ၊ ဂျပန်မှာ နျူကလီးယားဓာတ်ပေါင်းဖို တွေ ပြိုပျက်တာက စလို့ ရောဂါကပ်ဘေးတွေဟာ ကျောက်ခမန်းလိလိ ခြိမ်းခြောက်ခဲ့တာတွေလဲ မျက်မြင်ကိုယ်တွေ့ပါ။ ဒီလိုအဖြစ်တွေဟာ တစ်နှစ်လောက်တောင်မှ ကျွန်တော်တို့ ကြိုပြီး မသိခဲ့ကြရပါဘူး။ ဘယ်သူမှလဲ ကျယ်ကျယ်လောင်လောင် ပြောဆိုသံတွေလဲ မကြားခဲ့ရပါဘူး။
သိလိုက်ရတာကတော့ ကျွန်တော်တို့ရဲ့ အခုရှိနေတဲ့ ခေတ်မီနည်းပညာဆိုင်ရာ ခန့်မှန်းတွက်ချက်တဲ့ အရည်အချင်းတွေနဲ့ သင့်လျော်တဲ့ တိုင်းတာစစ်ဆေးမှုတွေကြိုမလုပ်နိုင်ခဲ့တာတော့ အမှန်ပါပဲ။

နည်းပညာတွေက ဟိုးရှေးကမ္ဘာဦးထဲက ကျွန်တော်တို့ရဲ့ ရုပ်ဝတ္ထုပိုင်းဆိုင်ရာ လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးခဲ့ပါတယ်။ ကျွန်တော်တို့ဟာ မြေဆီလွှာပေါ်မှာ စိုက်ပျိုး တဲ့ ပညာကိုတတ်မြောက်ခဲ့ကြတယ်။ တစ်ယောက်နဲ့ တစ်ယောက် စကားပြော ဆက်သွယ်ရေးနည်းလမ်းတွေနဲ့ ကျန်းမာအောင် ဘယ်လို နေထိုင်ရမယ်ဆိုတာတွေကို လေ့လာခဲ့ကြတယ်။ အခု ကမ္ဘာအနောက်ဘက်ခြမ်းနိုင်ငံတွေမှာဆိုရင်  လူတိုင်းနီးပါးဟာ စားစရာ အပြည့်အစုံ၊ အိမ်ကိုယ်စီနဲ့ သန့်ရှင်းတဲ့ သောက်သုံးရေတွေနဲ့ အတူ အဆင့်မီ နေထိုင်နိုင်ကြပါပြီ။ အခြေခံလိုအပ်ချက် တွေက တော့ ပြည့်စုံပြီလို့ ဆိုရမှာပါပဲ။ ဒါပေမဲ့ ပညာရှင်တွေ ပြောဆိုကြတာက အနာဂတ်ရဲ့ နည်းပညာ တိုးတက်မှုဟာ မှေးမှိန်နေဆဲ ဆိုတာပါပဲ။ မကြာခင်ကမှ ဖြစ်ခဲ့တဲ့ အဖြစ်အပျက်တွေက အဲဒီအမြင်ကို ထောက်ခံပြောဆိုခဲ့ပါတယ်။ ကပ်ဘေးမျိုးစုံကို လူသားတွေ တစ်ရပ်လုံးတွေ့ကြုံခံစားခဲ့ရတယ်။ အစားအစာ ရှားပါးမှုတွေဟာ ၂၀၀၇ ခုနှစ်မှာ အဆက်မပြတ် အာရှ၊ အာဖရိက နဲ့ တောင်အမေရိက တိုက်တွေကို ခြိမ်းခြောက်ခဲ့ပြန်တယ်။ စီးပွားရေးကပ်ဘေးကလည်း ထို့အတူ ၂၀၀၈မှာ ဖြစ်ပျက်ခဲ့တယ်။ ၂၀၀၉ မှာတော့ ရောဂါဘေးက တိုက်ကြီးတွေ တစ်ခုမှတစ်ခုသို့ ကူးစက် ပျံ့နှံ့လာခဲ့တယ်။ ရာသီဥတု ဖောက်ပြန်တာ၊ ရေနံတွေယိုဖိတ်တာ တွေက ကျွန်တော်တို့ရဲ့ ရှေ့ရာစုနှစ်တွေမှာ ရင်ဆိုင်ရဦးမဲ့ ပြယုဂ်တွေပါပဲ။ မျိုးဆက်သစ် အင်ဂျင်နီယာများကလဲ စက်မှုဖွံ့ဖြိုးအောင် တည်ဆောက်နေကြတယ်။ ဆက်သွယ်ရေး နည်းပညာတွေကိုလဲ တိုးတက် တီထွင်နေကြဆဲပါပဲ။ အခုလက်ရှိအခြေအနေမှာဆိုရင် အားလုံးအတူတူ ရှင်သန်ဖို့အတွက် ကြိုးစား ရပ်တည်နေတဲ့ အချိန်အခါလို့ ဆိုနိုင်ပါတယ်။

