Sunday, May 1, 2011

ဆေးစက်ကျရာ ကောက်ကြောင်းဆွဲကြည့်ခြင်း သို့မဟုတ် လစ်ဗျားကို ခွဲခြမ်းစိတ်ဖြာခြင်း

by Deper Aung on Sunday, May 1, 2011 at 2:52pm
 
မွန်မာကဒါဖီ
ဆေးစက်ကျရာ ကောက်ကြောင်းဆွဲကြည့်ခြင်း သို့မဟုတ် လပ်ဗျားကို ခွဲခြမ်းစိတ်ဖြာခြင်း
ဂဒါဖီ နဲ့ ဂဒါဖီ ဆန့်ကျင်ရေး သူပုန်အုပ်စုတွေဟာ အပ်ကွက် မိနေကြပါပြီ ။
အပျက်အစီး အဆုံးအရှုံး အနည်းဆုံး “ ထွက်ပေါက် ” ကရော ဘယ်လိုမျိုး ဖြစ်နိုင်ပါသလဲ ?

မဝေးလှ တဲ့ ဒုတိယကမ္ဘာစစ် ကာလ တုန်းက လပ်ဗျား နိုင်ငံ ဆီရန်နီကန် သဲကန္တရ နဲ့ လက်ဗီးယား ကမ်းရိုးတန်း လွင်ပြင် တလျောက်မှာ ဂျာမနီ နဲ့ ဗြိတိသျှ တပ်ဖွဲတွေ ဟာ အပြင်းအထန် တိုက်ခိုက် ခဲ့ကြ ဘူးပါတယ် ။ အခုလည်း မွန်မာကဒါဖီ သစွာခံ တပ်တွေ နဲ့ ဂဒါဖီ ဆန့်ကျင်ရေး သူပုန်တွေ ဟာ အလ်ယ်ဂျာဘီးယား ၊ ရစ်ပ်လမ်းဒေါ့ နဲ့ နိုင်ငံ ရဲ့ ကမ်းခြေ တစ်လျောက် မြို့ငယ် ရွာငယ်ဇနပုဒ်တွေ မှာ တိုက်ခိုက် နေကြပါတယ် ။ နိုင်ငံစုံ တပ်ဖွဲ့ ဟာ သူပုန်တွေ ဘက်က ပါဝင် တိုက်ခိုက်ပေးလျက် ရှိနေတယ် ဆိုစေဦးတော့ စစ်တုရင် စကား နဲ့ ပြော ရင် နှစ်ဘက်စလုံး ဟာ ဆက်ေ၇ွှဖို့ အကွက် မရှိတော့ ပဲ “ အပ်ကွက် ” မိနေပြီလို့ ပြောရပါမယ်  ။ ကဒါဖီ ရဲ့ တပ်ဖွဲ့တွေ ဟာ လပ်ဗျား အရှေ့ဖျားဒေသ နယ်မြေတွေကို ပြန်လည် သိမ်းပိုက် နိုင်ပေမယ့် နိုင်ငံ တစ်ခုလုံး ကို ပြန်ရဖို့တော့ မဖြစ်နိုင်တော့ပါ ။ သူပုန်တွေ ဘက်ကလည်း မတ်လ မှာ နိုင်ငံစုံညွန့်ပေါင်း တပ်ဖွဲ့  ကူညီ တိုက်ခိုက်ပြီးနောက်ပိုင်း မှာ အခြေအနေ ပြောင်းလဲ သွားခဲ့ ရတာ ဖြစ်ပြီး သူတို့ရဲ့ မူလ အင်အားစုအင်အား အနေနဲ့သာဆက် စခန်းသွား မယ် ဆိုရင် အခြအနေ ကောင်းမှာတော့ မဟုတ်ပါ ။ နိုင်ငံ တစ်ကာ ရဲ့ အကူအညီ ပူးပေါင်း ပါဝင် မှု မရှိပဲ  သက်ဆိုးရှည်ဖို့ ဆိုတာလဲ မဖြစ်နိုင်ပါ ။

