Saturday, May 14, 2011

" Face Book နှင့် လူသားများ "

by Myo Chit Myanmar on Tuesday, May 3, 2011 at 9:52pm
.
" ဟဲ့ သားကြီး နင်က အဲ့ဒိဟာမ Comment ကျတော့ Like အရင်လုပ်တယ် Comment တွေလဲ နှစ်ခါတောင် ပြန်ရေးတယ် ငါ့ Comment ကိုကျတော့ Like တောင် မလုပ်ထားဘူး အေး ပြီးရော ကောင်စုတ် သေမယ် ငါ နင့်ကို Remove ကို လုပ်ပစ်ဦးမယ် "

" ကိုသားကြီးနော် ဟိုမိန်းမ ကို ဘာလို့ Accept လုပ်လိုက်တာလဲ "
  
" ကိုသားကြီး ကျွန်တော့်/ကျွန်မ အမ/ညီမလေး/အန်တီ/ဦးလေး ရေးထားတာလေး ဖတ်ကြည့်ပြီး ကြိုက်ရင် Like လေးဘာလေး လုပ်ပါဦးနော် အဟီးးး "
  
" သားကြီး မင်းကတော့ကွာ လုပ်ချလိုက်ပြန်ပြီ ငါ ဟိုနေ့ကတောင် Like လုပ်ထားသေးတယ် "
  
" သားကြီး မင်း အဲ့ဒိ Comment ကြီးကို မြန်မြန်ပြန်ဖျက်လိုက်ဦး မဟုတ်ရင် မင်းကို.... "
  
" သားကြီး ... "
  
" .... "  

ဟုတ်ကဲ့
.
ဒါ Face Book ဆိုတဲ့ ကမ္ဘာကြီးရဲ့ မနက်ခင်းတွေ ညနေခင်းတွေမှာ ကြားနေရမြဲ အသံမဲ့ စကားတွေပါ
လူသားတွေဟာ မွေးစကထဲက ဟန်ဆောင်လောကကြီးထဲမှာ ကြီးပြင်းလာခဲ့ကြရတာပါ။
ဒီထဲကမှ Facebook ဆိုတဲ့ Virtual World လို့ခေါ်တဲ့ ဆက်သွယ်မှု နည်းပညာ နဲ့ ဖန်တီးထားတဲ့ ကမ္ဘာ အတုကြီးထဲမှာ ကျေနပ်နှစ်သက်စွာ ပျော်မွေ့နေထိုင်ချင်သေးသပ ဆိုရင်တော့ Like တို့ Poke တို့ Comment တို့ ဆိုတာတွေက အရေးကြီးကောင်း ကြီးပါလိမ့်မယ်။
.
တကယ်တမ်း ပြင်ပ လက်ရှိလောက မှာ မှားယွင်းမှု ၊ ဆင်းရဲခြင်း ၊ ဒုက္ခ နဲ့ ရှုံးနိမ့်ခြင်း ဆိုတာတွေကသာ မိတ်ဆွေ အစစ် နဲ့ အတု ကို ခွဲခြားပြသနိုင်ပါတယ်။
.
Facebook Account မရှိတဲ့ Internet တောင် မသုံးနိုင်တဲ့ တောသူတောင်သားတွေ ဆင်းရဲသားတွေ မှာ Like လုပ်နေဖို့ အချိန်လဲ မရှိပါဘူး။
.
ခင်ရင် လာခဲ့ကွာ ဆိုပြီး ပုခုံးဖက် အိမ်ခေါ် ထမင်းကျွေးပြီး ဂျီးတက်နေတဲ့ ရေနွေးကြမ်းခွက်ကလေး နဲ့ ထန်းလျက်ခဲလေး နဲ့ ဧည့်ခံလွှတ်လိုက်ပါလိမ့်မယ်။
မခင်ရင်လဲ အိမ်ရှေ့လာရင်ကို ခွေးနဲ့ ရှုးတိုက်လွှတ်လိမ့်ပါမယ်။
ဒါမှ အရဲတိုးပြီး အိမ်ပေါ်အတင်းတက်လာရင်တော့ မီးဖိုထဲက ဓါးမ နဲ့ပါ လိုက်အခုတ်ခံရပါလိမ့်မယ်။
.
သူတို့မှာ ...
ချစ်ခင်လို့ Friends List မှာ Add လိုက်တာလဲ မရှိဘူး
ကြည့်မရတော့လို့ Remove လိုက်တာလဲ မရှိပါဘူး
  