နည်းပညာတွေက အရေးကြီးတဲ့ အခန်းမှ ပါဝင်ပတ်သက်နေတာကိုတွေ့ရပါတယ်။ နည်းပညာတွေနဲ့ ဒီလို အခက်အခဲ ကပ်ဘေးတွေကို ကြိုတင်  မီးမောင်းထိုးပြ သိရှိနိုင်မှာပါ။ ကျွန်တော်တို့ဟာ အနာဂတ်မှာ ကြုံတွေ့ရမဲ့ ကပ်ဘေးတွေကို  အရင်က ဖြစ်ဖူးခဲ့တဲံ အကြောင်းအရာတွေပေါ်မှာ အခြေခံပြီး ကြိုတင်ကာကွယ်ဖို့ နည်းပညာရှင်တွေက ပြင်ဆင်ဖို့လိုပါတယ်။
 အခု တွေ့ကြုံနေရတဲ့ ဘေးဆိုးတွေဟာ လူသား တွေရဲ့ အတွေ့အကြုံပေါ်မူတည်ပြီး ကွာခြားမှုတွေ ရှိပါတယ် ။ ဒါကြောင့် ပြသနာရဲ့ အဖြေဟာလဲ မတူခြားနားနေမှာဖြစ်ပါတယ်။ ကျွန်တော်တို့ အနိုင်ရလိုက်ပါပြီဆိုတဲ့ ကပ်ရောဂါတွေဆိုရင် ဘယ်လို ကုသရမလဲ ဆိုတာ သိရှိခဲ့ကြပေမဲ့၊ လူတွေ အများစုတွေအတွက် စိန်ခေါ်မှုတွေဖြစ်နေဆဲပါပဲ။ ဆိုလိုတာက နည်းပညာသစ်တွေလိုအပ်နေတဲ့ သဘောကိုပြဆိုပါတယ်။

ကျွန်တော်တို့ ဒီစာတွေမှာ နည်းပညာ အခန်းကဏ္ဌ ပေါင်းစုံကို ပြည့်ပြည့်စုံစုံတော့ ပြောနိုင်မှာမဟုတ်ပါဘူး။ ဒါကြောင့် ကျွန်တော်တို့ဟာ နည်းပညာဆိုင်ရာ ကျွမ်းကျင်သူတွေနဲ့ ဆွေးနွေးပြီး လာမဲ့ နှစ် ၂၀ အတွင်းမှာ ဘယ်လို လုပ်ဆောင်မလဲ ဆိုတာတွေကို ပြောဆိုဖြစ်ကြပါတယ်။ ကျွန်တော်တို့ဟာ သူတို့ကို အနာဂတ်မှာ မရှိမဖြစ်လိုအပ်တဲ့ သုတေသနပိုင်းဆိုင်ရာ တွေမှာ အားထုတ်လုပ်ကိုင်ဖို့ ပြောဆိုတိုက်တွန်းခဲ့ပါတယ်။ အတိတ်က ဖြစ်ခဲ့တဲ့ ကပ်ဘေးတွေကို လုံးဝကာကွယ်နိုင်ခဲ့ပြီလား။ ပိုကောင်းတဲ့ ကမ္ဘာကြီးအတွက် ဘာတွေ ပြင်ဆင်မှု လုပ်ဆောင်မှုတွေ လိုပါသလဲ စသဖြင့်ပေါ့။ သူတို့ ရဲ့ သုတေသန လုပ်ငန်းတွေဟာ မတူညီပေမဲ့၊ ပညာရှင်တွေက တူညီတဲံ စိတ်ကူးစိတ်သန်းတွေကို ပြောဆိုခဲ့ပါတယ်။ သူတို့ပြောတာက ဖြစ်စဉ်တွေက တစ်ခုနဲ့ တစ်ခု ဆက်စပ်နေပြီး၊ ကမ္ဘာ့ကွန်ယက်မှာလဲ ဆက်သွယ်ပေါင်းစည်းနေရမှာပါတဲ့။ ဘာကို ဆိုလိုလဲ ဆိုတော့ အင်တာနက်ခေတ်မှာ ကျွန်တော်တို့ဟာ ငွေကြေးကပ်ဘေးတွေကို အတူတူဖြေရှင်းရပါလိမ့်မယ်။သိပ္ပံနဲ့ နည်းပညာဟာ တိုးတက်ဖို့အတွက်မရှိမဖြစ် လက်နက်တစ်ခုပါပဲ။ မေးခွန်းတွေရဲ့ အဖြေတွေကို ပြဆိုပေးမဲ့ စွမ်းအင်တစ်ခုပါပဲ။