လပ်ဗျား မှာ သေချာစောင့်ကြည့် လို့ မ၇သေးတဲ့ တိုးတက်မှု တွေ ရှိနိုင်ပေမယ့် လပ်ဗျား နိုင်ငံ ရဲ့ အနာဂတ် ဟာ အတိတ် နိမိတ် ဆိုးတွေ ကို မြင်နေရပါပြီ ။ နိုင်ငံစုံ တပ်ဖွဲ့ တွေ ပါဝင် လာပြီး  သူပုန်တွေဘက်ကပူးပေါင်း ထိုးစစ်ဆင် တိုက်ခိုက် မှု တွေ ဟာ လပ်ဗျား နိုင်ငံကို ပြည်တွင်းစစ် မီးအပြည့် အ၀ တောက်လောင်ဖို့ မီးထိုး ပေးသလို ဖြစ်စေခဲ့ပါတယ်။သူပုန်တွေ ဘက်ကို လိုလိုချင်ချင် ပေးခဲ့တဲ့ အကူအညီတွေ ဟာ နိုင်ငံရဲ့ အနောက်ဖျားဒေသတွေ ကို ရရှိစေခဲ့ပါတယ် ။ နိုင်ငံစုံ တပ်ဖွဲ့ ပါဝင်လာမှုကဏ္ဍ ဟာ သဘောထား မတိုက်ဆိုင်တဲ့ နှစ်ဘက်ကို တစ်ဖြေးဖြေး အား နည်း သွားတဲ့ စစ်ပွဲ ငယ်လေး တွေ အဖြစ် ဦးတည် သွားစေမယ် ၊သို့တည်း မဟုတ် ပြည်တွင်းစစ် ဖြစ်ပွားရေး ကို ဦးတည် စေမယ် ၊ ဒါမှ မဟုတ် နိုင်ငံ ဟာ အပိုင်း နှစ်ပိုင်း ကွဲ သွားစေမယ် ၊ နောက်ပိုင်းမှာ တရားဝင် နှစ်နိုင်ငံအဖြစ်  ခွာပြဲ သွား မလား ဆိုတဲ့ အချက်တွေ ပေါ်မှာ ဆုံးဖြတ်ပေးနိုင်တဲ့ အနေအထားရှိနေ ပ်ါတယ် ။

ဒီတပတ် ထုတ်မယ့်  နူးဝိခ် ဂျာနယ် မှာတော့ လပ်ဗျား နိုင်ငံ အခြေကျသွားနိုင်တဲ့ ဖြစ်နိုင်စရာ ရှိတဲ့ နည်းလမ်း လေးသွယ် ကို တင်ပြလိုက်ပါတယ်။ အားလုံး ဟာ ကဒါဖီ ၁၉၆၉ ခုနှစ် မှာ အာဏာ သိမ်းပြီး လပ်ဗျား ခံစား ခဲ့ရတဲ့ အရိပ်မဲကြီး လောက်တော့ အံ့သြ သင့် စရာ ကောင်းမှာ မဟုတ်ပါဘူး ။ ပါဝင်တဲ့ အချက်တွေ ကတော့ တိုင်းပြည် ရဲ့ နောင်လာမယ့် အနာဂတ် နဲ့ ပတ်သတ်ပြီး ကွဲပြား ခြားနား မှု တွေ ဖြစ်ပါလိမ့်မယ် ။


မွန်မာကဒါဖီ ၏ သစ္စာခံ တပ်များ အား နိုင်ငံတကာ တပ်ဖွဲ့ မှ လေကြောင်း ထိုးစစ်ဆင်နေစဉ်
အာဏာရှင် မွန်မာကဒါဖီ ကို ဆန့်ကျင် ဆန္ဒပြသူများ
                     