ဒါပေမယ့် သူတို့ ရဲ့ ရိုးသားဖြူစင်တဲ့ ခင်မင်မှု ဟာ
  
ကိုယ့်ကို FB မှာ တစ်နေ့ အခါတစ်ထောင် Like လုပ်ပေးနိုင်တဲ့
  
ကမ္ဘာရဲ့တစ်ဖက်ခြမ်းက
သူတို့ရဲ့ Profile ပုံက အစစ်မှန်း အတုမှန်း..
ဘယ်နှစ်ခုနှစ်က ရိုက်ထားတာမှန်းတောင် မသိရတဲ့
  
FB မိတ်ဆွေတွေထက် မသာတောင် လျော့တော့ မလျော့ပါဘူး။
  
  
FB ဟာ ကမ္ဘာ့ လူမှု ဆက်ဆံရေး ကွန်ယက်တွေထဲမှာ တော်တော်လေး အရေးပါတဲ့အနေအထားမှာရှိတယ် ဆိုပေမယ့် လူသားတွေရဲ့ လက်တွေ့ဘဝ အခြေအနေ ခင်မင်မှု သံယောဇဉ် ဖြူစင်မှု နဲ့ မေတ္တာတရား တွေ အားလုံးကို ချိန်ထိုး နှိုင်းယှဉ် သုံးသပ် နိုင်လောက်တဲ့အထိ အရေးမပါသေးပါဘူး။
.
လူမှုဆက်ဆံရေး ကွန်ယက်ဆိုတဲ့ Social Communication Network တွေဟာ
.
(၁) လက်တွေ့ လူသားခြင်း ထိရောက်စွာ ပေါင်းသင်းဆက်ဆံနိုင်ခြင်းစွမ်းရည် (Social Communication Skill) သိပ်မရှိတဲ့သူတွေ
(၂) မိမိ ကိုယ်ကို ယုံကြည်မှု (Self Confident) သိပ်မခိုင်မာတဲ့သူတွေ
(၃) ရုပ်ဆင်းအင်္ဂါပိုင်းဆိုင်ရာ ချို့ယွင်းအားနည်းချက် (Physical Weakness) ရှိတဲ့သူတွေ
(၄) စိတ်ပိုင်းဆိုင်ရာ ချို့ယွင်းအားနည်းချက် (Mental Weakness) ရှိတဲ့သူတွေ အတွက် အရေးပါလာခဲ့ပါတယ်။
.
ဒါကြောင့်လဲ Facebook ဟာ စိတ်ကူးယဉ် နဲ့ လက်တွေ့ဘဝ ရဲ့ ကြားထဲက ပေါင်းကူးယှက်နွယ်ရင်း ပေါ့ပါးစွာ လွတ်မြောက်နေတဲ့ တံတားတစ်ခုအဖြစ် ရေပန်းစားလာခြင်းဟာ လူသားတွေကို နည်းပညာရဲ့ အနုနည်းနဲ့ ဝါးမျိုခြင်း ခံလာရတာပါဘဲ။
.
Facebook က နေ..
.
အပြင်မှာ ခင်မင်ရင်းနှီးခွင့်ရဖို့ မလွယ်ကူတဲ့သူတွေ ...
အပြင်မှာ ကိုယ်က စကားတောင် သွားစမပြောရဲတဲ့ သူတွေ ...
အပြင်မှာ ကိုယ့်ကို လှည့်တောင်ကြည့်မှာ မဟုတ်တဲ့သူတွေ ... ကို အလွယ်တကူ ခင်မင်နိုင်ခွင့်ရှိတဲ့အတွက်
အပြင်က တကယ့် လက်တွေ့လောကကြီးထဲမှာ ပုံမှန်အားဖြင့် ဒီလိုလူတွေကို ထုတ်ဖေါ်ပြသနိုင်ခွင့်မရှိတဲ့ မိမိ ရဲ့ ကောင်းမွန်မှု အရည်အချင်းတစ်ချို့ကို ပြသနိုင်ခွင့်ရှိပါတယ်။
.
ဒီအတွက်လဲ ပုံမှန်အားဖြင့် ရရှိလာဖို့ မလွယ်ကူတဲ့ ခင်မင်ရင်းနှီးမှု တွေကနေတဆင့် မိမိရဲ့ တက်လမ်း နဲ့ အကျိုးစီးပွားဆိုတာတွေ အထိ အထောက်အကူပြုနိုင်ပါတယ်။
.
ဒီတော့ အကြံတစ်ခုပေးချင်တာက...
.
Facebook ကို ဘဝ အတွက် Tool တစ်ခု အနေနဲ့ တန်ဖိုးရှိရှိအသုံးချပါ...
Facebook က ဘဝ တစ်ခုလုံးဘဲ လို့တော့ ရင်ဘတ်ကြီးနဲ့ မသတ်မှတ်လိုက်ကြပါနဲ့...
ဘဝကြီးနဲ့လဲ ရင်းပြီး မခံစားပါနဲ့ မတုံ့ ပြန်ပါနဲ့...။
  
