Friday, September 9, 2011

စစ်မှန်သောမေတ္တာရှင်ဗုဒ္ဓဝါဒီတို့အနေဖြင့် အမုန်းမီးမမွှေးစေခြင်၊ လေမပင့်စေခြင်၊၊

by Zaw Zaw Aung Ko on Friday, September 9, 2011 at 9:33pm
 
သာသနာတော်နှစ်-၅၀၀ ကျော်မှစ၍ ဗုဒ္ဓပွင့်တော်မူရာ၊ ဗုဒ္ဓဘာသာပေါ်ထွန်းရာ အိန္ဒိယမြေပေါ်တွင် ရဟန်းကောင်းများ ရှားပါးလာနေပြီး ယင်းမြေပေါ်မှ ဗုဒ္ဓသာသနာတော်ကြီး ပျက်သုဉ်းစပြုနေခဲ့ပြီဖြစ်သည်။ အခြေခံအကြောင်းရင်းမှာ ရဟန်းသံဃာတော်များအတွင်း မိမိတို့တရားကိုသာ မိမိတို့ဘာသာ ကျင့်ပြီး အရာရာကို လျစ်လျူရှုထားတတ်သည့် အားနည်းချက်နှင့် ယင်းအချိန်က မိစ္ဆာဒိဋ္ဌိ အာဏာပိုင်များနှင့် အလိုက်သင့် ပေါင်းသင်းကာ မိမိတို့ လုပ်ချင်ရာလုပ်ခွင့်ရ ရဟန်းဆိုးတို့၏ ကြီးထွားလာမှု တို့ကြောင့်ဖြစ်သည်။
လူ၏စိတ်သည် မကောင်းမှု၌ မွေ့လျော်တတ်သည် အားလျော်စွာ ရဟန်းကောင်းတို့ဖက်မှ လူပြိန်းအများစုကို အချိန်မှီ ဆွဲဆောင် စည်းရုံးနိုင်ရေးမှာ လွယ်ကူသည့်အရာမဟုတ်ပေ။ ထို့အပြင် အရာရာကို လျစ်လျူရှုမှု လွန်ကဲခြင်း၏ ရလာဒ်အားဖြင့် ဗုဒ္ဓ၀ါဒသည် အိန္ဒိယနိုင်ငံတွင် လူမှုရေး ယဉ်ကျေးမှုအဖြစ်သို့ ရောက်ရှိအောင် မထိုးဖောက်နိုင်ခဲ့ချေ။ ကိုယ်ပိုင်ယဉ်ကျေးမှုဖြင့် လူအများကို ထိမ်းမထားနိုင်ခြင်း၊ လွန်းမိုး၍ မထားနိုင်ခြင်းသည် ဘာသာအယူဝါဒတစ်ခု လူမျိုးတစ်မျိုး၏ ပျောက်ကွယ်ရခြင်း၏ အခြေခံအကြောင်းရင်း တစ်ရပ်ပင်ဖြစ်သည်။ ထို့ကြောင့် တာဝန်ရှိသူများက လုပ်ဆောင်ရမည့် တာဝန်ကို မလုပ်ဆောင်ကြပဲ တာဝန်မဲ့နေကြပါလျှင်၊ ၀တ္တရားရှိသူများကလည်း အရာရာကို ည်လျစ်လျူရှုပြီး ၀တ္တရားမဲ့နေကြပါလျှင် မြန်မာပြည်ဗုဒ္ဓသာသနာနှင့် ၄င်း၏ ယဉ်ကျေးမှုသည် ရှေတန်းမရောက်ပဲ မကြာမှီကာလအတွင်း တိမ်မြုတ် ပျောက်ကွယ် သွားပေလိမ့်မည်။
(အရှင်ဥက္ကဋ္ဌ ၏ တာဝန်နှင့် ဝတ္တရား ဆောင်းပါးမှကူးယူပါသည်၊၊)

ဆရာတော် အရှင်ဥက္ကဋ္ဌ သူမြတ်ဘုရား အား ကူးယူမှီငြမ်း အသုံးပြုခြင်းအတွက်ခွင့်လွှတ်ပေးပါ ရန် လက်ဆယ်ဖြာမိုး ရှိခိုးကန်တော့ တောင်းပန် အပ်ပါသည်၊၊

ယခုတစ်လော Facebook ပေါ်တွင်တနင်္လာသား တစ်ဦးကပြဿနာဖြစ် ရန် ရည်ရွယ်ချက်ရှိရှိ ဖြင့် မူစလင်များအပေါ် တိုက်ခိုက်ရေး သားနေသည်ကိုသတိပြုမိပါသည်၊၊comment ရေးသူများ တွင် ဒီမိုများ၊activist များ၊အနုပညာသည်များ ပင်ပါဝင်နေသည်ကို တွေ့ရသဖြင့် အံ့သြ၊စိုးရိမ်ပါ၍  ဤစာစုကို ရေးသားပါသည်၊၊
မေတ္တာထားမရ ခြင်းသည် ပြဿနာမဟုတ်ပါ၊၊အမုန်းပွားခြင်း၊အမုန်းအားပေးခြင်း ကတော့ မြတ်စွာဘုရားရှင် ၏ဆုံးမသြဝါဒ ကို ဆန့်ကျင်ခြင်းဖြစ်ပါသည်၊၊သာသနာတော် ၏ အမည်နာမ ဖြင့် အမုန်းမီးမွှေးခြင်း ကတော့ သာသနာကိုညစ် နွမ်းစေခြင်းပင်ဖြစ်တော့သည်၊၊
           လူမျိုး နှင့်မိဘ တို့ သည်ဇာတိ ကြောင့်ဖြစ်ရသော ပဋိသန္ဓေ မှ ဖြစ်လာခြင်းဖြစ်လေရာ လူတို့ခြယ်လှယ်မရသော ကမ္မ အကျိုးဆက်ကို ယုံကြည်သူ မြတ်စွာဘုရားရှင်၏ တပည့်သာဝက တို့ အနေဖြင့် တရားသဖြင့် မည်သူ့ကို အပစ်တင်ရှုံ့ချမည်နည်း၊၊