ပထမ ဖြစ်နိုင်စရာ ရှိတဲ့ အလားအလာ
ဒါကတော့ သူပုန်တွေ ရဲ့ စွမ်းဆောင်ရည် ကို ယခုထက် ပိုမို ကြီးမားလာအောင်ုမြှင့် ပေးပြီး မြောက်အတ္တလန္တိတ် စာချုပ်ဝင် နိုင်ငံများအဖွဲ့(နေတိုး )  က ၀င်ရောက်ကူညီပေးပြီး တစ်ဖြည်းဖြည်း နဲ့ ထရီ ပိုလီတန်နီယား လက်အောက်ခံ နယ်မြေ တွေကို သိမ်းယူပြီး အင်အား အလုံးအရင်းနဲ့ နိုင်ငံတစ်ခုလုံး ထိန်းသိမ်းပြီး ကဒါဖီရဲ့ အုပ်ချုပ်မှု အောက်နေ လုံးဝ အစားထိုး ပြောင်းလဲ ရပါမယ် ။နိုင်ငံ ကို အုပ်စိုး ခဲ့တဲ့ ခေါင်းဆောင် တွေ ရဲ့ ဌာနီ ( နှစ်ပေါင်းများစွာ တည်တံ့ ခဲ့တဲ့ ) ထရီ ပိုလီတန်နီယား နဲ့ ဆီရီနာရီကာ (လက်ရှိ သူပုန်များ ရောက်ရှိနေသောဒေသ ) အနေနဲ့ ဒဏ်ရာ ဟောင်း ကို ပြန်လည်တူးဆွ သလို ဖြစ်စေပါလိမ့်မယ်။ ၁၉၅၁ ခုနှစ် မှာ လပ်ဗျား နိုင်ငံထူထောင် ခဲ့ချိန်က ထရီပိုလီတန်နီးယား ဟာ ဆီရိနာရီကာ ကို  သက်ဦးဆံပိုင် ဘုရင်စနစ်၊ အာဏာရှင်တဦးတည်းက နိုင်ငံရေး ကိုချယ်လှုယ်အုပ်ချုပ်ပြီး ကြိးမာတဲ့ အင်အားကြိး နိုင်ငံထူထောင် ဖို့ ဖိအားပေးခဲ့တဲ့ သမိုင်းကြောင်းရှိနေပါတယ် ။
တကယ် လို့ ဆီရီနာရီကာ က သူပုန်တပ်တွေ ဦးဆောင်တဲ့ သို့တည်းမဟုတ် နိုင်ငံ တကာအသိုင်း အ၀ိုင်းက ထောက်ပံ့ပေးတဲ့ အစိုးရတက်လာပြီး ကဒါဖီ အစိုးရကို ဖြုတ်ချလိုက်ပြီ ဆိုရင် ကဒါဖီကို အစဉ်အလာအရ ထောက်ခံခဲ့တဲ့ ထရီပိုလီတန်နီယား ဒေသတွင်းမှ နာကြည်း ချက်တွေ ဟာ အတိုင်းထက် အလွန် ကြီးမားတဲ့ ပြသာနာကြိး တစ်ခုအဖြစ် မီးမွှေးလိုက်သလို ဖြစ်သွားရပါလိမ့်မယ် ။ဒါကတော့ ဒီဇာတ်လမ်း မှာ တော်တော်လေး ဖြစ်ဖို့ နည်းစပ်တဲ့ အချက်တွေပါ ။

ဒုတိယ ဖြစ်နိုင်စရာ ရှိတဲ့ အလားအလာ
ဒါကတော့ ရှင်းရှင်းလေးပါ။ အရှေ့ဘက် ဆီရီနီကာ နဲ့ အနောက်ဘက်က ထရီပိုလီတန်နီယားနားတစ်ဝိုက်ကို ဗဟိုပြုပြီး သေးငယ်တဲ့ မြို့ ပြ နိုင်ငံ ငယ် ၂ခု အဖြစ် လက်ဗီးယား ကို ခွဲလိုက်ဖို့ပါ ။ဒီလိုဆိုရင်တော့ ဘာပဲပြောပြော ကဒါဖီကို နိုင်ငံ ရဲ့ တစ်စိတ်တပိုင်း ကို ဆက်လက် အုပ်ချုပ်ခွင့် ပေးလိုက်ခြင်း ဖြစ်ပါတယ် ။ ဖြစ်လာနိုင်စရာ အကြောင်း အရာ တွေ ထဲမှာတော့ ဒါဟာ ယထာဘူတာ ကျတဲ့ အတွေး အခေါ်တော့ မဟုတ်ပါ ။ ဒါဟာ ကဒါဖီကို ဆီရီနီကာ ဒေသမှာ အဖျက်အမှောင့် လုပ်ငန်းတွေ နဲ့ ဒေသတွင်း မတည် မငြိမ် ဖြစ်အောင် လုပ်ခိုင်း လိုက်သလို ဖြစ်သွားပါလိမ့်မယ် ။ဒါမှ မဟုတ် စီးပွားရေးဆိုင်ရာ ပြသာနာ များကဲ့သိုသော ရိုးစင်းတဲ့ ပြသာနာတွေ အများကြီး ပေါ်အောင် ဒေသ တွင်း မှာ လုပ်သလို ဖြစ်နေပြီး ဒီစစ် ကြီ်းပြီးသွား ပြီး နောက်ပိုင်း  မီးခို ကြွက်လျောက် ဆက်ဖြစ်နေပါလိမ့်မယ် ။ ဒီဖြစ်နိုင်စရာ ရှိတဲ့ အလား အလာမှာ ဆိုရင် ဆီရိနီကာ ကို နိုင်ငံစုံတပ်ဖွဲ့ က ကာကွယ်ပေးထားဖို့ လိုပါလိမ့်မယ် ။ သေချာ တာ တစ်ခုကတော့ အမေရိကန် တွေ ဒါမှ မဟုတ် ဥရောပ နိုင်ငံတွေကတော့ ဒီလို ကာကွယ် ပေးဖို့ လိုတယ် ဆိုရင်တော့ သူထက်ငါ အလုအယက် ကာကွယ်ပေးပါရစေလို့ တောင်းဆိုကြပါလိမ့် မယ်။

