Friday, September 2, 2011

"Aspirin ဆေးအကြောင်း။

created the doc: "Aspirin ဆေးအကြောင်း။ by...
San Su Hlaing created the doc: 
by Moenge Aung on Saturday, September 3, 2011 at 7:28am"
Aspirin ဆိုတာ စတီးရွိုက်မဟုတ်သော အယောင်အယမ်း ကျစေသော ဆေး (Non Steroidal Anti-Inflammatory Drugs;NSAID ) အုပ်စုဝင် ဖြစ်ပြီး Salicylates( salicylic acid )မှ ဆင်းသက်လာတာဖြစ်ပါတယ်။ ၄င်းသည် သိသာစွာ ယောင်အယမ်း ကျစေသော ( Marked anti- Inflammatory Drugs) ဆေးအုပ်စုတွင် ပါဝင်ပါသည်။
၎င်းတွင်-
(၁) အနာ သက်သာစေသော သတ္တိ( relieve mild to moderate pain of somatic origin)
(၂) အယောင်အယမ်း ကျစေသော သတ္တိ
(၃) အပူ ကျစေသော သတ္တိ( antipyraetic action)
(၄)သွေး ကြဲစေသော သတ္တိ(anti-platelet effect) ( ပုံမှန်အားဖြင့် သွေးရည်ကြည်(platelets)တွေဟာ အနာ ဖြစ်လာရင် အဲသည်ပတ်ဝန်းကျင်မှာ စုစည်းကပ်တွယ်ပြီး အနာ ကျက်စေတတ်ပါတယ်။ aspirin low dose မှာတော့ thromboxane-A 2ခေါ်တဲ့ အင်ဇိုင်း ထုတ်ပေးခြင်းဖြင့် သွေးရည်ကြည်တွေ ကပ်တွယ်၊ စုစည်းခြင်းကို တားဆီးပေးပါတယ်။ aspirin low doseမှာတော့ pro-thrombin synthesisလို့ခေါ်တဲ့ သွေးရည်ကြည်ရဲ့ မူလ ပစ္စည်း ထုတ်လုပ်မှုကို သွားတားထားခြင်းဖြင့် သွေးကြဲစေပါတယ်။)
(၅) အစာအိမ်၊ အူလမ်းကြောင်းကို နှိုးဆွစေတတ်သော သတ္တိ( GI -irritation) – အက်ဆစ် အုပ်စုဝင် ဖြစ်တဲ့အတွက် အစာအိမ်၊ အူလမ်းကြောင်းက အကျိအချွဲ နံရံတွေကို စားပြီး သွေးကြောတွေကို ပေါက်ပြဲသွေးထွက်စေတတ်ပါတယ်။PG-E2 အင်ဇိုင်း ထုတ်လုပ်မှုကို တားဆီးထားခြင်းဖြင့် အကျိအချွဲ ထုတ်လုပ်မှုကို လျော့နည်းစေပြီး အက်ဆစ် ထုတ်လုပ်မှုကို တိုးမြှင့်စေတဲ့အတွက် GI irritation effect ဖြစ်စေပါတယ်။

