Friday, September 16, 2011

ရှေးရေစက်ကံ နှင့် ရေစက်ကံကုန်ချိန်




Win Sandar
ဟိုးရှေးရှေးတုန်းကအရမ်းချစ်ကြတဲ့ကောင်လေးနဲ့ကောင်မလေးနှစ်ယောက်ဟာ ချစ်ကြိုက်လာကြတာ ချစ်သက်တမ်း သုံးနှစ်ပြည့်တဲ့အခါမှာ လက်ထပ်ကြတော့မယ်ဆိုပြီး မင်္ဂလာရက်တစ်ရက် ရွေးချယ်သတ်မှတ် လိုက်တယ်....ကောင်းလေးကတော့ပျော်ရွှင်စရာကောင်းမယ့်သူတို့ရဲ့မင်္ဂလာရက်လေးကို စိတ်ကူးယဉ်ပြီးပျော်နေရှာတာပေါ့......ဒါပေမယ့်အဲ့ဒီမင်္ဂလာဆောင်မယ့်နေ့မရာက်ခင်မှာပ။ဲသူ့ချစ်သူကောင်မလေး က တခြားကောင်လေးတယောက်နဲ့ မမျှော်လင့်ဘဲလက်ထပ်သွားတယ်ဆိုတဲ့ သတင်းကို ကောင်လေးကြားလိုက်ရတယ်.....သူစုံစမ်းကြည့်လိုက်တော့ကောင်မလေးကိုယ်တိုင်ကလိုလိုလားလားနဲ့လက်ထပ်လိုက်တာလို့သိလိုက်ရတယ်......အဲ့သတင်းကိုကြားတာနဲ့ကောင်လေး
လည်းအရမ်းအံ့သြပြီးအရမ်းစိတ်ထိခိုက်ဝမ်းနည်းစွာနဲ့မစားနိုင်မအိပ်နိုင်ငိုကြွေးနေတော့တယ်...
...မကြာခင်မှာပဲကောင်လေးလည်းစိတ်ထောင်းကိုယ်ကြေပြီးအိပ်ယာထဲလဲတော့တယ်....အချိန်တွေကုန်လွန်လာတာနဲ့အမျှကောင်လေးရဲ့အခြေအနေဟာပိုပိုဆိုးလာခဲ့တယ်....
ဆရာဝန်ပြလည်းမသက်သာတော့ဘူး....။
တနေ့မှာတော့အသက်အရွယ်အိုမင်းနေတဲ့ဘုန်းတော်ကြီးတစ်ပါးကကောင်လေးရဲ့အိမ်ရှေ့မှာရပ်ပြီးတံခါးခေါက်လိုက်တယ်..အိမ်ဖော်ကောင်မလေးလည်းတံခါးခေါက်သံကြောင့်ထွက်လာပြီးတံခါးဖွင့်လိုက်တော့ဘုန်းတော်ကြီးအိုတစ်ပါးကိုတွေ့တာနဲ့စိတ်ရှုပ်စွာနဲ့
"ကန်တော့ဆွမ်းပါဘုရား"လို့ပြောလိုက်တယ်...ဘုန်းတော်ကြီးကပြုံးပြီးတော့.....
"ကိုယ်တော်ကဆွမ်းခံကြွလာတာမဟုတ်ပါဘူး..ဒီအိမ်မှာလူမမာရှိတယ်ကြားလို့ ကိုယ်တော်ကလည်းဆေးနည်းနည်းကုတတ်တော့လာကူညီပေးတာပါဒကာမလေး"
လို့မိန့်ကြားလိုက်တယ်...
အိမ်ဖော်မိန်းကလေးကလည်းသူဆုံးဖြတ်လို့မရကြောင်းနဲ့သူမရဲ့သခင်တွေကိုပြန်ပြောကြည့်ပါမယ်
ဆိုတဲ့ အကြောင်းပြောပြီး အိမ်ရှင်တွေကိုပြောကြည့်တော့ သဘောတူခွင့်ပြုတာကြောင့်ဘုန်းတော်ကြီးကို အိမ်ထဲကိုပင့်ဖိတ်ခဲ့တယ်.......
ဘုန်းတော်ကြီးအိပ်ခန်းထဲကိုရောက်တော့ကုတင်ပေါ်မှာဖြူဖတ်ဖြူရော်နဲ့အရိုးပေါ်အရေတင်ပိန်လှီစွာနဲ့နွမ်းနယ်နုန်းချိစွာလဲလျောင်းနေတဲ့လူမမာသည်ကောင်လေးကို တွေ့လိုက်ရတယ်.... အိမ်ဖော်မိန်းကလေးလည်းဘုန်းတော်ကြီးအတွက်သောက်တော်ရေတခွက်ပေးလိုက်ပြီး လူမမာကုတင်ဘေးမှာပဲထိုင်ခုံတစ်လုံးစီစဉ်ပေးလိုက်တယ်...ဘုန်းတော်ကြီးကလည်းအခြေအနေကြည့်ပြီးတော့...." တော်တော်အခြေအနေဆိုးနေတာပဲ "