တတိယ ဖြစ်နိုင်စရာ ရှိတဲ့ အလားအလာ
တတိယ လုပ်ဆောင် နိုင်မယ့် အချက်ကတော့ ကဒါဖီ ရဲ့ အုပ်ချုပ်ရေး ကို စိတ် ရှည်ရှည် ထားပြီး တဖြည်းဖြည်း ချင်း နားလည် သဘောပေါက်လာသည် အထိ အချိန်ပေး စောင့် ကြည့် ဖို့ပါ ။ဆိုလိုတာကတော့ စနစ်တကျ စီးပွားရေး ပိတ်ဆို့ခြင်းဖြင့် ကဒါဖိရဲ့ ငွေကြေးဆိုင်ရာ အရင်း အမြစ် ကဏ္ဍမောက်ကမ ဖြစ်အောင် ပြုလုပ်ပြီး နောက်ဆုံးမှာ အတွင်းပိုင်း မကျေမနပ် ဖြစ်ပေါ်စေပြီး အုပ်ချုပ်ရေး အတွင်းစည်း ထဲမှာ အာဏာသိမ်း မှု တွေကို ဖြစ်ပေါ်စေပါလိမ့်မယ်

ကဒါဖီရဲ့ ဘေးက လူတွေ နဲ့ သူကို့ ဆက်လက် ပံ့ပိုးပေးထားတဲ့ ပုဂ္ဂုလ်တွေ ဟာ စတင်တွက်ချက်လာ ကြပါလိမ့်မယ် ။ သူတို့ ဆက်လက်နေထိုင်နိုင်ဖို့ရာ အတွက် တခါးတွေ ကို ဘယ်နှစ်ထပ်လောက် ပိတ် ဖို့ လိုနေပြီလဲ ဆိုတာပါ ။သူ့ပါးစပ် ကထွက်တဲ့ စကားသံတွေ မှာတော့ လွယ် လွယ် နဲ့ အလျော့ပေးမယ် အရိပ်အရောင်တော့ ရှိမှာ မဟုတ်ပါ။ တခါး အပိတ် ခံ ထားရတဲ့ နိုင်ငံအတွင်းမှာ နေ့စဉ် နဲ့ အမျှ ကြုံတွေ့ ရမယ် အခက် အခဲတွေ ဟာ ကဒါဖီ နဲ့ သူ့လူတွေ အတွက်တော့ကြီးမားတဲ့  စိန်ခေါ်မှု တွေ ဖြစ်လာပါတယ် ။နေ့စဉ် ဘ၀ မှာ လိုအပ်ချက်တွေ ဖြည့်ဆည်း နိုင်ဖို့ရာ အတွက် ရေနံ အနည်းငယ် ရောင်းချ နိုင်ဖို့တောင် အခက် အခဲတွေ က တန်းစီနေပါတယ် ။ ၁၉၈၀ နဲ့ ၁၉၉၀ ပြည့်လွန် ကာလ များ ကို ပြန်ကြည့်မယ် ဆိုရင်လည်း ဒီလို စီးပွားရေးပိတ် ဆို့မှုတွေကြားထဲကနေ ဘယ်လောက်ထိ ရုန်းကန် ခဲ့ရတယ် ဆိုတာ လပ်ဗျား က အသိဆုံး ပါ ။ကန့်သတ် ပိတ်ပင် မှုတွေ ကြားထဲမှာ ပြန်လည် နိုးထ နိုင်ဖို့ဆိုတာ လုံခြုံ တဲ့ အာမခံချက်ရှိတဲ့စီးပွားရေး လုပ်ငန်းတွေ လိုအပ်နေပါတယ် ။
ထိုးနှက်ချက် တွေ ကို တန်ပြန်ဖို့ အတွက် နိုင်ငံ ရဲ့ ယခင်နိုင်ငံခြားရေး ၀န်ကြီး နဲ့ ထောက်လှမ်းရေး အကြီးအကဲ ဖြစ်သူ မိုဆာ ဟာ နိုင်ငံခြားရေး ၀န်ကြီး ဟီလာရီ ကလင်တန် အလျင်းသင့် တိုင်းပြောကြားလေ့ ရှိတဲ့ သူတို့ ဟာ သမိုင်းတလျောက် ရှည်လျားကြီးမား တဲ့ အမှားတွေ လုပ်နေတယ် ဆိုတာကို စိတ်ဓါတ်စစ်ဆင်ရေး နည်းလမ်း ကို အသုံး ပြုပြီး ဒေသတွင်း ကထောက်ခံသူတွေကို တန်ပြန် ၀ါဒ ဖြန့် နေရပါတယ် ။