ကျွမ်းကျင်သူတွေနဲ့ ဆွေးနွေးတဲ့ အချက်တွေအရ ကွန်ယက်ကမ္ဘာဟာ ကျွန်တော်တို့ ထင်ထားတာထက် အများကြီး ကျယ်ပြန့်ဆက်နွယ်နေပါတယ်။ ကျွန်တော်တို့ဟာ ကပ်ဘေးတွေကို ကာကွယ်ဖို့ နည်းလမ်းသစ်တွေကို ရှာဖွေရပါလိမ့်မယ်။ ရှုပ်ထွေးတဲ့ နည်းပညာတွေက ပုံမှန်ဖြစ်မှုတွေ ကင်းဝေးနေပြီး ကစဥ့်ကလျားဖြစ်စေခဲ့ပါတယ်။ခန့်မှန်းတွက်ချက်မှုတွေကလည်း ကျေနပ်နိုင်လောက်အောင် အဖြေမပေးနိုင်ခဲ့ပါဘူး။ ရှုပ်ထွေးတဲ့  လှုပ်ရှားမှုစံနစ်(Complex Dynamic Systems) တွေက ၁၉၈၀ နှစ်အလွန်များမှာ သိပ္ပံနဲံ နည်းပညာနယ်ပယ်ထဲကို ထိုးဖောက်လာခဲ့ပါတယ်။ တကယ်တော့ ပုံမှန်ရိုးရှင်းမှုနဲ့အတူ ဒီနည်းစံနစ်တွေကို တွဲသုံးပြီး စွမ်းအင်ကို ထိရောက်စွာ အသုံးချခြင်း (Sustainability) ၊ တည်မြဲမှု( Stability) နဲ့ ကပ်ဘေးကာကွယ်ရေးနည်းစံနစ်(Crisis-Prevention Systems) တွေကို ပူးပေါင်းလုပ်ဆောင်ကြရမှာဖြစ်ပါတယ်။ ဒီစာတွေထဲမှာကျွန်တော်တို့ဟာ လာမဲ့ ၂၀၃၀ နှစ်တွေရောက်တဲ့ အထိ ကာကွယ်သင့်တဲ့ နည်းလမ်းတွေကို ပြဆိုထားပါတယ်။

လာမဲ့ နှစ် ၂၀ ကို ရွေးရတယ်ဆိုတာ အကြောင်းမဲံ မဟုတ်ပါဘူး။ သိပ္ပံပညာရှင်တွေအတွက် ၂၀၃၀ ဆိုတာ မဝေးတော့ သော အနာဂတ် တစ်ခုပါပဲ။ ရနိုင်မဲ့ ဖြေရှင်းနည်းတွေကို စူးစူးစိုက်စိုက်လေ့လာသင့်တဲ့ အချိန်ကောင်းပါပဲ။ ဆယ်စုနှစ် ၂ခု အတွင်းမှာ သိပ္ပံပညာရှင်တွေအတွက် လုပ်သင့်တာတွေကို လုပ်ထားဖို့ လိုအပ်လှပါတယ်။ စိတ်ကူးစိတ်သန်းအသစ်တွေနဲ့ အတူ ခိုင်မာတိကျတဲ့ နည်းပညာတွေကို ဖွံ့ဖြိုးအောင် လုပ်ဆောင်ရပါတော့မယ်။ တစ်ခုရှိတာက စာဖတ်သူဟာ ဒီစာအုပ်ကို သိပ္ပံပညာဆိုင်ရာ စိတ်ကူးယဉ် ၀တ္ထုတွေ ဖတ်သလို စက်ရုပ်တွေ၊ မိုးပျံယာဉ်တွေကို တွေ့ရမှာမဟုတ်ပါဘူး။ တကယ်တော့ ဒီလို စက်ရုပ်တွေဟာ တစ်နေ့နေ့တော့ ဖြစ်လာမှာပါ။ ဒါပေမဲ့ နောင် အနှစ်၂၀ အတွက်တော့ မဖြစ်နိုင်သေးပါဘူး။