လို့ရေရွတ်လိုက်တယ်.....လူမမာကောင်လေးကလည်းစိတ်နဲ့ကိုယ်နဲ့မကပ်စွာနဲ့ပဲဘာမှမကြား
သလိုတိတ်ဆိတ်ငြိမ်သက်စွာနေနေတယ်......ဘုန်းတော်ကြီးလည်းသူလုပ်သင့်တာတွေလုပ်ပြီးတော့...
" ဒကာလေးကတော်တော်သနားစရာကောင်းတယ်....မယုံရင်မှန်ထဲကိုကြည့်လိုက်စမ်းပါ"
လို့မိန့်တော်မူပြီးကောင်လေးအိပ်ခန်းထဲက ကိုယ်လုံးပေါ်မှန်တစ်ချပ်ဆီကိုညွှန်ပြလိုက်တယ်...
ကောင်လေးလည်းလုံးဝစိတ်ဝင်စားမှုမရှိပဲငေးငေးငိုင်ငိုင်နေနေရာကနေတစ်ချက်မှန်ထဲကိုကြည့်လိုက်တယ်ဆိုရင်ပဲ...မှန်ထဲမှာသူ့ချစ်သူကောင်မလေးပုံကိုတွေ့လိုက်ရတယ်....သိတ်မကြာခင်မှာပဲကောင်မလေး
ပုံရိပ်ကေ၀၀ါးပျောက်ကွယ်သွားပြီးပင်လယ်ကမ်းခြေတခုပုံပြောင်းလဲသွားတယ်....အဲ့ပင်လယ်ကမ်းခြေဟာ တိတ်ဆိတ်ငြိမ်သက်နေပြီးလူအသွားအလာမရှိဘူး.....လူမမာကောင်လေးကမှန်ထဲ
ကပုံရိပ်ကိုစိတ်ဝင်စားစွာကြည့်နေစဉ်မှာပဲမိန်းကလေးအလောင်းတစ်လောင်းဟာ လဲလျောင်းနေတဲ့ အနေအထားနဲ့ ကမ်းခြေမှာရှိနေတာကိုမြင်လိုက်ရတယ်.....ခဏကြာတော့လူတစ်ယောက်ဖြတ်လျှောက်လာတယ်...သူကအလောင်းကိုရွံရှာစွာကြည့်ပြီး လျင်မြန်စွာဖြတ်လျှောက်သွားတယ်.....အချိန်အတော်လေးကြာတော့နောက်လူတစ်ယောက်ဖြတ်လျှောက်လာပြီးအဲ့ကောင်မလေးအလောင်းကိုတွေ့သွားပြန်တယ်...ဒီလူကတော့စိတ်မကောင်းဖြစ်ပြီး သူ့ရဲ့အပ်ါရုံအင်္ကျီကိုချွတ်လို့ခြုံပေးပြီးခရီးဆက်ထွက်သွားတယ်....အဲ့လိုနဲ့နောက်ထပ်အချိန်တော်တော်လေးကြာလာတော့ နောက်ထပ်လူတစ်ယောက်ရောက်လာပြန်တယ်...ဒီလူကအပေါ်ရုံခြုံထားပြီးလဲလျောင်းနေတဲ့ပုံစံကိုစိတ်ဝင်စားပြီး ခြုံထည်ကိုလှန်ကြည့်တော့ မိန်းကလေးအလောင်းကိုတွေ့သွားပြီးအရမ်းသနားစိတ်ဝင်လာကာမြေမြုပ်ပေးလိုက်ဖို့ဆုံးဖြတ်လိုက်တယ်...ဒါပေမယ့်သူ့ဆီမှာမြေကျင်းတူးဖို့ဘာပစ္စည်းမှပါမလာဘူး....နောက်ဆုံးမှာသူ့ရဲ့လက်နှစ်ဖက်ကိုအသုံးပြုဖို့သူဆုံးဖြတ်
လိုက်တယ်....လူရွယ်ဟာသူ့လက်နှစ်ဖက်နဲ့မြေတွေကိုယက်ပြီးတဖြေးဖြေးချင်းတူးလာလိုက်တာ ညနေစောင်းအချိန်မှာမိန်းကလေးအလောင်းကိုမြုပ်ဖို့လုံလောက်တဲ့ ကျင်းတစ်ကျင်းကို တူးလို့ပြီးသွား တယ်....အဲ့လူလည်းမိန်းကလေးအလောင်းကိုကောင်းမွန်စွာမြုပ်နှံပေးခဲ့ပြီး ခရီးဆက်ထွက်ခွာသွားတယ်...အဲ့ဒီနောက်မှာမှန်ထဲမှာမိန်းကလေးအလောင်းရဲ့မျက်နှာပုံပြန်ပေါ်လာပြီးအဲ့မျက်နှာကနေသူ့ချစ်