နောက်ဆုံး ဖြစ်နိုင်စရာ ရှိတဲ့ အလားအလာ
နောက်ဆုံး ဖြစ်နိုင်စရာ ရှိတဲ့ အလားအလာ တစ်ခုကတော့ မြောက်များလှစွာသော လပ်ဗျား ပြည်သူတွေ အတွက် စိတ်ကျေနပ် စရာ မကောင်းပေမယ့် ဒီအရေး အခင်းမှာ ပါဝင်တဲ့ အဖွဲ့ အစည်း ပါတီတွေ ကတော့ ကြိုက်ကြပါလိမ့်မယ် ။နိုင်ငံ ရဲ့ အနာဂတ် အတွက်လည်း ပိုပြီး အကောင်းဘက်ကို ဦးတည်နေပါတယ် ။
ကျန်တဲ့ ဖြစ်နိုင်စရာ ရှိတဲ့ အလားအလာတွေ နဲ့ စာရင် ဒေသတွင်း မတည်ငြိမ် မှု နဲ့ပဋိပကတွေ ကို လျော့ချပေး နိုင်ပါတယ် ။ဒါကတော့ ကဒါဖီ နဲ့ သူ့မိသားစု အပါအ၀င် ကဒါဖီ ယုံကြည် သူတွေ ကို သံခင်းတမန် ခင်း နည်းလမ်း အတိုင်း အခြားနိုင်ငံ တစ်ခုခု မှာ နိုင်ငံရေး ခိုလှုံ ခွင့်ပေးပါ့မယ် ဆိုပြီး ကတိပေး ညှိနှိုင်း ဖို့ပါ ။နိုင်ငံ တကာ ကတော့ ဆိုးသွမ်း ယုတ်မာတဲ့ ခေါင်းဆောင် ဟာ သေးငယ်ပေမယ့် နိုင်ငံ အတွင်းမှာပဲ စိတ်တ္တဇဆေးရုံ တစ်ရုံလောက်တော့ နိုင်ငံတကာ ၇ာဇ၀တ် ခုံရုံး အာဏာစက် နဲ့ လွတ်လွတ် ကင်းကင်း ရှာဖွေ တွေ့ရျှိ နိုင်တယ် ဆိုတာ ကိုတော့ လက်ခံကြပါလိမ့်မယ် ။
ဒါပေမယ့်လို့ လပ်ဗျား ပဋိပက မှာ ဒီ လို စဉ်းစားခြင်းဟာ သံသယ ၇ှိစရာ မလိုတဲ့ အကောင်းဆုံး နည်းလမ်း ဆိုပေမယ့် ဒီနိုင်ငံ ရဲ့ တန်ခိုး သြဇာ ကြီးမားတဲ့ နယ်မြေ နှစ်ခု ကို တစ်ပေါင်းတစ်စည်းတည်း စုစည် နိုင်မှာဖြစ်သလို နိုင်ငံ ရဲ့ စီးပွားရေး နဲ့ ရေ နံ ထုတ်လုပ် တင်ပို့မှု ကိစွအ၀၀ကိုလည်း အပျက် အစီး အနည်းဆုံး ဖြစ်အောင် ဆောင်ရွက်နိုင်ပါလိမ့်မယ် ။
ကျန်တဲ့ ဖြစ်နိုင်ခြေ ရှိ တဲ့ အလားအလာတွေ နဲ့ စာရင်လပ်ဗျား လူမျိုးတွေ အတွက် စိတ်ဓါတ်ပိုင်းဆိုင်ရာ ထိခိုက် ဒဏ်ရာ ရမှု နည်းနိုင် သမျှ နည်းပါမယ် ။လပ်ဗျား လူမျိုးတွေ အနေနဲ့ အစိုးရ သစ် ကို ထူထောင်ဖို့ အခက်အခဲတွေ နဲ့ ရင်ဆိုင်ရနိုင်ပါသေးတယ် ။ မတူကွဲပြာ တဲ့ စီရင်စုတွေ အဖွဲ့ အစည်းတွေ နယ်မြေ တွေကို အတူတကွ ပေါင်းစည်း အလုပ်လုပ် ဖို့ အစီအစဉ်တွေ ရေးဆွဲ ဆောင်ရွက် ရမယ့် အနေအထား ပါ ။ ကွဲပြားခြားနားတဲ့ အရှိန် အဟုန်နဲ့ ကဒါဖီအလွန် နိုင်ငံ တည်ဆောက်ရေး လုပ်ငန်းစဉ်မှာ ကိုယိရော စိတ်ပါ မြှပ်နှံဆောင်ရွက် ဖို့လည်း လိုအပ်နေပါတယ်။ ဒါပေမယ့် သူတို့ နားလည် ထားရမှာက နိုင်ငံတစ်ခုလုံး စစ်မီးတောက်လောင်မယ့် အန္တရယ် ကနေ ရှောင်ရှား နိုင် ခဲ့တယ် ဆိုတာ ရယ် ၊ ရ ရှိခဲ့တဲ့ ဒဏ်ရာ ဟောင်းတွေကို ကျော်လွှား လွန်မြောက် နိုင်ခဲ့တယ် ဆိုတာရယ် ပါ။