ဆယ်စုနှစ် ၂ခု အတွင်းမှာ လုပ်ဆောင်ရမယ်ဆိုတော့ တကယ်တော့ လက်ရှိ အနေအထားနဲ့ ဆို ဝေးနေပါတယ်။  ပြီးတော့ ဒီစာတွေမှာ လာမဲ့ နှစ် ၂၀မှာ လူတွေ တိုးပွားလာတာ၊ ကားတွေ ကျွန်တော်တို့ ဘယ်နှစီးပိုင်ဆိုင်မလဲ စတာတွေကို ဆွေးနွေးမှာမဟုတ်ပါဘူး။ ကျွန်တော်တို့ဟာ စာရင်းအင်းဆိုင်ရာ လေ့လာမှုတွေကို စိတ်မ၀င်စားပါဘူး။ ဘယ်လို အခက်အခဲကို ဖြေရှင်းကြမလဲ ဆိုတဲ့ အဖြေကို အတူတူ ရှာဖွေကြမှာပါ။  ကိန်းဂဏန်းအတိအကျတွေ သိဖို့လဲမလိုအပ်လှပါဘူး။

နည်းပညာရှင်တွေအနေနဲ့ပြောရရင် ကျွန်တော်တို့ဟာ ကပ်ဘေးတွေကို အဖြေရှာကာကွယ်ဖို့ လုပ်ဆောင်ရမဲ့ တာဝန်တွေရှိပါတယ်၊ ပြောခဲ့သလို နည်းပညာတွေက အခုလက်ရှိမှာ စက်မှုဖွံ့ဖြိုးမှု သက်သက်ဆီကို ဦးတည်နေတာတွေ့ရပါတယ်။ ဒါလဲအရေးကြီးပါတယ်။ ဒါပေမဲ့ အခု လူသားတစ်မျိုးလုံးရင်ဆိုင်နေရတဲ့ အခက်အခဲတွေကို ပြည့်ဝစွာ ဖြေရှင်းပေးနိုင်မှာတော့ မဟုတ်ပါဘူး။ ကမ္ဘာကြီးပိုကောင်းလာဖို့ဆိုရင် စီမံကိန်းအသစ်တွေနဲ့ ရှေ့ဆက်လုပ်ဆောင်ဖို့လိုပါတယ်။ ဒီစာတွေမှာ နည်းပညာက လက်ရှိနဲ့ ဘယ်လိုကွဲပြားခြားနားစွာ ဆောင်ရွက်နိုင်မယ်ဆိုတာတွေကို သုံးသပ်ပြမှာပါ။ အနာဂတ်ကို ကယ်တင်နိုင်မဲ့ နည်းလမ်းတွေကိုလဲ ထည့်သွင်းစဉ်းစားသွားမှာပါ။  ဒီစာတွေဟာ အနာဂတ် အင်ဂျင်နီယာတွေနဲ့ လူသားတစ်ရပ်လုံးအတွက် ကျွန်တော်တို့နေထိုင်ရာ ဂြိုဟ်ကမ္ဘာကြီးကို ကာကွယ်ဖို့ အသုံးချနိုင်မဲ့စွမ်းအင်တွေကိုလဲ ပြသထားပါတယ်။

ကျွန်တော်တို့ရဲ့ ကမ္ဘာကြီးကို စိမ်းလန်းအောင် ပြန်ပြီး အတူတူ ကယ်တင်ကြရအောင်လား။

ဆက်ပါဦးမည်။
မူရင်း ၊ ၊ 2030: Technology That will change The World,( Rutger van Santen, Djan Khoe, Bram Vermeer)

(ဇေယျာ) 10/Sep/2011,8:00 am,Saturday

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...