သတ္တဝါ အသီးသီးတို့ သည် မိမိပြုသော ကုသိုလ်ကံနှင့် ဘဝကူးချိန်ရှိ ဘဝင်စိတ် ပေါ်မီ၍ နောင်ဘဝ သို့ ဇာတိ ယူလေရာ မိမိကိုယ်တိုင်လည်း ဘယ်သတ္တဝါ ဘါလူမျိုးဖြစ်မည် မပြောနိုင်၊၊အဘယ် ပုဂ္ဂိုလ်သည်လဲ အဘယ် ဘဝမှလာသည်၊ဘယ်ဘဝကို သွားမည် မသိနိုင်ပေရာ၊ပုဂ္ဂိုလ် လူမျိုး အပေါ်အစွဲမှီ ပြု ၍ အမုန်းတရားထားခြင်းသည်မည် မျှဥာဏ်နည်းရာရောက်သနည်း၊၊မည်မျှဆုံးရှုံးသနည်း၊၊
           မည်သို့သော သာသနာပင် ဖြစ်စေ လူလူခြင်းစာနာ အပ်သောဗြဟ္မစိုရ် တရားဘောင် ကို ကျော်လွန်ပါလျင် သာသနာ မမည်တော့ပါ၊၊ အဓမ္မ အုပ်စုအဖြစ်သို့သာ ရောက်ရှိသွားပါမည်၊၊ ယနေ့ မူစလင်အုပ်စု အချို့ က အဓမ္မဝါဒ ကို ကျင့်သုံးနေရာအဘယ်မျှလောက် ဆုံးရှုံးပါသလဲ၊၊ မူစလင် ဟုဆိုလိုက် လျင် အကြမ်းဖက်မှုနှင့် တွဲဘက်မြင်ကြသည်၊၊

             အမုန်းတရားအခြေခံပြီး အဝိဇ္ဇာ အမှောင်ဖုံး လျက်စစ်မှန်သော သာသနာကို မည်ကဲ့သို့ ထိန်းသိမ်းမည်နည်း၊၊
မြန်မာနိုင်ငံ ကို မူစလင်တို့ မလွှမ်းမိုးနိုင် ရန်အဖြေ က လွယ်လွယ်  ရှိပါသည်၊၊သူတို့အများစု ကြီးသည် မြင့်မြတ်သော အမိန့်တော်ဟူသည့် (Divine command) ကိုသာ လက်ခံကျင့် သုံးသူများသာ ဖြစ်လေရာ ဆင်ခြင်တုံတရားကိုအဓိကမထားသောကြောင့်ဘေးထွက်ပြဿနာများစွာရှိလေ၏၊၊                                                                                       
                         ကမ္ဘာ၌ဝီဘဇ္ဇဝါဒအဖြစ်ခံယူနိုင်သောသာသနာ၏ထူးမြတ်သောဂုဏ် ဖြစ်သည့် ဝေဘန် ပိုင်းခြားစိစစ် ခံယူနိုင်ခြင်းကိုခံတပ် ပြုထားလျင် အငြင်းဝင်ခွင့်မရှိ ၊ခေါင်းညိတ်လက်ခံရသော မည်သည့်ဘာသာမှ မထိုးဖေါက်နိုင်ပါ၊၊သမိုင်းကြောင်းကိုပြန်ကြည့်လျင် ကိုလိုနီ ခေတ်၌ မိရိုးဖလာနတ်ကိုးကွယ်သည့် နယ်များတွင်သာ ခရစ်ယာန်တို့သာသနာပြုနိုင်ကြပေသည်၊၊ထေရဝါဒ သာသနာတော်ဖွံ့ဖြိုး သောရှမ်းပြည် နယ်များတွင် အရာထင်အောင် မကြိုးပမ်းနိုင်ခဲ့ကြပေ၊၊ 
 
                        အတွေးခေါ်တစ်ခုကို ပို၍မြင့်မားသော၊ပို၍ ယဉ်ကျေးသော အတွေးခေါ် အပြုမူ တို့ဖြင့်သာ သိမ်းသွင်းအောင်မြင်နိုင်ပေ သည်၊၊ အောက်လမ်းနည်း ဖြတ်လမ်းနည်းတို့သည် စစ်မှန်သော အောင်မြင်မှု ကိုမဆောင်ကျဉ်းပေးနိုင်ပါကြောင်း တင်ပြအပ်ပါသည်၊၊
  
ဗုဒ္ဓ သာသနံ စိရံ တိဋ္ဌထု၊၊           
မောင်ဇော် နှိုးဆော်ပါသည်၊၊




0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...