လပ်ဗျား ရဲ့ “ အပ်ကွက် ” မိနေတဲ့ အခြေ အနေ ဟာ လပ်ဗျား နိုင်ငံသားတွေ ရဲ့ အရေးကြိး တဲ့ အခြေအနေ ဖြစ် ယုံ မျှ မက နိုင်ငံတကာ လူ့.အဖွဲ့ အစည်း အတွက် လည်း အရေး ကြီးတဲ့ အခြအနေ ပါ ။ လက်ရှိအခြေအနေ အရ သိပ် အရေးမပါ လှတဲ့ ဖိနှိပ် မှုတွေ နဲ့ ရုန်းကန် ထကြွမှု အမြောက်အများ ဖြစ်ပေါ်နေတယ်ဆိုပေမယ့် အနောက် အုပ်စု နဲ့ ဥရောပ နိုင်ငံ အများစု ကတော့ သိပ် ဂရု စိုက်လိမ့်မယ် မဟုတ်ပါ ။ တကယ် အရေးကြိးတဲ့ အချက်ကတော့ မေလ အတွင်း မှာ ငြိမ်နေတဲ့ ရေ နံစိမ်း ဈေးနှုန်း ဟာ ဧပြီ ၈ ရက်နေ့မှာ ရေနံစိမ်း တစ်စည် ကို အမေရိကန် ဒေါ်လာ ၁၁၂.၇၉ အထိ ခုန် တက် သွားခြင်းပါပဲ ။ လပ်ဗျား ရဲ့ ရေနံ ဈေ့းကွက် ဟာ နှစ် အနေနဲ့ ပျက်စီး သွားတာမဟုတ်ပဲ လပိုင်းလောက် ပျက် သွားတာပဲ ရှိပါသေးတယ် ။တကယ်လို့ စစ်ပွဲ ဖြစ်ပွားခြင်း၇ဲ့ နောက်ဆက်တွဲ အနေနဲ့ လပ်ဗျား ရေနံတွင်း အမြောက်အများ ဟာ အပျက်အစီးဒဏ်ကြောင့် ရေနံ ထုတ်လုပ်ဖို့ မဖြစ်နိုင်တော့ သလောက် ဖြစ်သွား နိုင်ပါတယ် ။ လပ်ဗျား ရေနံတွင်းတွေ မှာကျွမ်းကျင်တဲ့ အတတ်ပညာ ရှင် ချို့တဲ့ မှု ဟာလည်း အပျက်အစီးကို ထင်တာထက် ပိုများသွားစေနိုင်တဲ့ အပြင် မယုံ ကြည်နိုင်စ၇ာ ရေနံဈေးနှုန်း မြင့်တက်မှုက်ု ပိုမို တွန်းအားပေးသလို ဖြစ်လာပါလိမ့်မယ် ။ ကဲ ဒီလို ဆိုရင် ဥရော ပနိုင်ငံများ အနေနဲ့ တန်ဖိုးရှိ တဲ့ ရေနံ ဈေးကွက် ကြီးကို ဘယ်လို များရှာဖွေ နိုင်ပါ့မလဲ ? သာမန်ကာ ရှန်ကာ မဖြစ်စလောက် ထုတ်လုပ်နိုင်တဲ့ ရေနံ တွင်းတွေ ကို သာ အားကိုးရတော့ မှာလား ?