သူကောင်မလေးရဲ့မျက်နှာကိုပြောင်းသွားခဲ့တယ်....
လူမမာကောင်လေးလည်းအလွန်အမင်းအံ့သြနေစဉ်မှာပဲမြေမြုပ်ပေးတဲ့လူရွယ်ရဲ့
မျက်နှာပြန်ပေါ်လာပြီးလူတစ်ယောက်ရဲ့မျက်နှာအဖြစ်ပြောင်းသွားပြန်တယ်...အဲ့ဒီနောက်မှာတော့မှန်ထဲကပုံရိပ်တွေအကုန်ပျောက်ကွယ်သွားခဲ့တယ်....ကောင်လေးလည်းအံ့သြစွာနဲ့မင်သက်နေတုန်းမှာပဲဘုန်းတော်ကြီးကခုလိုပဲမိန့်ကြားတော်မူလိုက်တယ်...
"
“ခုဆိုရင်ဒကာလေးလည်းသဘောပေါက်လောက်ပြီထင်တယ်.
..အဲ့မိန်းကလေးအလောင်းကဒကာလေးရဲ့ချစ်သူမိန်းကလေးဖြစ်တယ်..
ဘ၀တစ်ခုမှာသူမရဲ့အလောင်းကိုမြေမြုပ်ပေးတဲ့ကုသိုလ်ကံရေစက်ကြောင့်အဲ့ဒီလူငယ်ဟာဒီဘ၀မှာကောင်မလေးနဲ့လက်ထပ်ပေါင်းသင်း
ခွင့်ရခဲ့တယ်...ဒကာလေးကတော့သူမရဲ့အလောင်းကိုအပ်ါရုံနဲ့လွှမ်းခြုံပေးခဲ့တဲ့ရေစက်ကံကြောင့်ဒီဘ၀မှာသူမနဲ့သုံးနှစ်တာချစ်ခင်ခွင့် ရခဲ့တယ်..ခုသုံးနှစ်ပြည့်လို့ရေစက်ကုန်ချိန်
မှာခွဲခွာရတယ်"
ဘုန်းတော်ကြီးရဲ့စကားအဆုံးမှာကောင်လေးလည်းအမြင်မှန်ရပြီးနားလည်သဘောပေါက်သွားခဲ့တယ်..နောက်ပိုင်းမှာကောင်လေးလည်း
ပြန်လည်ကျန်းမာလာပြီးလောကီကိုစွန့်လို့သင်္ကန်းဝတ်သွားတော့တယ်...
ပုံပြင်လေးကတော့ဒီလောက်ပါပဲ..
ဆိုလိုချင်တာကတော့ ကျွန်တော်တို့လူသားတွေအချင်းချင်းဒီဘ၀မှာအဖေ၊ အမေ၊
ဆွေမျိုးညီအစ်ကိုမောင်နှမ၊ သူငယ်ချင်းမိတ်ဆွေ၊ချစ်သူ၊ရန်သူအဖြစ်နဲ့ တွေ့ဆုံတော်စပ်ပတ်သက်ခွင့်ရကြတာဟာ အမှုမဲ့အမှတ်မဲ့မဟုတ်ပါဘူး....ဘ၀တစ်ခုခုကပြုခဲ့တဲ့ရှေးစက်ကံကြောင့်သာဤမျှများပြားလှသော လူ့ဘောင်အဖွဲ့အစည်းအတွင်းမှာ တွေ့ဆုံရင်းနှီးချစ်ခင်ခွင့်ရခဲ့ကြတာဖြစ်ပါတယ်...အဲ့လိုပဲရေစက်ကုန်ချိန်ရောက်ရင်ဘယ်လိုအကြောင်းပြချက်မျိုးနဲ့မှဆွဲထားလို့မရပဲသေကွဲ၊ ရှင်ကွဲ
မျိုးစုံနဲ့ခွဲခွာကြရမှာပါ.....အဲ့ဒါကြောင့်ခုမခွဲခွာရခင်အချိန်လေးမှာမိမိနဲ့ပတ်သက်ခွင့်ရခဲ့တဲ့ သူတွေအပေါ်မှာ တတ်နိုင်သလောက်စိတ်ချမ်းသာမှုတွေ..မေတ္တာတွေပေးနိုင်သလောက်ပေးနိုင်အောင်ကြိုး
စားသင့်ပါတယ်.....ဘာဖြစ်လို့လဲဆိုတော့လူတိုင်းလူတိုင်းဘယ်သူကမှဘယ်သူ့ကိုဘယ်အချိန်မှာရေစက်ကုန်လို့ခွဲခွာကြရမယ်ဆိုတာကို မသိနိုင်ကြလို့ပဲဖြစ်ပါတယ်..... .
ဒီဘ၀မှာခင်မင်ခွင့်ရသောသူငယ်ချင်းများအားလုံးအတွက်အမှတ်တရ.......
ချစ်တဲ့သူငယ်ချင်းအားလုံးအတွက်,(သူငယ်ချင်းတစ်ယောက်ဆီကရတဲ့ မေးလေးပါ သဘောကျလို့မျှလိုက်တာပါ)
မ၀င်း စန္ဒာ
မ၀င်း စန္ဒာရေ