(၆) Uricouric affect ( ဆေးပမာဏကို လိုက်ပြီး ဖြစ်တတ်တာပါ။ ဆေးပမာဏ နည်းနည်း (1-2 Gm/Day) မှာurate excretion ကိုအားပေးပြီး သွေးထဲမှာ urate level တက်စေတတ်ပြီး (2-3 Gm/ Day) မှာ အပြောင်းအလဲ မရှိတော့ဘဲ(more than 5Gm/ Day) မှာတော့uricouric affect ကြောင့် သွေးထဲမှာ urate level ကျစေတတ်သော သတ္တိ ကို ပြပါတယ်။
(၇) ရေနှင့် ဓာတ်ဆားကို စုပ်ယူမှု တိုးစေတတ်ပါတယ်။
(၈) ဦးနှောက်၊ အာရုံကြောတို့အပေါ် သက်ရောက်မှု- အမြောက်အများ သောက်မိရင် စိတ်တုန်လှုပ်ခြင်း၊ သတိလစ်ခြင်း၊နားအူခြင်း၊တက်ခြင်း၊ မေ့မြောခြင်း တို့ ဖြစ်တတ်ပါတယ်။
(၉) အသက်ရှူ အင်္ဂါအဖွဲ့အစည်းအပေါ် သက်ရောက်မှု- ပုံမှန် လိုအပ်သော ဆေးပမာဏ(therapeutic-dose)တွင် အသက်ရှူ အင်္ဂါအဖွဲ့အစည်းအပေါ် နှိုးဆွသော သတ္တိရှိသဖြင့် အသက်ပြင်းစွာ ရှူခြင်း(Hyperventilation)ကြောင့် ဖြစ်တတ်သော respiratory alkalosis ကြောင့် ( ရံဖန်ရံခါ အသက် ပြင်းပြင်း ရှိုက်ရှူပြီး ငိုကြီးချက်မဖြစ်သောအခါ) တစ်ကိုယ်လုံးကွေးကောက်သွားတတ်သလို ဖြစ်တတ်ပါသည်။ သေစေနိုင်သော ဆေးပမာဏ(Toxic dose)တွင်မူ အသက်ရှူ အင်္ဂါအဖွဲ့အစည်းအပေါ် ဖိနှိပ်သလိုဖြစ်ကာ အသက်ရှူနှေးပြီး ကျောက်ကပ်ပျက်စီးကာ သေစေတတ်ပါသည်။
ခန္ဒာကိုယ်အပေါ် သက်ရောက်မှုများ(Metabolic effects)- သွေးတွင် အချိုဓာတ် တက်ခြင်း၊အဆီထုပ်လုပ်မှု လျော့ကျစေခြင်း(Decrease lipogenesis)၊ နိုက်ထရိုဂျင် ဓာတ် လျော့နည်းစေခြင်း တို့ ဖြစ်စေနိုင်ပါတယ်။

အသုံးဝင်ပုံများ။
လေဖြတ်ခြင်း။
၁။ ဆေးပမာဏ အနည်းငယ်ဖြင့် နှလုံးသွေးကြောပိတ်ခြင်းကို ကာကွယ်နိုင်ပါသည်။သွေးခဲပိတ်ဆို့မှုကြောင့်ဖြစ်သော လေဖြတ်ခြင်း။နှလုံးသွေးကြောပိတ်ခြင်း(Secondary thrombotic cerebrovascular or cardiovascular attack တွေမှာ aspirin 150-300mg ကို ကနဦး တိုက်ပြီး 75-150mgကို ဆက်တိုက်သွားခြင်းဖြင့် ကာကွယ်နိုင်ပါတယ်။

နှလုံးသွေးကြောပိတ်ခြင်း
၂။ Aspirin ပမာဏ အနည်းငယ် နေ့စဉ်ပေးခြင်းဖြင့် နှလုံး သွေးကြောပိတ်ခြင်းကို 15% နှင့်အထက် လျှော့ချနိုင်ပါတယ်လို့ ဆိုပါတယ်။ ပြီးတော့ သွေးတိုး တက်ခြင်းမှုလည်း ထိန်းထားနိုင်တယ်လို့ဆိုပါတယ်။
နှလုံးသွေးကြောခွဲစိတ်ခြင်းမှာလည်း သုံးပါတယ်။
၃။နှလုံး သွေးကြောရောဂါ ခွဲစိတ်မှုမှာလည်း Aspirin ပမာဏ အနည်းငယ် နေ့စဉ်ပေးခြင်းဖြင့် သွေးခဲခြင်းမှ ကာကွယ်ထားဖို့ လိုအပ်ပါတယ်။