ကျနော်တို့ အားလုံး နားလည် ထားရမှာက လပ်ဗျား အသက်ရှင် ၇ပ်တည်ရေး နဲ့ ပြန်လည် တည်ဆောက်ရေး ဆိုတာ ဟာ သူ.နိုင်ငံသားတွေ ပဋိပက္ခ အပေါ်မှာ ဘယ်လို ဖြေရှင်း ကိုင်တွယ် မလဲ ဆိုတာ ပေါ်မှာ မူတည် ယုံ မျှမက အပြင်ဘက်မှာ ရှိနေတဲ့ စူပါ ပါဝါ နိုင်ငံတွေ အနေနဲ့ လည်း ဂရုတစိုက် ကျကျနန ကိုင်တွယ် ဖို့ လိုအပ်နေပါပြီ ။ ဒီ “အပ်ကွက် ” ကို ကျော် နိုင်ဖို့ဆိုရင် နိုင်ငံ တကာ လူ.အဖွဲ့ အစည်း အနေနဲ့ ကျော်လွှား လွန်မြောက်နိုင်မယ့် “ဖြစ်နိုင်စရာ ရှိတဲ့ အလားအလာ”တွေ ပေါ်မှာ အလေးအနက် စဉ်းစား ဖို့ လိုအပ်နေပြီး ဒါတွေ ပြီး သွားတဲ့နောက်မှာတော့ တစ်စုံ တစ်ခုသော အတိုင်းအတာ အထိေ၇ှ့တိုး ဆောင်ရွက် နိုင်ပါလိမ့်မယ် ဖြစ်ပါကြောင်း………………………။
  
(ဤဆောင်းပါး ကို ရေးသားသူ Vandewalle သည် ဒါ့မောက် တက္တသိုလ် မှ ပါမောကတစ်ဦး ဖြစ်ပြီး ကိန်းဗရစ် တက္ထသိုလ် ပုံနှိပ် တိုက် မှ ထုတ်စေ သော “ ခေတ်သစ် လပ်ဗျား ၏ သမိုင်း ကြောင်း ” စာအုပ်ကို ရေးသား ခဲ့ သူ ဖြစ်ပါသည် ။ )