David Richo ရေး တဲ့    The Five Things We Cannot Change  ဆိုတဲ့
စာအုပ်ထဲမှာ ကိုယ် ပြောင်းလဲပစ်လို့   မရပဲ အတိုင်းတိုင်း လက်ခံ ရမဲ့ အရာ
(၅)ခု အကြောင်း ဖတ်ဖူးတယ်။
(၁) လောက သဘာဝတရားကြီးက ပြောင်းလဲ နေတာ
(၂) အဖြစ်အပျက်တွေက ကိုယ် ကြိုတင်စီစဉ်တဲ့   အတိုင်း မဖြစ်နိုင်တာ
(၃) လောကကြီး က ဘယ်တော့   မှ မမျှတ တာ
(၄) နာကျင်ဆင်းရဲတွေ က ဘ၀ နဲ့  ခွဲထုတ်လို့  မရနိုင်တာ
(၅) ကိုယ် အချစ်ဆုံးသူတွေ က ကိုယ်ကို သစ္စာဖေါက်သွားတာ

ဒါတွေကြောင့် သာ စိတ်ဆင်းရဲနေ ရမယ် ဆိုရင် လူဟာ ဘယ်တော့ မှ
ပျော်ရွှင်နိုင်မှာ မဟုတ် ဘူးလို့   ဆိုပါတယ်။

ကျွန်တော်ကတော့   တွေးကြည့်  ဖူးတယ်။
ဘ၀ သံသရာ ကြီး ထဲ မှာ ခရီး သွား နေ ကြ ရာ မှာ ဥပဒေသ (၃) ချက် ပဲ ရှိ ပါတယ်။

ဥပဒေသ(၁)- တွေ့   ဆုံခဲ့ ကြ ဖူး တွေ အပြန်အလှန်အကြွေးရှိတဲ့ သူတွေ  ပဲ
ပြန် တွေ့   ကြရတယ်။ ပေးခဲ့    ယူခဲ့ တာ တွေ ပြန် ဆပ်ကြရတယ်။ ကိုယ်ရဲ့
အချစ် အမုန်း အမိုက် တွေ က ဖန်ဆင်းထားတဲ့   မာယာလောက ကြီးကိုပဲ ကိုယ်
ပြန်တွေ့   ရတယ်။ (ဥပမာ- ပဋာစာရီ)

ဥပဒေသ(၂)-စာ မကြေ သေးရင် အတန်းဟောင်းမှာပဲ သင်ခန်းစာအဟောင်းကြီးတွေ ကို
ပြန် လေ့   လာရတယ်။ အချစ် အမုန်း အမိုက် တွေနဲ့   တုန့်  ပြန်သမျှ
လွန်ကျုးမှုတွေပဲ ထပ်မံဖြစ်ပွားပြီး အဆိုး သံသရာ လည် ရပြန်တယ်။
ဥပေက္ခာစိတ်နဲ့   နားလည်ခွင့် လွှတ်ပေးခြင်း ဖြင့်  သာ
သင်ခန်းစာအဟောင်းကြီးတွေ ကို ကျော်လွန်နိုင်တယ်။ (ဥပမာ-ဒေ၀ဒတ္တ)

ဥပဒေသ(၃)- ဘ၀ သံသရာ ရဲ့   အန္တိမ အနှစ်သာရတွေ ဟာ
ထိတ်လန့်တုန်လှုပ်ခြင်း(သံဝေဂ) လွတ်မြောက်ခြင်း (၀ိမုတ္တိ) နိုးထခြင်း
(ဗောဓိ) နဲ့   အဆုံး အပိုင်းအခြား မရှိတဲ့     ဥာဏ်ပညာ ၊ ချစ်ခြင်းမေတ္တာ
နဲ့    မဟာကရုဏာ တရား တွေ ပဲ ဖြစ်တယ်။ (ဥပမာ-ဂေါတမဗုဒ္ဓ)
- Show quoted text -
--

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...