နှလုံးခုန်မြန်ခြင်း(Atreal fibrillation)
၎။ နှလုံးခုန်မြန်ခြင်း(Atreal fibrillation)မှာ လက်ရှိပြဿနာကို Digoxin, beta blocker, diazepem တို့နဲ့ ထိန်းချုပ်အပြီးမှာတော့ လူကြီးပိုင်းတွေ ဖြစ်ခဲ့ရင် aspirinပမာဏ အနည်းငယ်( 75-150mg)ကို ပေးထားခြင်းဖြင့် လေဖြတ်ခြင်းကို ကာကွယ်နိုင်ပါတယ်။
နှလုံးအောင့်ခြင်း။(Angina)
၅။ နှလုံးအောင့်ခြင်း။(Angina) ရဲ့ ရေရှည်ကုထုံးမှာလည်း aspirinပမာဏ အနည်းငယ်( 75-150mg)ကို ပေးထားခြင်းဖြင့် angina ပိုမဆိုးအောင် ထိန်းနိုင်ပါသေးတယ်။
ကြွက်သား နာကျဉ်ခြင်းများ။( peripheral vascular disorder)
၆။ ပြင်းထန်သော သွေးကြောပိတ်ဆို့မှုကြောင့်ဖြစ်သော ကြွက်သား နာကျဉ်ခြင်းများ။( peripheral vascular disorder) ဥပမာ-intermittent claudication effect (ရံဖန်ရံခါ ဖြစ်တတ်သော လမ်းမလျှောက်နိုင်အောင် ကြွက်သား နာကျဉ်ခြင်းများ) တွင်လည်း သွေးခဲမှု နည်းအောင် aspirinပမာဏ အနည်းငယ်( 75-150mg)ကို ပေးထားနိုင်ပါတယ်။

အခြား ကုထုံးလေးအချို့။
၇။ သုတေသန ပြုလုပ်မှု တစ်ခုမှာတော့ စအိုနှင့် အူမကြီးကင်ဆာရောဂါ(Colo-rectal carcenoma)မှာလည်း aspirinဟာ အကျိုးသက်ရောက်တယ်လို့ဆိုပါတယ်။ ၄င်းသုတေသနမှာ- aspirin ပမာဏ 325mg/day ပေးထားသော စအိုနှင့် အူမကြီးကင်ဆာရောဂါ(Colo-rectal carcenoma) လူနာ ၅၁၇ ဦးအနက် ၁၂လအကြာတွင် အဖုအကြိတ် တိုးပွားလာသူ ၁၇%တွေ့ရပြီး aspirin မပေးထားသူမှာ ၂၈%တွင် တွေ့ရသည်ဟု ဆိုပါသည်။
၈။ စအိုနှင့် အူမကြီးကင်ဆာရောဂါ(Colo-rectal carcenoma) ကာကွယ်ရာတွင်လည်း သုတေသန ပြုမှုအရ aspirinပမာဏ အနည်းငယ်ကို ကာကွယ်ရေးတွင် အသုံးဝင်နိုင်ကြောင်းတွေ့ရပါသည်။ ၄င်း သုတေသနတွင် လူနာ ၁၁၂၁ဦးအား စမ်းသပ်ကြည့်ရာ aspirin မပေးသော လူနာ ၃၇၂ဦးအနက် ၄၇%တွင် ရောဂါ ပိုဆိုးလာမှုကိုတွေ့ရပြီး၊ aspirin ပမာဏ အနည်းငယ် (81mg/day OD) ပေးသော လူနာ ၃၇၇ဦးတွင် ရောဂါ ပိုဆိုးလာမှုကို လူနာ၏ ၃၈%တွင်တွေ့ရပါသည်။ aspirin ပမာဏ များများ (325mg/day OD) ပေးသော လူနာ ၃၇၂ဦးတွင် ရောဂါ ပိုဆိုးလာမှုကို လူနာ၏ ၄၅%တွင်တွေ့ရပါသည်။ သို့ဖြစ်ရာ aspirin ပမာဏ အနည်းငယ် ကို အူမကြီးနှင့် စအိုလမ်ကြောင်း ကင်ဆာ ကာကွယ်ရာတွင် အသုံးဝင်နိုင်ကြောင်း သိရပါသည်။