  
Face Book Account ကို Delete လုပ်ဖို့ Click တစ်ချက်လုပ်လိုက်ရင် ရပေမယ့်...
ပြင်ပကမ္ဘာမှာ မိမိက / မိမိကို တကယ် ချစ်ခင်တဲ့ မိတ်ဆွေတွေကို ခလုပ်လေး နှိပ်ပြီး မေ့ဖျောက်ခိုင်းလိုက်လို့မရပါဘူး။
  
Face Book မှာ မိမိ ဘာလုပ်လုပ် Like နှိပ်ပေးမယ့် မိတ်ဆွေတွေ ထောင် သောင်းချီပြီးရနိုင်ပေမယ့်
  
ပြင်ပကမ္ဘာမှာ
.
  
မိမိ တကယ် ဆင်းရဲနိမ့်ကျ ဒုက္ခရောက်တဲ့အခါ...
ရင်ထဲမှာ ဆို့နင့်ကြေကွဲပြီး ခံစားနေရတဲ့အခါ ...
ပုခုံးပေါ်မှာ ဖွဖွလေး ညှစ်ပြီးအားပေးမယ့် လက်ကလေးတစ်ဖက် ရဖို့ မလွယ်ပါဘူး ။
  
  
ကျွန်တော် စောင်းမပြောတတ်ပါဘူး ။
.
ဒီနေ့ Facebook တက်ကြည့်ရင်း Facebook ကြောင့်ဘဲ မောင်နှမ လို ဖြစ်နေတဲ့ မေသန့်ခိုင် ရေးထားတဲ့ Request, Add, Remove and Block ဆိုတဲ့ စာလေးကို ဖတ်ကြည့်မိရာကနေ လူတွေရဲ့ Facebook ကြောင့် ဖြစ်လာတဲ့ အနည်းငယ် အစွန်းရောက်လာစပြုနေတဲ့ ခံစားမှုတွေ နဲ့ပါတ်သက်ပြီး သုံးသပ်မိတဲ့ အချက်တစ်ချို့ကို ကျွန်တော် ခံစားရတဲ့ နားလည်ထားတဲ့ အသိ အတိုင်း ပြန်လည်တင်ပြခြင်းဖြစ်ပါတယ် ။
.
ဒိထက်ပိုပြီး မည်သူ့ကိုမှ မရည်ရွယ်ပါဘူးနော်။....
.
.
မျိုးချစ်မြန်မာ
မှတ်ချက်။ ။ ဖတ်ပြီးပါက Like မလုပ်သူများအား Block + Remove + သေခန်းဖြတ် မည်ဖြစ်သည်။
;P

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...