April 25 ,2011 ထုတ် NEWSWEEK မှ ဆောင်းပါးရှင်  Dirk Vandewalle ၏ Connecting the Dots : Libya’s Division Gaddafi and the rebels are locked in a stalemate .What is the least destructive way out ? ကို  ဘာသာပြန် ဆိုပါသည် ။ 
အာဏာသိမ်း ခေါင်းဆောင် မွန်မာကဒါဖီ
လပ်ဗျား နိုင်ငံ
၂၀၁၁ မတ်လ ၁၀ရက် နေ့က လပ်ဗျား ရေနံထွက်ရှိရာ ရပ် လန်းနပ် တွင် ကဒါဖီ သစ္စာခံ တပ်များ မှ ပစ်ခတ်သော တင့်ကား အမြောက် ဆန်များ ကဒါဖီ ဆန့်ကျင်သူ သူပုန် များ ဘက်သို့ ကျရောက် ပေါက်ကွဲ နေစဉ်
ရပ်လန်းနပ် မြို့ မြောက်ဘက် ဒေသ ကို သူပုန် အုပ်စုမှ ခုခံ ကာကွယ် ခဲ့သော်လည်း မတ်လ ၁၀ ရက်နေ့တွင် လောင်ချာကျည် နှင့် စနိုက်ပါ လက်ဖြောင့်များကြောင့် ဆုတ်ခွာပေးခဲ့ရပြီး အနည်းဆုံး ၄ဦး သေဆုံးရ်ျ ၃၅ ယောက် ဒဏ်ရာ ရရှိခဲ့သည် ။
Share
    • Lu Cifer An interesting essay. I wish to be save Libyans peoples.
      3 hours ago
    • Zam Thang
      ဆောင်းပါးရှင်ဟာ သူ.ရဲ.ပြောရေးဆိုခွင့်ရှိတဲ့ နယ်ပယ်မှာ ပြောသင့်ပြောထိုက်တဲ့ ဟာလေးတွေကို ချပြသွားတယ်လို.ထင်ပါတယ်။ပြဿနာကိုဘယ်လိုဖြေရှင်းလိုရသလဲ၊ ဒီလိုဖြေရှင်းရင်းဒီလိုတော့ ဖြစ်သွားနိုင်တယ်။ ဆိုတဲ့ ခိုင်မာတဲ့ အကြောင်းပြချက်တွေကို ပြထားတယ်လို.လည်းမြင်မိပါတယ်။တကယ့်တော့ ပုန်ကန်သူအနေနဲ. စစ်ရေးနဲ.ပက်သက်ရင် ကဒါဖီရဲ. စစ်တပ်ကို ဘယ်လိုမှ ယှဉ်နိုင်စရာအကြောင်းမရှိဘူးထင်တယ်။ ဒါအပြင် ယန်ကီး အနေနဲ.လည်း မဆိုစလောက်လေးသာ စစ်ရေးကူညီထောက်ပံမှုကို ပေးပုံထောက်တော့ သူရိုတွေရဲ. စစ်ရေး ချဲ.ထွင်မှုကို သိပ်မလုပ်နိုင်တော့ဘူးလို.လည်းသတ်မှတ်ရမလားပဲ။လစ်ဗျားရဲ. အရေးအခင်းဟာ လစ်ဗျားပြည်သူတွေအတွက်သာမကပါဘူး။ သက်ဆိုင်ရာ အင်အားကြီးနိုင်ငံတွေရဲ. မဟာဗျူဟာ အကျိုးစီးပွား အပေါ်မှာလည်း မူတည်နေလေတော့ ကိုယ်ကံကြမ္မာကိုယ်ဖန်တီးရေးဆိုတဲ့ အယူအဆဟာ မြောင်းထဲကို ရောက်သွားပြီလို.လဲ မှတ်ယူရမယ်ထင်ပါတယ်။ ယန်ကီးအနေနဲ.သ်ပ်မစွာလေတော့ ဆာကိုဇီတစ်ယောက်ကတော့ ချက်ကောင်းကို စောင့်ပြီး ကမ္ဘာနိုင်ငံရေးမှာ ပြင်သစ်ရဲ. အရေးပါမှုကို မြင့်တင်ဖို. ဆော်သြတာကိုတော့ကြားလိုက်မိပါတယ်။ ဒီနေရာမှာ စဉ်းစားဖို.ကောင်းတာတွေ အများကြီးပါပဲ။ ထားပါတော့။ ဆောင်းပါးရှင်ဟာ အရေး အခင်းတစ်ခုကြုံတိုင်း ပညာရှင်ပီပီ သူမြင်ထားတဲ ဆော်လူးရှင်းတွေကို ချပြသွားတာဟာ သိပ်ဘ၀င်ကျစရာလို.ပဲထင်တယ်။ပြန်ဆိုသူကိုလည်းကျေးဇူးတင်ပါတယ်။ သို.ပေသိပေါ့လေ။ လစ်ဗျားကို လပ်ဗျားလို. ရေးထားတာကိုကြည့်ပြီးအသစ်ထွင်လိုက်တာလားလို.တော့See More
      2 hours ago · 1 person

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...