တကယ့်အဖြစ်မှာတော့ aspirin low dose မှာပဲ အစာအိမ်သွေးကြောပေါက်တာတွေ၊ သွေးယိုတာတွေ တွေ့ရတတ်ပါတယ်။ စာပေထဲမှာ aspirin ကို တစ်နေ့ 300-600mg/tds-qid/dayအထိပေးနိုင်တယ်ဆိုပေမဲ့ 75mgမှာပဲ အဲသည်အဖြစ်တွေ ကြုံတာတွေ့ရဖူးပါတယ်။ အစာအိမ်ထိတာ ကာကွယ်ဖို့ ဆေးအပေါ်မှာ ဖုံးထားတဲ့ Film coated preparationတွေ၊ sustained released (SR) preparationတွေအနေနဲ့ ဈေးကွက်မှာ တွေ့ရပြီး အစာနဲ့ တွဲသောက်ဖို့၊ သတိထားဖို့ လိုအပ်ပါတယ်။ သွေးကြဲစေတတ်တဲ့အတွက် ခွဲစိတ်ကုသမှု မလုပ်မီ နှစ်ပတ် ကြိုပြီး aspirinဆေးဖြတ်ထားဖို့သင့်ပါတယ်

အဓိက အသုံးပြုခြင်းတွေ။
၁။ အနာသက်သာအောင်။
၂။ အယောင်ကျအောင်။
၃။ အဖျားကျအောင်။
၎။ သွေးခဲခြင်း၊ သွေးခဲ ပိတ်ခြင်းမှ ကာကွယ်ဖို့။
၅။ နှလုံးအဆို့ရှင် ကျဉ်းသော ရောဂါ(PDA)မှာ သွေးခဲမပိတ်အောင်ကာကွယ်ဖို့။
၆။ Batter’s syndrome မှာ PGE2 ထွက်တာ လျော့ချနိုင်ဖို့။
ဘေးထွက် ဆိုးကျိုးတွေ။
အစာအိမ် ၊ အူလမ်းကြောင်းမှာ ပူစပ်ပူလောင်ဖြစ်တာ၊ ရင်ပြည့်ရင်ကယ်သလိုဖြစ်တာ၊ အန်ချင်တာ၊
အစာအိမ်သွေးကြောပေါက်တာ တို့ဖြစ်တတ်ပါတယ်။
ပြီးတော့ သွေးယိုစီးနိုင်တဲ့ ရာခိုင်နှုန်းများပါတယ်။ ခွဲစိတ်မှု မပြုမီ ဆရာဝန်ကို သည်ဆေးသောက်
နေရကြောင်း ပြောပြသင့်ပါတယ်။

ဆေးနဲ့ဓာတ်မတဲ့တာ ဖြစ်နိုင်ပါတယ်။နှာရေယိုတာာ၊ ယားယံတာ၊ ဖော်ယောင်တာ
(Angio-neurotic oedema)၊ရင်ကြပ်ရောဂါထတာ၊ သွေးလန့်တာ တို့ ဖြစ်နိုင်ပါတယ်။
Urico-uric affectကြောင့် အခြားဆေးတွေ သောက်နေရတာ ဆရာဝန်ကို ရှင်းပြထားဖို့ လိုပါတယ်။
ဆေးကို ရေရှည်သောက်ရလျှင် ဆေးကြောင့် ရေရှည်မှာ ကျောက်ကပ်ကို ထိခိုက်စေနိုင်ပါသေးတယ်။
အဆိပ်ဖြစ်လောက်အောင် သောက်မိရင်တော့ နားမကြားတာ၊ နားအူတာ၊ မူးဝေတာ၊ ခေါင်းကိုက်တာ၊
အသက်ရှူမြန်လာတာ၊ သတိလစ်တာတို့ ဖြစ်နိုင်ပြီး ၄င်းဖြစ်စဉ်ကို Salicylism လို့ခေါ်ပြီး ဆေးပညာအရ
Ray’s symdrome လို့ အသိများပါတယ်။

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...